ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Sunday, May 1, 2011

ကုသိုလ်ပန်းကုံးသီကုံးပန်ဆင်(၈)


၉။ ပါပ၀ဂ္ဂ Chapter 09



၁၁၆။ အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ။
ဒန္ဓံ ဟိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတီ မနော။

၁၁၆။ မကောင်းမှု၌စိတ်သည် မွေ့လျော်တတ်၍ ကောင်းမှုပြုသောအခါ နုံ့နှေးတတ်ရကား မကောင်းမှုမှ စိတ်ကိုတားမြစ်၍ ကုသိုလ်ကောင်းမှုတို့ကို လျင်မြန်ဆောစွာ ပြုလုပ်ရာ၏။

116. Quicken to do good, keep the mind away from evil. The mind of one who is slow in doing well finds pleasure in evil.

၁၁၇။ ပါပဉ္စေ ပုရိသော ကယိရာ၊ န နံ ကယိရာ ပုနပ္ပုနံ။
န တမှိ ဆန္ဒံ ကယိရာထ၊ ဒုက္ခော ပါပဿ ဥစ္စယော။

၁၁၇။ ပုဂ္ဂိုလ်သည် မကောင်းမှု ပြုမိစေကာမှူ ထိုမကောင်းမှုကို ထပ်ကာထပ်ကာ မပြုမိစေရာ၊ ထိုမကောင်းမှု၌ စိတ်အလိုဆန္ဒကိုမပြုရာ၊ မကောင်းမှုကိုပွားစေခြင်းသည် ဆင်းရဲ၏ အကြောင်းတည်း။

117. If a person does something wrong, let him not do it again and again. Let him not find the pleasure in his sin. A suffering is the accumulation of wrongdoings.

၁၁၈။ ပုညဉ္စေ ပုရိသော ကယိရာ၊ ကယိရာ နံ ပုနပ္ပုနံ။
တမှိ ဆန္ဒံ ကယိရာထ၊ သုခေါ ပုညဿ ဥစ္စယော။

၁၁၈။ ပုဂ္ဂိုလ်သည် ကောင်းမှုကိုပြုပြီးသော်လည်း ထိုကောင်းမှုကို ထပ်ကာထပ်ကာပြုရာ၏၊ ထိုကောင်းမှု၌ စိတ်အလိုဆန္ဒကို ပြုရာ၏၊ ကောင်းမှုကို ပွားစေခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။

118. If a person does something good, let him do it again and again. Let him rejoice therein; prosperity is the accumulation of good deeds.

၁၁၉။ ပါပေါပိ ပဿတိ ဘဒြံ၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။

၁၂၀။ ဘဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒြံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ဘဒြံ၊ အထ ဘဒြော ဘဒြာနိ ပဿတိ။

၁၁၉။ မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသရွေ့ ကာလပတ်လုံး ကောင်းမြတ်သောအာရုံကို တွေ့မြင်နိုင်သေး၏၊ မကောင်းမှုအကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသူသည် မကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။

၁၂၀။ ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း ကောင်းမှုအကျိုး မပေးသေးသရွေ့ ကာလပတ်လုံး မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏၊ ကောင်းမှုအကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရလေတော့၏။

119. Even an evil-doer sees delight as long as his evil deed has not ripened; but when his evil deed has ripened, then does the evil-doer see evil.

120. A man may find pain in doing good as long as his good deed has not given fruit; but when the fruit of good comes then that man finds good indeed.

၁၂၁။ မာဝမညေထ ပါပဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဗာလော ပူရတိ ပါပဿ၊ ထောကံ ထောကမ္ပိ အာစိနံ။

၁၂၁။ အနည်းငယ်သော မကောင်းမှုသည် ငါ့အားအကျိုးရောက်လိမ့်မည် မဟုတ်ဟု မကောင်းမှု ကို မထီမဲ့မြင် မအောင့်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်သကဲ့သို့ သူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို ပြုဆည်းပူးဖန်များသော် မကောင်းမှုဖြင့် ပြည့်၏။

121. Though it is a sin of little worth, do not think it will not affect you. Dripping water will in time fill a water pot drop by drop; a foolish man is filled with evil, even if one accumulates it little by little.

၁၂၂။ မာဝမညေထ ပုညဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဓီရော ပူရတိ ပုညဿ၊ ထောကံ ထောကမ္ပိ အာစိနံ။

၁၂၂။ အနည်းငယ်သောကောင်းမှုသည် ငါ့အားအကျိုးရောက်လိမ့်မည် မဟုတ်ဟု ကောင်းမှုကို မထီမဲ့မြင် မအောင့်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်သကဲ့သို့ ပညာရှိသည် အနည်းငယ် အနည်းငယ်မျှသော ကောင်းမှုကို ပြုဆည်းပူးဖန်များလတ်သော် ကောင်းမှုဖြင့် ပြည့်၏။

122. Though it is a deed of little worth, do not think it will not affect you. Dripping water will in time fill a water pot drop by drop; the one who is wise is filled with good, even if one accumulates it little by little.

၁၂၃။ ၀ါဏိဇောဝ ဘယံ မဂ္ဂံ၊ အပ္ပသတ္ထော မဟဒ္ဓနော။
ဝိသံ ဇီဝိတုကာမောဝ၊ ပါပါနိ ပရိဝဇ္ဇယေ။

၁၂၃။ အဖော်နည်းသော များသောဥစ္စာရှိသောကုန်သည်ကြီးသည် ဘေးအန္တရာယ်များသော ခရီးကို ရှောင်ကြဉ်သကဲ့သို့ လည်းကောင်း၊ အသက်ရှင်လိုသောသူသည် လတ်တလော သေစေတတ်သောအဆိပ်ကို ရှောင်ကြဉ်သကဲ့သို့လည်းကောင်း ပညာရှိသည် မကောင်းမှုကို ရှောင်ကြဉ်ရာ၏။

123. Just as a wealthy merchant with many goods but with few companions avoids a dangerous road, and just as someone who loves his life avoids poison, a wise man should avoid all evils.

၁၂၄။ ပါဏိမှိ စေ ၀ဏော နာဿ၊ ဟရေယျ ပါဏိနာ ၀ိသံ။
နာဗ္ဗဏံ ၀ိသမနွေတိ၊ နတ္ထိ ပါပံ အကုဗ္ဗတော။

၁၂၄။ လက်၌အနာမရှိလျှင် လက်ဖြင့်အဆိပ်ကို ကိုင်ဆောင်နိုင်၏၊ အဆိပ်သည် အနာမရှိသော လက်သို့ အစဉ် မလိုက်၊ စေတနာမရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ။

124. If one who has no wound in his hand may touch poison by hand, his hand cannot be hurt by the poison, since poison hurts where there is no wound, the man who has no evil cannot be hurt by evil.

၁၂၅။ ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊ သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေ၀ ဗာလံ ပစ္စေတိ ပါပံ၊ သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

၁၂၅။ အကြင်သူမိုက်သည် မပြစ်မှားထိုက်သော စင်ကြယ်၍ ကိလေသာကင်းသော ရဟန္တာ ပုဂ္ဂိုလ်အား ပြစ်မှား၏၊ လေညာသို့ပစ်လွှင့်အပ်သော သိမ်မွေ့သောမြူမှုန်သည် ထိုပစ်လွှင့်သူသို့သာ ပြန်ကျသကဲ့သို့ မကောင်းမှုသည် ထိုသူမိုက်သို့သာ ရှေးရှုပြန်ကျလာ၏။

125. If any foolish person who offends an innocent Ariya, the ill of that evil returns to this fool, like the dust thrown against the wind.

၁၂၆။ ဂဗ္ဘမေကေ ဥပ္ပဇ္ဇန္တိ၊ နိရယံ ပါပကမ္မိနော။
သဂ္ဂံ သုဂတိနော ယန္တိ၊ ပရိနိဗ္ဗန္တိ အနာသ၀ါ။

၁၂၆။ အချို့သော သူတို့သည် ဤလူ့ပြည်၌ အမိဝမ်းဝယ် ပဋိသန္ဓေနေရကုန်၏၊ မကောင်းမှု ပြုသူတို့သည် ငရဲ၌ ဖြစ်ရကုန်၏၊ ကောင်းသောပညာရှိတို့သည် နတ်ပြည်သို့ ရောက်ရကုန်၏၊ အာသဝေါကင်းသော ရဟန္တာ ပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်စံရကုန်၏။

126. Some are born in a womb on earth, people who do evil are reborn in hell; those of good course go to heaven, people who are pure attain Nibbana.

၁၂၇။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ၀ိဝရံ ပ၀ိဿ။
န ၀ိဇ္ဇတီ သော ဇဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတော မုစ္စေယျ ပါပကမ္မာ။

၁၂၇။ မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော် လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော် လည်းကောင်း တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း မကောင်းမှုမှ မလွတ်ရာ၊ အကြင်အရပ်၌ တည်နေသော် မကောင်းမှုမှ လွတ်ရာ၏၊ ထိုအရပ်မျိုးကား မရှိနိုင် သည်သာတည်း။

127. There is no spot in the world for an evil doer; not in the sky, or in the ocean depths, or in a mountain-cave, where one can escape from evil deeds.

၁၂၈။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ၀ိဝရံ ပ၀ိဿ။
န ၀ိဇ္ဇတီ သော ဇဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတံ နပ္ပသဟေယျ မစ္စု။

၁၂၈။ မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော် လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော် လည်းကောင်း၊ တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း သေမင်းမှမလွတ်ရာ၊ အကြင်အရပ်၌ တည်နေသော် သေမင်းမှမညှဉ်းဆဲနိုင်ရာ၊ ထိုအရပ်မျိုးကား မရှိနိုင်သည်သာတည်း။

128. There is no place in the world for an evil doer; not in the sky, or in the ocean depths, or in a mountain-cave, where one can be free from the power of death.

No comments:

Post a Comment