အပြင်ကို ထွက်ရပ်ကြည့်မှ
အမှန်တရားကိုယ်စီနဲ့
အကန်းတွေပိုများနေတဲ့
လောကကိုတွေ့ရတယ်...။
အဖြူရောင်မစစ်တဲ့
ခပ်ညစ်ညစ်ရင်ဘတ်တွေကြောင့်
နေ့သစ်တိုင်းဟာ
ရဲတိုက်ကြီးတစ်ခုလိုဖြစ်နေခဲ့....။
စရဏတရားတွေ
လွင့်ပါးနေတဲ့လောကမှာ
အားလုံးဟာ
အဖြူနဲ့အမည်း
မသဲကွဲလေတော့
တဖြုတ်ဖြုတ်ကြွေနေတဲ့
သီးကင်းတွေရဲ့ရှေ့
ဝိညာဉ်မဲ့လူသားအဖြစ်နဲ့
တချိန်က
စုံညီရာကျောင်းတော်ကြီးရဲ့
အရိပ်ဟောင်းပေါ်ငါ့စိတ်တွေ
ပြန်ပြန်ကျတယ်....။
ကိုရင်သာမိ(ဘီးလင်း)
No comments:
Post a Comment