ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Monday, January 17, 2011

လိမ္မာယဉ်ကျေး...ချစ်ညီမလေးသို့

ဘ၀တစ်ခွင် လောကလွင်ဝယ်
အောင်မြင်မှုအပေါင်း  သရဖူဆောင်း၍
မွေးနေ့၂၇နှစ်မြောက်
ခရီးရောက်တဲ့နေ့
ဤနေ့မှသက်ဆုံးတိုင်အောင်
ချမ်းမြေ့ပျော်ရွှင် ငြိမ်းချမ်းသာသာပါစေ...။

မြင့်မိုရ်တောင်ဦး မကကြူးတဲ့
ကျေးဇူးအရှင် မွေးမိခင်နှင့်ဖခင်
ဂုဏ်ရည်အနန္တ
မှန်းဆမျှော်ကာ
နေ့စဉ်အောက်မေ့ ကျေးဇူးအထပ်ထပ်
တုန့်ပြန်ခွင့် ရပါစေသား....။

နေ့စဉ်ကြုံရ ဘေးဒုက္ခမှ
ရုန်းထွက်နိုင်ပြီး
မင်္ဂလာအပေါင်း ခညောင်းဝေဆာ
စန္ဒာလရိပ် အေးမြသည့်နှယ်
ကမ္ဘာ့တစ်ခွင်လုံး သက်ဆုံးတိုင်
အလင်းရောင်ပေးဆောင်တဲ့
လိမ္မာယဉ်ကျေး ချစ်ညီမလေး
အစ်ကို
တောင်းဆုပြည့်စေ ဆုပန်ခြွေ..။
ညီမလေး "စောစန္ဒာ"မွေးနေ့တွင်
အမှတ်တရကဗျာဖြစ်သည်။

No comments:

Post a Comment