ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Saturday, November 5, 2011

မျက်ရည်

ဘ၀တစ်လွှာ သံသရာခရီး
ငါငါသူသူ စိုးရိမ်ပူဆွေ
ငိုကြွေးမြည်တမ်း မျက်ရည်အစု
ပေါင်းစုံပြုခါ မဟာလေးစင်း
ရေပြင်သမုဒ်ထက် များပြားလှပါပြီ...။


သူ့ချစ် ငါ့ချစ် အချစ်နှီးနှော
သံယောဇဉ် ရောင်စုံချစ်ခြင်း
သားချစ် မယားချစ် အချစ်ဖြစ်နှယ်
ချစ်သူသဘော မနောငင်အား
မနားမနေ ချစ်သွေးဝေလျက်
သခါင်္ရ ပြုသမျှကြောင့်
မျက်ရည်ပူစမ်း ချစ်သူပါးဝယ်
မျက်ရည်စခန်း ၇ုပ်သိမ်းနိုင်ပါလေစ..။
စ၀်ဥာဏဗောဓိ

No comments:

Post a Comment