ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Monday, January 17, 2011

ဖိတ်ခေါ်ပါရစေ '0' ဒေသဆီ

ခါခါမျှော် 
စိတ်မှာရွယ်လို့
တောင်ပေါ်ဒေသ
ဝ-ကြေးမုံဆီ
ခုံလှုံလှည့်ပါနော်...။

ပျော်စရာ ၀-ဒေသ
နှင်းမှုန်ဖွေးဖွေးကြား
အကြင်နာပန်း မေတ္တာပန်းတွေက
လှိုင်လှိုင်ဖူးပွင့်လို့
အပြုံပန်းစောင့်မျှော်...။

မြူနှင်းမှုန် ဝေရီတဲ့ ၀-ဒေသ
ချယ်ရီပန်းတွေ  လှိုင်လှိုင်ဖူး
အလှကြူးလို့
ရွှေဝ-ရယ်လို့မှတ်ကာခေါ်
တောင်ပေါ်ဒေသ  အလှဂုဏ်ရည်လွှမ်း...။

တောတောင်သွယ်တန်း ၀ိုင်းရံခလို့
"၀" ဒေသ  "၀" ဘဝ
ကမ္ဘာလုံးကို သနပ်ခါးလူးပေးလို့
ထာဝရ  မေတ္တာမခမ်း...။
စိုင်း


No comments:

Post a Comment