ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Saturday, March 3, 2012

ဂုဏ်ယူကြည်နူးမိရာ ပန်းဦးတောင်မှာ

ငွေနှင်းဝေစီ မှုန်ပြာရီတဲ့
ပန်းဦးတောင်ရဲ့ ရာသီဆောင်းလ
ကြည်နူးစရာ အလှရိပ်တွင်
ဖူးပွင့်မာလာ ရနံ့ဖြာ၍
ပန်းမြိင်ကမ္ဘာ အလှဝေလျက်
ချယ်ရီမြေရဲ့မြင်ကွင်း လွမ်းမောစရာ...။

စိမ်းလန်းစိုပြေ ချယ်ရီမြေမှာ
ရှေ့ဆီပုဗ္ဗာ အာကာမှီခိုင်း
တောင်ပြိုင်းပြိုင်း၌ ဆိုင်းဆိုင်းမဏ္ဍိုင်
ပန်းဦးတိုင်နယ် ဓမ္မသွယ်သွယ်
ကွန့်မြူးကြွယ်လျက် ဗုဒ္ဓအမွေ
ဓမ္မစေတီ တည်လတ်ထွန်းသည်
ဤကျွန်းဇမ္ဗူ ထွန်းတည့်လေ....။

အရှင်ဥာဏဗောဓိ(ပန်းဦးတောင်)

No comments:

Post a Comment