ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Monday, June 6, 2011

အရှုံးမပေးပါနဲ့ကလေးရယ်

နှင်းဝတ်မှုန်ကြွေ လေဗွေနွယ်ရိုင်း
မုန်တိုင်းလှိုင်းသံ တညံညံနဲ့
ဘ၀ခါးခါး ဒုက္ခကြားမှာ
လောကဓံတိုက်ပွဲ ဆင်နွှဲနေစဉ်
ဇွဲနဲ့မေတ္တာ အကြင်နာအား
နှလုံးသားရင်ပြင် မွေးထားပါကွယ်...။

မျက်ရည်ပူစမ်း အားငယ်နွမ်းနွမ်း
ဘ၀လမ်းပေါ် လျှောက်လှမ်းမချီ
လောကဓံတရား မျက်စိစုံမှိတ်
လောကအလယ် အလှကြွယ်လျက်
နှစ်သက်ကြည်ဖြူ အောင်သူအဖြစ်
ဘ၀စစ်ပွဲ အရှုံးမပေးပါနဲ့ကလေးရယ်....။
                                        ဥာဏ(ပြင်ဦးလွင်)

No comments:

Post a Comment