ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Friday, March 2, 2012

အမေ့အသက် (၂၅)၊ သားအသက်(၂)နှစ်

ရောင်းရင်းတို့ရေ








အမိ တက္ကသိုလ် ကြီးများကို မင်းကွန်း ဆရာတော်ကြီး တည်ထောင်ဖန်တီးထားခဲ့ တာ


အခုဆို (၂၅) နှစ်ပြည့်မြောက်ခဲ့ပါပြီ။ ငွေရတု အထိမ်း အမှတ်ပွဲ ကို နိုင်ငံတော် ပရိယတ္တိသာ သနာ့တက္ကသိုလ်(ရန်ကုန်) မှာ၂၀၁၁ ခုနှစ် ဇွန်လ (၂၆) ရက်နေ့ နေလည် ပိုင်း တွင် ဘွဲနှင်း မဟာ သိမ်တော်ကြီး ၌် ကျင်းပမှာ ဖြစ်ပါတယ်။ ရန်ကုန်နဲ့ မန္တလေး တက္ကသိုလ်နှစ်ခု ပူးပေါင်း ကျင်းပ မှာ ဖြစ်ပါတယ်။






သာသနာတော် နဲ့ ဆက်စပ် တဲ့ ပွဲဖြစ်တာမို့ ပျော်ပွဲ ရွင်ပွဲတွေ ကို ထည့်သွင်း ထားမှာ မ ဟုတ်ပါဘူး ရိုးရိုး သားသား ပြောရ ရင် ဘာတွေ လုပ်ကြမလဲ ဆိုတာ အခု ထိ မသိရ သေး ပါ ဘူး။ တက္ကသိုလ်ကြီး များရဲ့အဓိပတိ ဆရာတော်ကြီး များ က ၀မ်းမြောက်ဖွယ် စကားများ ကို နာယူ မှတ်သားကြရမှာက တော့ သေချာ ပါတယ်။


ဖြတ်သန်းခဲ့တဲ့ ၂၅နှစ်တာခရီးတစ်လျှောက် ဘာတွေအောင်မြင်ခဲ့တယ်၊ ဘာတွေ လိုအပ် သေး တယ် ဆိုတာ ကို ပြောဆို ဆွေးနွေးကြ လိမ့်မယ်လို့ မျှော်လင့် ထားပါတယ်။


ငွေရတု အထိမ်း အမှတ်အဖြစ် ပိုစ်ကတ် တွေ၊ သော့ချိတ် ကလေး တွေ၊ လွယ်အိပ် တွေ လုပ်ချင်လိုက် ပါဘိ။


ကျောင်းသား ဟောင်း တွေ နဲ့ ကျောင်းသား သစ်တွေ နဲ့ (ကျောင်းသားဟောင်းဖြစ်တာကောင်းတယ်၊ကျောင်းသားသစ်ဖြစ်တာကောင်းတယ်..စသည်ဖြင့်စကားနဘမ်း ပွဲများ ကျင်းပလိုက် ချင်ပါဘိ။


ကျောင်းသား ဟောင်း များ က အမိ တက္ကသိုလ် ပြင်ပ မှာ ရောက်သွား တဲ့ အခါ တက္ကသိုလ် က သင်ပေး လိုက်တဲ့ ပညာရပ်တွေ က ဘယ်လို အကျိုးပြုတယ် ဆိုတာ ကျောင်း သား သစ်တွေ နားထောင် စေချင်လိုက် ပါဘိ။


လိုအပ်သော ပညာရပ ဆိုင်ရာ သင်ခန်း စာတွေနဲ့ ပတ်သက် လို့ အကြံပြု သံများ ကို နားထောင်လိုက်ချင ပါဘိ။


လက်တွေ့ သာသနာပြုရတဲ့ နေရာ မှာ တွေ့ကြုံရ တဲ့ အခက် အခဲများ ကို မျိုးဆက်သစ် သာသနာပြု လူငယ်များ ထံ ကြိုတင် မှာတမ်း စကား များ နာကြား လိုက်ချင်မိ ပါဘိ။


တောင်တန်းမှာ သာသနာပြုရင် ဘယ်လို လုပ်ရတယ်ကွ..၊ နိုင်ငံခြား မှာ သာသနာ ပြု ချင်ရင် ဘယ်လို ပညာရပ် ကို ဆည်းပူး ထားရ တယ် ကွ..စသည့် အသံ များ ကြားယောင် လိုက်ချင်မိ ပါဘိ။


ဟုတ်တယ် ဟုတ်..။ဖြစ်လာ တာ မဖြစ်လာ တာ ကိုယ့်အလုပ် မဟုတ်ဘူး။ ကျောင်းသား တိုင်းမှာ စိတ်ကူးယဉ်ခွင့် တော့ ရှိတာပဲလေ။


တပည့်တော် တို့ ကတော့ ဇီဝက ဆေးခန်း လေး အသက်ရှင်သန် နေဖို့၊ ကျန်းမာရေးဆိုင်ရာ ဆက်လက် ဖြည့်ဆည်း ပေးနေဖို့ စိတ်ကူး လည်းယဉ်တယ်၊ လုပ်လည်း လုပ်ကြည့် နိုင်ခဲ့ ပါ တယ်။


ဇီဝကဆေးခန်း က အခုမှ နှစ်နှစ်သား ကျော်ရုံ လေးပဲ ရှိပါ သေးတယ်။ လိုအပ်ချက် တွေ က လက်ညိုးထိုး ရင် ထိုး သလောက်ရှိနေဦး မှာပါ။ ဘီပိုး ကာကွယ် ဆေး ထိုးတယ် ဆို တာ ဟိုတုံး က မသိခဲ့ ဘူး။ နား မလည်ခဲ့ ဘူး။ အခုတော့ နားလည် ခဲ့ပြီ၊ လုပ် လည်း လုပ်ခဲ့ကြ ပါ သည်။ နေ့စဉ် တက္ကသိုလ်က ဆရာ သမားများ နဲ့ ကျောင်းတော် သားများ အတွက် ကျန်း မာ ရေး စောင့်ရှောက် မှု ပေး တယ်ဆိုတာ ဟိုတုံး က မလုပ်နိုင်ခဲ့ဘူး၊အခု လုပ်ပေးနိုင်ခဲ့ကြတယ်။ ဒါကို ကျောင်းသား ဟောင်း ရော ကျောင်းသား သစ်ပါ ၀ိုင်းဝန်းကြိုဆို ခဲ့ကြတာ မို့ ဇီဝက ဆေး ခန်း အမှုထမ်း များက ဆထက် တံပိုး တိုးပြီး ဆောင်ရွက် လိုကြပါတယ်။ ဒါပေမဲ့ ကာကော လောကန နည်း ကို ကျင့်သုံး ရမှာဖြစ် လို့ အခြေ အနေ အရ စိတ် အလို အတိုင်း မဖြစ် ခဲ့ရင် နားလည် ပေးကြဖို့ ကြိုတင် တောင်းပန် ထားပါရစေ။


ဇီဝက ဆေးခန်း က အများ ထောက်ပံ့ မှုနဲ့ ရပ်တည် နေရ တာ ဆိုတော့ ထောက်ပံ့မှု ရဖို့ လိုအပ် ပါတယ်။ ဒါပေမဲ့ ဇီဝက ဆေးခန်း ကအလှူခံ ထွက်ဖို့ အချိန်မပေး နိုင်ပါ ဘူး။ ၀ိုင်းဝန်း ကူညီပေးကြမယ် ဆိုရင် တော့ ပိုကောင်း တာပေါ့။ ဒါပေမဲ့ ကိုယ့် အပူကို သူများ ထံ မပို့ လို


ပါဘူး။ ဒါကြောင့် လုပ်ချင် တာတွေ၊ လုပ်သင့် တာတွေကို တော့ အတွင်း နေ ရောင်းရင်း များနဲ့ တိုင်ပင်ဖြစ် ပါတယ်။


ဒီနှစ် အတွင်း မှာ သံဃာများ အတွက် ဘာလုပ်ပေးမယ် ဆိုတာ အစီ အ စဉ်ချထား ရပါတယ်။ ၅-ခုလောက် စီစဉ်ရင် ၄-ခု လောက် ပျက်တတ် တာမို့ကြိုတင် ပြီး မကြေငြာ ရဲပါဘူး။ ကျောင်းတွင်း အတွက်ရော တောင်တန်းသာသနာပြုများအတွက်ပါ မှန်းထား တာမို့ မျှပြီးလုပ်ရမှာပေါ့။


အမိတက္ကသိုလ် ရဲ့ငွေရတု ပွဲ ကို ကိုယ်စိတ် ထဲမှာ စိတ်တိုင်း ကျ ကျင်းပ ကြပြီး နှစ် ဆယ့် ငါးနှစ် အရွယ် မိခင် နှင့်နစ်နှစ်အရွယ် သား ဇီဝက ဆေးခန်း တို့ အတွက် ကို ဆု မွန် ကောင်း များပို့သ ပေးတော်မူကြပါ။


အရှင်ထေရာသဘ (ရှမ်း-မှူး)

No comments:

Post a Comment