ဆရာ့ထံမှ
ဆုံးမတေးသံ၊လေမှာပျံလည်း
သံစဉ်ခွဲခြား၊ဖြူစင်စိတ်ထားဖြင့်
မှတ်သားစွဲအောင်၊နားမထောင်မိ...။
ဓမ္မကမ်းပါး
သင်ကြားကဟန်၊ဂီတသံလည်း
လွင့်ပျံခိုက်မှာ၊ကျောခိုင်းလာခဲ့
ရာသီများစွာ၊ဟောင်းခဲ့ပြီ...။
ဆရာပေးကမ်း
စာပေလမ်းမှ၊မြတ်ဓမ္မလည်း
နိုးကြွမာန်များ၊ငယ်စိတ်ထားကြောင့်
လှုပ်ရှားထွက်လာ၊ကျောခိုင်းခွါရင်း
စွန့်ကာပစ်ထားမိခဲ့၏...။
အို့ဘယ့်ဆရာ
စာပေသင်တန်း၊ဤကျောင်းခန်းတွင်
လန်းဆန်းလွင့်ပျံ၊ဆရာ့ဟန်ကို
မြင်ပြန်ကာလ၊တဒင်္ဂ၌
စိတ်ဝယ်ချမ်းမြေ့၊ကြည်နူးရလို့
ဦးချပူဇော်၊သာဓုခေါ်ရင်း
ကျွန်တော့်ကန်တော့လိုက်ပါ၏...။
ခရီးသည်(ရိုးပြတ်တော)
No comments:
Post a Comment