ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Monday, January 17, 2011

ရင့်ကျက်မှု

ဆယ်နှစ်ဝန်းကျင် ငယ်ရွယ်စဉ်က
ငါ့လျင်ချမ်းသာ လိုချင်ပါ၏။

ဆယ်ကျော်သက်ရွယ် ရောက်ချိန်မယ်တော့
ငါ့နယ်ငါ့မျိုး ချမ်းသာတိုးဖို့
မျှော်ကိုးစိတ်ဓာတ် ဖြစ်ပေါ်လတ်၏။

သက်နှစ်ဆယ်ကျော် ရောက်ခဲ့သော်ကား
ငါ့ဖွားရာမြေ င့ါတိုင်းပြည်မှာ
နေထိုင်ကြငြား တိုင်းရင်းသားတို့
ကြီးပွားချမ်းသာ ဘေးရန်ကွာ၍
လမ်းဖြာစေကြောင်း နှလုံးအောင်၏။

သုံးဆယ်ကျော်လာ ယခုခါဝယ်
ကမ္ဘာတစ်လွှား လူအများတို့
 အမှားကင်းစင် အမှန်မြင်၍
အကြင်နားပွား မေတ္တာထားလင့်
တရားချင့်လျက် သူ့တွက်ကိုယ့်တွက်
အကျိုးသက်အောင် ဆောင်ရွက်နိုင်စေ
ဆန္ဒတွေသည်
ငါလေဖြစ်ပေါ်ခဲ့ပါ၏။

No comments:

Post a Comment