ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Friday, July 8, 2011

အမေ့နှလုံးသား(၁)

ချစ်သောမေမေ...
မြင့်မိုရ်တောင်ဦး မကကြူးတဲ့ကျေးဇူးသခင် မြတ်မိခင်ကို မှန်းမျှော်ဆလို့
ဦးချညွတ်ထား ကန်တော့ပန်းဖြင့် ဦးထိပ်ပန်ဆင်
သားအထပ်ထပ် ရှိခိုးပါသည်။
လောကတစ်ခွင်လုံးကို မေတ္တာဖြင့် နွေးထွေးစေသော သူသည်
မေတ္တာနှလုံးသားပိုင်ရှင် အမေပင်ဖြစ်သည်။
သူတော်ကောင်းပညာရှိအပေါင်းတို့ကို မွေးဖွားသောသူသည်အမေ...။
ပုခက်လွဲသောလက်သည် အမေ...။
ကမ္ဘာကိုအုပ်စိုးသောသူသည် အမေ...။
လောကကိုအမှောင်ခွင်း၍အလင်းဆောင်သောသူသည်လည်း အမေပင်ဖြစ်သည်။
မာတာပိတုဂုဏော အနန္တော ဟုစာပေမှာဖွင့်ပြထားသည်။
မိခင်ဖခင်တို့၏ဂုဏ်ကျေးဇူးသည် ကြီးမားလှသည်။အဆုံးအပိုင်းအခြားမရှိပါ။
သည့်အတွက် မြတ်စွာဘုရားရှင်တို့နှင့် တစ်ဂိုဏ်းတည်းထား၍
အနန္တငါးပါးတွင် မိဘနှစ်ပါးသည် တစ်ပါး အပါဝင်ဖြစ်သည်။

                        အမေကိုချစ်သောသားသမီးတိုင်းက အမေထားခဲ့သောစာပေအမွေကို
ယုယပိုက်ထွေးစွာ စောင့်ရှောက်တတ်ရမည်။
စာပေအမွေကို ယုယပိုက်ထွေးစွာ စောင့်ရှောက်တတ်ရမည်။
အမေ့ကြောင့် ဘ၀အလင်းရောင်ရခဲ့သည်။
စကားမပြောသောအမေ့နှလုံးသားက သားသမီးတို့ကို မေတ္တာဖြင့် နွေးထွေးစေခဲ့ပြီ...။
အမေ့မေတ္တာကြောင့် ဘ၀ရှင်သန်လာခဲ့ရသည့်အမေ့သားတစ်ယောက်အနေဖြင့်
အမေဖြစ်စေချင်သောအရာကို မထမ်းရွက်နိုင်ခဲ့သည့်အတွက် ၀မ်းနည်းမိသည်။
အမေ... အမေ့နှလုံးသားဆန္ဒအားလုံးကို မရွက်ဆောင်နိုင်ခဲ့ပေမယ့်
စာပေအလင်းဖြင့်သား၏ပတ်ဝန်းကျင်ကို ထိန်းလင်းထွန်းပ လင်းလက်အောင်
ကြိုးပမ်းဆောင်ရွက်လျက်ပါအမေ...။


သားနှင့်တစ်ပြည်တစ်ရွာဝေးကွာ၍ နေထိုင်ရသောအခါ
အမေတို့၏နှလုံးသားအိမ်တွင် ယိုစီးထွက်ဖြာလာသော အလွမ်းအိမ်က
”တစ်ရံတစ်ခါ၊သားနှင့်ကွာက၊သားမှာမျက်စိ၊နှလုံးရှိ၍၊
အမိတို့ဝမ်း၊ပန်းညိုးနွမ်းသို့၊ခြောက်သွမ်းသွေ့သွေ့၊
လွမ်းဓလေ့ဖြင့်၊ညဥ့်နေ့မဟူ၊ငိုတရှုလျက်၊လွမ်းပူလွမ်းလောင်...”
(ရှင်မဟာရဌသာရ၊စတုဓမ္မသာရကိုးခန့်ပျို့)
၌ဟတ္ထိပါလ သားလေးယောက်ကိုလွမ်းဆွေးနေသောမိခင်၏ပုံရိပ်က
တသသ အောက်မေ့နေတာ ထုဆစ်ပြထားသည်။
                                           ဥာဏ(ပြင်ဦးလွင်)

No comments:

Post a Comment