နှင်းဝတ်မှုန်ကြွေ မိုးစက်တွေဖွဲ
လှနွှဲနွှဲဟန် အားမာန်မျိုးစုံ
ရောင်စုံပန်းတွေ ဖူးပွင့်သည့်
မွေးရပ်မြေ ရှမ်းရိုးမနှင့်
မွေးမိရင်ခွင် ခိုလှုံချင်လည်း
တမြေစီခြား အနေကွာ၍
အများအတွက် အသက်ဆက်ကာ
ပညာပျိုးခင်း စိုက်ပျိုးခိုက်မို့
ပျော်ရွှင်ချမ်းမြေ့ ပန်းဦးတောင်ရွာသို့
သားထွေးပြန်မရောက်တာ
ခွင့်လွှတ်ပါအမေ...။
တောတောင်သွယ်တန်း
ပန်းဦးဝန်းက
ဥသြငှက်ပျို သီချင်းဆိုလျက်
တောင်ညိုမြရိပ် ရွာဦးထိပ်မှ
လွမ်းစိတ်တွေပွေ မျက်ရည်ဝေကာ
သားထွေးအလာ မျှော်ရှာတဲ့အမေ...။
ဥာဏ(ပြင်ဦးလွင်)
သားထွေးအလာ မျှော်ရှာတဲ့အမေ
ReplyDeleteပျော်ပါစေကြောင်း ဆုမွန်တောင်း၍
ကောင်းကျိုးကိုရည် တိုးတက်သည်ထက်
ပိုတိုးတက်အောင် ရွက်ဆောင်ပါရင်း
မနက်ခင်းတိုင်း ပျော်ရွှင်စေ...
မေတ္တာလောင်းရင်း တောင်းဆုချွေ...