ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Monday, March 14, 2011

ကြွေးကြော်သံ

လက်ကိုမမြှောက်၊ဒူးမထောက်ဘဲ
ကြောက်စိတ်မမွေး၊ရဲသွေးအပြည့်
အားမာန်ဖြည့်၍၊ရှိသည့်ခွန်အား
စွမ်းပကားဖြင့်၊ဘုရားမြတ်စွာ
သာသနာကို၊ရှည်ကြာအဓွန့်
တည်တန့်ဘို့အရေး၊ကြံဆောင်တွေးရင်း
လုပ်ဆောင်ရင်းပင်၊သေမင်းခေါ်လျှက်
အသက်ခန္ဓာ၊ပျက်ခဲ့ပါက
အောက်ရွာအ၀ီစိ၊ကျရောက်ဘိလည်း
ပီတိနှလုံး၊ရွှင်ကြည်ပြုံးလျှက်
ဟုန်းဟုန်းလောင်ငြီး၊ငရဲမီး၏
မီးမီးအလျှံ၊ပူသည်ဒဏ်ကို
အာခံတုရင်း၊ငရဲမင်းအား
ထွန်းလင်းသာသနာ၊ပြုမည့်တာကြောင့်
ရောက်ရာဘ၀၊ဘုံဌာနတွင်
ရွှင်ပြပြုံးပျော်၊ခေါင်းကိုမော်၍
သေသော်မှတည့်၊သြော်-ကောင်း၏ဟု
မြတ်သည့်သေခြင်း၊ဓိဌာန်ရင်းတည့်
မယွင်းမှန်ဘိ၊မှန်းသည့်ပန်တိုင်း
လှမ်းကိုင်ရသူ၊တံခွန်ထူသည့်
ငါမူတကား၊ဇမ္ဗူတလွှား
ဗုဒ္ဓသား ဟု၊၀ံကြွားဂုဏ်တန်
ဘ၀ဂ်ညံအောင်၊အောင်သံကျူးရင့်
အောင်လံလွှင့်မည်...
ငါ့သည်ဗုဒ္ဓသာသနာအတွက်။
အရှင်ဂမ္ဘီရဗုဒ္ဓိ

No comments:

Post a Comment