ဆရာ့အပြုံး၊သူ့နှလုံးသည်
ပြည်လုံးတစ်ခွင်၊အလှဆင်ဖို့
အစဉ်ရွှန်းပ၊စိတ်ချမ်းမြအောင်
တွေးဆတန်ဆာ၊ဆင်ခဲ့၏။
သူ့လက်ရုံးသည်
ဘ၀တစ်ခွင်၊တန်ဆာဆင်ဖို့
စွမ်းအင်ကြီးစွာ၊နာသုံးနာဖြင့်
လူ့ရွာတစ်ခွင်၊လင်းရောင်ဆင်၏။
ဆရာသခင်
အသွင်ရုပ်ရည်၊ဇရာမွှေတော့
သွားကြွေခါးကိုင်း၊နားလည်းထိုင်း၍
တုံ့ဆိုင်းနှေးကွေးနေပါ၏။
ဇရာမြို့မှ
ဆရာ့ရုပ်သွင်၊မပီပြင်တော့
နေ၀င်ချိန်ကျ၊ခရီးစဖို့
မျက်စပစ်လို့နေလေပြီ....။
ဆရာရှင်သည်
မြေပြင်ထက်မှာ၊အလှဖြာဖို့
ပညာသင်ပြ၊မျိုးစေ့ချလျက်
နိုးကြွရင်မှာ၊စေတနာကြောင့်
မေတ္တာရေကောင်း၊သွန်းဖျန်းလောင်းရင်း
မေတ္တာရေကောင်း၊သွန်းဖျန်းလောင်းရင်း
ကြိုးကြောင်းဆင်ခြင်၊အမြော်မြင်ဖြင့်
ရင်မှာအလှဖန်တီး၏...။
ခရီးသည်(ရိုးပြတ်တော)
No comments:
Post a Comment