ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Friday, March 2, 2012

မေတ္တသုတ်လာ မေတ္တာပွားနည်း




မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာဘိဝံသ သီကုံးဖွဲ့ဆိုအပ်သော မေတ္တသုတ်လာ မေတ္တာပွားနည်း ၁၁-နည်း






၁။ သဗ္ဗေသတ္တာ သုခိနော ဟောန္တု


လုံးစုံများစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။


ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။






၂။ တသ နှင့် ထာဝရ ဒုကမေတ္တာ


ကြောက်တတ် မကြောက်တတ် ၊ နှစ်ရပ်များစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။


ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။






၃။ ဒိဋ္ဌ နှင့် အဒိဋ္ဌ ဒုကမေတ္တာ


မြင်အပ် မမြင်အပ် ၊ နှစ်ရပ်များစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။


ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။






၎။ ဒူရ နှင့် အ၀ိဒူရ ဒုကမေတ္တာ


ဝေးနေ နီးနေ ၊ နှစ်ထွေများစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။


ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။






၅။ ဘူတ နှင့် သမ္ဘဝေသီ ဒုကမေတ္တာ


ဘ၀ဇာတ်ဆုံး ၊ မဆုံးများစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။


ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။






၆။ ဒီဃ, ရဿ, မဇ္ဈိမ တိကမေတ္တာ


ရှည်, တို, အလတ် ၊ သုံးရပ်ခန္ဓာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။


ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။






၇။ မဟန္တ, အဏုက, မဇ္ဈိမ တိကမေတ္တာ


ကြီး, ငယ်, အလတ် ၊ သုံးရပ်ခန္ဓာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။


ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။






၈။ ထူလ, အဏုက, မဇ္ဈိမ တိကမေတ္တာ


ဆူ, ကြုံ, အလတ် ၊ သုံးရပ်ခန္ဓာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။


ဥပါဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။






၉။ န ပရော ပရံ နိကုဗ္ဗေထ


လူအချင်းချင်း ၊ လှည့်ပတ်ခြင်း ၊ ကင်းရှင်းကြပါစေ။






၁၀။ နာတိမညေထ ကတ္ထစိ န ကိဉ္စိ


အထင်သေးချင်း ၊ အချင်းချင်း ၊ ကင်းရှင်းကြပါစေ။






၁၁။ ဗျာရောသနာ ပဋိဃသည ၊ နညမညဿ ဒုက္ခမိစ္ဆေယျ


ဆင်းရဲလိုချင်း ၊ အချင်းချင်း ၊ ကင်းရှင်ကြပါစေ။






( မေတ္တာအကျိုး ၁၁-မျိုး )


အိပ်သော် ချမ်းသာ ၊


နိုးခါ သုခ ၊


မြတ်လှ အိပ်မက် ၊


နှစ်သက် လူတို့ ၊


နတ်တို့ ချစ်ခင် ၊


နတ်ပင် စောင့်နေ ၊


မီးရေ မဖျက် ၊


ငြိမ်သက် တည်ကြည် ၊


ရွှင်ကြည် မျက်နှာ ၊


သေခါ မမှိုင် ၊


ဗြဟ္မာတိုင်သား ၊


ဆယ့်တပါးကို ၊ ကျမ်းဂန်ဆိုသည် ၊ ဗိုလ်လူအများ မေတ္တာပွား ။






( လင်္ကာ တမျိုး )


အိပ်, နိုး ချမ်းသာ ၊


ကောင်းစွာ အိပ်မက် ၊


ချစ်လျက် လူ, နတ် ၊


စောင့်လတ် နတ်များ ၊


မီး, ဆိပ်, ဓားတို့ ၊ ရှောင်ရှားကိုယ်မှာ ၊


လျင်စွာ စိတ်တည် ၊


ရွှင်ကြည်မျက်နှာ ၊


သေခါမတွေ ၊


လားလေဗြဟ္မာ ၊


ဆယ့်တဖြာသည် ၊ မေတ္တာပွားမှု အကျိုးတည်း ။


( မဟာစည် ဆရာတော် )

No comments:

Post a Comment