ခုဆိုရင် မြို့တက်သွားတာ ကြာလည်းကြာပြီ စာတွေအများကြီး တတ်လို့နေရောပေါ့...။
ဖခမည်းနှင့် သားကြီးမယ်တော် နေ့စဉ်မျှော်၍ ပေါ်လာလိမ့်နိုး လာလိမ့်နိုးနှင့်
လက်ချိုးရေတွက် နေရပါသည် ဘုရား...။
သင်ပြမည့်သူ မရှိမူ၍ ခလေးအများ ချောင်းကြိုကြားမှာ ငါးရှာ ဖားရိုက် ကစားလိုက်နှင့်
ငယ်ခိုက်ချိန်လေး စာနှင့်ဝေးသည် တွေးရင်းရင်လေးမိပါသည် ဘုရား...။
ရွာသူရွာသား လူအများလည်း တရားရေအေး အမြိုက်ဆေးကို
တိုက်ကျွေးမည့်သူ မရှိမူ၍ လူသည်လူအသိ မရှိကြတော့ပါဘုရား...။
သားတော်ငယ်ပေါင်း ရွာကကျောင်းမှာ ကျောင်းသားကိုပင်
မတွေ့မြင်ရ ကိုရင်ဘယ်မှာ ဖြစ်ထွန်းပါလိမ့်...။
သာမဏေ၀ါဝင်း မရှိကင်းသော် ပဉ္စင်းဘယ်မှာ ဖြစ်နိုင်ပါလိမ့်...။
သာသနာရင်းမြစ် တောကဖြစ်သည် တောပစ်မြို့ပေါ် သားတော်ပျော်က
တော်မတော်ပင် ကြံတွေးဆင်၍ လျင်လျင်မြန်မြန် တောရပ်ထံသို့
ပြန်ကြွပါတော့ သားတော်မောင်ပဉ္စင်း ဘုရား...။
ရွာဦးကျောင်းတွင် ခေါင်းလောင်းသံမကြား
နားဝမှာမချို ကိုရင်တွေမရှိ
စာသံနတ္ထိ ကပ္ပိယအို
ခေါင်းတုံးတုသာ
တိုင်ကြိုတိုင်ကြားလဲလျက်...။
အခုခေတ် တောကျေးရွာမှာ ဘ၀ပုံရိပ်လွှာကိုဖော်ပြနေတဲ့စာပိုဒ်ဖြစ်သည်...။
No comments:
Post a Comment