ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Friday, March 2, 2012

အလွမ်းတွေဝေဆာတဲ့သာသနာ့တက္ကသိုလ်

မေမေရေ...
သာသနာ့တက္ကသိုလ်ရွှေမန်းမြေမှာ
အမေ့သားလေး ဆည်းပူးပညာ
မြတ်ဥစ္စာကို ဖွေရှာစုဆောင်း
B.A(buddhism)ဘွဲ့တော်လက်မှတ်
 ဆွတ်ခူးလို၍
နှစ်အလီလီ ပညာသင်ခဲ့ပြီမေမေ...။

အလွမ်းတွေဝေတဲ့နံနက်ခင်း
နှင်းဝတ်မှုန်လွှမ်းခြုံတဲ့
သာသနာ့တက္ကသုလ်ကြေးမုံအောက်
အမြင်အာရုံပီပြင်မှုမှုန်ဝါးဝါးကြား
မိုင်းပေါင်းကုဋေခြား
ချစ်သောမေမေ့ကို
လွမ်းကာတမ်းတ သတိ၇မျက်၇ည်ဖြင့်
နှင်းပွင့်နှင့်အတူ မျက်ရည်ဝဲမိ...။

မန်းတောင်ရိပ်ခို သာသနာ့တက္ကသိုလ်
နှစ်လတွေကြာညောင်း သားဘ၀ကို
ပြန်ကာတွေးကြည့် ဗေဒါဘ၀လို
ဘ၀ပင်လယ်နစ်မျော
ခုလေတော့
နှစ်တွေကြာညောင်းပြန်ပြောင်းလို့
တွေးမိလေတိုင်းသားလေးအတွက်
အလွမ်းတွေဝေဆာတဲ့သာနာ့တက္ကသိုလ်...။
အရှင်ဥာဏဗောဓိ

No comments:

Post a Comment