ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Sunday, March 18, 2012

မြတ်စွာဘုရားရှင်အဆုံးအမ

မကောင်းမှုများ ရှောင်ရှားပယ်လေ။
ကောင်းမှုတရား ဖြစ်ပွားစုံစေ။
မိမိစိတ်ဓာတ် ဆွတ်ဆွတ်ဖြူစေ။
ဤသုံးပါး ဘုရားဆုံးမပေ။


ကိုယ့်ခန္ဓာအိမ်ကြီး
ရုပ်နှင့်နာမ်တွဲအောင်ရှု။
အနိစ္စကောင်၊ဒုက္ခကောင်၊အနတ္တကောင်
တင်အောင်နှလုံးသွင်း။
အနိစ္စတုံး၊ဒုက္ခတုံး၊အနတ္တတုံး လုံးလုံးမှတ်ရမယ်...။
ဓာတုနိဗ္ဗာန်ပွဲ အားခဲကြစို့လေး...။


ဓမ္မစကားနေ့တိုင်းကြားက
စိတ်ထားဖွေးလက် သိဥာဏ်ထက်၏။
ခန္ဓီသည်မူလ မာန်ကိုချ
ဒေါသကိုပယ် မေတ္တာကိုလွယ် သတိမပြတ်ရှု့မှတ်နေလျှင်
ဘယ်အရာမှ မြဲတယ်မမြင်
လောဘဒေါသမောဟ ကင်းစင်
ထိုအခါမှ ဒုက္ခငြိမ်းမည်ပင်...။

1 comment: