ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Sunday, February 19, 2012

ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်နံရံက ပန်ချီကား



ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။


ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။






ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။






ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…


၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။


၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။


၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။


၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။


၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။


၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။


၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။


၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။


လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။


၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။


၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။


၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။


၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။


၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။


၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။


၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။


၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။


၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။


၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။


၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။


၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။


Saturday, February 18, 2012

ဘ၀အလှတရား(၂)

Time is money.
Time is gold.
Time is life.
Lost time is never found again.

အချိန်ဟာ ဘ၀၊ငွေ၊ရွှေ....
ကုန်ဆုံးသွားတဲ့အချိန်ဟာ
ဘယ်တော့မှပြန်မရ...။

Soft words can win hard heart.
ပျော့ပျောင်းတဲ့စကားလုံးများဟာ
မာကျောတဲ့နှလုံးသားကို အောင်မြင်စေတယ်...။

ဘ၀အလှတ၇ား

ပန်းဆိုတာ မကြွေမီ
သဘာဝကိုအလှဆင်သလို လူဟာလည်းမသေမီ
လောကကို အလှဆင်နိုင်သင့်ပါတယ်...။

You should beautify for the world before you die.
flowere can beautify its.

နူးညံ့ပျော့ပျောင်းတဲ့စကားလုံးဟာ
မာကျောတဲ့နှလုံးသားများကို အောင်မြင်စေတယ်...။
Soft words win hard hearts.

ဘ၀ဆိုတာ
တိုက်ပွဲဆို၇င် ပျင်းရိခြင်းဟာ မင်းရဲ့ရန်သူပါပဲ...။
Life is battle.If so, being lazy is your enemy.

Tuesday, February 14, 2012

ပဌာန်းဒေသနာတော်ကြီးပူဇော်ရခြင်းအကျိုးများ

ပဌာန်း ဒေသနာတော်ကြီး သုံးသပ်ရွတ်ဖတ်ခြင်း အကျိုး

ပဌာန်း ဥဒ္ဒေသနှင့် နဒ္ဒေသတို့ကို သုံးသပ်ရွတ်ဖတ်ခြင်းအားဖြင့် မျက်မှောက် ချက်ချင်းအခါမလင့် အောက်ပါ ကောင်းကျိုးများ ရနိုင်ပေသည်။
(၁)
ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေး
န္တရာယ်အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း။
(၂) ကျရောက်လ
တ္တံ သောဘေးအ
န္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း။(၃) အပြစ်ကင်း၍ ကောင်းကျိုးပွားသည့် ဆောင်ရွက်ချက် ကိစ္စအ၀၀တို့ကို ပြီးစီးအောင်မြင် စေနိုင်ခြင်း။
(၄)
အပြစ်ရှိ
၍ မကောင်းကျိုး ဖြစ်စေမည့် ကျူးလွန်ခြင်းတို့မှ ရှောင်လွှဲနိုင်ခြင်း။(၅) အချုပ်အားဖြင့် ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိစ္စခပ်သိမ်းတို့ကို ပြီးငြိမ်းအောင်မြင်စေနိုင်ခြင်း။
(၆) အဆုံးစွန်သော ဘ၀၌ နိဗာန်ကို မျက်မှောက်ပြုရခြင်း စသည့် အကျိုးတရား....တို့ပင်တည်း။


”အတုမဲ့ တန်ခိုးတော် ထင်ပေါ်လာခြင်း”
မြတ်စွာဘုရားရှင် ဟာ ပဌာန်း ဒေသနာတော်ကြီးကိုသုံးသပ်ဆင်ခြင်တော်မူသောအခါမှသာ ရှင်တော်မြတ် ဘုရား၏ ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထွက်ပေါ် ကွန့်မြူးလာကာ အနန္တစကြ၀ဋာသို့ ပျံ့နှံ့ထွန်းလင်းလွှမ်းမိုးလာတော့သည်။ ရှင်တော်မြတ်ဘုရား၏ ဥာဏ်တော် အနန္တကို ထင်ရှား ပေါ်လွင်စေသည့် အခမ်းအနားကြီးကို ကျင်းပဘိသကဲ့သို့ ဖြစ်တော့သည်။ ဥာဏ်တော် တန်ခိုးတော်တို့သည် အတုမဲ့ ပြိုင်ဘက်ကင်းသည့် အထွတ်အထိပ်သို့ ရောက်ချေပြီဟု မရေမတွက်နိုင်လောက်အောင် များပြားလှသည့် နတ်၊ ဗြဟာ အပေါင်းတို့သည် လှိုက်လှိုက်လှဲလှဲ ကြည်ညိုသဒါလွန်ကြူးစွာဖြင့် ခြေတော် ဦးခိုက် ပူဇော်လေသည်။
ပဌာန်း ဒေသနာတော်ကြီး ကိုသုံးသပ်မှသာ ဥာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တ ဖြစ်ကြောင်း ပေါ်လွင် လာပေသည်။
သို့ဖြစ်သောကြောင့် ”ကောင်းရာမြတ်နိုး ကောင်းအောင်ကြိုးပမ်း”နေသူများအတွက် ကောင်းကျိုးတွေ ဖြိုးဝေအောင် တန်ခိုးရှိန်စော် အာနုဘော်တို့ တိုးတက်စေသည့် ပဌာန်း ဒေသနာတော်ကြီး ကို နေ့ညမပြတ် ရွတ်ဖတ်ကြရပေမည်။ သို့မှသာ မိမိတို့ သန္တာန်၌ ကိန်းအောင်းနေသော ကာယအား ဥာဏအား အစွမ်း သတ္တိတို့ပေါ်လွင်လာမည်။ ထွန်းတောက်မည်။ ထက်မြက်မည်။
ထို့ကြောင့် ဖြူစင်ကောင်းမွန်သည့် စေတနာရှင်တို့သည် မိမိတို့ မျှော်မှန်းထားသော ကောင်းမြတ်သည့် ကောင်းကျိုးဟူသမျှကို မုချအောင်မြင်ရရှိနိုင်ကြစေရန် ရည်သန်ကာ ပဌာန်း ဒေသနာတော်ကြီး ကောင်းကျိုးကို တင်ပြလိုက်ရပေသည်။ အခါမလပ် ထက်ကြက်မကွာ ပြုနိုင်ကြပါစေသတည်း..........။

အဆိုအမိန့်များ

နောင်တချိန်တွင် စကြဝဠာတခုလုံး ကိုးကွယ်ကြသည့် ဘာသာတရားတခု ဖြစ်ပေါ်လာလိမ့်မည်။ ထိုဘာသာတရားသည် တယူသန်ဝါဒ၊ တရားသေဝါဒများကိုလည်း ရှောင်လွှဲနိုင်လိမ့်မည်။ သဘာဝတရားနှင့် ဘာသာတရားနှစ်ခုလုံးကို လွှမ်းခြုံမိသည့် ဤဘာသာတရားသည် ရုပ်နာမ်တရားကို ကိုယ်တွေ့ခံစားသိမြင်မှုနှင့် အဓိပ္ပာယ်ပြည့်ဝသည့် ပေါင်းစည်းညီညွတ်မှုပေါ်မှာ အခြေခံလိမ့်မည်။ ဤအချက်အလက်များကို ဗုဒ္ဓဘာသာက အဖြေထုတ်ပေးလိမ့်မည်။ အကယ်၍သာ ခေတ်သစ် သိပ္ပံနည်းကျ လိုအပ်ချက်များကို အဖြေထုတ်ပေးနိုင်မည့် ဘာသာတရားတခုသာ ရှိလာမည်ဆိုလျှင် ထိုဘာသာတရားသည် ဗုဒ္ဓဘာသာပဲ ဖြစ်လိမ့်မည်။
(ကမ္ဘာကျော် သိပ္ပံပညာရှင်ကြီး - ဒေါက်တာ အဲလ်ဘတ်စ်အိုင်းစတိုင်း)
..
......................It is significant that Albert Einstein, the greatest scientist of the twentieth century said of Buddhism: "The religion of the future will be a cosmic religion. It should transcend a personal God and avoid dogmas and theology. Covering both natural and spiritual, it should be based on a religious sense arising from the experience of all things, natural and spiritual and a meaningful unity. Buddhism answers this description. If there is any religion that would cope with modern scientific needs, it would be Buddhism."