ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Sunday, May 22, 2011

အို မိခင်

ဘ၀တစ်ခွင် လောကလွင်ဝယ်
အမေ့နို့တစ်စက် သားအတွက်
အားမာန်ဝင့်ဝင့် အောင်ပွဲလွှင့်ထူ
မမူစစ်ပွဲ ဆင်နွှဲခဲ့လေပြီ...။


ပန်းမျိုးကမ္ဘာ လှိုင်လှိုင်ဖြာ၍
ကမ္ဘာကြီးကိုမွေးဖွား
ငြိမ်းချမ်းခြင်းတရားနှလုံးတည်
”မေတ္တာ“အပြုံးပန်းကြောင့်
သားဘ၀လုံး နှလုံးစိတ်ဝမ်း
ထာဝရလန်းဆန်းလေပြီ...။


ငွေရောင်လဲ့လဲ့ စန္ဒာရင်ခွင်
အေးမြလွင်ပြင် ပျော်ရွှင်သည့်နှယ်
လောကသွယ်တန်း လျှောက်လှမ်းနေခိုက်
အမေ့ရင်ခွင် လွင်ပြင်တောမြိုင်
အိပ်မောလို့မဝ
ဘ၀ကြည်နူး ပျော်မြူးခဲ့ပြီ...။


အမေ့ရင်ခွင် ရေစင်သီတာ
မေတ္တာကြင်နာ ကရုဏာဒီလှိုင်း
ယုယချစ်ခင် မြတ်နိုးကြင်၍
“စေတနာ“သြ၀ါဒစကားဖြင့်
လောကရင်ခွင်ထဲ
အနေရဲအောင်
အမြဲသွန်သင်  အို   မိခင်....။
ဥာဏ(ပန်းဦးတောင်)

Thursday, May 12, 2011

the unique loving-kindness

Don't  compare 
loving-kindness  of mother 
with the moon,the sun,
the flower and the stream
because mother is not wane
it is not the same the moon;
mother is  not cloud,
it is not the same sun;
mother is not dry,
it is not the same the stream;
and mother is not drooping ,
it is not the same the flower
that having grown with mother's milk all everything greenly,
and having born peacefully,
mother is mother of the world,
lights of the world,
tastes of the world
and new smell of the world.


ashin nyana(pyinoolwin)

Monday, May 9, 2011

ခွင့်လွှတ်ပါအမေ

ဆောင်းဝတ်မှုန်ကြွေ နှင်းခက်တွေကြား
နွေးနွေးထွေးထွေး မေတ္တာစက်များ
ရက်ရက်စက်စက် မှေးစက်တဲ့မြေ
အမေ့ဂေဟာ နှစ်တွေကြာညောင်း
ပြန်ပြောင်းတမ်းတ လွမ်းတသသလေ...။


မေတ္တာရောင်လွှမ်း လရောင်အောက်မှာ
ခလုတ်ထိလို့ အမိတ
နောင်တဆိုတာ နောက်မှာဖော်လစ်
အပြစ်ကြွေးများ မေ့သက်လျာ 
ပြုခဲ့သမျှဝဋ်ကြွေး
သံသရာရေး ဘာနဲ့ပေးဆပ်
အမေခွင့်မလွှတ်တဲ့
သားရဲ့အပြစ်တွေ....။


နေ့ရက်ခြွေ နှစ်တွေတိုက်စား
အပြစ်များထပ်ထူ အပူသောက
လောကဓံအပြစ်ကြွေး
ခွင့်လွှတ်ပါအမေရယ်
သားခါခါ ကန်တော့ပန်းခြွေ....။
စိုင်းဥာဏ်လင်း(ပန်းဦးတောင်)

Friday, May 6, 2011

ကုသိုလ်ပန်းကုံးသီကုံးပန်ဆင်(၁၀)


၁၁။ ဇရာဝဂ္ဂ Chapter 11


Chapter 11

၁၄၆။ ကော နု ဟာသော ကိမာနန္ဒော၊ နိစ္စံ ပဇ္ဇလိတေ သတိ။
အန္ဓကာရေန သြနဒ္ဓါ၊ ပဒီပံ န ဂဝေသထ။

၁၄၆။ လူအပေါင်း၌ အမြဲကိလေသာမီး တောက်လောင်နေပါလျှက် အဘယ့်ကြောင့် ပျော်မြူး ရယ်ရွှင်ဘိသနည်း၊ အဘယ့်ကြောင့် နှစ်လိုဝမ်းသာခြင်း ဖြစ်ဘိသနည်း၊ အ၀ိဇ္ဇာမိုက်မှောင်ကြီးဖြင့် ပိတ်ဆီး မြှေးယှက်အပ်ကုန် သည်ဖြစ်ပါလျက် သင်တို့သည် အဘယ့်ကြောင့် ပညာဆီမီးကို မရှာဘဲ နေကြကုန်သနည်း။

146. How is there laughter, how is there joy, while the fire of passion and desire is burning on all people? When you are in deep darkness of craving and ignorance, will you not ask for a lamp of wisdom?

၁၄၇။ ပဿ စိတ္တကတံ ဗိမ္ဗံ၊ အရုကာယံ သမုဿိတံ။
အာတုရံ ဗဟုသင်္ကပ္ပံ၊ ယဿ နတ္ထိ ဓုဝံ ဋ္ဌိတိ။

၁၄၇။ အဆန်းတကြယ်ပြုအပ်သော အရုပ်နှင့်တူသော အရိုးစုသုံးရာတို့ဖြင့် ထောက်ထားအပ်သော နာကျင်တတ်သော များစွာသောသူတို့သည် ကြံစည်အပ်သော ကိုးပေါက်ဒွါရ အမာဝရှိသောကိုယ်ကို ကြည့်ရှုလော့၊ ယင်းကိုယ်၏ အမြဲအရှည် တည်ခြင်းသည် မရှိချေတကား။

147. Look at this body! A beautified image with jointed limbs, always suffering and covered with nine orifices; it is not stable, ever changing and never permanent.

၁၄၈။ ပရိဇိဏ္ဏမိဒံ ရူပံ၊ ရောဂနီဠ ပဘင်္ဂုရံ။
ဘိဇ္ဇတိ ပူတိသန္ဒေဟော၊ မရဏန္တံ ဟိ ဇီဝိတံ။

၁၄၈။ ဤရူပကာယသည် ဆွေးမြေ့ အိုတတ်၏၊ အနာရောဂါတို့၏ တည်နေရာလည်းဖြစ်၏၊ ယိုယွင်းပျက်စီးတတ်၏၊ အသက်ရှင်နေရခြင်းသည် သေခြင်းလျှင် အဆုံးရှိရကား ထိုကိုယ်သည် ပုပ်သည်ဖြစ်၍ ပျက်စီးရလတ္တံ့။

148. This body is decayed, a nest of diseases and perishable. With destruction and dissolution, all living beings come to an end in death.

၁၄၉။ ယာနိမာနိ အပတ္ထာနိ၊ အလာဗူနေ၀ သာရဒေ။
ကာပေါတကာနိ အဋ္ဌီနိ၊ တာနိ ဒိသွာန ကာ ရတိ။

၁၄၉။ တန်ဆောင်မုန်းအခါ၌ စွန့်ပစ်ထားသော ဘူးသီးခြောက်ကဲ့သို့ စွန့်ပစ်အပ်သော ခိုအဆင်းကဲ့သို့ ဖြူမွဲသော အရိုးတို့ကိုမြင်ရ၍ အဘယ်မှာ မွေ့လျော်ဖွယ်ရှိနိုင်အံ့နည်း။

149. Those grey bleaching human bones, like gourds discarded in autumn, what pleasure is there in looking at them?

၁၅၀။ အဋ္ဌီနံ နဂရံ ကတံ၊ မံသလောဟိတလေပနံ။
ဟတ္ထ ဇရာ စ မစ္စု စ၊ မာနော မက္ခော စ သြဟိတော။

၁၅၀။ အရိုးတို့ကိုစိုက်ထူ၍ အသားအသွေးတို့ဖြင့် လိမ်းကျံလျက် အတ္တဘောတည်းဟူသောမြို့ကို တဏှာလက်သမား သည် ဆောက်လုပ်အပ်၏၊ ယင်းမြို့၌ အိုခြင်း မာနထောင်လွှားခြင်း သူ့ကျေးဇူးကို ချေဖျက်ခြင်းသည်သာ တည်ရှိလေ၏။

150. With bones the city is made, plastered with flesh and blood, where lie pride, ingratitude, old age and death.

၁၅၁။ ဇီရန္တိ ဝေ ရာဇရထာ သုစိတ္တာ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ။

၁၅၁။ ရတနာတို့ဖြင့် ကောင်းစွာ ဆန်းကြယ်သော မင်းတို့၏ ရထားတို့သည် ဆွေးမြေ့အိုမင်း ကြကုန်သေး၏၊ ခန္ဓာကိုယ်သည်လည်း ထို့အတူပင် ဆွေးမြေ့ အိုမင်းခြင်းသို့ ရောက်ရသေး၏၊ သူတော်ကောင်းတို့၏ တရားတော် သည်ကား ဆွေးမြေ့ အိုမင်းခြင်းသို့ မရောက်နိုင်ဟု သူတော်ကောင်းတို့သည် သူတော်ကောင်းတို့နှင့် အချင်းချင်း ဆွေးနွေးပြောကြားကြကုန်၏။

151. Even well-decorated royal chariots of Kings eventually wear away. And so also the human body falls into decay. But the Dhamma of the virtuous people never grows old and decay as the righteous share it each other.

၁၅၂။ အပ္ပဿုတာယံ ပုရိသော၊ ဗလီဗဒ္ဒေါဝ ဇီရတိ။
မံသာနိ တဿ ၀ဍ္ဎုန္တိ၊ ပညာ တဿ န ၀ုဍ္ဎုတိ။

၁၅၂။ အကြားအမြင်နည်းသော ဤယောက်ျားသည် နွားလားကဲ့သို့ အချည်းအနှီး ကြီးထွားလာ၏၊ ထိုယောက်ျားအား အသားတို့သာ တိုးပွားကုန်၏၊ ပညာမူကား မတိုးပွါး။

152. A person who has learnt little becomes heavier day by day like an ox, his flesh increases and gains weight, but not his wisdom.

၁၅၃။ အနေကဇာတိသံသာရံ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ။
ဂဟကာရံ ဂဝေသန္တော၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ။

၁၅၄။ ဂဟကာရက ဒိဋ္ဌောသိ၊ ပုန ဂေဟံ န ကာဟသိ။
သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ၊ ဂဟကူဋံ ၀ိသင်္ခတံ။
ဝိသင်္ခါရဂတံ စိတ္တံ၊ တဏှာနံ ခယမဇ္ဈဂါ။

၁၅၃။ အဖန်ဖန် ပဋိသန္ဓေနေရခြင်းသည် ဆင်းရဲလှစွာသောကြောင့် ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သူ တဏှာလက်သမားကို ရှာသောငါသည် ထိုတဏှာလက်သမားကို မြင်နိုင်သောဉာဏ် မရသေးသဖြင့် ဘ၀များစွာ သံသရာပတ်လုံး ကျင်လည်ခဲ့ရလေပြီ။

၁၅၄။ ခန္ဓာအိမ်ကို ဆောက်လုပ်တတ်သော ဟယ် တဏှာလက်သမား၊ ငါသည်သင့်ကို ပညာမျက်စိဖြင့် ယခုမြင်အပ်ပြီး၊ ခန္ဓာအိမ်ကိုနောင်တဖန် သင်ဆောက်လုပ်ရတော့မည်မဟုတ်၊ သင်၏ ကိလေသာတည်းဟူသော အခြင်ရနယ် အားလုံးတို့ကို ငါချိုးဖျက်အပ်ပြီ၊ အ၀ိဇ္ဇာတည်းဟူသော အိမ်အထွတ်ကို ဖျက်ဆီးအပ်ပြီ၊ ငါ၏စိတ်သည် ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ရောက်ပြီ၊ တဏှာ ကုန်ရာကုန်ကြောင်း အရဟတ္တဖိုလ်ကိုရပြီ။

153. I ran through Samsara, the cycles of many lives with deaths and rebirths, searching in vain the builder of my body due to the lack of wisdom.

154. Now I have seen the builder of the house, you will not rebuild the house again. The rafters of sins are broken; the ridge-pole of ignorance is destroyed. The fever of craving is past; for my mortal mind is gone free to the joy of the immortal Nibbana.

၁၅၅။ အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
ဇိဏ္ဏကောဉ္စာဝ ဈာယန္တိ၊ ခီဏမစ္ဆေ၀ ပလ္လလေ။

၁၅၆။ အစရိတွာ ဗြဟ္မစရိယံ၊ အလဒ္ဓါ ယောဗ္ဗနေ ဓနံ။
သေန္တိ စာပါတိခီဏာဝ၊ ပုရာဏာနိ အနုတ္ထုနံ။

၁၅၅။ သူမိုက်တို့သည် အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရသောကြောင့် ငါးကုန်ခန်းသောညွန်အိုင်၌ အတောင်ကျွတ်သော ကြိုးကြာအိုတို့ကဲ့သို့ (အရွယ်လွန်သောအခါ)ကြံမှိုင်၍သာ နေကြ ရကုန်၏။

၁၅၆။ သူမိုက်တို့သည် အရွယ်ရှိခိုက် မြတ်သောအကျင့်ကို မကျင့်လိုက်မိ၊ ဥစ္စာကိုလည်း မရလိုက်မိသောကြောင့် လေးမှလွတ်ပြီးနောက် အရှိန်ကုန်သောမြားတို့ကဲ့သို့ ရှေးဖြစ်ဟောင်း သုခတို့ကို ညည်းတွားအောက်မေ့၍သာ နေကြရကုန်၏။

155. Those who have not practiced religious life and have not gained the treasures of life in their youth, are later like long-legged aged herons with loosing feathers standing sad by a lake where there is no fish.

156. Those who have not practiced religious life and have not gained the treasures of life in their youth, are later like worn-out arrows with loosing velocity discharged from a bow, ever moaning over the past (old days happiness).

Thursday, May 5, 2011

ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း လည်ပုံ , ဖြတ်ပုံ, ဒေသနာတော်

circle.jpg
Add caption


ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ မူအရ
ပဋိစ္စသမုပ္ပါဒ် စက်ဝိုင်း လည်ပုံ , ဖြတ်ပုံ, ဒေသနာတော်
------လင်္ကာဆောင်ပုဒ်------
မူလနှစ်ဖြာ၊ သစ္စာနှစ်ခု၊ လေးလွှာ၊ အင်္ဂါတစ်ဆယ့်နှစ်ပါး၊ တရားကိုယ်များနှင့် သုံးပါးအစပ်၊
နှစ်ရပ်မူလ၊ ၀ဋ် သုံးဝနှင့်၊ ကာလသုံးဖြာ၊ ခြင်းရာနှစ်ဆယ်၊ ဤရှစ်ဆယ်ကို။ အလွယ်ကျက်မှတ်၊ သိစေအပ်သည်၊ သံသရာမှ လွတ်ကြောင်းတည်း။

 

လင်္ကာဆောင်ပုဒ် အဖြေ


၁။ မူလနှစ်ဖြာ …. …. အ၀ိဇ္ဇာနှင့် တဏှာ။
၂။သစ္စာနှစ်ခု …. …. သမုဒယသစ္စာ - ဒုက္ခသစ္စာ။
၃။လေးခုအလွှာ …. …. အတိတ်အကြောင်းတလွှာ၊ ပစ္စုပ္ပန်အကျိုးတလွှာ။
ပစ္စုပ္ပန်အကြောင်းတလွှာ၊ အနာဂတ်အကျိုးတလွှာ။
၎။အင်္ဂါတစ်ဆယ့်နှစ်ပါး …. …. အ၀ိဇ္ဇာ , သင်္ခါရ , ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ မရဏ။
၅။သုံးပါးအစပ် …. …. သင်္ခါရ နှင့် ၀ိညာဏ်တစပ် ၊ ဝေဒနာနှင့် တဏှာတစပ ၊ ကမ္မဘ၀နှင့် ဇာတိတစပ်။
၆။ဝဋ်သုံးဝနှင့် …. …. >>ကိလေသ၀ဋ် (၃)ပါး - အ၀ိဇ္ဇာ , တဏှာ , ဥပါဒါန်
>>ကမ္မ၀ဋ် (၂)ပါး- သင်္ခါရနှင့် ကမ္မဘဝ
>>၀ိပါက၀ဋ် (၈)ပါး-, ၀ိညာဏ်, နာမ်ရုပ် , သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္ပဘသ, ဇာတိ , ဇရာ, မရဏ (ဥပပ္ပတ္တိဘ၀)
၇။ကာလသုံးဖြာ …. …. >>လွန်လေပြီးသော အတိတ်ကာလ - အ၀ိဇ္ဇာ , သင်္ခါရ
>>ယခုဖြစ်ဆဲ ပစ္စုပ္ပန် ကာလ - ၀ိညာဏ်, နာမ်ရုပ်, >>သဠာယတန ,ဖဿ, ဝေဒနာ, တဏှာ, ဥပါဒါန် , ကမ္မဘဝ
>>နောင်ဖြစ်လတ္တံ့ အနာဂတ်ကာလ- ဇာတိ , ဇရာမရဏ။
၈။ခြင်းရာနှစ်ဆယ် …. …. >>အတိတ်အကြောင်းခြင်းရာ ငါးပါး- အ၀ိဇ္ဇာ , သင်္ခါရ , တဏှာ, ဥပါဒါန် , ဘဝ
>>ပစ္စုပ္ပန်အကျိုးခြင်းရာငါးပါး - ၀ိညာဏ်, နာမ်ရုပ်, သဠာယတန ,ဖဿ, ဝေဒနာ
အ၀ိဇ္ဖာနှင့် တဏှာ ရင်းခံ၊ ဥပါဒါန်၊ကံကြောင့်ရုပ်နာမ်ပေါ်အပင်မှမျိုး ၊မျိုးမှအပင်၊ အမျှင်မပြတ်၊ ဆက်စပ်သည့်ဟန်၊ ကံကြောင့်နာမ်ရုပ်ကြောင့်ကံ၊ အဖန်ဖန်ဖြစ်ပြန်နည်းအလျှော်၊ ဗြဟ္မာ-သိကြားစသည်များက ထင်ရှားပြုပြင်၊ စီရင်ဖန်ဆင်း၊ အကြောင်းရင်းကြောင့်၊ လူနတ်များစွာ၊ သတ္တ၀ါတို့၊ ဖြစ်လာရမှု မဟုတ်ဟုညဏ်ဖြင့် ရှု၍မျှော်။
ခန္ခာ (၅ )ပါး

ရုပ်တရား ၁။ရူပက္ခန္ဓာ ... ဖောက်ပြန်တတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။
နာမ်တရား ၂။ဝေဒနက္ခန္ဓာ ... ခံစားတတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။

၃။သညာက္ခန္ဓာ ... မှတ်သားတတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။

၎။သင်္ခါရက္ခန္ဓာ ... ပြုပြင်တတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။

၅။ဝိညာဏက္ခန္ဓာ ... သိတတ်သော သဘောအစု သဘောအစု ဖြစ်-ပျက်မှု။



အာယတနာ(၁၂)ပါး

အခံဓာတ်(၆)ပါး အတိုက်ဓာတ်(၆)ပါး အပွင့်ဓာတ်(၆)ပါး
ဓာတ်(၁၈)ပါး ၁။မျက်စိအကြည်
၂။နားအကြည်
၃။နှာခေါင်းအကြည်
၎။လျှာအကြည်
၅။ကိုယ်အကြည်
၆ ၊စိတ်(ဘ၀င်စိတ်)
၁။အဆင်း
၂။အသံ
၃။အနံ
၎။အရသာ
၅။တွေ့ထိစရာ
၆။ကြံတွေးစရာ
၁။မြင်စိတ်
၂။ကြားစိတ်
၃။နံစိတ်
၎။စားစိတ်
၅။ယားနာကောင်းစိတ်
၆။တွေးတောစိတ်


သစ္စာ(၄)ပါး ဒုက္ခသစ္စာ ဆင်းရဲခြင်းအမှန်တရား၊ ဖြစ်ဒုက္ခ-ပျက်ဒုက္ခပိုင်းခြားသိရမည့်တရား။
သမုဒယသစ္စာ ဒုက္ခဖြစ်ကြောင်းအမှန်တရား၊(တဏှာ-လောဘ)ပယ်ရမည့်တရား။
နိရောဓသစ္စာ ဒုက္ခခပ်သိမ်းချုပ်ငြိမ်းရာအမှန်(နိဗ္ဗာန်)မျက်မှောက်ပြုရမည့်တရာ။
မဂ္ဂသစ္စာ ဒုက္ခသစ္စာ၏ ချုပ်ကြောင်း၊ သမုဒယသစ္စာကိုပယ်ကြောင်း။
နိရောဓသစ္စာကို မျက်မှောက်ပြုကြောင်း
အကျင့်အမှန်တရား(မဂ္ဂင်၈ပါး)ပွားများရမည့်တရား။


လောကီးမဂ္ဂင်(၅)ပါး ရှုညဏ်တရား
သမ္မဒီဋ္ဌိ သမ္မာသင်္ကပ္ပ
ပညာမဂ္ဂင် (၂)ပါး
သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ သမာဓိမဂ္ဂင်(၃)ပါး


လောကုတ္တရာ မဂ္ဂင်(၈)ပါး
သမ္မာဒိဋ္ဌိ သမ္မာသင်္ကပ္ပ
ပညာမဂ္ဂင်(၂)ပါး
သမ္မာဝါယာမ သမ္မာသတိ သမ္မာသမာဓိ သမာဓိမဂ္ဂင်(၃)ပါး
သမ္မာဝါစာ သမ္မာကမ္မန္တ သမ္မာအာဇိဝ သီလမဂ္ဂင်(၃)ပါး


စိတ္တါနုပဿနာရှုပွားနည်း
၁။မြင်စိတ် အပြင်ဧည်သည်စိတ်(၅)ခု ၁။လောဘစိတ် အတွင်းဧည်သည်စိတ်(၅)ခု
၂။ကြားစိတ် ၂။ဒေါသစိတ်
၃။နံစိတ် ၃။မောဟစိတ်
၎။စားစိတ် ၄။အလောဘစိတ်
၅။ယား၊ နာ၊ ကောင်းစိတ် ၅။အဒေါသစိတ်


၆။တွေးတောစိတ်


၁။လေကိုထုတ်သောစိတ် ရှုပွားပုံရှုနည်းမှာ ၂၊လေကိုသွင်းသောစိတ် ၃။အိမ်သည်စိတ်(၂)ခု
အိမ်သည်စိတ်ကို(၂)ခုကို အရင်းခံထား၍ မည်သည့်စိတ်ပေါ်ပေါ်၊
ပေါ်တိုင်းပေါ်တိုင်း ဖြစ်ပျက်မလွတ်အောင် ရှုရမည်ဖြစ်ပါသည်။




ဝေဒနာနုပဿနာ ရှုပွားနည်း
စိတ်နှင့် ဝေဒနာသည် ဖြစ်အတူ ပျက်အတူသဟဇာတ တရားဖြစ်သည်။

အပြင် ဧည့်သည် ဝေဒနာ(၆)ခု
၁။ ဥပေက္ခာ ဝေဒနာသည်
၂။ ဥပေက္ခာ ဝေဒနာသည်
၃။ ဥပေက္ခာ ဝေဒနာသည်
၎။ ဥပေက္ခာ ဝေဒနာသည်
၅။ သုခ ဝေဒနာသည်
၆။ ဒုက္ခ ဝေဒနာသည်
မျက်လုံးမှာ ပေါ်သည်။
နားမှာပေါ်သည်။
နှာခေါင်းမှာပေါ်သည်။
လျှာမှာ ပေါ်သည်။
ကိုယ်ပေါ်မှာ ပေါ်သည်။
ကိုယ်ပေါ်မှာ ပေါ်သည်။
အထက်ပါ ဝေဒနာများကို အပြင်ဧည့်သည် (၆)ပါးခု ဟုခေါ်သည်။
အတွင်းဧည့်သည် ဝေဒနာ(၃)ခု
၁။ သောမနှဿ ဝေဒနာသည်
၂။ ဒေါမနဿ ဝေဒနာသည်
၃။ ဥပေက္ခာ ဝေဒနာသည်
စိတ်မှာပေါ်သည်။
စိတ်မှာပေါ်သည်။
စိတ်မှာပေါ်သည်။
အထက်ပါ ဝေဒနာများကို အတွင်းဧည့်သည် (၆)ပါးခု ဟုခေါ်သည်။


အိမ်သည် ဝေဒနာ (၃)ခု
၁။ သားရေး၊ သမီးရေး၊ စီးပွားရေးမှ စ၍အရပ်ရပ် အဆင်ပြေနေသောအခါ (၀င်လေ-ထွက်လေကို) သောမနဿ ဝေဒနာနှင့် ရှူရှိုက်နေသည်။
၂။ သားရေး၊ သမီးရေး၊ စီးပွားရေးမှ စ၍အရပ်ရပ် အဆင်မပြေနေသောအခါ (၀င်လေ-ထွက်လေကို) ဒေါမနဿ ဝေဒနာနှင့် ရှူရှိုက်နေသည်။
၃။တစ်ခါတစ်ရံ(၀င်လေ-ထွက်လေကို) သောမနာဿလည်းမဟုတ် ၊ ဒေါမနဿလည်း မဟုတ်၊ ဥပေက္ခာဝေဒနာနှင့် အမှတ်မထင်ရှူရှိုက်နေသည်။
အထက်ပါဝေဒနာများကို အိမ်သည် ဟုခေါ်သည်။


ဝေဒနာနုပဿနာ ရှုရာ၌ ပေါ်သည် အချိန်၊ ပေါ်သည့်နေရာကို စောင့်၍ ရှုရမည်ဖြစ်သည်။ ဝေဒနာသည် ဒွါရ (၆)ပေါက်၌ အမြဲဖြစ်သည်။ မဖြစ်သည့်အခါ မရှိ၊ ဖဿဖြစ်တိုင်းဝေဒနာဖြစ်သည်။ ဝေဒနာကို ရှုရာ၌ နာမှ ကျင်မှ ဝေဒနာမဟုတ်ပါ၊ နာမှု ကျင်မှု မခံသာသည့် ဝေဒနာရှိသလို ၊ နာမှု ကျင်မှု ပျောက်ကင်းပြီး ခံသာသည့် ဝေဒနာလည်းရှိသည်။ ခံသာသည်လည်း မဟုတ်၊ မခံသာသည်လည်း မဟုတ်၊ အလယ်အလတ် အမှတ်မဲ့ ခံစားမှု ၀ဒနာမျိုးလည်းရှိသည်။ စိတ်နှင့် ဝေဒနာသည် သဟဇာတ တရားဖြစ်၍ စိတ်ဖြစ်တိုင်း ဝေဒနာဖြစ်သည်။
ဝေဒနာသည် ပေါ်လည်း ပေါ်သည်၊ ပျက်လည်း ပျက်သည်၊ ဝေဒနာနှင့်ငါ-မရောစေနှင့် ၊ ဝေဒနာခွာ၍ အနိစ္စ မြင်အောင်ကြည့် ၊ အနိစ္စတွေ့မှ လမ်းမှန်ကျမည်။
(ဤကား အကျဉ်းချုပ်မျှသာ ဖြစ်သည်။)

Wednesday, May 4, 2011

စီးဆင်းနေသောဒဿန

Don' t be afraid of enemies who attack you.
Be afraid of the friends who flatter you.
                  General Obregon's philosophy,Mexico


သင့်ကိုရန်ပြုမယ့်ရန်သူကို မကြောက်ပါနဲ့။
ဒါပေမယ့်
သင့်ကိုမြောက်ပင့်လုံးပြောဆိုနေတဲ့မိတ်ဆွေကို ကြောက်ပါ။


Jude not, that ye be not judged.
                  Abrahan lincoln


သင့်ကိုဘယ်သူမှအပြစ်မတင်စေချင်ဘူးဆိုရင်
သင့်ကလည်း ဘယ်သူကိုမှ အပြစ်မတင်ပါနဲ့...။
စိုင်းဥာဏ်လင်း(ပန်းဦးတောင်)

Tuesday, May 3, 2011

ကုသိုလ်ပန်းကုံးသီကုံးပန်ဆင်(၉)


၁၀။ ဒဏ္ဍ၀ဂ္ဂ Chapter 10


Chapter 10

၁၂၉။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော။
အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ။

၁၂၉။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏၊ အလုံးစုံသောသတ္တ၀ါတို့သည် သေခြင်းမှ ကြောက်ကုန်၏၊ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါတို့ကိုမသတ်ဖြတ် မညှဉ်းဆဲရာ။

129. All beings are afraid of punishment, so also all beings are afraid of death. Considering others as yourself, one should neither kill nor ill treat others.

၁၃၀။ သဗ္ဗေ တသန္တိ ဒဏ္ဍဿ၊ သဗ္ဗေသံ ဇီဝိတံ ပိယံ။
အတၱာနံ ဥပမံ ကတြာ၊ န ဟေနယ် န ဃာတေယ။

၁၃၀။ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှထိတ်လန့်ကုန်၏၊ အလုံးစုံသောသတ္တ၀ါတို့သည် မိမိတို့၏ အသက် ကိုချစ်၏၊ မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါတို့ကို မသတ်ဖြတ် မညှဉ်းဆဲရာ။

130. All beings are afraid of punishment, all beings love life; considering others as yourself, one should neither kill nor ill treat others.

၁၃၁။ သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန ၀ိဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော န လဘတေ သုခံ။

၁၃၂။ သုခကာမာနိ ဘူတာနိ၊ ယော ဒဏ္ဍေန န ဟိံသတိ။
အတ္တနော သုခမေသာနော၊ ပေစ္စ သော လဘတေ သုခံ။

၁၃၁။ အကြင်သူသည် မိမိ၏ချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကိုအလိုရှိကုန်သော သတ္တ၀ါတို့ကို တုတ် လှံ တံဖြင့် ညှဉ်းဆဲ၏၊ ထိုညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ ချမ်းသာကိုမရနိုင်။

၁၃၂။ အကြင်သူသည် မိမိ၏ချမ်းသာကိုရှာအံ့ဟု မိမိကဲ့သို့ ချမ်းသာကိုအလိုရှိကုန်သော သတ္တ၀ါ တို့ကို တုတ်လှံတံဖြင့် မညှဉ်းဆဲ၊ ထိုမညှဉ်းဆဲသောသူသည် တမလွန်ဘ၀၌ ချမ်းသာကို ရနိုင်၏။

131. One who, for the sake of happiness, hurts or kills other beings who also long for happiness, will not find happiness after death.

132. One who, for the sake of happiness, does not hurt or kill other beings, who also long for happiness, will find happiness after death.

၁၃၃။ မာဝေါစ ဖရုသံ ကဉ္စိ၊ ၀ုတ္တာ ပဋိဝဒေယျု တံ။
ဒုက္ခာ ဟိ သာရမ္ဘကထာ၊ ပဋိဒဏ္ဍာ ဖုသေယျု တံ။

၁၃၄။ သစေ နေရေသိ အတ္တာနံ၊ ကံသော ဥပဟတော ယထာ။
ဧသ ပတ္တောသိ နိဗ္ဗာနံ၊ သာရမ္ဘော တေ န ၀ိဇ္ဇတိ။

၁၃၃။ တစ်စုံတစ်ယောက်ကိုမျှ ကြမ်းကြုတ်သောစကားကို မဆိုလင့်၊ အဆိုခံရသူတို့သည် သင့်ကို ပြန်လှန် ဆိုကုန်ရာ၏၊ ခြုတ်ခြယ်သော စကားသည် ဆင်းရဲ၏အကြောင်းတည်း၊ သူတစ်ပါးကို ဒဏ်ပြုက အတုံ့ အလှည့်ဒဏ်တို့သည် သင့်ထံသို့ ရောက်ကုန်ရာ၏။

၁၃၄။ အနားပြတ်သော ကြေးခေါင်းလောင်းသည် အသံမထွက် ငြိမ်သက်သကဲ့သို့ မိမိကိုယ်ကို ငြိမ်သက် တည်ကြည်အောင် စောင့်ရှောက်နေသောသူသည် နိဗ္ဗာန်သို့ရောက်နိုင်၏၊ ခြုတ်ခြယ်မှုမရှိ။

133. Never speak harsh words; for once spoken they will be said back to you. Angry words are painful, retaliation will get you.

134. If you can be silent like a broken gong that is silent, you can reach the peace of Nibbana; there is no agitation in you.

၁၃၅။ ယထာ ဒဏ္ဍေန ဂေါပါလော၊ ဂါဝေါ ပါဇေတိ ဂေါစရံ။
ဧ၀ံ ဇရာ စ မစ္စု စ၊ အာယုံ ပါဇေန္တိ ပါဏိနံ။

၁၃၅။ နွားကျောင်းသားသည် နှင်တံဖြင့် နွားတို့ကို စားကျက်သို့ မောင်းနှင်သကဲ့သို့ ဤအတူ အိုခြင်းသည် လည်းကောင်း၊ သေခြင်းသည်လည်းကောင်း သတ္တ၀ါတို့၏ အသက်ကို မောင်းနှင်ကုန်၏။

135. As a cowherd with his staff drives his cows to pasture, so do Old Age and Death drive the life of all beings.

၁၃၆။ အထ ပါပါနိ ကမ္မာနိ၊ ကရံ ဗာလော န ဗုဇ္ဈတိ။
သေဟိ ကမ္မေဟိ ဒုမ္မေဓော၊ အဂ္ဂိဍဍ္ဎေုာဝ တပ္ပတိ။

၁၃၆။ မကောင်းမှု အကုသိုလ်ကံတို့ကိုပြုသော သူမိုက်သည် ထိုပြုသောအခါ၌မသိ၊ ပညာမဲ့သူသည် ထိုမိမိပြုသော မကောင်းမှုကံတို့ကြောင့် မီးလောင်သောသူကဲ့သို့ ပူပန်ရ၏။

136. The foolish one does not know when he commits his evil deeds; later the stupid man has to suffer and is consumed by his own deeds, as if burnt by fire.

၁၃၇။ ယော ဒဏ္ဍေန အဒဏ္ဍေသု၊ အပ္ပဒုဋ္ဌေသု ဒုဿတိ။
ဒသန္နမညတရံ ဌာနံ၊ ခိပ္ပမေ၀ နိဂစ္ဆတိ။

၁၃၈။ ဝေဒနံ ဖရုသံ ဇာနိံ၊ သရီရဿ ၀ ဘေဒနံ။
ဂရုကံ ၀ါပိ အာဗာဓံ၊ စိတ္တက္ခေပံ ၀ ပါပုဏေ။

၁၃၉။ ရာဇတော ၀ါ ဥပသဂ္ဂံ၊ အဗ္ဘက္ခာနံ ၀ ဒါရုဏံ။
ပရိက္ခယံ ၀ ဉာတီနံ၊ ဘောဂါနံ ၀ ပဘင်္ဂုရံ။

၁၄၀။ အထ ၀ါဿ အဂါရာနိ၊ အဂ္ဂိ ဍဟတိ ပါဝကော။
ကာယဿ ဘေဒေါ ဒုပ္ပညော၊ နိရယံ သောပပဇ္ဇတိ။

၁၃၇။ အကြင်သူသည် အပြစ်ဒဏ်ကင်းကြ၍ မပြစ်မှားထိုက်သော ရဟန္တာပုဂ္ဂိုလ်တို့၌ တုတ်လှံတံ စသည်ဖြင့် ပြစ်မှား၏၊ ထိုသူသည် ဆင်းရဲကြောင်း ဒဏ်ဆယ်ပါးတို့တွင် တစ်ပါးပါးသော ဆင်းရဲခြင်းအကြောင်းသို့ လျင်မြန်စွာပင် ရောက်ရ၏။

၁၃၈-၁၃၉။ ပြင်းထန်သော ဝေဒနာသို့လည်းကောင်း၊ ဥစ္စာဆုံးရှုံးခြင်းသို့လည်းကောင်း၊ လက်ပြတ် ခြေပြတ်စသော ကိုယ်အင်္ဂါပျက်စီးခြင်းသို့လည်းကောင်း၊ ကြီးလေးသော နူနာစသော အနာစွဲ ကပ်ခြင်းသို့လည်းကောင်း၊ ရူးခြင်း စိတ်ပျံ့လွင့်ခြင်းသို့လည်းကောင်း၊ မင်းဘေးလည်းကောင်း၊ ကြမ်းကြုတ်စွာသော အစွတ်စွဲခံရခြင်းသို့ လည်းကောင်း၊ ဆွေမျိုးတို့၏ ပျက်ပြားခြင်းသို့ လည်းကောင်း၊ စည်းစိမ် ဥစ္စာတို့၏ယိုယွင်းပျက်စီးခြင်းသို့ လည်းကောင်းရောက်၏။

၁၄၀။ ထို့ပြင်ထိုပြစ်မှားသူ၏ အိမ်တို့ကို ပကတိမီးသည်လည်းကောင်း၊ လောင်မီးသည်လည်းကောင်းလောင်၏၊ ပညာမဲ့သော ထိုသူသည် ခန္ဓာကိုယ်ပျက်စီးသည်မှနောက်၌ ငရဲသို့ ရောက်ရ၏။

137. Any person who inflicts pain on those Ariyas who are pure and innocent will soon fall into one of these ten evils (chastisements):

138-139. fearful pains or sufferings; destitution, fracturing of the body (loss of limbs), grave illness (as leprosy), insanity, oppression by the ruler, severe accusations, destruction of kin (relatives):

140. destruction of possessions or lightening fire will burn his houses, and upon the dissolution of his body, the stupid man will fall to hell.

၁၄၁။ န နဂ္ဂစရိယာ န ဇဋာ န ပင်္ကာ၊ နာနာသကာ ထဏ္ဍိလသာယိကာ ၀ါ။
ရဇောဇလ္လံ ဥက္ကုဋိကပ္ပဓာနံ၊ သောဓေန္တိ မစ္စံ အ၀ိတိဏ္ဏကင်္ခံ။

၁၄၁။ အ၀တ်မ၀တ်ဘဲ ကျင့်ခြင်းတို့သည်လည်းကောင်း၊ ဆံကျစ်အကျင့်တို့သည်လည်းကောင်း၊ ရွှံ့ညွန် အလိမ်းလိမ်းကပ်၍ ကျင့်ခြင်းတို့သည်လည်းကောင်း၊ အစာဖြတ်၍ အငတ်ခံကျင့်ခြင်း တို့သည်လည်းကောင်း၊ မြေ၌အိပ်၍ နေခြင်းတို့သည်လည်းကောင်း၊ မြူမှုန်အလိမ်းလိမ်း တင်စေလျှက် ကျင့်ခြင်းသည်လည်းကောင်း၊ ဆောင့်ကြောင့်ထိုင်၍ ကျင့်ခြင်းသည်လည်းကောင်း ၀ိစိကိစ္ဆာမှ မလွတ်မြောက်သေးသော သတ္တ၀ါကို မစင်ကြယ်စေနိုင်ကုန်။

141. Not nakedness, not matted hair, not dust, not fasting, or sleeping on the bare earth, not rubbing with dust, not squatting motionless can cleanse a mortal who has not overcome his doubts.

၁၄၂။ အလင်္ကတော စေပိ သမံ စရေယျ၊ သန္တော ဒန္တော နိယတော ဗြဟ္မစာရီ။
သဗ္ဗေသု ဘူတေသု နိဓာယ ဒဏ္ဍံ၊ သော ဗြာဟ္မဏော သော သမဏော သ ဘိက္ခု။

၁၄၂။ အကြင်သူသည် ကိလေသာငြိမ်း၏၊ ဣနြေ္ဒကို ဆုံးမပြီးဖြစ်၏၊ မဂ်လေးပါးဖြင့်မြဲ၏၊ မြတ်သောအကျင့်ရှိ၏၊ အလုံးစုံသောသတ္တ၀ါတို့၌ လက်နက်ကို ပယ်ချထားသည်ဖြစ်၍ မေတ္တာဖြင့် အညီအမျှကျင့်၏၊ ထိုသူသည်အ၀တ် တန်ဆာဆင်စေကာမူ မကောင်းမှုမှအပပြုသူ ဗြာဟ္မဏမည်၏၊ ကိလေသာငြိမ်းသူ သမဏမည်၏၊ ကိလေသာ ဖျက်ဆီးပြီးသူ ဘိက္ခုမည်၏။

142. Though a man may wear fine clothing, if he lives peacefully after destroying mental defilements, is quiet, subdued and restrained and he does not hurt any living being, he is indeed a Brahmana (who has cast off evils), a samana (who has ceased defilements), and a Bhikkhu (who has destroyed passions).

၁၄၃။ ဟိရီနိသေဓော ပုရိသော၊ ကောစိ လောကသ္မိ ၀ိဇ္ဇတိ။
ယော နိဒ္ဒံ အပဗောဓေတိ၊ အေဿာ ဘဒြော ကသာမိဝ။

၁၄၄။ အေဿာ ယထာ ဘဒြော ကသာနိဝိဋ္ဌော၊ အာတာပိနော သံဝေဂိနော ဘ၀ါထ။
သဒ္ဓါယ သီလေန စ ၀ီရိယေန စ၊ သမာဓိနာ ဓမ္မ၀ိနိစ္ဆယေန စ။
သမ္ပန္န၀ိဇ္ဇာစရဏာ ပတိဿတာ၊ ဇဟိဿထ ဒုက္ခမိဒံ အနပ္ပကံ။

၁၄၃။ မြင်းကောင်းသည် ကြိမ်လုံးကို ကြဉ်ရှောင်သကဲ့သို့ အကြင်သူသည် မိမိ၏အိပ်ပျော်ခြင်းကို နိုးကြားစေ၏၊ မိစ္ဆာဝိ တက်ကို ရှက်ကြောက်ခြင်းဖြင့်တားမြစ်၏၊ ထိုပုဂ္ဂိုလ်မျိုးသည် လောက၌ တစ်ယောက်တစ်လေသာ ရှိ၏။

၁၄၄။ မြင်းကောင်းသည် ကြိမ်လုံးကို ပုတ်ခတ်သည်ရှိသော် လုံ့လရှိသကဲ့သို့ သင်တို့သည် လည်း လုံ့လရှိကုန်သည် ထိပ်လန့်ကုန်သည် ဖြစ်ကြကုန်လော့၊ ယုံကြည်ခြင်း သဒ္ဓါနှင့် လည်းကောင်း၊ သီလနှင့် လည်းကောင်း၊ ၀ီရိယနှင့် လည်းကောင်း၊ တည်ကြည်ခြင်း သမာဓိနှင့် လည်းကောင်း၊ တရားမှန်မမှန် ဆုံးဖြတ်ကြောင်းဉာဏ်နှင့်လည်းကောင်း ပြည့်စုံကြလျှက် အသိ ၀ိဇ္ဇာ အကျင့်စရဏနှင့် ပြည့်စုံကုန်သည်ဖြစ်၍ ထင်သောသတိရှိကြပါလျှင် အတိုင်းမသိ အလွန်ရှည်လျားသော သံသရာဆင်းရဲကို စွန့်လွှတ်နိုင်ကုန်လတ္တံ့။

143. As a good horse avoids the touch of the whip, a noble man who, being wakeful from his sleep, restrained by modesty, seems to be rare in the world, avoids all fetters by shame.

144. Like a good horse struck by a whip, be ardent and deeply moved. By faith, by virtue and energy, by deep contemplation and vision, expert knowledge and by right action, you shall leave behind this mass of misery and seemingly endless grief (samsara).

၁၄၅။ ဥဒကံ ဟိ နယန္တိ နေတ္တိကာ၊ ဥသုကာရာ နမယန္တိ တေဇနံ။
ဒါရုံ နမယန္တိ တစ္ဆကာ၊ အတ္တာနံ ဒမယန္တိ သုဗ္ဗတာ။

၁၄၅။ မြောင်းတူးရေယူသမားတို့သည် အလိုရှိရာသို့ ရေကိုဆောင်ယူကုန်၏၊ လေးသမားတို့သည် မြားကိုဖြောင့်ကုန်၏၊ သစ်ရွေသမားတို့သည် သစ်ကိုလိုတိုင်းရအောင် ရွေကုန်၏၊ ကောင်းသောအကျင့်ရှိသော သူတော်ကောင်းတို့သည် မိမိကိုယ်ကို ယဉ်ကျေးအောင် ဆုံးမကုန်၏။

145. Those who make channels for water guide the water where they want, fletchers bend the arrow straight, carpenters straighten wood, and the men with virtue tame themselves.

Monday, May 2, 2011

ဒုက္ခရဲ့ဖြေရာ အမေ

 အမေရှိတယ်
ဒုက္ခရဲ့အနက်ရှိုင်းဆုံးအပိုင်းမှာ
အမေရှိတယ်...။


ဘယ်သူပဲဖြစ်ဖြစ်
အမေ့ကိုလွမ်းဖူးတယ်ဆိုရင်
ဒုက္ခနဲ့အဆိုးလောကဓံ
ရင်ဆိုင်ရတိုင်း 
မေမေ့မျက်နှာ လွမ်းရလွန်းလို့
ကြုံဖူးလို့ဖြစ်မယ်
ဒါပေမယ့်
ဒုက္ခစစ်မှအလွမ်းစစ်မှာပါ
မလွမ်းတတ်ဘူးဆိုရင်တော့
ဒုက္ခမစစ်သေးတာသေချာတယ်...။


ကျနော်အတွက်တော့
ဒုက္ခနဲ့တခါကြုံရတိုင်း
မေမေ့မျက်နှာ တခါမြင်ရလွန်းလို့
သေချာတယ်
ဒုက္ခရဲ့အနက်ရှိုင်းအပိုင်းမှာ
အမေရှိတယ်....။

Sunday, May 1, 2011

ကုသိုလ်ပန်းကုံးသီကုံးပန်ဆင်(၈)


၉။ ပါပ၀ဂ္ဂ Chapter 09



၁၁၆။ အဘိတ္ထရေထ ကလျာဏေ၊ ပါပါ စိတ္တံ နိဝါရယေ။
ဒန္ဓံ ဟိ ကရောတော ပုညံ၊ ပါပသ္မိံ ရမတီ မနော။

၁၁၆။ မကောင်းမှု၌စိတ်သည် မွေ့လျော်တတ်၍ ကောင်းမှုပြုသောအခါ နုံ့နှေးတတ်ရကား မကောင်းမှုမှ စိတ်ကိုတားမြစ်၍ ကုသိုလ်ကောင်းမှုတို့ကို လျင်မြန်ဆောစွာ ပြုလုပ်ရာ၏။

116. Quicken to do good, keep the mind away from evil. The mind of one who is slow in doing well finds pleasure in evil.

၁၁၇။ ပါပဉ္စေ ပုရိသော ကယိရာ၊ န နံ ကယိရာ ပုနပ္ပုနံ။
န တမှိ ဆန္ဒံ ကယိရာထ၊ ဒုက္ခော ပါပဿ ဥစ္စယော။

၁၁၇။ ပုဂ္ဂိုလ်သည် မကောင်းမှု ပြုမိစေကာမှူ ထိုမကောင်းမှုကို ထပ်ကာထပ်ကာ မပြုမိစေရာ၊ ထိုမကောင်းမှု၌ စိတ်အလိုဆန္ဒကိုမပြုရာ၊ မကောင်းမှုကိုပွားစေခြင်းသည် ဆင်းရဲ၏ အကြောင်းတည်း။

117. If a person does something wrong, let him not do it again and again. Let him not find the pleasure in his sin. A suffering is the accumulation of wrongdoings.

၁၁၈။ ပုညဉ္စေ ပုရိသော ကယိရာ၊ ကယိရာ နံ ပုနပ္ပုနံ။
တမှိ ဆန္ဒံ ကယိရာထ၊ သုခေါ ပုညဿ ဥစ္စယော။

၁၁၈။ ပုဂ္ဂိုလ်သည် ကောင်းမှုကိုပြုပြီးသော်လည်း ထိုကောင်းမှုကို ထပ်ကာထပ်ကာပြုရာ၏၊ ထိုကောင်းမှု၌ စိတ်အလိုဆန္ဒကို ပြုရာ၏၊ ကောင်းမှုကို ပွားစေခြင်းသည် ချမ်းသာခြင်း၏ အကြောင်းတည်း။

118. If a person does something good, let him do it again and again. Let him rejoice therein; prosperity is the accumulation of good deeds.

၁၁၉။ ပါပေါပိ ပဿတိ ဘဒြံ၊ ယာဝ ပါပံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ပါပံ၊ အထ ပါပေါ ပါပါနိ ပဿတိ။

၁၂၀။ ဘဒြောပိ ပဿတိ ပါပံ၊ ယာဝ ဘဒြံ န ပစ္စတိ။
ယဒါ စ ပစ္စတိ ဘဒြံ၊ အထ ဘဒြော ဘဒြာနိ ပဿတိ။

၁၁၉။ မကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း မကောင်းမှု အကျိုးမပေးသေးသရွေ့ ကာလပတ်လုံး ကောင်းမြတ်သောအာရုံကို တွေ့မြင်နိုင်သေး၏၊ မကောင်းမှုအကျိုးပေးသော အခါ၌မူကား မကောင်းမှုပြုသူသည် မကောင်းကျိုးတို့ကိုသာ တွေ့မြင်ရတော့၏။

၁၂၀။ ကောင်းမှုပြုသောသူပင် ဖြစ်သော်လည်း ကောင်းမှုအကျိုး မပေးသေးသရွေ့ ကာလပတ်လုံး မကောင်းသောအာရုံကို တွေ့မြင်နိုင်သေး၏၊ ကောင်းမှုအကျိုးပေးသော အခါ၌မူကား ကောင်းမှုပြုသူသည် ကောင်းကျိုးတို့ကိုသာ တွေ့မြင်ရလေတော့၏။

119. Even an evil-doer sees delight as long as his evil deed has not ripened; but when his evil deed has ripened, then does the evil-doer see evil.

120. A man may find pain in doing good as long as his good deed has not given fruit; but when the fruit of good comes then that man finds good indeed.

၁၂၁။ မာဝမညေထ ပါပဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဗာလော ပူရတိ ပါပဿ၊ ထောကံ ထောကမ္ပိ အာစိနံ။

၁၂၁။ အနည်းငယ်သော မကောင်းမှုသည် ငါ့အားအကျိုးရောက်လိမ့်မည် မဟုတ်ဟု မကောင်းမှု ကို မထီမဲ့မြင် မအောင့်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်သကဲ့သို့ သူမိုက်သည် အနည်းငယ် အနည်းငယ်မျှသော မကောင်းမှုကို ပြုဆည်းပူးဖန်များသော် မကောင်းမှုဖြင့် ပြည့်၏။

121. Though it is a sin of little worth, do not think it will not affect you. Dripping water will in time fill a water pot drop by drop; a foolish man is filled with evil, even if one accumulates it little by little.

၁၂၂။ မာဝမညေထ ပုညဿ၊ န မန္ဒံ အာဂမိဿတိ။
ဥဒဗိန္ဒုနိပါတေန၊ ဥဒကုမ္ဘောပိ ပူရတိ။
ဓီရော ပူရတိ ပုညဿ၊ ထောကံ ထောကမ္ပိ အာစိနံ။

၁၂၂။ အနည်းငယ်သောကောင်းမှုသည် ငါ့အားအကျိုးရောက်လိမ့်မည် မဟုတ်ဟု ကောင်းမှုကို မထီမဲ့မြင် မအောင့်မေ့ရာ၊ မိုးရေပေါက်သည် ကျဖန်များလတ်သော် ရေအိုးသည် ပြည့်သကဲ့သို့ ပညာရှိသည် အနည်းငယ် အနည်းငယ်မျှသော ကောင်းမှုကို ပြုဆည်းပူးဖန်များလတ်သော် ကောင်းမှုဖြင့် ပြည့်၏။

122. Though it is a deed of little worth, do not think it will not affect you. Dripping water will in time fill a water pot drop by drop; the one who is wise is filled with good, even if one accumulates it little by little.

၁၂၃။ ၀ါဏိဇောဝ ဘယံ မဂ္ဂံ၊ အပ္ပသတ္ထော မဟဒ္ဓနော။
ဝိသံ ဇီဝိတုကာမောဝ၊ ပါပါနိ ပရိဝဇ္ဇယေ။

၁၂၃။ အဖော်နည်းသော များသောဥစ္စာရှိသောကုန်သည်ကြီးသည် ဘေးအန္တရာယ်များသော ခရီးကို ရှောင်ကြဉ်သကဲ့သို့ လည်းကောင်း၊ အသက်ရှင်လိုသောသူသည် လတ်တလော သေစေတတ်သောအဆိပ်ကို ရှောင်ကြဉ်သကဲ့သို့လည်းကောင်း ပညာရှိသည် မကောင်းမှုကို ရှောင်ကြဉ်ရာ၏။

123. Just as a wealthy merchant with many goods but with few companions avoids a dangerous road, and just as someone who loves his life avoids poison, a wise man should avoid all evils.

၁၂၄။ ပါဏိမှိ စေ ၀ဏော နာဿ၊ ဟရေယျ ပါဏိနာ ၀ိသံ။
နာဗ္ဗဏံ ၀ိသမနွေတိ၊ နတ္ထိ ပါပံ အကုဗ္ဗတော။

၁၂၄။ လက်၌အနာမရှိလျှင် လက်ဖြင့်အဆိပ်ကို ကိုင်ဆောင်နိုင်၏၊ အဆိပ်သည် အနာမရှိသော လက်သို့ အစဉ် မလိုက်၊ စေတနာမရှိဘဲ ပြုသောသူအား မကောင်းမှုကံမည်သည် မရှိ။

124. If one who has no wound in his hand may touch poison by hand, his hand cannot be hurt by the poison, since poison hurts where there is no wound, the man who has no evil cannot be hurt by evil.

၁၂၅။ ယော အပ္ပဒုဋ္ဌဿ နရဿ ဒုဿတိ၊ သုဒ္ဓဿ ပေါသဿ အနင်္ဂဏဿ။
တမေ၀ ဗာလံ ပစ္စေတိ ပါပံ၊ သုခုမော ရဇော ပဋိဝါတံဝ ခိတ္တော။

၁၂၅။ အကြင်သူမိုက်သည် မပြစ်မှားထိုက်သော စင်ကြယ်၍ ကိလေသာကင်းသော ရဟန္တာ ပုဂ္ဂိုလ်အား ပြစ်မှား၏၊ လေညာသို့ပစ်လွှင့်အပ်သော သိမ်မွေ့သောမြူမှုန်သည် ထိုပစ်လွှင့်သူသို့သာ ပြန်ကျသကဲ့သို့ မကောင်းမှုသည် ထိုသူမိုက်သို့သာ ရှေးရှုပြန်ကျလာ၏။

125. If any foolish person who offends an innocent Ariya, the ill of that evil returns to this fool, like the dust thrown against the wind.

၁၂၆။ ဂဗ္ဘမေကေ ဥပ္ပဇ္ဇန္တိ၊ နိရယံ ပါပကမ္မိနော။
သဂ္ဂံ သုဂတိနော ယန္တိ၊ ပရိနိဗ္ဗန္တိ အနာသ၀ါ။

၁၂၆။ အချို့သော သူတို့သည် ဤလူ့ပြည်၌ အမိဝမ်းဝယ် ပဋိသန္ဓေနေရကုန်၏၊ မကောင်းမှု ပြုသူတို့သည် ငရဲ၌ ဖြစ်ရကုန်၏၊ ကောင်းသောပညာရှိတို့သည် နတ်ပြည်သို့ ရောက်ရကုန်၏၊ အာသဝေါကင်းသော ရဟန္တာ ပုဂ္ဂိုလ်တို့သည် ပရိနိဗ္ဗာန်စံရကုန်၏။

126. Some are born in a womb on earth, people who do evil are reborn in hell; those of good course go to heaven, people who are pure attain Nibbana.

၁၂၇။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ၀ိဝရံ ပ၀ိဿ။
န ၀ိဇ္ဇတီ သော ဇဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတော မုစ္စေယျ ပါပကမ္မာ။

၁၂၇။ မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော် လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော် လည်းကောင်း တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း မကောင်းမှုမှ မလွတ်ရာ၊ အကြင်အရပ်၌ တည်နေသော် မကောင်းမှုမှ လွတ်ရာ၏၊ ထိုအရပ်မျိုးကား မရှိနိုင် သည်သာတည်း။

127. There is no spot in the world for an evil doer; not in the sky, or in the ocean depths, or in a mountain-cave, where one can escape from evil deeds.

၁၂၈။ န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ၊ န ပဗ္ဗတာနံ ၀ိဝရံ ပ၀ိဿ။
န ၀ိဇ္ဇတီ သော ဇဂတိပ္ပဒေသော၊ ယတ္ထဋ္ဌိတံ နပ္ပသဟေယျ မစ္စု။

၁၂၈။ မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော် လည်းကောင်း၊ သမုဒ္ဒရာအလယ်၌ တည်နေသော် လည်းကောင်း၊ တောင်ခေါင်းသို့ဝင်၍ တည်နေသော်လည်းကောင်း သေမင်းမှမလွတ်ရာ၊ အကြင်အရပ်၌ တည်နေသော် သေမင်းမှမညှဉ်းဆဲနိုင်ရာ၊ ထိုအရပ်မျိုးကား မရှိနိုင်သည်သာတည်း။

128. There is no place in the world for an evil doer; not in the sky, or in the ocean depths, or in a mountain-cave, where one can be free from the power of death.