ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Wednesday, February 16, 2011

မမေ့နိုင်သော အိန္ဒိယရဲ့နွေဒဏ္ဍာရီအပိုင်း(၄)


ဘုန်းကြီး ဦးကုသလာစာရက သမိုင်းပုံရိပ်လွှာကို ဆက်လက်၍ စာရေးသူတို့အား ရှင်းပြသည်။
မိမိသည်လည်း အရှင်အာနန္ဒာမထေရ်က မြတ်စွာဘုရားရှင်ကို လျှောက်ထားသည့်စကားကို အမှတ်ရနေမိတော့သည်။ အရှင်အာနန္ဒာမထေရ်က“မြတ်စွာဗုဒ္ဓအား ကုသိနာရုံမြို့ငယ်တွင် အဘယ်ကြောင်းကြောင့်ပရိနိဗ္ဗာန်ဝင်စံလိုတော်မူသနည်း”ဟု လျှောက်သည့်အခါ 
ဤကုသိနာရုံသည် ရှေးအခါက ကုသာဝတီနေပြည်တော်ကြီး ဖြစ်ခဲ့ဖူးကြောင့်ကို မိန့်တော်မူခဲ့သည်။
ဤနေရာသည် မြတ်စွာဘုရားရှင် စကြာဝတေးမင်းဘ၀ဖြစ်ခဲ့စဉ်က (၇)ဘ၀၊ယခုနောက်ဆုံးဘ၀အပါအ၀င် ဦးခေါင်းချခဲ့ရာ နေရာဖြစ်သည်။
မြတ်စွာဘုရားရှင်သည် အင်ကြင်းပင် နှစ်ပင်ကြားမှာ မြောက်အရပ်သို့ဦးခေါင်းပြုပြီး ပရိနိဗ္ဗာန်စံဝင်တော်မူခြင်းမှာ
ထိုအချိန်၌ လာရောက်ဖူးမြော်ပူဇော်ကြသူ လူနတ်ဗြဟ္မာပရိသတ်များအတွက် မြောက်အရပ်သို့ ဦးခေါင်းတော်ပြု၍ ဖူးမြော်ခံရခြင်းမှာ သင့်လျော်လျောက်ပတ်သောကြောင့် မြောက်အရပ်သို့ ဦးခေါင်းတော်ပြု၍
ပရိနိဗ္ဗာန်စံဝင်တော်မူခဲ့ခြင်း ဖြစ်သည်ဟု စာရေးသူ တွေးမိလေသည်။

ကုသိနာရုံမြို့ငယ်လေး၌ အဘယ်ကြောင့် ပရိနိဗ္ဗာန်စံဝင်တော်မူသနည်း?
သာဝတ္ထိမြို့၊ရာဇဂြိုဟ်မြို့၊ဗာရာဏသီမြို့စသောမြို့ကြီးများ၌ပရိနိဗ္ဗာန်မ၀င်စံဘဲ ကုသိနာရုံမြို့ငယ်လေးမှာ ပရိနိဗ္ဗာန်ဝင်စံတော်မူခြင်း အကြောင်းသုံးခုရှိသည်။
၁။မဟာသုဒဿနသုတ္တန်ကိုဟောကြားတော်မူလိုခြင်း
၎င်းသုတ္တန်၌ အတိတ်ဝေးစွာရှေးကမ္ဘာက ကုသိနာရုံမြို့ငယ်လေးသည် ကုသာဝတီနေပြည်တော်ကြီးဖြစ်ခဲ့သည်။
ဘုရားလောင်းလျားသည် ကုသာဝတီနေပြည်တော်ကြီး၌ စကြ၀တေးမင်း (၇)ကြိမ်ဖြစ်ခဲ့သည်။ယခုဘ၀ ဘုရားရှင်အဖြစ်ဖြင့် ခန္ဓာကိုယ်တော်ကိုချခြင်းသည် (၈)ကြိမ်မြောက်ဖြစ်သည်။
စကြ၀တေးမင်းစည်းစိမ်သည်လည်းမခိုင်မြဲချေဟု ပြသဟောထားသည့်သမိုင်းပုံရိပ်က လူသားအားလုံးနားလည်သိရှိစေရန် ဖြစ်သည်။

၂။ဗုဒ္ဓဝေနေယျဖြစ်သော သုဘဒ္ဒပရိဗိုဇ်ကိုချေချွတ်တော်မူလိုခြင်း
 သုဘဒ္ဒပရိဗိုဇ်သည် ဘုရားရှင်အား အယူဝါဒအမျိုးမျိုးအနက် မည်သည့်အယူဝါဒမှန်ကန်ကြောင်း မည်သည့်အယူဝါဒ မှားယွင်းကြောင်းကို မေးမြန်းလျှောက်ထားခဲ့သည်။
ဘုရားရှင်က မဂ္ဂင်ရှစ်ဖြာ ရှိသောသာသနာ၌သာ သမဏအစစ် အမှန်ရှိကြောင်း မဂ္ဂင်ရှစ်ဖြာလုံးဝမရှိသောသာသနာ၌ သမဏအစစ်အမှန် မရှိကြောင်း အရိယာပုဂ္ဂိုလ်များမရှိကြောင်းစသည်တို့ကို ဖြေကြားတော်မူခဲ့သည်။
သုဘဒ္ဒပရိဗိုဇ်သည် ရဟန်းဝတ်၍ တရားအားထုတ်ခဲ့ရာ မြတ်စွာဘုရားပရိနိဗ္ဗာန်မစံမီ ရဟန္တာဖြစ်သွားခဲ့သည်။

၃။ပရိနိဗ္ဗာန်စံတော်မူပြီးနောက် ကြွင်းကျန်သောသရီရဓာတ်တော်များကို ခွဲဝေရာတွင် ခိုက်ရန်များဖြစ်ကြလိမ့်မည်၊ ထိုခိုက်ရန်များကိုဒေါဏပုဏ္ဏားဆရာကြီးက ခုနှစ်ပြည်ထောင်မင်းတို့အား ခိုက်ရန်များကိုငြိမ်းအေးစေ၍ဓာတ်တော်များကို အညီအမျှဝေပေးလိမ့်မည်။
၎င်းအကြောင်းသုံးရပ်တို့ကို မြင်တော်မူသောကြောင့် ကုသိနာရုံမြို့ငယ်လေးမှာ ပရိနိဗ္ဗာန်ဝင်စံတော်မူခြင်းဖြစ်သည်။
မြတ်စွာဘုရားရှင်သည် ပါဝါမြို့မှကုသိနာရုံသို့ ကြွတော်မူသောအခါ နေရာ(၂၅)နေရာတို့၌ နားနေလျက်ကြွတော်မူခဲ့သည်။နေ၀င်ချိန်ရောက်မှကုသိနာရုံသို့ ရောက်တော်မူသည်။
ပါဝါမြို့နှင့်ကုသိနာရုံသည် ၈-မိုင်ခန့်သာဝေးသည်

No comments:

Post a Comment