ဒါန- သီလ- နေက္ခမ္မ- ပညာ- ဝီရိယ- ခန္တီ- သစ္စာ- အဓိဌာန်- မေတ္တာ ဥပေက္ခာ - အဲဒီ “ပါရမီ”ဆယ်ပါးကိုဘဝပေါင်းများ
စွာ (လေးသင်္ချေနဲ.ကမ္ဘာတစ်သိန်း) ဖြည့်ကျင့်တော်မူခဲ့တယ်။
ဒါနပါရမီဖြည့်ကျင့်ရာမှာဘုရားအလောင်းတော်အနေနဲ.မိမိပိုင်တဲ့
သက်ရှိသက်မဲ့ပစ္စည်းဟူသမျှကိုစွန်.ကြဲလှူဒါန်းပေးကမ်းမှု
ကိုဖြည့်ကျင့်ရာမှာ သီဝိမင်းနဲ.ဝေဿန္တရာမင်း ဘဝမှာ အထင်ရှားဆုံးဖြစ်ပါတယ် ။ ဘုရားအလောင်းသီဝိမင်းရဲ့အလှူဒါနမှာ
စိတ်အားထက်သန်ပုံကိုစူးစမ်းလိုတဲ့ သိကြားမင်းဟာ မျက်မမြင်ပုဏ္ဏားဟန်ဆောင်ပြီး မျက်စိတစ်ဖက်ကိုအလှူခံရာ သီဝိမင်း
ကြီးက မျက်စိ နှစ်ဖက်စလုံးကို ထုတ်ပြီး ရက်ရက်ရောရောလှူဒါန်းလိုက်သတဲ့။
ဝေဿန္တရာမင်းဘဝမှာလည်း မဏ္ဍာပ် ၆-ခုကို ဆောက်လုပ်ကာ ခြောက်သိန်းတန် အဝတ်တန်ဆာနဲ. အစားအစာများကို နေ.စဉ် လှူဒါန်းခဲ့ရုံမက တန်ဖိုးမ ဖြတ်နိုင်တဲ့ ဆင်ဖြူတော် ကိုပါ လှူလိုက်တဲ့အတွက် ပြည်သူများကမကျေမနပ်ဖြစ်တာကြောင့် ဟိမဝန္တာဝင်္ဂဘာတောင် ကိုထွက်သွားရတယ်။ တောတောင်ကြီးအတွင်း ရသေ့ဝတ်နဲ.တရား အားထုတ်နေစဉ်မှာ မဒ္ဒီဒေဝီ မိဖုရား၊သားတော်လေး ဇာလီနဲ.သမီးတော် ဂဏှာဇိန် တို.ကို အလှူခံ ပုဏ္ဏားလက်သို. ရက်ရောစွာပေးလှူလိုက်ပါတယ် ။
သီလပါရမီဖြည့်ကျင့်ရာမှာလည်းအလီနသတ္တုမင်းသားဘဝမှာ
ထင်ရှားလှပါတယ်။မင်းသားရဲ့ဖခမည်းတော်ဟာသမင်
လိုက်သွားရာမှနယ်ကျွံပြီးညောင်ပင်ကြီးတစ်ပင်အောက် ရောက်သွားပါတယ် ။ ညောင်စောင့် ဘီလူးက စားမယ် လုပ်တဲ့အခါ
“နောက်နေ.မှပြန်လာပြီးအစားခံပါမည်”လို.ကတိပြုကာ
နန်းတော်ကိုပြန်လာတယ်။သားတော်အလီနသတ္တုမင်းသားကြားသိတဲ့
အခါဖခမည်းတော်ကိုယ်စားဘီလူးစားခံရန်သွားပါတယ် ။ မင်းသားဟာ မိမိစောင့်ထိန်းထားတဲ့ ကိုယ်ကျင့်သီလ ငြှိုးနွမ်းမှာကို
စိုးရိမ်ပြီးလက်နက်ယူမသွားပါ။ဘီလူးလည်းမင်းသားရဲ့ရဲဝံ့တဲ့အမူအရာက
ိုမြင်တဲ့အခါသတ်မစားဝံ့တော့ပဲနောက်ဆုံးမင်းသားရဲ့
အဆုံးအမကိုလိုက်နာပြီး ငါးပါးသီလကို စောင့်ထိန်းနိုင်သူဖြစ်လာပါတယ် ။
နေက္ခမ္မပါရမီ ခေါ်လောကီအာရုံကာမဂုဏ်များကိုမစုံမက်ပဲစွန်.ခွါကာ ရသေရဟန်းပြုပြီးတော ထွက်ခြင်းကို ဘဝပေါင်းများ
စွာ ဖြည့်ကျင့်တော်မူရာမှာ “အယောဃရ” အမည်ရတဲ့မ င်းသားဘဝမှာ ထင်ရှားလှပါတယ်။ မင်းသားကိုဖွားမြင်ပြီး ဘီလူးရန်
ကိုကြောက်တဲ့ မိဘတွေက မင်းသားလေး ၁၆- နှစ်အရွယ်တိုင်အောင် သံလှောင်တွင်းမှာထားကာ ပညာသင်ပေးခဲ့သတဲ့။ မင်းသားလေးကို ထီးနန်းအပ်ရန် အပြင်ထုတ်လိုက်တဲ့အခါ ဘုရားအလောင်းမင်းသားက“အမိဝမ်းမှာ ၁၀- လ ၊ သံလှောင်
အိမ်တွင်းမှာ ၁၆ -နှစ်နေပြီး လွတ်မြောက်ခဲ့ပေမဲ့ သေခြင်းဘေးကတော့ဖြင့်မလွတ်မြောက်နိုင်သေး” လို.တွေးပြီး ရသေ့ဝတ်
ကာ တောထွက်ခဲ့သတဲ့ ။
ပညာပါရမီကိုဖြည့်ဆည်းရာမှာလည်းမဟောသဓာပညာရှိဘဝမှာ
ပညာတန်ခိုးနဲ.အများအကျိုးရှိရန်ဆောင်ရွက်ပုံမှာထင်ရှားလှပါတယ်။
စူဠဗြဟ္မဒတ်မင်း ဟာ ဇမ္ဗူဒိတ်မင်းပေါင်း ၁၀၀-ကိုဖမ်းပြီးအဆိပ်ခတ်ထားတဲ့အရက်တိုက်သတ်ရန်
ကြံစည်ထားပါတယ်။ ဒီလိုကြံစည်တာကိုသိတဲ့မဟောသဓာကသူ.ရဲ့ပညာနဲ.
ပြဿနာကိုဖြေရှင်းပြီးပါယ်ဖျက်ခဲ့တယ်။
မင်းနှစ်ပါးပြေငြိမ်းလာတဲ့အထိလည်း
သူ.ရဲ့ပညာနဲ.စွမ်းဆောင်နိုင်ခဲ့ပါတယ် ။
ဝီရိယ ပါရမီဖြည့်ဆည်းရာမှာ မဟာဇနက္ကမင်းသားဘဝမှာထင်ရှားပါတယ်။
ဘုရားအလောင်းဟာသင်္ဘောဖြင့်ကုန်ရောင်းထွက်
ခဲ့ရာ ပင်လယ်ပြင်မှာ မုန်တိုင်းမိကာ သင်္ဘောပျက်ပြီး လူပေါင်း ၇၀၀ - ကျော်သေဆုံးသွားခဲ့တယ် ။ ဘုရားအလောင်းတော်ကတော့ ရှိသမျှခွန်အားကို အသုံးပြုပြီး ၇ - ရက်လုံးလက်ပစ်ကူးခတ်ကာ ကြိုးစားတယ် ။ ဒီနောက် မေခလာ နတ်သမီးရဲ့ ကူညီမှုကြောင့် အသက်ဘေးမှလွတ်မြောက်ရုံမက မိထိလာပြည်ကြီးရဲ့ ထီးနန်းကိုလည်းရရှိ ခဲ့ပါတယ်။
ခန္တီပါရမီဖြည့်ကျင့်ရာမှာလည်း ဘုရားအလောင်းတော်ရဲ့ တစ်ဘဝမှာ အင်အားကြီးမားလှတဲ့ မျောက်မင်းဒေဝဒတ်
လောင်းပုဏ္ဏားဟာ သစ်ကိုင်းကျိုးကာ ချောက်တွင်းသို.ကျဆင်းသွားပါတယ်။ “ကယ်ပါ-ယူပါ” တစာစာနဲ.အော်သံကိုကြားရတဲ့
မျောက်မင်း ဟာ ပုဏ္ဏားကို ကယ်ဆယ်ခဲ့ပြီး မောပန်းလှတဲ့အတွက် ပုဏ္ဏား ရဲ့ပေါင်ပေါ်မှာ ခေါင်းတင်ကာအိပ်ပျော်သွားပါတယ်။ မျောက်အသားကို စားလိုစိတ်ပေါ်လာတဲ့ ပုဏ္ဏား က မျောက်မင်းရဲ့ဦးခေါင်းကို ကျောက်ခဲနဲ.ထုရိုက်ရာ မျောက်မင်းနိုးလာပြီး သစ်ပင်ပေါ်သို.ပြေးတက်သွားပါသည် ။ တောကြီးအလယ်မျက်စိလည်ကာ သေရတော့မည်ကို စိုးရိမ်ရှာတဲ့မျောက်မင်းဟာ သစ်ပင်ပေါ်မှခုန်ကူးကာ ဦးခေါင်းမှကျတဲ့သွေးစက်များကို ခြေရာခံလိုက်လာရန်မှာကြားပြီး ပုဏ္ဏားကိုလူသွားလမ်းအရောက်ပို.
ပေးခဲ့ပါတယ် ။
သစ္စာပါရမီ ဖြည့်ကျင့်ရာမှာလည်း ဘုရားအလောင်းတော် မဟာသုတသောမမင်း ဖြစ်ခဲ့စဉ်က ပေါရိသာဒဟာ ရှင်
အဓိဌာန်ပါရမီကိုဖြည့်ကျင့်ရာမှာလည်း ဘုရားအလောင်းတော်ဟာ တေမိမင်းသားဘဝမှာအထင်ရှားဃုံးဖြစ်ပါတယ်။
ထီးဖြူအောက်မှာရှိနေတဲ့ တစ်လသားအရွယ် တေမိယမင်းသားလေးဟာ ထီးဖြူကိုမြင်လိုက်တာနဲ. ရှေးဘဝများကိုပြန်လည်သိမြင်လာပါတယ် ။ လွန်ခဲ့တဲ့ဘဝက ရှင်ဘုရင်ဖြစ်ခဲ့စဉ်မှာ အဆုံးအဖြတ် အမိန်.ပေးမှားခဲ့တဲ့အတွက် ငရဲသို့ကျရတာကို သတိရပြီး မင်းဖြစ်ရမှာကိုအလွန်ကြောက်ရွံ.ထိတ်လန်.သွားပါတယ် ။ ဒီအခါ ရှေးဘဝက မိခင်တော်စပ်ခဲ့ဖူးသူ ထီးချက်စောင့်နတ်သမီးက“ ချစ်သား- ရှင်ဘုရင် မဖြစ်လိုပါက ဆွံ.-အ -ဟန်ဆောင်နေပါ” လို.အကြံပြုလိုက်ပါတယ်။
ဒါ့ကြောင့် တေမိယမင်းသားလေးလည်း “ဆွံ.-အ-ဟန်ဆောင်နေတော့မည်” -လို. အခိုင်အမာအဓိဌာန်ပြုလိုက်
ပါတယ် ။ ဒီလိုနဲ. အသက် ၁၆ - နှစ်အရွယ်ရောက်တဲ့တိုင်အောင် ဆွံ.-အ-နေတဲ့ မင်းသားကို“ထီးနန်းနဲ.မထိုက်တန်”
လို.ဆုံးဖြတ်ပြီး ဖခမည်းတော်ကြီးက တောတွင်းကိုနှင်လိုက်တံအြခါ မင်းသားလည်း ရသေ့ရဟန်းပြုကာတရားအား
ထုတ်နေပါတော့တယ် ။
မေတ္တာပါရမီဖြည့်ဆည်းရာမှာလည်း သုဝဏ္ဏသာမဘဝမှာထင်ရှားပါတယ် ။ တောတွင်းမှာ မျက်မမြင်မိဘနှစ်ပါးကို
ပြုစုလုပ်ကျွေးနေတဲ့ ရသေ့လေး သုဝဏ္ဏသာမ ဟာ ခြင်္သေ့ - ကျား - သမင် စတဲ့ သားကောင်များအပေါ် တကယ့်
မေတ္တာစိတ်နဲ. ချစ်ခင်ရင်းနှီးစွာနေခဲ့ပါယ် ။ မိမိအား သားကောင်ထင်မှတ်ကာ လေးမြားနဲ.ထစ်သတ်သူ ပီဠိယက္ခမင်း
ကိုပင် မေတ္တာမပျက်ခဲ့ပါ။ ဒါ့ကြောင့်လည်း နောက်ဆုံးမှာ မေတ္တာနဲ.သစ္စာတန်ခိုးနဲ. မိဘနှစ်ပါးပါ မျက်စိနှစ်ကွင်း အလင်း
ရခဲ့ပါတယ် ။
ဥပေက္ခာပါရမီကို ဘုရားအလောင်းဖြည့်ဆည်းရာမှာ “လောမဟံသ” အမည်ရတဲ့ ဘဝမှာ ထင်ရှားလှပါတယ် ။ မိဘ
များကွယ်လွန်သွားတဲ့အခါ လောမဟံသ မင်းသားလေးဟာစည်းစိမ်ဥစ္စာများစွာကို စွန်.လွှတ်ကာတောထွက်သွားပါ
တယ် ။ ရသေ့ရဟန်းပြုလျှင် လူတွေအထင်ကြီးပြီး လေးစား-ကိုးကွယ်ကြမှာကို စိုးရိမ်တဲ့အတွက် အဝတ်တစ်ထည်
တည်းနဲ.သွားလာ နေထိုင်ခဲ့ပါတယ် ။ လေးလေးစားစား ဆက်ဆံသူတွေနဲ.ဝေးအောင်ရှောင်ခဲ့တယ် ။ အိပ်တဲ့အခါ
လည်း သုသာန်မှ လူအရိုးကို ခေါင်းးအုံးအိပ်ပါတယ် ။ ကလေးများဝိုင်းအုံလာပြီး တံထွေးနဲ.ထွေးကြ - အရက်မူးသ
်မားများ လှောင်ပြောင်ကြတာကိုလည်း စိတ်ဆိုးခြင်း-အပြစ်ယူခြင်းမရှိပါ ။ လူအချို.မှ ပန်းနံ.သာများ စားကောင်း
သောက်ဖွယ်များ လာရောက်ပေးကြတာကိုလည်းချစ်ခင်တွယ်တာမှုလုံးဝမပြုပါ။ ကောင်းဆိုးနှစ်ဖြာ ဘယ်ဘက်ကို
မျှ မတိမ်းစောင်းပဲ တည့်မတ်သောစိတ်ထားဖြင့် ဥပေက္ခာပြု ပြီးသာနေခဲ့ပါတယ် ။
ဗုဒ္ဓမြတ်ဘုရားအနေနဲ. ဒီလို ”ပါရမီဆယ်ပါး” ကို ဘဝပေါင်းများစွာ ဖြည့်ကျင့်ရာမှာ ရည်မှန်းချက်ကြီး
(၁) လောကလူသား-ကမ္ဘာသူကမ္ဘသား-သတ္တဝါများ ကောင်းစား ချမ်းသာရေး-
(၂) မိမိ၏အမျိုးသား -မိမိလူမျိုးကောင်းစားချမ်းသာရေး-
(၃) သတ္တဝါအများကို သံသရာဝဋ်ဆင်းရဲခြင်းမှ လွတ်ကင်းစေရန် ကယ်တင်နိုင်မည့် “သဗ္ဗညုဘုရား”ဖြစ်ရေး
ဆိုတဲ့ အချက်ကြီး(၃)ရပ်ကို ဦးထိပ်ထားကာကျင့်ဆောင်ခဲ့ခြင်းဖြစ်ပါတယ် ။
ဒီလိုပါရမီအကျင့်များဟာ မိမိအပါအဝင် လောကလူသားအားလုံးရဲ့ ချမ်းမြေ့သာယာမှုနဲ.စည်ပင်ဝပြောမှုကို လုပ်ပေးရာ
ရောက်တဲ့အတွက် စွန်.လွှတ်နိုင်သလောက် မိမိအတွက်လည်း အဆပေါင်းများစွာ အကျိုးသက်ရောက်လာမှာအမှန်ဖြစ်ပါတယ်။
မဟာဗုဒ္ဓ၀င် ပထမတွဲ ပထမပိုင်း အနုဒီပနီ ( ကာ ) ၌
ထိုပါရမီ ၁၀-ပါးတို့တွင် တပါးတပါးလျှင် ပါရမီ၊ ဥပပါရမီ၊ ပရမတ္ထပါရမီ ဟူ၍
( ဥပမာ-ဒါန-၌ ၁-ဒါနပါရမီ၊ ၂-ဒါနဥပပါရမီ၊ ၃-ဒါနပရမတ္ထပါရမီ-ဟူ၍ သုံးပါး။ သီလစသည်တို့၌ ထို့အတူ )
သုံးပါးစီ သုံးပါးစီ ပြားသောကြောင့် ပါရမီအကျယ် သုံးဆယ်ဖြစ်သည်။
ဤသုံးပါးတို့အတွက် ရှေးဦးစွာ
၁။ သားမယား ရွှေငွေစသော အသုံးအဆောင်ဝတ္ထု။
၂။ မိမိ၏ လက်ခြေစသော အင်္ဂါကြီးငယ်နှင့်
၃။ အသက် - ဤသုံးပါးကို မှတ်သားပြီးလျှင်
ဒါနအတွက်
၁။ အသုံးအဆောင်ဝတ္ထုကို စွန့်လှူသည်ကား ဒါနပါရမီ။
၂။ အင်္ဂါကြီးငယ်ကို စွန့်လှူသည်ကား ဒါနဥပပါရမီ။
၃။ အသက်ကို စွန့်လှူသည်ကား ဒါနပရမတ္ထပါရမီ-ဟု မှတ်အပ်၏။
ထို့အတူ အသုံးအဆောင် ၀တ္ထုဟူသောအကြောင်း၊
အင်္ဂါကြီးငယ်ဟူသော အကြောင်း၊
အသက်ဟူသော အကြောင်းကြောင့် မလွန်ကျူးဘဲ သီလကို ထိန်းသိမ်း စောင့်ခြင်းမျိုးကို သီလပါရမီ၊ သီလဥပပါရမီ၊ သီလပရမတ္ထ ပါရမီ-ဟု အစဉ်အတိုင်း မှတ်ယူအပ်၏။
ကြွင်းသော ပါရမီ ၈-ပါးတို့၌လည်း ဤနည်းကို မှီး၍ သိရာ၏။
(က) သက်မဲ့သက်ရှိ ၊ ဗာဟိရက ၊ စွန့်နိုင်က ၊ မူလပါရမီ ။
(ခ) အင်္ဂါကြီးငယ် ၊ အသွယ်သွယ်ကို ၊ မတွယ်စိတ်မှ ၊ စွန့်နိုင်က ၊ ဥပပါရမီ ။
(ဂ) အသက်ဇီဝ ၊ စွန့်နိုင်က ၊ ပရမတ္ထပါရမီ ။
(ဃ) ပါရမီဆယ်ပါး ၊ အကျယ်ပွား ၊ အပြားသုံးဆယ် မည် ။
ဟု ရှင်းလင်းဖော်ပြထားလေသည်။

ဘုရင်ဖြစ်ပါလျက် လူသားစားတဲ့အတွက် တိုင်းပြည်မှ နှင်ထုတ်ခြင်းခံရပါတယ် ။ တစ်နေ.တော့ တောတွင်းမှာ ပေါရိသာဒ ရဲ့ခြေဖဝါးကို သစ်ငုတ်စူးပြီးအနာဖြစ်ရာ ၇ - ရက်အတွင်း အနာပျောက်အောင်စောင့်ရှောက်ပါက ဇမ္ဗူဒိတ်မင်း အပေါင်းရဲ့ လည်ချောင်းသွေးနဲ.ယစ်ပူဇော်ပါမယ်-လို.ညောင်ပင်စောင့်နတ်ကို ကတိထားခဲ့တယ် ။ ယကြာမီ အနာကသူ.အလိုလို
ပျောက်သွားတာကို “နတ်မခြင်း” လို.ယူဆကာ ဇမ္မူဒိတ်မင်း များကို ဖမ်းဆီးထာခဲ့တယ် ။ အဲဒီမင်းတွေအထဲမှာ သူ.ဆရာဖြစ်ခဲ့ဖူးတဲ့ သုတသောမမင်း လည်းပါဝင်တယ် ။ မင်းကြီးဟာအဖမ်းမခံရမီအချိန်က ပုဏ္ဏားတစ်ဦးထံမှာ တရား

ဂါထာ နာယူရန် ကတိစကားကိုသတိယပြီး ”တရားနာပြီးလျှင် ပြန်လာပါမည်” လို.ဂတိပြုခွင့်တောင်းခဲ့ပါတယ် ။ ဒီလိုနဲ. တရားနာပြီးတဲ့အခါသုတသောမမင်းအသတ်ခံရမှာကိုသိပါလျက်နဲ. သစ္စာမဖျက်ပဲ မကြောက်မရွံ.အသက်စွန်.ကာ ပေါရိသာဒ ထံသို.ပြန်လာခဲ့ပါတယ် ။ ဒီလို သေဘေးကို မကြောက်မရွံ.ပုံကို မေးတဲ့အခါ အလောင်းတော်ရဲ့ ဖြေကြားလိုက်တဲ့ တရားစကားများကြောင့် ပေရိသာဒလည်းလူကောင်းတစ်ယောက်ပြန်လည်ရောက်ရှိကာ ဇမ္ဗူဒိတ်မင်းအားလုံးလည်း အသက်ဘေးမှ လွတ်မြောက်သွားကြရပါတယ် ။
အဓိဌာန်ပါရမီကိုဖြည့်ကျင့်ရာမှာလည်း ဘုရားအလောင်းတော်ဟာ တေမိမင်းသားဘဝမှာအထင်ရှားဃုံးဖြစ်ပါတယ်။
ထီးဖြူအောက်မှာရှိနေတဲ့ တစ်လသားအရွယ် တေမိယမင်းသားလေးဟာ ထီးဖြူကိုမြင်လိုက်တာနဲ. ရှေးဘဝများကိုပြန်လည်သိမြင်လာပါတယ် ။ လွန်ခဲ့တဲ့ဘဝက ရှင်ဘုရင်ဖြစ်ခဲ့စဉ်မှာ အဆုံးအဖြတ် အမိန်.ပေးမှားခဲ့တဲ့အတွက် ငရဲသို့ကျရတာကို သတိရပြီး မင်းဖြစ်ရမှာကိုအလွန်ကြောက်ရွံ.ထိတ်လန်.သွားပါတယ် ။ ဒီအခါ ရှေးဘဝက မိခင်တော်စပ်ခဲ့ဖူးသူ ထီးချက်စောင့်နတ်သမီးက“ ချစ်သား- ရှင်ဘုရင် မဖြစ်လိုပါက ဆွံ.-အ -ဟန်ဆောင်နေပါ” လို.အကြံပြုလိုက်ပါတယ်။
ဒါ့ကြောင့် တေမိယမင်းသားလေးလည်း “ဆွံ.-အ-ဟန်ဆောင်နေတော့မည်” -လို. အခိုင်အမာအဓိဌာန်ပြုလိုက်
ပါတယ် ။ ဒီလိုနဲ. အသက် ၁၆ - နှစ်အရွယ်ရောက်တဲ့တိုင်အောင် ဆွံ.-အ-နေတဲ့ မင်းသားကို“ထီးနန်းနဲ.မထိုက်တန်”
လို.ဆုံးဖြတ်ပြီး ဖခမည်းတော်ကြီးက တောတွင်းကိုနှင်လိုက်တံအြခါ မင်းသားလည်း ရသေ့ရဟန်းပြုကာတရားအား
ထုတ်နေပါတော့တယ် ။
မေတ္တာပါရမီဖြည့်ဆည်းရာမှာလည်း သုဝဏ္ဏသာမဘဝမှာထင်ရှားပါတယ် ။ တောတွင်းမှာ မျက်မမြင်မိဘနှစ်ပါးကို
ပြုစုလုပ်ကျွေးနေတဲ့ ရသေ့လေး သုဝဏ္ဏသာမ ဟာ ခြင်္သေ့ - ကျား - သမင် စတဲ့ သားကောင်များအပေါ် တကယ့်
မေတ္တာစိတ်နဲ. ချစ်ခင်ရင်းနှီးစွာနေခဲ့ပါယ် ။ မိမိအား သားကောင်ထင်မှတ်ကာ လေးမြားနဲ.ထစ်သတ်သူ ပီဠိယက္ခမင်း
ကိုပင် မေတ္တာမပျက်ခဲ့ပါ။ ဒါ့ကြောင့်လည်း နောက်ဆုံးမှာ မေတ္တာနဲ.သစ္စာတန်ခိုးနဲ. မိဘနှစ်ပါးပါ မျက်စိနှစ်ကွင်း အလင်း
ရခဲ့ပါတယ် ။
ဥပေက္ခာပါရမီကို ဘုရားအလောင်းဖြည့်ဆည်းရာမှာ “လောမဟံသ” အမည်ရတဲ့ ဘဝမှာ ထင်ရှားလှပါတယ် ။ မိဘ
များကွယ်လွန်သွားတဲ့အခါ လောမဟံသ မင်းသားလေးဟာစည်းစိမ်ဥစ္စာများစွာကို စွန်.လွှတ်ကာတောထွက်သွားပါ
တယ် ။ ရသေ့ရဟန်းပြုလျှင် လူတွေအထင်ကြီးပြီး လေးစား-ကိုးကွယ်ကြမှာကို စိုးရိမ်တဲ့အတွက် အဝတ်တစ်ထည်
တည်းနဲ.သွားလာ နေထိုင်ခဲ့ပါတယ် ။ လေးလေးစားစား ဆက်ဆံသူတွေနဲ.ဝေးအောင်ရှောင်ခဲ့တယ် ။ အိပ်တဲ့အခါ
လည်း သုသာန်မှ လူအရိုးကို ခေါင်းးအုံးအိပ်ပါတယ် ။ ကလေးများဝိုင်းအုံလာပြီး တံထွေးနဲ.ထွေးကြ - အရက်မူးသ
်မားများ လှောင်ပြောင်ကြတာကိုလည်း စိတ်ဆိုးခြင်း-အပြစ်ယူခြင်းမရှိပါ ။ လူအချို.မှ ပန်းနံ.သာများ စားကောင်း
သောက်ဖွယ်များ လာရောက်ပေးကြတာကိုလည်းချစ်ခင်တွယ်တာမှုလုံးဝမပြုပါ။ ကောင်းဆိုးနှစ်ဖြာ ဘယ်ဘက်ကို
မျှ မတိမ်းစောင်းပဲ တည့်မတ်သောစိတ်ထားဖြင့် ဥပေက္ခာပြု ပြီးသာနေခဲ့ပါတယ် ။
ဗုဒ္ဓမြတ်ဘုရားအနေနဲ. ဒီလို ”ပါရမီဆယ်ပါး” ကို ဘဝပေါင်းများစွာ ဖြည့်ကျင့်ရာမှာ ရည်မှန်းချက်ကြီး
(၁) လောကလူသား-ကမ္ဘာသူကမ္ဘသား-သတ္တဝါများ ကောင်းစား ချမ်းသာရေး-
(၂) မိမိ၏အမျိုးသား -မိမိလူမျိုးကောင်းစားချမ်းသာရေး-
(၃) သတ္တဝါအများကို သံသရာဝဋ်ဆင်းရဲခြင်းမှ လွတ်ကင်းစေရန် ကယ်တင်နိုင်မည့် “သဗ္ဗညုဘုရား”ဖြစ်ရေး
ဆိုတဲ့ အချက်ကြီး(၃)ရပ်ကို ဦးထိပ်ထားကာကျင့်ဆောင်ခဲ့ခြင်းဖြစ်ပါတယ် ။
ဒီလိုပါရမီအကျင့်များဟာ မိမိအပါအဝင် လောကလူသားအားလုံးရဲ့ ချမ်းမြေ့သာယာမှုနဲ.စည်ပင်ဝပြောမှုကို လုပ်ပေးရာ
ရောက်တဲ့အတွက် စွန်.လွှတ်နိုင်သလောက် မိမိအတွက်လည်း အဆပေါင်းများစွာ အကျိုးသက်ရောက်လာမှာအမှန်ဖြစ်ပါတယ်။
မဟာဗုဒ္ဓ၀င် ပထမတွဲ ပထမပိုင်း အနုဒီပနီ ( ကာ ) ၌
ထိုပါရမီ ၁၀-ပါးတို့တွင် တပါးတပါးလျှင် ပါရမီ၊ ဥပပါရမီ၊ ပရမတ္ထပါရမီ ဟူ၍
( ဥပမာ-ဒါန-၌ ၁-ဒါနပါရမီ၊ ၂-ဒါနဥပပါရမီ၊ ၃-ဒါနပရမတ္ထပါရမီ-ဟူ၍ သုံးပါး။ သီလစသည်တို့၌ ထို့အတူ )
သုံးပါးစီ သုံးပါးစီ ပြားသောကြောင့် ပါရမီအကျယ် သုံးဆယ်ဖြစ်သည်။
ဤသုံးပါးတို့အတွက် ရှေးဦးစွာ
၁။ သားမယား ရွှေငွေစသော အသုံးအဆောင်ဝတ္ထု။
၂။ မိမိ၏ လက်ခြေစသော အင်္ဂါကြီးငယ်နှင့်
၃။ အသက် - ဤသုံးပါးကို မှတ်သားပြီးလျှင်
ဒါနအတွက်
၁။ အသုံးအဆောင်ဝတ္ထုကို စွန့်လှူသည်ကား ဒါနပါရမီ။
၂။ အင်္ဂါကြီးငယ်ကို စွန့်လှူသည်ကား ဒါနဥပပါရမီ။
၃။ အသက်ကို စွန့်လှူသည်ကား ဒါနပရမတ္ထပါရမီ-ဟု မှတ်အပ်၏။
ထို့အတူ အသုံးအဆောင် ၀တ္ထုဟူသောအကြောင်း၊
အင်္ဂါကြီးငယ်ဟူသော အကြောင်း၊
အသက်ဟူသော အကြောင်းကြောင့် မလွန်ကျူးဘဲ သီလကို ထိန်းသိမ်း စောင့်ခြင်းမျိုးကို သီလပါရမီ၊ သီလဥပပါရမီ၊ သီလပရမတ္ထ ပါရမီ-ဟု အစဉ်အတိုင်း မှတ်ယူအပ်၏။
ကြွင်းသော ပါရမီ ၈-ပါးတို့၌လည်း ဤနည်းကို မှီး၍ သိရာ၏။
(က) သက်မဲ့သက်ရှိ ၊ ဗာဟိရက ၊ စွန့်နိုင်က ၊ မူလပါရမီ ။
(ခ) အင်္ဂါကြီးငယ် ၊ အသွယ်သွယ်ကို ၊ မတွယ်စိတ်မှ ၊ စွန့်နိုင်က ၊ ဥပပါရမီ ။
(ဂ) အသက်ဇီဝ ၊ စွန့်နိုင်က ၊ ပရမတ္ထပါရမီ ။
(ဃ) ပါရမီဆယ်ပါး ၊ အကျယ်ပွား ၊ အပြားသုံးဆယ် မည် ။
ဟု ရှင်းလင်းဖော်ပြထားလေသည်။
No comments:
Post a Comment