လရောင်လွင့်စင်
ကောင်းကင်ယံထက်၊ ငွေကြယ်စက်တို့ 
ရွှန်းလက်လှဆင်၊ ညရင်ခွင်မှာ
ခိုဝင်မှေးမှိတ်၊ မျက်ဝန်းပိတ်လည်း
ဆရာ့လိပ်ပြာခိုဆဲလေ...။
ညမှာတိတ်ဆိတ်
လရိပ်ခိုလျက်၊တမ်းတချက်ကြောင့်
အိပ်ပျက်လွန်ည၊လူနွမ်းကျခဲ့
ဘဝဇာတ်ခုံ၊လူ့ ရိပ်မြုံမှာ
ခိုလှုံကာလ၊တဒင်္ဂ၌
ခရီးတစ်ကွေ့၊ဆုံကာတွေ့၍
ပျော်မွေ့ရွှင်ပြ၊ကြည်နူးရလည်း
ခွဲရချိန်ကျ၊တခဏမှာ
ညှိုးကျလွှမ်းပက်၊မျက်ဝန်းနက်နှင့်
အိပ်ပျက်ညစဉ်ပါပဲလေ...။
ဆရာ့ဂုဏ်ရည်
ယုံကြည်ကိုးစား၊သူ့စကားနှင့်
နှုတ်ဖျားချိုမြ၊အဆုံးမကြောင်း
ဆေးစရောင်စုံ၊ဆရာပုံကို
အာရုံမှာထင်၊စွဲကာမြင်သည်
ရင်မှာတိုးတိတ်၊ရမ်းရော်စိတ်နှင့်
ဆရာ့လိပ်ပြာ ခိုဆဲလေ...။
မေ့မရ၍
နေ့ရက်ရှည်ကြာ၊ဝေးခဲ့ပါလည်း
ရောက်ရာဌာန၊ကိုယ့်ဒေသမှ
စိတ်ကတွေးကာ၊လက်ဆယ်ဖြာဖြင့်
မှန်းကာဦးချ၊ကြည်ညိုရသည်
မေ့မရတဲ့မြတ်ဆရာ...။
မေ့မရ၍
နေ့ညများစွာ၊အိပ်မက်ရာ၌
ဝင်လာခိုးနား၊ပျံထွက်သွားလည်း
လွင့်ပါးပျောက်ကွယ်၊မေ့မလွယ်၍
ရင်ဝက်မှေးမှိတ်၊ဆရာ့အရိပ်သည်
စိတ်ကိုငြိမ်းချမ်းစေပါ၏...။
ခရီးသည်(ရိုးပြတ်တော)
No comments:
Post a Comment