ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Thursday, December 22, 2011

သံဃာ့ဂုဏ်တော်ကိုးပါး

၁။ သုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော ၊
၂။ ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော ၊
၃။ ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော ၊
၎။ သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝကသံဃော ၊ ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ
အဌပုရိသပုဂ္ဂလာဧသ ဘဂ၀တော သာဝကသံဃော ၊
၅။ အာဟုနေယျော
၆။ ပါဟုနေယျော
၇။ ဒက္ခိနေယျော
၈။ အဉ္ဇလီကရဏီယျော
၉။ အနုတ္တရံ ပုညက္ခေတံ လောကဿ ။

၁။ သုပ္ပဋိပန္န ဂုဏ်တော်
အလွန်ကောင်းမြတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသောဂုဏ်။

၂။ ဥဇုပ္ပဋိပန္န ဂုဏ်တော်
အလွန်ဖြောင့်မတ်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသောဂုဏ်။

၃။ ဉာယပ္ပဋိပန္န ဂုဏ်တော်
နိဗ္ဗာန်ရောက်ရန် သင့်မြတ်သောအကျင့်နှင့် ပြည့်စုံသောဂုဏ်။

၎။ သာမီစိပ္ပဋိပန္န ဂုဏ်တော်
ရိုသေထိုက်သော ပဋိပတ်အကျင့်နှင့် ပြည့်စုံသောဂုဏ်။

၅။ အာဟုနေယျ ဂုဏ်တော်
အဝေးကဆောင်ယူလာသော အလှူဝတ္ထုကို ခံယူထိုက်သောဂုဏ်။

၆။ ပါဟုနေယျ ဂုဏ်တော်
ချစ်မြတ်နိုးအပ်သည့်ဧည့်သည်များအတွက် အထူးပြုပြင်ထားသည့်အလှူဝတ္ထုကို ခံယူထိုက်သောဂုဏ်။

၇။ ဒက္ခိနေယျ ဂုဏ်တော်
နောင်သံသရာဘ၀၌ ကောင်းကျိုးရဖို့ရန်ရည်သန်၍ ပေးလှူသော အလှူကို ခံယူထိုက်သောဂုဏ်၊

၈။ အဉ္ဇလီကရဏီယျ ဂုဏ်တော်
လက်အုပ်ချီမိုး ရှိခိုးထိုက်သောဂုဏ်။

၉။ အနုတ္တရ ပုညက္ခေတ ဂုဏ်တော်
ကုသိုလ်မျိုးကို စိုက်ပျိုးချရာ လယ်ယာမြေကောင်းနှင့်တူသောဂုဏ်။

သံဃာဂုဏ်တော် ကဗျာ
သံဃာဂုဏ်တော် သေချာမှတ်ဖို့ ကဗျာစပ်လို့ဆိုကြမယ်-
၁။ ကောင်းကောင်းမြတ်မြတ် ကျင့်ကြံတတ်တဲ့ ၊ ဘုရားသားတော် ဖြစ်ပါတယ် ၊
၂။ ဖြောင့်ဖြောင့်မတ်မတ် ကျင့်ကြံတတ်တဲ့ ၊ ဘုရားသားတော် ဖြစ်ပါတယ် ၊
၃။ နိဗ္ဗာန်ရည်သန် ကျင့်ကြံတတ်တဲ့ ၊ ဘုရားသားတော် ဖြစ်ပါတယ် ၊
၎။ ရိုသေထိုက်ရန် ကျင့်ကြံတတ်တဲ့ ၊ ဘုရားသားတော် ဖြစ်ပါတယ် ၊
၅။ ရပ်ဝေးသယ်လာ ဥစ္စာများကို ၊ ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၆။ ဧည့်သည်ဖို့ရာ ဥစ္စာများကို ၊ ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၇။ နောင်ဖို့လှူရာ ဥစ္စာများကို ၊ ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၈။ လက်အုပ်ချီမိုး ရှိခိုးအထူးကို ၊ ဦးဦးဖျားဖျား ခံထိုက်တယ် ၊
၉။ လူ နတ် ဗြဟ္မာ ကောင်းမှုမျိုးကို ၊ အပျိုးထိုက်ဆုံး ယာမြေလယ် ၊

No comments:

Post a Comment