ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Wednesday, March 9, 2011

သိမှတ်ဖွယ်ရာနိုးဆော်လွှာ

လုမ္ဗိနီသာမော၊အင်ကြင်းတောကား
ရှင်စောမြတ်စွာ၊ဖွားမြင်ရာတည့်။

ဗုဒ္ဓဂယာ၊မြေမဟာကား
များစွာဗုဒ္ဓ၊ပွင့်ဌာနတည့်။

မိဂဒါဝုန်၊တောရဂုံကား
သုံးဘုံလူဘ၊ဓမ္မစကြာ၊ဟောခဲ့ရာတည့်။

ကုသိနာရုံ၊တောရိပ်မြုံကား
ခိုလှုံနိဗ္ဗာန်၊၀င်စံခဲ့ရာ၊ရပ်ဒေသတည့်။

ဖွား ပွင့် ဟော စံ  ၊လေးတန်ဒေသ
ဖူးမြော်ကြ၍၊ရကသံဝေ
ခန္ဓာကြွေက၊လူ့ပြည်နတ်ရွာ
လားမည်သာဟု၊မြတ်စွာဗုဒ္ဓ
ဟောဖော်ပြသည်၊
သွားကြဖူးကြ၊လေးဌာန။
ပွားကြယူကြသံဝေက။
အနိစ္စ ဒုက္ခ အနတ္တ...။

No comments:

Post a Comment