ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Wednesday, December 21, 2011

ခင်ပွန်းကြီးဆယ်ပါးကန်တော့ရတဲ့အကျိုးများ

၁။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ် ၌ လည်းကောင်း၊
၂။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ပစ္စေကဗုဒ္ဓါအရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌လည်းကောင်း၊
၃။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောအဂ္ဂသာဝက၊မဟာသာဝကရဟန္တာ

အရှင်ကိုယ်တော်မြတ်ကြီး တို့ ၏အပေါ်၌လည်းကောင်း၊
၎။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော ရဟန္တာအရှင်ကိုယ်တော်မြတ်ကြီးတို့ ၏ အပေါ်၌လည်းကောင်း၊
၅။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောမိခင်တို့ ၏ အပေါ်၌လည်းကောင်း၊
၆။ဂုဏ်ကျေးဇူးကြီးမားကြကုန်သောဖခင်တို့ ၏အပေါ်၌လည်းကောင်း၊
၇။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော လိမ္မာစေရန် ကျိုးကြောင်းပြ၍ ဆုံးမတတ်သောဆရာသမားတို့ ၏
အပေါ်၌လည်းကောင်း၊
၈။ဂုဏ်ကျေးဇူးကြီးမားကြကုန်သော သီလဂုဏ်၊သမာဓိဂုဏ်၊ပညာဂုဏ်တို့ ကို ဆည်းပူးဖြည့်ကျင့်လျက်ရှိကြ
ကုန်သော လူပုဂ္ဂိုလ်၊ရဟန်းပုဂ္ဂိုလ်၊အရိယာပုဂ္ဂိုလ် တို့ ၏အပေါ်၌လည်းကောင်း၊
၉။ထမင်းတစ်လုတ် ရေတစ်မုတ်စသည်ဖြင့် ပေးကမ်းချီးမြှင့်ထောက်ပံ့ဖူးသော ကျေးဇူးရှင် ပုဂ္ဂိုလ်တို့ ၏
အပေါ်၌လည်းကောင်း ကာယကံ၊၀စီကံ၊မနောကံတစ်ပါးပါးဖြင့် ပြစ်မှားမိသည်ရှိခဲ့ပါက ထိုအပြစ်တို့ ကို
ပျောက်ပါစေခြင်း အကျိုးငှာရိုသေမြတ်နိုးလက်အုပ်မိုး၍ ရှိခိုးပူဇော်ကန်တော့ပါ၏ အရှင်ဘုရား။
ဤသို့  ရှိခိုးပူဇော်ဖူးမျှော်မာန်လျော့ကန်တော့ရသော ကောင်းမှုကံစေတနာတို့ ကြောင့် အလုံးစုံသော
ဘေးရောဂါအန္တရာယ်အပေါင်းတို့ မှ ကင်းဝေးပြီးလျှင် မြတ်စွာဘုရားရှင်ဟောကြားတော်မူသော
သစ္စာလေးပါးမြတ်တရားကိုကောင်းစွာသိမြင်၍နိဗ္ဗာန်သို့ စံဝင်နိုင်သောကိုယ်ဖြစ်ရပါလို၏ အရှင်ဘုရား။
လောကီမင်္ဂလာအဖြာအဖြာတို့ သည်လည်း စိတ်ကြံတိုင်း၊တောင်းတတိုင်းလွယ်ကူလျင်မြန်စွာပြည့်စုံ၍
နှလုံးစိတ်ဝမ်းအေးချမ်းရပါလို၏ အရှင်ဘုရား။


ဗုဒ္ဓေါ ပစ္စေက ဗုဒ္ဓါစ
အရဟာ အဂ္ဂ သာဝကာ
မာတာပိတု ဂုရုသတ္တာ
ဓမ္မဒေသကာ စ ဒါယကာ

ဣမေ ဒသ မဟာဂုဏေ
အဟံ ၀န္ဒာမိ သဗ္ဗဒါ။


ခင်ပွန်းကြီး (၁၀)ပါး ပူဇော်ရတဲ့ အကျိုးများ
(၁) ကိုယ့်အရပ်ဒေသက အရပ်တစ်ပါးကို သွားတဲ့အခါ အစားအစာ မရှားပါးဘူး။
(၂) ရောက်ရာအရပ်မှာ အပူဇော်ခံရတယ်။
(၃) ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ဘူး။
(၄) မျက်နှာမြင်ရင် ချစ်ခင်စေတယ်။
(၅) လူပုံအလည်မှာ ရဲရင့်စေတယ်။
(၆) ကိုယ့်ရဲ့ ဂုဏ်သတင်း ပြန့်လွင့်စေတယ်။
(၇) အခြံ အရံ အမြဲမပြတ်ရှိတယ်။
(၈) ဆင် ၊ မြင်း ၊ ကျွဲ ၊ နွား ၊ သီးနှံပေါများကာ … စိးပွားတိုးတက်မည်။
(၉) မတော်တဆ ဘေးအန္တရယ်ကျရောက်ခဲ့ရင် … ဆိုးဝါးစွာ မခံစားရဘူး။
(၁၀) သား သမီး ၊ အခြွေအရံများနဲ့ တင့်တင့်တယ်တယ်နေရခြင်းဆိုတဲ့
အကျိုး (၁၀)ပါးနဲ့ ပြည့်စုံနိုင်ပါတယ် ။

No comments:

Post a Comment