Chapter 13
၁၆၇။ ဟီနံ ဓမ္မံ န သေဝေယျ၊ ပမာဒေန န သံဝသေ။
မိစ္ဆာဒိဋ္ဌိံ န သေဝေယျ၊ န သိယာ လောက၀ဍ္ဎုနော။
၁၆၇။ ကာမဂုဏ် အယုတ်တရားကို မမှီဝဲရာ၊ မေ့မေ့ လျော့လျော့ မနေရာ၊ မှားသောအယူကို မယူရာ၊ လောက ကြီးပွားရေးအတွက် သက်သက်မဖြစ်ရာ။
167. One should not live in lowly quality life (sensualities), one should not live on heedlessness, one should not act on wrong views, and one should not sink into the world.
၁၆၈။ ဥတၱိေ႒ နပၸမေဇၨယ်၊ ဓမၼံ သုစရိတံ စေရ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။
၁၆၉။ ဓမ္မံ စရေ သုစရိတံ၊ န နံ ဒုစ္စရိတံ စရေ။
ဓမ္မစာရီ သုခံ သေတိ၊ အသ္မိံ လောကေ ပရမှိ စ။
၁၆၈။ ဆွမ်းခံဝတ်၌ မမေ့လျော့ရာ၊ ကောင်းစွာ ကျင့်အပ်သော အကျင့်တရားကို ကျင့်ရာ၏၊ တရားကိုကျင့်သောသူသည် ဤလောက၌လည်းကောင်း၊ တမလွန်လောက၌ လည်းကောင်း ချမ်းသာစွာ နေရ၏။
၁၆၉။ သုစရိုက်တရားကို ကျင့်ရာ၏၊ ဒုစရိုက်တရားကို မကျင့်ရာ၊ တရားကို ကျင့်သောသူသည် ဤလောက၌ လည်းကောင်း၊ တမလွန်လောက၌လည်းကောင်း ချမ်းသာစွာ နေရ၏။
168. One should be attentive in standing for alms, follow Dhamma, which is good conduct. One, who lives with Dhamma, has joy in this world and in the next.
169. One should follow Dhamma which is good conduct, not which is poor conduct. One who lives with Dhamma has joy in this world and in the next.
၁၇၀။ ယထာ ပုဗ္ဗုဠကံ ပေဿ၊ ယထာ ပေဿ မရီစိကံ။
ဧ၀ံ လောကံ အဝေက္ခန္တံ၊ မစ္စုရာဇာ န ပဿတိ။
၁၇၀။ ရေပွက်ကို ရှုမြင်ရသကဲ့သို့လည်းကောင်း၊ တံလျှပ်ကို ရှုမြင်ရသကဲ့သို့ လည်းကောင်း ဤအတူ ခန္ဓာငါးပါး ဟူသော လောကကို ရှုကြည့်သူကို သေမင်းသည်မမြင်နိုင်။
170. One who looks the world as a bubble, as a mirage, so also sees the body, the assemblage of five aggregates as an illusion of an appearance; the King of Death has no power over that person.
၁၇၁။ ဧထ ပဿထိမံ လောကံ၊ စိတ္တံ ရာဇရထူပမံ။
ယတ္ထ ဗာလာ ၀ိသီဒန္တိ၊ နတ္ထိ သင်္ဂေါ ၀ိဇာနတံ။
၁၇၁။ လာကြကုန်လော့ ရတနာခုနစ်ပါးဖြင့် ဆန်းကြယ်သော မင်းစီးရထားလျှင် ဥပမာရှိသော အ၀တ်တန်ဆာတို့ဖြင့် ဆန်းကြယ်သော ဤခန္ဓာငါးပါးတည်းဟူသော လောကကိုရှုကြကုန်လော့၊ ယင်းလောက၌ မိုက်သူတို့သည် နစ်မြုပ်ကြကုန်၏၊ ပညာရှိတို့အား ကပ်ငြိတွယ်တာမှုသည်မရှိ။
171. Come and look at this world (five aggregates), like a decorated royal chariot, wherein fools sink in it. The wise have no attachment to it.
၁၇၂။ ယော စ ပုဗ္ဗေ ပမဇ္ဇိတွာ၊ ပစ္ဆာ သော နပ္ပမဇ္ဇကိ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။
၁၇၂။ ရှေးငယ်စဉ်အခါက ကုသိုလ်၌ မေ့လျော့ခဲ့၍ နောင်ကြီးပြင်းသောအခါ၌ မမေ့လျော့သောသူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤလောကကို မဂ်ဉာဏ်ရောင်ဖြင့် ထွန်းလင်း တောက်ပစေ၏။
172. One who was unwise and negligent in early days but later found wisdom, brightens up this world like that of the moon when free from clouds.
၁၇၃။ ယဿ ပါပံ ကတံ ကမ္မံ၊ ကုသလေန ပိဓီယတိ။
သောမံ လောကံ ပဘာသေတိ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ။
၁၇၃။ မိမိပြုခဲ့သောမကောင်းမှု အကုသိုလ်ကံကို အရဟတ္တမဂ်ကုသိုလ်ဖြင့် ဖုံးအုပ်သူသည် တိမ်တိုက်မှလွတ်သော လကဲ့သို့ ဤလောကကို အရဟတ္တဉာဏ်ရောင်ဖြင့် ထွန်းလင်းတောက်ပစေ၏။
173. One who uses good deeds to cover misdeeds he has done before, brightens up this world like that of the moon when free from clouds.
၁၇၄။ အန္ဓဘူတော အယံ လောကော၊ တနုကေတ္ထ ၀ိပဿတိ။
သကုဏော ဇာလမုတ္တောဝ၊ အပ္ပေါ သဂ္ဂါယ ဂစ္ဆတိ။
၁၇၄။ ဤလူအပေါင်းသည် ပညာမျက်စေ့မရှိသဖြင့် အကန်းအတိသာ ဖြစ်၏။ ဤလောက၌ အနည်းငယ် မျှသောသူသည်သာ အနိစ္စစသော သဘောအားဖြင့် ရှုမြင်နိုင်၏။ ပိုက်ကွန်မှလွတ်သော ငှက်သည် နည်းပါးသကဲ့သို့ လူအနည်းငယ်မျှသာ နတ်ရွာနိဗ္ဗာန်သို့ ရောက်နိုင်၏။
174. Most of the people in the world are blind and only few here can see insightfully. Just as only few birds can escape from a net, only a few can go to heaven (Deva planes) (the Nibbana).
၁၇၅။ ဟံသာဒိစ္စပထေ ယန္တိ၊ အာကာသေ ယန္တိ ဣဒ္ဓိယာ။
နီယန္တိ ဓီရာ လောကမှာ၊ ဇေတွာ မာရံ သ၀ါဟိနိံ။
၁၇၅။ ဟင်္သာတို့သည် နေမင်းလမ်းကြောင်း ကောင်းကင်ခရီး၌ သွားကုန်၏၊ တန်ခိုးရှင်တို့သည် ကောင်းကင်၌ သွားကုန်၏၊ ပညာရှိတို့သည် စစ်သည်ဗိုလ်ပါနှင့်တကွသော မာရ်မင်းကိုအောင်၍ လောကမှ ထွက်မြောက်ကုန်၏။
175. Swans go along the path of the sun. Persons with miraculous power travel through space. The wise are led out of the world, having conquered bedevilments of Mara and his armies.
၁၇၆။ ဧကံ ဓမ္မံ အတီတဿ၊ မုသာဝါဒိဿ ဇန္တုနော။
ဝိတိဏ္ဏပရလောကဿ၊ နတ္ထိ ပါပံ အကာရိယံ။
၁၇၆။ သစ္စာတရားတစ်ခုကိုလွန်၍ မုသားစကားကိုဆိုလေ့ရှိသော နောင်ဘ၀အတွက် ဆင်ခြင်စဉ်းစားခြင်း အလျင်း မရှိသောသူအား မပြုနိုင်မည့် မကောင်းမှုအကုသိုလ် မည်သည်မရှိ။
176. One who usually breaks his own precepts, who speaks falsehood, who has turned the back on the world beyond, will not refrain from any misdeeds.
၁၇၇။ န ဝေ ကဒရိယာ ဒေ၀လောကံ ၀ဇန္တိ၊ ဗာလာ ဟဝေ နပ္ပသံသန္တိ ဒါနံ။
ဓီရော စ ဒါနံ အနုမောဒမာနော၊ တေနေ၀ သော ဟောတိ သုခီ ပရတ္ထ။
၁၇၇။ စေးနဲဝန်တိုသူတို့သည် နတ်ပြည်သို့မရောက်နိုင်ကြကုန်၊ လူမိုက်တို့သည် အလှူဒါနကို မချီးမွမ်းကြကုန်၊ ပညာရှိသည်သာ အလှူဒါနကို ၀မ်းမြောက်နိုင်၏၊ ထို ၀မ်းမြောက်မှုကြောင့်သာလျှင် ထိုပညာရှိသည် တမလွန်ဘ၀၌ ချမ်းသာရ၏။
177. The misers do not go to heaven (Deva plane). The foolish do not applaud giving charity, but the noble find joy in giving; hence indeed, it becomes blessed in higher worlds.
၁၇၈။ ပထဗျာ ဧကရဇ္ဇေန၊ သဂ္ဂဿ ဂမနေန ၀ါ။
သဗ္ဗလောကာဓိပစ္စေန၊ သောတာပတ္တိဖလံ ၀ရံ။
၁၇၈။ မြေတပြင်လုံး၌ ဧကရာဇ်မင်းဖြစ်ရသည်ထက် လည်းကောင်း၊ နတ်ပြည် ဗြဟ္မာ့ပြည်သို့ ရောက်ရသည်ထက် လည်းကောင်း၊ တစ်လောကလုံးကို အစိုးရသည်ထက် လည်းကောင်း သောတာပန်ဖြစ်ရခြင်းသည် မြတ်၏။
178. It is better to be the Fruit of the Stream Attainment (Sotapatti-magga), the initial stage of Buddhist realization that leads to Nibbana, than sole sovereignty over the earth, or the journey to heaven, than the lordship supreme over the worlds.