ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Tuesday, January 18, 2011

သတိပဌာန်လမင်း

ရှင်တော်ဗုဒ္ဓ သာသနဝေဟင်
သတိပဌာန်လမင်း ထိန်လင်းကြည်လင်...။

ရောင်ခြည်အေးမြ ဖြာကျနေ့စဉ်
နိုးသူများ ရှုပွားအပူစင်...။

ကာမဂုဏ်မှောင်တိုက် အိပ်ငိုက်သူတွေ
လင်ရေးမယားရေး ရှုပ်ထွေးဗျာဗွေ
လရောင်နှင့် တွေ့ခွင့်မကြုံပေ
အပူမီး ထိန်ညီးတောက်လောင်နေ...။


 သတိပဌာန်အကျိုး(၇)ပါး
ကိလေညစ်ကြေး ကင်းဝေးစေရန်
စိုးရိမ်ပူဆွေး ငိုကြွေးကင်းရန်
ကိုယ်စိတ်ဆင်းရဲ ချုပ်စဲဖို့ရန်
မဂ်ဖိုလ်နိဗ္ဗာန် အမြန်ဆိုက်ရောက်ရန်
တလမ်းထဲ  သွားမြဲသတိပဋ္ဌာန်...။



No comments:

Post a Comment