ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Monday, February 14, 2011

မမေ့နိုင်သော အိန္ဒိယရဲ့နွေဒဏ္ဍာရီအပိုင်း(၃)


နောက်ဆုံးစကား တရားမျက်ရည်...
၂.၀၇.၂၀၁၀ နံနက်ခင်း ၆.နာရီမှာ အာရုံဆွမ်းကိုဘုန်းပေးကြသည်။
အာရုံဆွမ်းသုံးဆောင်ပြီးစာရေးသူတို့အဖွဲ့သည် ကုသိနာရုံမြို့မလ္လာမင်းတို့၏ အင်ကြင်းဥယျာဉ်၌ မြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်ဝင်စံတော်မူရာ ဌာနအစစ်ရှိရာ ပရိနိဗ္ဗာန်စံတော်မူဟန် ရုပ်ပွားတော်မြတ်၏နောက်ဘက်ရှိမဟာပရိနိဗ္ဗာန စေတီအုတ်ခုံးနေရာသို့ သွားရောက်ဖူးမြော်ကြသည်။
  မဟာပရိနိဗ္ဗာနစေတီတော်ကို ပထမဦးစွာတည်ထားသူမှာ တိတိကျကျ မသိရှိရဟု ဘုန်းကြီးဦးကုသလာစာရကစာရေးသူတို့အား သမိုင်းမျှရှင်းပြသည်။
ဤစေတီတော်ကို ခေတ်အဆက်ဆက်က ပြုပြင်ခဲ့သည်။
၁၈၇၆ခုနှစ်ကထဲက ကျောက်စာဌာနက တူးဖော်သောအခါ ကြေးအိုးကြီးတစ်လုံးကို တွေ့ကြရသည်။
၎င်းကြေးအိုးကြီးထဲ၌ သက္ကဋဘာသာဖြင့် ရေးထားသည်။ ကြေးပြားတစ်ချပ်နှင့် ကုမာရဂုတ္တခေတ် အေဒီ ၄ရာစု ခန့်  သုံးဒင်္ဂါပြား(၆)ခုစသည်ကို တွေ့ခဲ့ရသည်။
ရေးထားသည့်စာမှာ ပဋိစ္စသမုပ္ပါဒ် ဒေသနာတော်နှင့် ဟရိဗလဆွာမိက မဟာပရိနိဗ္ဗာန စေတီဌာန၌ လှုဒါန်းသည့် အကြောင်းများပါရှိသည်။
 ရုပ်ပွားတော်ဒါယကာနှင့်စေတီတော်ဒါယကာတို့သည်အတူတူဖြစ်သည်ဟုယူဆကြသည်။
ဟင်္သာတမြို့မှ ဦးဘိုးကြူးက ပြုပြင်ခဲ့ရာ ၁၉၂၇-ခုနှစ်တွင် ပြီးစီး၍ ၁၉၃၄ခုနှစ်တွင် ရွှေချပြီးခဲ့သည်ဟုဆိုသည်။
ယခုအခါ ငလျင်ဒဏ်ကြောင့် ဖောင်ရစ်မှစ၍ ပြိုကျသွားခဲ့ပြီ...။

No comments:

Post a Comment