ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Monday, October 31, 2011

မဟာဗောဓိပင် သမိုင်းပုံရိပ်


မဟာဗောဓိညောင်ပင် သမိုင်း
သီဝနတ်ဘုရားကို ကိုးကွယ်သည့် ဘင်္ဂလားပြည် အလည်ပိုင်း ကို အုပ်စိုးသည့် သာသင်္ကမင်း က ခရစ်နှစ် ၆ ရာစုခန့်က ဗောဓိပင်ကို ခုတ်ဖြတ်တူးဖော်ပစ်ပြီး
ထောပတ်များလောင်းထည့်ကာ မီးရှို့ဖျက်ဆီးခဲ့တာပါ  ဤအကြောင်းအရာကို ကြားသိပြီး မဂဓတိုင်းပြည့်ရှင် ဘုရင်ပူရာဏမာဗာ ကထပ်မံစိုက်ပျိုးခဲ့ပါတယ် တဖန် သာသင်္ကမင်း ကထိုဗောဓိပင်ကို ထပ်မံဖျက်ဆီးပြီး ဤနေရာ၌ ဗောဓိပင် မစိုက်ရဟု အမိန့်ထုတ်ခဲ့ပါတယ်
ဘုရင် ပူရာဏမာဗာ ကလည်း ဒုတိယအကြိမ် ထပ်မံစိုက်ပျိုးပါတယ် အံ့ဖွယ်ကောင်းလောက်အောင် ထိုဗောဓိပင် ဟာ တညတည်း ၁၀ ပေခန့်
ကြီးမြင့်လာခဲ့တာပါ ထိုဗောဓိပင် ကိုလည်း သာသင်္ကမင်းက ၃ ကြိမ်မြောက် အကြွင်းမရ ခုတ်ဖြတ်ဖျက်ဆီးပြီး ၂၄ ပေခန့်မြင့်တဲ့ ကျောက်လက်ရန်း
ကြီးကို ကာရန်ထားခဲ့ပါတယ် ပူရာဏမာဗာ ကလည်းနွားနို့ဖြင့် သွန်းလောင်းပြီး တတိယ အကြိမ်မြောက်စိုက်ပျိုးခဲ့ပါတယ်
( ကျောစာဝန် "ကာနင်ဂန်" ကမူ ထိုကျောက်လက်ရန်း ကြီးကို ဗောဓိပင်ကို ရန်သူတို့ မဖျက်ဆီးနိုင်ရန် ဘုရင်ပူရာဏမာဗာ ကပဲ ပြုလုပ်ခဲ့တယ်လို့
ဆိုပါတယ်)
(သာသင်္ကမင်း ဟာ ဗောဓိပင်ကို တူးဖော်စဉ်က အမြစ်အဆုံးကို ရှာမတွေနိုင်ခဲ့ဟုလည်း ဆိုထားပါသေးတယ်။)
 ခရစ်နှစ် ၁၈၁၁ ခုက ဘူချန်ဟန်မီတန် အမည်ရှိ အင်္ဂလိပ်ပညာရှင် တဥိးက ဗုဒ္ဓဂယာကို ရောက်ခဲ့ဘူးရာ သူက ခက်မ ၅ ဖြာ နှင့် စည်ပင်နေသည့်
အမြင့်ပေ ၃၀ ရှိ ဗောဓိပင်ကြီးကို မြင်တွေခဲ့ပြီး ထိုဗောဓိပင် ၏ အသက်မှာ နှစ်တရာအိုမည်မထင်ဟု ဆိုခဲ့ပါတယ်
၁၈၇၅ ခုနှစ်၌ ဤဗောဓိပင် ဟာ တပင်လုံယိုရွင်နေသောကြောင့် ၁၉၇၆ ခုနှစ်၌ လေနီကြမ်း နှင့် လဲပါသွားခဲ့ပါတယ်
ထိုအပင်မှ အစေ့များကို ယူထားလိုက်သည့် အပြင် အခက်ကြီးတခက်ကို လည်း ထိုနေရာ၌ ပြန်လည်စိုက်ပျိုးခဲ့ပါတယ်
မည်သူစိုက်ပျိုးခဲ့တယ် ဆိုတာတော့ အတိအကျ မပါပါ။ ထိုအခိုင်မှ ပေါ်ထွန်းစည်ပင်လာခဲ့တဲ့ ဗောဓိပင်မှာ ယခု ရှိနေသည့် ဗောဓိပင် ဖြစ်ပါတယ်
မည်သို့ပင်ဖြစ်စေ လက်ရှိ ဗောဓိပင် သည် ဘုရားရှင် ပွင့်တော်မူခဲ့ရာ ဗောဓိပင်ကြီးမှ အဆက်အနွယ် ဖြစ်သည်ဟု မှတ်ယူရပါမည်။



 အိန္ဒိယပြည် နှင့် မူဆလင်ဘာသာ (သို့မဟုတ်) ဖျက်ဆီးခံလိုက်ရသော ဗုဒ္ဒ ၏ သမိုင်းအမွေအနှစ်များ    

ဟဂျရတ်-မူဟမ္မက်။  ။
ခရစ်နှစ် ၅၇၀ မတိုင်မီက အာရှတိုက်အနောက်ပိုင်း၌ တည်ရှိသည့် အာရပ်နိုင်ငံမှာ
ယခုအခါကဲ့သို့  "အစ္စလာမ်"  ဘာသာမထွန်းကားခဲ့သေးချေ။ ထိုနိုင်ငံ၌ ကျယ်ပြန့်သည့်သဲကန္တာရကြီးများ
ရှိခြင်းကြောင့် ကောက်ပဲသီးနှံမဖြစ်ထွန်းနိုင်၍ ပြည်သူတို့သည် အများအားဖြင့် ဆင်းရဲမွဲတေကြ၏။
ဘာသာအားဖြစ် အချီု့ကသစ်ပင်ကိုလည်းကောင်း၊ အချို့ကအုတ်ကျောင်းမြောင်းတို့ကိုလည်းကောင်း၊
စသည်အမျိုးမျိုး ကိုးကွယ်ခဲ့ကြ၏ သူတို့သည်အချင်းချင်း လုယက်ခြင်း၊ သတ်ဖြတ်ခြင်းစသည့်
မကောင်းမူဒုစရိုက်တွေကို ပြုလေ့ရှိခဲ့ကြ၏။ ဤသို့ဖြစ်နေစဉ် ခရစ်နှစ် ၅၇၀ ခုနှစ်၌ "ဟဂျရတ် မူဟာမက်"
ကို ကောရေစ် အမည်ရှိ သူဆင်းရဲမျိုး၌ မွေးဖွားခဲ့၏။ သူသည် ငယ်စဉ်က တကိုယ်တည်း ဆိတ်ငြိမ်စွာ
နေထိုင်လေ့ရှိ၏။ အရွယ်ရောက်သော် မက္ကာမြို့၌ ရှိသော "ဟေရာ" အမည်ရှိတောင်ကြီး၏ လိုဏ်ဂူထဲ၌
တကိုယ်တည်းတရားအားထုတ်လေရာ ညဏ်အလင်းရောင်ကို ရရှိခဲသည်ဆို၏။ အသက်လေးဆယ်၌
သူသည်တိုင်းပြည်တွင် လှည့်လည်၍ တရားဟောသည်ကား "အလ္လာက ပေးသနားသည့် 'ကိုရမ်' (ကုရမ်)
ခေါ် ကျမ်းစာအုပ်သည် ရှိ၏ အလ္လာအရှင်မြတ်နှုတ်ခပတ်ဖြစ်သည့် ဤ(ကိုရမ်) ကျမ်းစာ၌ ပါရှိသည့် အတိုင်းသာ ကျင့်ကြံအားထုတ်ကြလော့
(သင်တို့သည် အလ္လာသခင် ကိုသာ ၀တ်ပြုကြလော့) သင်တို့မှာ အလ္လာမှတပါး ၀တ်ပြုစရာမရှိ တနေ့ ၅ ကြိမ် ရှိခိုးကြလော့
ထိုသို့ ရှိခိုးသော် အလ္လာသည် သင်တို့၏ လိုအင် ဆန္ဒကို ပြီးစေလတ္တံ့ ဟူ၏ ယင်းသို့ဟောကြားသော်ငြားလည်း အာရပ်လူမျိုးတို့သည် သူ၏နောက်သို့
မလိုက်ခဲကြချေ သူ၏မယားတဦးသာလျှင် ပွဲဦးထွက် အစ္စလာမ်ဘာသာထဲသို့ဝင်လာခဲ့လေ၏။ အချို့က သူ၏ အသက်ကိုပင် သေကြောင်းကြံကြလေ
ရာ မူဟမ္မက် သည် မက္ကာမြို့မှ မေဒိနာမြို့သို့ ထွက်ပြေးခဲရ၏။ သူသည် ထိုမြို့၌ တပည့်လက်သားများကို စုဆောင်းပြီး အာရပ်ပြည် အနှံ့အပြား
လိုက်လံတရားဟောခိုင်းလေ၏ မကြာမီပင် အာရပ်ပြည်ကြီးတခုလုံး အစ္စလာမ်တရား၏ အလိုသို့ လိုက်ပါသွားခဲ့လေ၏။
ခရစ်နှစ် ၆၃၅ ခုနှစ်၌ ဟဂျရတ် မူဟမ္မက် သည် မေဒိနာမြို့၌ ကွယ်လွန်ခဲ့လေ၏။

အစ္စလာမ် အင်ပါယာ
ထိုအခါက အာရပ်လူမျိုးတို့၏ အဓိက အလုပ်ကြီးကား အစ္စလာမ် အင်ပါယာကို ချဲ့ထွင်ရန်ပင်ဖြစ်၏။ သူတို့သည် အစ္စလာမ် တရား၏ မျိုးစေ့များကို
တကမ္ဘာလုံပေါ်တွင် တင်၍ စိုက်ပျိုးလိုကြသဖြင့် ထက်ဝန်းကျင် နိုင်ငံများသို့ တညီတညွတ်တည်း ၀င်ရောက်သိမ်းပိုက်ပြီးနောက် နှစ် ၁၀၀ မျှကြာသော်
မြောက်အာဖရိကတိုက်ရှိ အီရတ် အီရန် အီဂျစ် ပါလက်စတိုင်း တူရကီ ဆစ်ဖရီယား စသည့် နိုင်ငံတို့သည် အစ္စလာမ် တရား၏ လွမ်းမိုးခြင်းကို ခံခဲ့ရလေ၏

အိန္ဒိယပြည်၌ ခရစ်နှစ် ၇၀၀ ခုလောက်ကစပြီး တပြည်လုံးကို အုပ်ချုပ်မင်း လုပ်နိုင်သည့် မင်းမျိုးမရှိတော့ပြီ တမြို့တနယ် တပြည်တမင်းဆိုသလိုဖြစ်ပြီး
အမျိုးမျိုး ကွဲပြဲလျက်ရှိ၏။
ထိုသို့ ဖရိုဖရဲ ပြိုကွဲနေစဉ်မှာ မွတ်စလင်တို့သည် ခရစ်နှစ် ၈ ရာစု နှင့် ၁၀ ရာစုတို့၌ သိန္ဓုနယ် နှင့် ပန်ဂျပ်ပြည်နယ်တို့ကို ၀င်ရောက်တိုက်ခိုက် ဖျက်စီးခဲ့
ကြ၏။ ဆပုတ္တဗန်၏ သား စူလတန် မူဟမ္မက်သည် ဂဇနီမြို့ကို သိမ်းပိုက်အုပ်ချုပ်စဉ် အိန္ဒယပြည်ရှိ မြို့ကြီးများ၌ ရွှေ ငွေ ရတနာ ပေါများပုံနှင့် ကျောင်း
ဘုရား စေတီတို့၌ ရွှေ ငွေ ရတနာ များစွာရှိကြောင်း ကြားသိရ၍ ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ကြလေ၏။
ခရစ်နှစ် ၁၁၉၁ ခုနှစ်၌မူဟမ္မက် ဂေါ်ရီ အမည်ရှိ အာဖဂန် စစ်ဗိုလ်ကြီးသည် အိန္ဒိယ ပြည်ထဲသို့ ၀င်ရောက်တိုက်ခိုက်ရာ ၃ ပုံ ၂ ပုံခန့်လောက်သိမ်း
ပိုက်နိုင်ခဲ့လေ၏။ ထိုစဉ်က ဒေလီမြို့ ကို အုပ်စိုးနေသည့်(ပထ၀ီရာဇ)မင်း နှင့် ဗာရာနသီ အပါဝင် ကာသိတိုင်းကို အုပ်စိုးနေသည့် (ဇယစန္ဒရ) မင်းနှစ်ပါး
တို့ အချင်းချင်းမသင့်မြတ်၍ တိုက်ခိုက်နေစဉ်မှာ ဂေါ်ရီသည် စစ်သည် အလုံးအရင်းဖြင့် ၀င်ရောက်တိုက်ခိုက်ရာ မထ၀ီရာဇမင်း ကျဆုံးလေ၏။
ဂေါ်ရီနှင့် သူ၏ ဗိုလ်မူးနှစ်ဦးတို့သည် ယူပီနယ်သို့ ၀င်ရောက်လာပြီး ဗာရာနသီပြည်ကို ၀င်ရောက်၍ ကြောက်မက်ဖွယ်စစ်ပွဲကြီးကို ဆင်နွဲရာ ဗာရာဏသီ
မင်း ကျဆုံးလေ၏။
ယူပီနယ် အလယ်ပိုင်းထိ တောက်လျှောက် ၀င်ရောက်သိမ်းပိုက်ရာ စစ်လမ်းကြောင်း ကျရာ တလျှောက်လုံရှိ ဗုဒ္ဓဘာသာ ကျောင်းကန်များနှင့် ဟိန္ဒူ
ကျောင်းကန်များကို ဖျက်စီဲခြင်း
ရဟန်း ပုဏ္ဏားတို့ကို ရက်စက်စွာ သတ်ဖြတ်ခြင်း
အပျိုချောကလေးများကို အဓမ္မစော်ကား သိမ်းယူခြင်း
စသည်တို့ကို ပြုကြလေ၏။ ထို့နောက် ကြွယ်ဝလှသည့် ဗာရာဏသီမြို့ တွင်းသို့ တဟုန်ထိုး ၀င်ရောက်လာပြီး ကြီးကျယ်လှသည့်
ဘုရားရှိခိုး ကျောင်းကြီးများကို ဖျက်စီး၍ ရဟန်းပုဏ္ဏား တို့ကို ရက်စက်စွာသတ်ဖြတ်လေ၏။
ဗာရာဏသီ တမြို့လုံး ၁၅ ရက်တိုင်တိုင် မီးဟုန်းဟုန်း တောက်ခဲလေ၏။
ကုဋေကုဋာမကသော ဘဏ္ဍာများကိုလည်း လုယက်ယူသွားကြလေ၏။
ထို့နောက် မိဂဒါဝုန် သို့ ချီတက်သွားပြီး များလှစွာသော ကျောင်း ကန် စေတီပုထိုးများ ဘုရားရုပ်ပွါးတော် ဘုရားအလောင်း ရုပ်ပွါးတော်
နတ်သမီး ရုပ်များကို ချိုးဖဲ့ဖျက်စီး မီးရှို့ကြပြီး ရဟန်းပေါင်း ၁၆၀၀ တို့ကိုလဲ သတ်ဖြတ်ကြလေ၏။
မိဂဒါဝုန်တောကို သာရနာထ ဟုခေါ်ပြီး ယင်းအရပ်၌ ထိုစဉ်က ကျောင်း ၄၅၊ စေတီကြီးငယ် ၅၂ ဆူ၊ ကမ္မဋ္ဌာန်းအားထုတ်ရာ လိုဏ်ဂူပေါင်း
၃၀ ခန့်ရှိ၏၊ ထို့နောက် ဗာရာဏသီမြို့ရှိ များစွာသော စေတီပုထိုးများကို ဖျက်စီး၍ ၄င်းကောင်းနေရာတို့၌ ဗလီကျောင်း များကို ဆောက်လုပ်ကြလေ၏
တိုက်ခိုက်လုယက်၍ ရသည့် ပစ္စည်းများကို ကုလားအုပ်ပေါင်း ၁၄၀၀ နှင့်သယ်ဆောင်သွားကြလေ၏၊
မိဂဒါဝုန်တောအရပ်၌ ဓမ္မစကြာတရားကို မဟောကြားမီ ဘုရားရှင်အား ပဉ္စ၀ဂ္ဂီတို့က ဥိးစွာဆီးကြိုရာနေရာ၌ တည်ထားသော
ကျောက်ခန္တီစေတီ ကြီးသည်မူဆလင် တို့ဖျက်ဆီး၍ လုံးဝ ပျက်ဆီးသွားခဲ့ပေ၏။
ယင်းစေတီ၏ မြောက်ဘက်ရှိ ကစ်တိုးစေတီကြီးသည်လည်း မူဆလင်တို့ ဖျက်ဆီး၍ လုံးဝပျက်စီးသွားခဲ့ပေ၏
ကျောက်ခန္တီစေတီလောက်ပင် အလွန်ကြီးမားသော ဓမ္မရာဇိကစေတီကြီး သည်လည်း ၁၂ ရာစုခန့်က မူဆလင်တို့ဖျက်ဆီး၍ ပျက်စီးသွားခဲ့ပေ၏
ထိုစေတီအနီးရှိ ကျောက်ဖြင့်ဆောက်လုပ်ထား၍ ကမ္ဘာတည်သ၍ မပျက်နိုင်သောနန္တိယကျောင်းတော်ကြီးသည်လည်း မူဆလင်တို့ ဖျက်ဆီး၍
ပျက်ဆီးသွားခဲ့ရ၏။

ဗုဒ္ဓဂယာကို မူဆလင်တို့ ဖျက်ဆီးပုံ
ဤအကြောင်းအရာနှင့် ပတ်သက်၍ သမိုင်းဆရာ မာလေ ကသူ၏ ဘင်္ဂလားခရိုင် ဂဇက်တီးယားထဲ၌ ဤသို့ရေးထား၏
ခရစ်နှစ် ၁၁၉၃ ခုနှစ်၌ မိုဟာမက် ဘတ်တီယာ ခိလဂျီ ခေါ်မူဆလင် စစ်ဗိုလ်ကြီးသည် ရှေးဦးစွာ မဂဓတိုင်းခေါ် ဘီဟာနယ်ကို ၀င်ရောက်တိုက်
ခိုက်သိမ်းပိုက်ခဲ့၏ ထိုသူကား အိန္ဒယပြည်ကို ရှေးဦးစွာ လာရောက်တိုက်ခိုက်သည့် မိုဟာမက်ဂေါ်ရီ ခေါ် အာဖဂန်စစ်ဗိုလ်ကြီး၏ ဗိုလ်မူးတဦး
ဖြစ်၏။ ဘတ်တီယာ ခိလဂျီ သည် မူဆလင် စစ်သားများနှင့်အတူ ဂယာခရိုင်ရှိ လူပေါင်းများစွာတို့ကို သတ်ဖြတ်လုယက်ပြီးလျှင် (ဗုဒ္ဓ+ဟိန္ဒူ)
ဘာသာရေးဆိုင်ရာ အဆောက်ဦများကို ဖျက်ဆီလေရာ ဗုဒ္ဓဂယာမြို့ရှိ အဆောက်အဦများလည်း ပါဝင်၏
သူသည် ခရစ်နှစ် ၁၁၉၃ ခုနှစ်က စ၍ စစ်သား ၂၀၀၀ ခန့်ဖြင့် ဗုဒ္ဓဂယာသို လာရောက်တိုက်ခိုက်ပြီး ရာပေါင်းများစွာသော ကျောင်း စေတီပုထိုး
စသည့် အဆောက်အဥိ တို့ကို မီရှို့ဖျက်ဆီ၍ ထောင်ပေါင်းများစွာသော ရဟန်းတော်တို့ကို သတ်ဖြတ်ပြီး မြောက်များစွာသော ရုပ်ထုတော်များ
ကို ရိုက်ချိုးဖျက်ဆီးကြလေ၏။
အသက်ဘေးမှလွတ်သွားကြသည့် ရဟန်းအချို့သည် တိဗက် နီပေါပြည် နှင့် အိန္ဒိယပြည် တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်ကြခဲ့ရ၏
မူဆလင် လက်အောက်သို့ ကျရောက်သွားခဲ့ရသည့် မဂဓတိုင်းသူ အပျိုချောအလှ တို့ကိုလည်း မူဆလင်စစ်သားတို့က အတင်အဓမ္မသိမ်းပိုက်ပြီး
အစ္စလာမ် ဘာသာထဲသို့ သွတ်သွင်းခဲ့ကြလေ၏။
       သမိုင်းဆရာ ချောင်ဒူရီရေးထားသည်မှာ မဂတိုင်းကို မူဆလင်တို့ ၃ ကြိမ်ဝင်ရောက်တိုက်ခိုက်ခဲ့၏။ ခရစ်နှစ် ၁၁၉၃ ခုနှစ်၌ မိုဟာမက်-
ဘတ်တီယာ ခိလဂျီသည် ခြေလျင် မြင်း ရထား ကုလားအုပ်တပ်တို့ဖြင့် ၀င်ရောက်တိုက်ခိုက်ရာ မဂတိုင်း တောင်ဘက်ပိုင်းကို အောင်မြင်၍
ရဟန်းရှင်လူများစွာတို့ကို သတ်ဖြတ် လုယက်ကြပြီး ကျောင်းကန် စေတီပုထိုးတို့ကို မီးရှို့ဖျက်ဆီးပစ်၍ အမျိုးသမိးတို့ကို အဓမ္မ မုဒိန်းကျင့်ကြ
လေ၏။ ၁၁၉၅ ခုနှစ်၌ ရွှေ ငွေ ဘဏ္ဍာမြောက်များစွာတို့ကို လုယက်ယူပြီး အိန္ဒိယပြည် မြောက်ပိုင်းရှိ ဒက်ကင်နယ်သို့ ပြန်သွားကြလေ၏။
  ဘတ်တီယာ ခိလဂျီ သည် ကာလရောဂါ ကျောက်ရောဂါ တို့ကြောင့် သူ၏ စစ်သားများ မရှူမလှ သေကြရာတွင် ဂေါတမ ဘုရားကြောင့်
ဤသို့ ဖြစ်ရသည်ဟု ဂေါတမ ဘုရားအား အငြိုးထားကာ ထိုစစ်သားအလောင်းတို့ကို ဗုဒ္ဓဂယာမြို့ရှိ ကျောင်းရာစေတီရာတို့၌ မြုတ်နှံပြီး၊ အချို့
ကို ဗုဒ္ဓဂယာ နှင့် ဂယာမြို့ အကြားသို့ ယူဆောင်ကာ စေတီ ပုထိုးများမှ အုပ် ကျောက် တို့ဖြင့် အရိုးဂူ ဗလီ များကိုဆောက်လုပ်ခဲ့လေ၏။
တဖန် ဘတ်တီယာ ခိလဂျီသည် ၁၁၉၇ ခုနှစ်၌ မဂဓနေပြည်တော်ကို ၀င်ရောက်တိုက်ခိုက်ခဲရာ ရှေးနည်းတူပင် (ဗုဒ္ဓ+ဟိန္ဒူ) ဘာသာ နှစ်ခု
စလုံးကို ဖျက်ဆီးပြန်လေ၏။ ထို့နောက် ၁၁၉၉ ခုနှစ်၌ ဗိုလ်မူး မိုဟာမက် ကုတ်ဘွဒ္ဒိန် သည် ပါဋလိပုတ် နာလန္ဒ ရာဇပြည် စသည်နယ်များကို
တိုက်ခိုက်ပြီး ကျောင်ကန် စေတီ ပုထိုး အဆောက်အဦ များစွာတို့ကို မီးရှို့ဖျက်ဆီးပြီး ရဟန်းတော် များစွာတို့ကို သတ်ဖြတ်ကြလေရာ
နလံမထူနိုင်အောင် ပျက်ဆီရလေ၏။

ကုသိနာရုံ
       ဖျက်ဆီးမီးရှို့ခံခဲ့ရသော ကုသိနာရုံကျောင်းတော်ကြီ၏ အောက်တံခါးနှစ်ဘက်တွင် အခေါင်းကြီးနှစ်ခုရှိရာ ယင်းတို့အထဲ၌ ရှေးဟောင်းတံခါးများတွင် တပ်ဆင်ခဲ့သော ရှေးဟောင်းပုံစံ သံပတ္တာများနှင့် မီးသွေးအစအနများအပြင် မီးရှို့အသတ်ခံရသည့် ရဟန်း
တို့၏ အရိုးတွေများစွာနှင့် မီလောင်ပစ္စည်းများကိုလည်းတွေ့ရှိရလေ၏။ ဤသို့စသည် မူဆလင်တို့က မီး စသည်လက်နက်တို့ဖြင့်
(ခရစ်နှစ် ၁၁၉၇) ဖျက်ဆီးခဲ့သော ကုသိနာရုံကျောင်း စသည့်ကျောင်းကန်စေတီများကိုတွေ့ရှိရ၏။ မူဆလင်တို့က ၀ါဝါမြင်သမျှ
လိုက်သတ်ကြသဖြင့် တချို့ရဟန်းများ ဘုရားရှင် ပရိနိဗ္ဗာန်ပြုရာ ဂူကြီးထဲသို့ ၀င်ပြေးကြသည်တွင် အပြင်ဘက်မှ တခါးများကို မိးရှို့၍
သတ်ကြပြန်လေ၏။

သာဝတ္ထိပြည်
အလွန်ထင်ရှားခဲ့သည့် ဇေတ၀န်ကျောင်းတော်ကြီး နှင့် ပုဗ္ဗာရုံကျောင်းတော်ကြီး တည်ရှိရာ သာဝတ္ထိပြည်ကြိးသည် တဖြေးဖြေးဆုတ်ယုတ်လာ
ခဲ့ရာ ခရစ်နှစ် ၃ ရာစု၌ အိမ်ခြေ ၂၀၀ ခန့်သာကျန်ရှိခဲ့ပြီး ၆ ရာစုအတွင်း သာသင်္ကမင်းလက်ထက်၌ လုံးဝ ပျက်ဆီးသွားခဲ့ရလေ၏။
ယခုအခါ မြို့၏အရှေ့ဘက်မျက်နှာကို အစီရ၀တီမြစ်ရေက တိုက်စားသွားခဲ့လေ၏။ တူးဖော်ကြည့်သော် ပုဗ္ဗာရုံကျောင်းတော်ကြီးနှင့်တကွ
ဂန္ဓကုဋိတိုက်လေးလုံး ညောင်စောင်းကြီးတခု အရှင်သာရိပုတ္တရာ၏ ဓာတ်တော်စေတီတဆူ အာနန္တာဗောဓိပင် နှင့် ရေတွင်းရေကန်များ
ပေါ်ထွက်လာခဲ့ကုန်၏။
ဤသာဝတ္ထိပြည်သည်လည်း မူဆလင်တို့ ဖျက်ဆီးမူ့မှ မလွတ်ခဲ့ချေ...။
စ၀်ဥာဏဗောဓိ

Saturday, October 29, 2011

ချင်းတောင်ပြာတန်း၏ သာသနာပြုခရီး(၁)

ချင်းမြေလွှာသို့ ကြွလှမ်းခဲ့သည့် နေ့ရက်များ
နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ်မှာ ပညာရည်နို့သောက်စို့ပြီးကြသော
ကျောင်းသားတို့သည် တောင်တန်းသာသနာပြုတာဝန်ကို အမိတက္ကသိုလ်၏တာဝန်ပေးမှုဖြင့်
 (၂)နှစ်တာကာလထမ်းဆောင်ရမည်။

၂၀၀၅-ခုနှစ် ပညာသင်နှစ်ပြီးဆုံးကြသော ကျောင်းသားတို့သည် မိမိတို့တာဝန်ကျရာ 
တောင်တန်းမြေလွှာအသီးသီးသို့ (၂၁-၁၂-၂၀၀၅)ရက်နေ့နောက်ဆုံးထား၍ သာသနာပြုတာဝန်
ထမ်းဆောင်ရမည်ဟု ကျောင်းသားအားလုံးတို့က အမိန့်စာလက်ခံရရှိခဲ့ကြသည်။
စာရေးသူအပါအ၀င် သီတင်းသုံးဖော် အရှင်ဥာဏိန္ဒ(သီပေါ)နှင့် အရှင်ဇာဂရရဟန်းတော်သုံးပါးတို့သည်
ပလက်ဝမြို့နယ်၊ချင်းပြည်နယ်(တောင်ပိုင်း)မှာ တာဝန်ကျခဲ့ကြသည်။
ဲ့

မိမိသာသနာပြုဌာနက ဗုဒ္ဓဂါမ....တဲ့။
မိမိ၏သီတင်းသုံးဖော် နှစ်ပါးက ဖားစင်နှင့်ရှင်မဒိန်သာသနာပြုဌာနတို့မှာ
သာသနာပြုတာဝန်ထမ်းဆောင်ကြ၏...။
ဘ၀ကံကြမ္မာ၏စီမံရာ လောကဓံဇာတ်ခုံပေါ် မိမိတို့က , ပြရတော့မည်။
မိမိတို့သည် သြ၀ါဒ ခံယူပွဲကို တက်ရောက်ကြပြီး ပလက်ဝမြို့နယ်မှာ သာသနာ့ပြုတာဝန်ထမ်းဆောင်ရမည့်
ရဟန်းတော်သုံးပါးက ချင်းတောင်တန်းသို့
မည်သည့်မည်ရက်ခရီးစတင်သွားရမည်ကို  တစ်ပါးနှင့်တစ်ပါးတိုင်ပင်ဆွေးနွေးကြကာ
မိမိတို့ တောင်တန်းခရီးစဉ်ကို လမ်းခရီးကျွမ်းကျင်သူများထံ မေးမြန်းရသည် မှာ အမောပေါ့...။


အမိတက္ကသိုလ်၏မေတ္တာရင်ခွင်ရိပ်နှင့်လည်းထာဝရ လမ်းခွဲရတော့မည်ဟူသော
အသိကြောင့် လမ်းခွဲလို့ ဖြာဆင်းစိးသွယ်လာသော မျက်ရည်ပုလဲလုံးတို့သည် 
ရင်ပြင်တစ်ခုလုံးပြည့်လျှံနေမိသည်...။
နေခြည်နုထွေး သန်းလာသဖြင့် ပန်းမာန်တို့သည် ငုံဖူး၍ ပွင့်လာပြီး
ဆောင်းနှင်းဖွေးဖွေး အလှတို့ကို ချယ်ရီ သဇင်ပန်းတို့က သြဘာပေးနေသည့်အတွက် 
စိမ်းလန်းစိုပြေနေသော သာသနာ့တက္ကသိုလ်၏ငြိမ်းချမ်းခြင်းအာဝါသတို့က 
မိမိတို့ကို လက်ယမ်းပြ၍နှုတ်ခွန်းဆက်သနေမိပါပြီ....။
စ၀်ဥာဏဗောဓိ(ချယ်ရီမြေ)



Friday, October 28, 2011

ပေးလိုအခွင့် ပန်းနှယ်ပွင့်

မည်သူမဆို၊ရှေးကုသိုလ်လျှင်
ပေးလိုအခွင့်၊ပန်းနှယ်ပွင့်၏
ခါချင့်ချိန်ဆုန်း၊နတ်တနှုန်းသို့၊
လူဘုန်းကြမ္မာ၊မမြင်သာဘူး(မဃဒေ၀-၂၄၈)


လူ့လောက၌ မည်သူ့မဆိုရှေးအတိတ်က ပြုခဲ့သောကောင်းမှုကုသိုလ်ရှိခဲ့လျှင်
ထိုကုသိုလ်၏အကျိုးပေးမှုသည် ပန်းများပွင့်လာသလိုဖြစ်ပေါ်လာရမြဲဖြစ်၏။
ထိုကံကြောင့် ကောင်းကျိုးချမ်းသာကိုခံစားကြရကုန်၏။
ထို့ကြောင့်လူတို့၏ဘုန်းကံကို မျက်စိဖြင့် မမြင်သာသဖြင့်
အထင်သေးနှိမ့်ချခြင်းမပြုသင့်ချေ...။


မကြံလည်းပြီး ကြံလည်းပြီး
ကုသိုလ်ဘုန်းကံ၊သင့်စီမံသော်
မကြံလည်းပြီး၊ကြံလည်းပြီး၏
မတီးလည်းမြည်၊တီးလည်းမြည်သို့
မရည်လည်းမြောက်၊ရည်လည်မြောက်ခဲ့...။မဃဒေ၀-၂၅၄

စ၀်ဥာဏဗောဓိ(ချယ်ရီမြေ)

အမေ့နှလုံးသား(၆)

အမေ...ပခုက္ကူမြို့နယ် ထနောင်းကုန်းတိုက်နယ်သူကြီး(၁၉၄၇...)ဦးအုန်းဖေဆိုတဲ့ပုဂ္ဂိုလ်က
သူကြီးမဖြစ်ခင် အထိ အလွန်းဆိုးခဲ့ဖူးသည်။
လူဆိုသည် စာပေကြောင့် ဘ၀ပြောင်းလဲစေခဲ့သည်။
သူသည် လူဆိုးဓားပြဖြစ်ခဲ့ဖူးသည်။ထောင်လည်းသုံးခါကျခဲ့ဖူးသည်။
သို့သော် ဦးအုန်းဖေသည် သူကြီးဖြစ်သည့်အချိန်မှစပြီး နေ့စဉ်မှတ်တမ်းဒိုင်ယာရီရေးသည်။
သူ့ရေးထားသည့်စာအုပ်ပေါင်း (၆၀)တိတိရှိသည်။စာမျက်နှာပေါင်း၂၁၉၀၀ရှိသည်။
အသက်(၇၀)ကျော်မှာ ပရဟိတ အကျိုးအတွက် ပခုက္ကူတွင် အခမဲ့စာကြည့်တိုက် တစ်တိုက် 
ထနောင်းကုန်းရွာ၌အသိပညာစာကြည့်တိုက်၊ရှားတောရွာမှာလည်း ဗဟုသုတစာကြည့်တိုက်ဆိုပြီး
ပြည်သူဖတ်ကြဖို့ အခခဲ့စာကြည့်တိုက်တို့ကို တည်ထောင်ဖွင့်လှစ်ပြီး လှုဒါန်းခဲ့သည်...တဲ့။


သူ့စိတ်ဓာတ်သူ့စေတနာဟာ စာပေမှ စီးဆင်းလာခဲ့သည်မှာယုံမှားဖွယ်မရှိ။
နောင်လာနောင်သား များအတွက် အတုယူစရာဖြစ်အောင်ပရဟိတအကျိုးကိုထမ်းရွက်ခဲ့သည်။
ဦးအုန်းဖေလိုပုဂ္ဂိုလ်မှာ မြို့ရွာတိုင်းမှာ ရှိလျှင်ကောင်းမှာပဲဟု တွေးမိသည်။
အမေ...
သားလည်း စာပေ၏အနှစ်သာရကို သဘောပေါက်လို့အမေ့နှလုံးသားဆန္ဒကို ဖြည့်ရင်း
ဇာတိချက်ကြွေမွေးရပ်မြေမှာ အမေ့ရွာ စာပျိုးခင်း လူငယ်စာကြည့်တိုက်ဆိုပြီး
တည်ထောင်ပြီးလှုဒါန်းခဲ့ပါပြီ အမေ...။
ရွာမှာ စာကြည့်တိုက်တည်းဟူသော ဆီမီးတစ်တိုင်သည် ရွာသူရွာသားတို့၏နှလုံးသားကို
ထွန်းလင်းထောက်ပစေပြီးငြိမ်းချမ်းပျော်ရွှင်ပါစေ ဟု သားဆန္ဒပြုပါရဲ့အမေ...။


အမေ..
စာကြည့်တိုက်သည် စာဖတ်သူဆန္ဒကို အစွမ်းကုန်ကူညီလိုက်လျောသောကြောင့် 
စာအုပ်များကို စာဖတ်သူကိုယ်တိုင် ရွေးချယ်နိုင်သော အခွင့်ပေးထားရကား 
ဟင်းလင်းဖွင့်စင်(open axxession)အဖြစ်ထားရှိသည်။
အမေစာကြည့်တိုက်ဆိုတာလည်း သခါင်္ရသဘောတရားပါပဲ..။
ဖြစ်၊တည်၊ပျက် ပေါ့။စာကြည့်တိုက်တည်ထောင်သည်။မကြာခင်ပျက်စီးသွားတတ်သည်။
ကြိုတင်ပြင်ဆင်မှုလည်းအများကြီးလိုအပ်သည်။
စာကြည့်တိုက် အင်္ဂါ(၅)ရပ် ဘီငါးလုံးရှိမှစာကြည့်တိုက်က အသက်ဝင်ရှင်သန်နိုင်မှာလေ....။
၁။books-စာအုပ်များဖတ်ချင်စရာပြည့်စုံရမည်။
၂။Borrower-စာဖတ်သူများစည်ကားနေရမည်။
၃။Brain-စာကြည့်တိုက်မှုးကော်မတီက ကြီးကြပ်ပြီးတိုးတက်အောင်စနစ်တကျစီမံခန့်ခွဲရပါမည်။
၎။Building-အဆောက်အဦး ပရိဘောကပြည့်စုံရမည်။
၅။Budget-စာအုပ်တွေ အသစ်ဝယ်ဖို့ အခွန်အခ သုံးစရာ ရံပုံငွေပြည့်စုံရမည်။
ငွေပဒေသာပင် ထားရှိရမည်...တဲ့။
ဒီငါးချက်ဟာ စာကြည့်တိုက်တစ်တိုက်၏ ရေရှည် တည်တံ့ခိုင်မြဲဖို့ အခြေခံအုစ်မြစ် များသာ ဖြစ်သည်။
အုတ်မြစ်မခိုင်ရင် ရေရှည်မှာဘယ်အရာမှ မတည်မြဲပါ။
အမေစာကြည့်တိုက်သည် မရှိမဖြစ်လိုအပ်သည်။စာကြည့်တိုက်သည် အမြည်းသဘောရွေးချယ်ဖတ်ရူနိုင်သောကြောင့် စာဖတ်ပရိသတ် အတွက် စာရွေးတတ်လာအောင်
အလေ့အကျင့်ပြုစုပျိုးထောင်ပေးရာလည်းဖြစ်သည်။

စာကြည့်တိုက်သည် ပြည်သူတို့၏အကျိုးအတွက် ထမ်းဆောင်ပေးရာ ဗဟိုဌာနကြီးလည်းဖြစ်သည်။
သို့အတွက် ပြင်ဦးလွင်မြို့နယ်၊ပန်းဦးတောင်ရွာမှာ (mother's native of library)အမေ့ရွာစာပျိုးခင်း
စာကြည့်တိုက်ကို အခခဲ့ဖွင့်လစ်ပေးခဲ့သည်။
ဘ၀တက္ကသိုလ်မှာ သင်ယူစရာ လေ့လာစရာ အတုယူစရာ က အလွန်များပြားပြီး လောကဓံပင်လယ်လှိုင်းကြားက သူသူ ငါငါ အရှုံးမပေးသောဇွဲဖြင့်
ကိုယ်လိုရာပန်းတိုင် ခရီးသို့ ရောက်အောင်သွားနိုင်ကြပါစေ...။
(အမေ့နှလုံးသား ဟူသော ဆောင်းပါးလေးသည် ပြင်ဦးလွင်မြို့နယ် ပန်းဦးတောင်ရွာ အမေ့ရွာစာကြည့်တိုက်တစ်နှစ်ပြည့် အထိမ်းအမှတ်စာပေဟောပြောတွင် ရေးသားခဲ့သော စာမူဖြစ်သည်။)
စ၀်ဥာဏဗောဓိ(ချယ်ရီမြေ)

Thursday, October 27, 2011

အမေ့နှလုံးသား(၅)

အမေ ဤနေရာတွင် 
စာရေးဆရာတို့၏စာပေဒပဿနကိုရေးပြခွင့်ပြုပါတော့နော်...
ဆရာကြီးပီမိုးနင်းက (၁၈၈၃-၁၉၄၁)သူ့၏ကြီးပွားရေးလမ်းညွန်စာအုပ်မှာ
လက်သမားကောင်း၏အရင်းအနှီးမှာ ဆူးဆောက်ကောင်းများဖြစ်ဘိသကဲ့သို့
စာအုပ်များမှာ တိုးတက်ကြီးပွားလိုသူ သူဌေးဖြစ်လိုသူတို့၏ အရင်းအနှီးလမ်းကောင်းများဖြစ်သည်။
လက်သမားတစ်ယောက်သည် ဆူးဆောက်တည်းဟူသော ပစ္စည်းကောင်းများ 
မရှိခဲ့လျှင် လက်သမားကောင်းတစ်ယောက်ဖြစ်မလာနိုင်ပါ...။
စာမဖတ်သော သူတစ်ယောက်သည် တိုးတက်ကြီးပွားလာနိုင်သူတစ်ယောက်မဖြစ်နိုင်ပါ...။
ဗဟုသုတမရှိလျှင် ပရဟိတ စိတ်ဓာတ်လည်းမမွေးမြူနိုင်ပါ...။
ခေါင်းဆောင်ကောင်းတစ်ယောက်လည်းမဖြစ်နိုင်...။


စာပေသည် လူ့ဘ၀အတွက်မည်မျှအရေးပါသနည်း..။
စာပေကိုလေ့လာပါ။မှတ်သားပါ။ရှာဖွေပါ။ဖတ်ပါ ဟု ဆရာဖေမြင့်က တိုက်တွင်းစကားကို
ပြောဆိုထားတာမှတ်သားခဲ့သည်။
ဘယ်လိုပြောသလဲဆိုရင်
လူသည် မနက်ထက် ညမှာ ပညာပိုရှိသည်။ မနေ့ကထက် သည်ကနေ့ အသိဥာဏ်သာရမည်။
အသက်ကြီးလာသည်နှင့်အမျှ ဦးနှောက် အလေးချိန်ပိုကြီးလာရမည်..။
သည်အတွက်ဘာလုပ်ရမည်နည်း

တစ်နည်းသာရှိသည်။ စာဖတ်ပါ။ ဒါပဲ...တဲ့။

ဘ၀အတွက်မှာ လမ်းညွန်တာက အတိုဆုံးနှင့် အထိရောက်ဆုံးပါပဲ...။
စာဖတ်မှ ဦးနှောက်ကြီးထွားမည်။စာဖတ်မှဘ၀ခွန်အားရှိမည်။
စာဖတ်မှပညာဗဟုသုတရရှိမည်။စာဖတ်မှ ပရဟိတစိတ်ဓာတ်ရှင်သန်မည်။
စာဖတ်မှ မိမိ၏ပတ်ဝန်းကျင်နွေးထွေးမှုနဲ့သမိုင်း ကမ္ဘာ့သမိုင်းတို့ကို သိလာမည်။


နောက်ပြီး ကမ္ဘာကျော် စာရေးဆရာကြီး မဂ္ဂဇင်ဂေါ်ဂီ(၁၈၆၈-၁၉၃၆)က ကျွန်တော်တို့က
စာပေတွေကို ဖတ်လေလေ စာအုပ်တွေက ကျွန်တော်တို့ကို ကမ္ဘာကြီးနဲ့ပိုမိုနီးစပ်အောင် လုပ်ပေးလေလေ..။
ဘ၀ဆိုတာ ပိုမိုကြည်လင်ပြတ်သားတဲ့အဓိပ္ပါယ်ကို ဆောင်လေလေဖြစ်ပါတော့တယ်လို့ ရေးခဲ့ဖူးသည်။
စာပေကိုမဖတ်ရင် စာအုပ်နှင့် ပိုဝေးမည်။
စာအုပ်နှင့်ဝေးခွာနေပါက ကမ္ဘာကြီးနှင့်ဝေးတော့မည်။
ကမ္ဘာကြီးနှင့်ဝေးမှတော့ မိမိဘ၀ရှင်သန်ခြင်းဟာ အဓိပ္ပါယ်မရှိသလိုပါပဲ....။
လူသားသည် မိမိ၏ပတ်ဝန်းကျင်နှင့်ထာဝရ ထိတွေ့နေရမည်။
ပတ်ဝန်းကျင် က ပေးတဲ့ပညာ၊အသိစသဖြင့် ကမ္ဘာ့တက္ကသိုမှာ 
ပညာသင်ကြားနေရတာမဟုတ်ပါလား....။


ုတစ်ဖန် ဂရိကဗျာစာဆို ဟိုးမားဆိုသော ပုဂ္ဂိုလ်က 
စာဖတ်ခြင်းနှင့်ပတ်သက်ပြီး ဘယ်လိုတိုက်တွန်းထားသလဲဆိုတော့
သင်ဟာ စာဖတ်ခြင်းကို မနှစ်သက်၊၀ါသနာမပါဘူးဆိုရင် ဘယ်သောအခါမှ
ဥာဏ်ပညာကို ရရှိမလာနိုင်ဘူး.....တဲ့။
သြော်...စာရေးဆရာကြီးများက ပြောသည့်စကား၊ရေးသည့်စာတွေက
တန်ဖိုးဖြတ်လို့မရနိုင်ပါဘူး..။
ဘ၀တက္ကသိုလ်ကျောင်းသူ ကျောင်းသားအတွက် သင်စရာ လေ့လာစရာများ
မကုန်နိုင်အောင်ပါပဲ...။
စာပေ၏အနှစ်သာရ စာပေ၏တန်းဖိုးကို လူတိုင်းလက်ခံမည်ဆိုလျှင်....
စ၀်ဥာဏဗောဓိ(ချယ်ရီမြေ)

အမေ့နှလုံးသား(၄)

ဘ၀တက္ကသိုလ်မှာ ပညာသင်ကြားနေကြသည့်ကျောင်းသူ ကျောင်းသားများအတွက်
အရှင်မဟာရဌသာရမထေရ်က ဤသို့လမ်းညွန်ထားသည်။
သု၊စိ၊ပု၊ဘာ၊၀ိ၊လိ၊သိ၊ဓာ ၊အက္ခရာစွဲသုံး ဤရှစ်လုံးကို သီကုံးပန်သွင် နေ့တိုင်းဆင်လော့...။


အထက်ပါကဗျာအတိုင်း ပညာကို လိုလားကြသော ကျောင်းသူ ကျောင်းသားများအတွက်
ပညာသင်ယူရတာ ဘာမှအခက်ခဲမရှိပါ...။
စနစ်တကျ လိုက်နာဆောင်ရွက် မည်ဆိုလျှင် ဘ၀တက္ကသိုလ်က ပေးထားသောမေးခွန်းကို
ဖြေဆိုအောင်မြင်နိုင်ကြမည်....။
ကဗျာ၏ဆိုလိုရင်းက
၁။သုဏေယျ-သင်ကြားပါ။ဖတ်ရှုပါ။
၂။စိန္တေယျ-ကြံစည်စဉ်းစားပါ။တွေးတောဆင်ခြင်ပါ။
၃။ပုစ္ဆေယျ-မေးမြန်းပါ။စုံစမ်းပါ။
၎။ဘာသေယျ-ဆွေးနွေးပါ။တိုင်ပင်နှီးနှောပါ။
၅။ဝိစာရေယျ-စူးစမ်းပါ။သုတေသနပြုပါ။
၆။လိက္ခေယျ-ရေးသားပါ။မှတ်သားပါ။
၇။သိက္ခေယျ-လေ့ကျင့်ပါ။
၈။စာရေယျ-ကျက်မှတ်ပါ။အာဂုံဆောင်ထားပါ
ဤစကားလုံး(၈)လုံးကို ပန်းကုံးသဖွယ်သီကုံးပြီးနေ့တိုင်းပန်ဆင်ပေးပါလို့ သြ၀ါဒစကားပင်ဖြစ်သည်။
အကျယ်ချဲ့၍မရေးသားတော့ပါ..။မိမိ၏ဥာဏ်ဖြင့်ချဲ့၍စဉ်းစားစေချင်သည်။


အမေ ....
ဘ၀တက္ကသိုလ်မှာ ပညာကိုရှာဖွေရင်း အမေပျိုးထားခဲ့သည့်စာပေပျိုးခင်းဖြင့်
လောကအလှ ဘ၀အလှအတွက်ထာဝရတန်ဆာဆင်ပေးနေမည်။
အမေ့နှလုံးသားက ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်သည်၊ပျော်ရွှင်စေချင်သည်မဟုတ်ပါလား...။
သည့်အတွက် စာပေအလင်းရောင်ဖြင့် သား၏ပတ်ဝန်းကျင်ကို ငြိမ်းချမ်းပျော်ရွှင်ချမ်းမြေ့နေပါ့မည်။

စ၀်ဥာဏဗောဓိ(ချယ်ရီမြေ)

Wednesday, October 26, 2011

အမေ့နှလုံးသား(၃)

အမေ.....
ဆီမီးတစ်တိုင်သည် အမှောင်ခွင်း၍ အလင်းဆောင်နိုင်သည်။
ထို့အတူ စာကြည့်တိုက်ဟူသည်လည်း မိမိ၏ဘ၀အမှောင်ကိုပယ်ခွင်း၍
လင်းလက်တောက်ပစေသည်။
စာပေတည်းဟူသော အလင်းရောင်သည် ညချမ်းအခါ၌ ငွေလရောင်နှင့်ဆင်တူသည်။
လရောင်ကင်းမဲ့သောညသည် မတင့်တယ်။စာပေကင်းမဲ့သောလူ့ဘ၀သည်လည်း မတိုးတက်နိုင်။
စာမဖတ်သောသူသည် ဗဟုသုတပညာကို မရရှိနိုင်ပါ။


သည်အတွက် စာဖတ်မှ အလင်းရောင် ပိုရမည်။
စာဖတ်မှနွေးထွေးမှုပိုရမည်။စာဖတ်မှတိုးတက်အောင်မြင်မည်။
စာဖတ်မှကြည်နူးပျော်ရွှင်မှုက တာရှည်ရမည်။
စာပေကို မြတ်နိုးတန်ဖိုးထားလို့ ဘ၀အသိဥာဏ်များရင့်ကျက်မည်။
ဗဟုသုတတိုးပွားလာမည်။ဤအကျိုးတို့သည် စာပေ၏ကျေးဇူးကြောင့် သိလာရခြင်းဖြစ်သည်။


ဘ၀ဆိုတဲ့တက္ကသိုလ်ကျောင်းတော်ကြီးမှာ လူသားတွေဟာ
ထာဝရကျောင်းတော်သား ကျောင်းတော်သူတွေချည်းပါပဲ လို့
အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းက ပြောခဲ့ဖူးသည်။
ဒါဆို သားတို့က ထာဝရကျောင်းသားတွေပါပဲ..
ဘ၀တက္ကသိုလ်မှာ ပညာကိုရှာဖွေနေရဦးမည်။
အမေက ဆရာ၊ သားတို့က ကျောင်းသား...။ဘ၀တက္ကသိုလ်တစ်ခုတည်းမှာ
ပညာဆည်းပူးနေရဦးမည်။


စာကြည့်တိုက်သည် အတန်းမရှိသော ဘ၀တက္ကသိုလ်တစ်ခုလို့ တွေးမိသည်။
စာကြည့်တိုက်မှာ ရှိသော စာပေဟူသမျှ တို့သည် ဘ၀အတွေ့အကြုံ(သင်ခန်းစာ)များသာ ဖြစ်သည်။
စာအုပ်များ စုဆောင်းရာ စာကြည့်တိုက်ကို ဘ၀ဇာတ်ခုံဟု
ဆိုလာနိုင်ကောင်းပါသည်...။
စ၀်ဥာဏဗောဓိ(ချယ်ရီမြေ)

ပစ္စည်းဥစ္စာ ရကြောင်းရှာ

ယောက်ျားတံထွာ၊ဓမ္မတာဖြင့်
ပညာဥစ္စာ၊ရကြောင်းရှာ၍
ပျော်ရာမနေ၊တော်ရာနေမှ
အခြေရပြီး၊ခိုင်းပွားဖြီးလိမ့်
မြေကြီးတောင်ပို့၊ပျားလဘို့သို့
လူတို့ကိစ္စ၊လူ့လောက၌
သုတပညာ၊ဥစ္စာပစ္စည်း
ရှာစုနည်းကို၊နိဿရည်းစံပြု
မျှနှိုင်းရှုလော့(မဃဒေ၀၊၂၄၂)

ယောင်္ကျားတို့ဓမ္မတာနှင့်အညီ ပျော်ရာမနေ တော်ရာမှာနေပြီး
ဥစ္စာပစ္စည်းကိုရှာဖွေရပါတယ်...။
ရရှိပြီးတဲ့ဥစ္စာတွေကို ခြများတောင်ပို့ဖို့ပုံနှင့် ပျားများ ပျားလဘို့လုပ်ပုံတို့ကို
နည်းယူကာ ပို၍တိုးပွားချမ်းသာအောင်
ကြိုးစားရမည်..။
သည့်အပြင် လူ့လောက၌ မရှိမဖြစ်တတ်မြောက်ထားသင့်သော ပညာဗဟုသုတ
ဥစ္စာပစ္စည်းရှာဖွေစုဆောင်းနည်းများကို စံထားအသုံးပြုတတ်ရမည်..
ဤလောကကြီး ပညာသင်လို့ မပြီှးဆုံးနိုင်တဲ့ တက္ကသိုလ်ကြီးဖြစ်တယ်...။
မိမိဟာ လောကကြီးရဲ့ထာဝရကျောင်းသားဖြစ်လို့ တက္ကသိုလ်ဆိုတာ ဒါပဲလားလို့
စိတ်ထဲမှာ အမြဲတမ်းနှလုံးသွင်းကြပါလို့ တိုက်တွန်းချင်ပါတယ်...


ဥာဏဗောဓိ

မိဘကျေးဇူး ဆပ်၍မကုန်

လူ့ဘုံဌာန၊ဤလောက၌
ဘကိုလက်ျာ၊မိမှာလက်ဝဲ
အမြဲဆောင်ရွက်၊ပခုံးထက်သို့
တင်လျှက်လုပ်ကျွေး၊ မပြတ်မွေးလည်း ကျေးဇူး ဂုဏ်စိုင်
မကုန်နိုင်ဘူး(မဃဒေ၀၊၂၄၄)
လူ့လောကတွင် ကိုယ့်ကိုမွေးပေးသော မိဘနှစ်ပါးရဲ့ကျေးဇူးကာ ကြီးမားလှတယ်...။
ထိုကျေးဇူးကို ဆပ်ဖို့အဘကိုလက်ျာပခုံး အမိကို လက်ဝဲပခုံး တင်ပြီး နှစ်ပေါင်းတစ်ရာလုပ်ကျွေးသော်လည်း
ဂုဏ်ကျေးဇူးက မကုန်နိုင်ပါဘူး....
ဒါကြောင့် မိမိရဲ့မိဘနှစ်ပါးရဲ့ဂုဏ်ကျေးဇူးကို တက်နိုင်သလောက် တုန့်ပြန်သင့်တယ်
လူသားတိုင်းမိဘကျေးဇူးကိုသိရှိနားလည်ပြီး ဆပ်နိုင်ပါစေ
ဥာဏဗောဓိ

Monday, October 24, 2011

ဘ၀၏အရသာ

အခြားလူများအတွက်
အကျိုးရှိစေခြင်းသည်
ဤလောကတွင်
တစ်ခုတည်းသော ပျော်ရွှင်စရာပင်ဖြစ်သည်....။


To be use of in the world 
is the only way to be happy.
(Andersen)

တန်းဖိုးရှိသူ

အောင်မြင်သူ တစ်ဦးဖြစ်ရန်ထက်
တန်းဖိုးရှိသူ တစ်ဦးဖြစ်ရန်ကြိုးစားပါ...။


Try not to become a man
of success but rather try to become a man of value.
(Einnstein, Albert)