ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Saturday, March 3, 2012

အချစ်အမုန်းကြားကလူ

အမုန်းနှောင်ကြိုး ရင်ဝယ်ရစ်ပတ်
သံယောဇဉ်လေးဟာ
ပူလောင်ခြင်း အမြုတေအစစ်
မာနလား ဒေါသလား...။

အချစ်နှောင်ကြိုး ရင်ဝယ်ရစ်ပတ်
သံယောဇဉ်လေးဟာ
အေးမြယှက်နွယ် ချစ်ကြိုးသွယ်လျက်
ပျော်၇ွှင်ခြင်း အမြုတေအစစ်
မေတ္တာလား  လောဘလား...။

မာန ဒေါသရဲ့သူငယ်ချင်း
မေတ္တာ လောဘရဲ့မိတ်ဆွေ
မွေးဖွားခြင်းရဲ့နိယာမတရား
အမုန်းအချစ်ကြားကလူ
ချမ်းမြေ့မှုရဲ့အသက်
ငြိမ်းချမ်းခြင်းရဲ့မိခင်
သာယာခြင်းရဲ့ဖခင်
လိုချင်တာက
မေတ္တာစစ်စစ်ပါကွယ်...။
အရှင်ဥာဏဗောဓိ

No comments:

Post a Comment