ဆရာကြီးရွှေဥဒေါင်းက ”ကျွနိုပ်နှင့်စာပေ” ဆောင်းပါးတွင် ဤသို့ဆိုခဲ့ဖူးသည်။
”အဟုတ်တကယ် ၀တ္ထုကောင်းကြီးတွေကိုဖတ်ပြီး သုံးသပ်ဆင်ခြင်သော အလေ့အကျင့်ပြုလုပ်ထားသူ
တစ်ယောက်သည် မိမိနှင့်ဆက်ဆံသောသူများအကြောင်းကိုအသေးစိတ်သိတတ်၏။
လူတစ်ယောက်၏အပေါ်တွင်အပြစ်ချည်းမမြင်ပဲ ဘယ်အချက်တွင် ဘယ်လိုကောင်းပါပေခြင်းကိုလည်း
အသိအမှတ်ပြုတတ်သည်။”
ဆရာကြီးရွှေဥဒေါင်းက စာပေဒဿနအပေါ်ဘယ်လိုမြင်သလဲဆိုတာ
အထက်ပါစကားကိုဖတ်ရင် သိနိုင်သည်။
ဒါတွေက စာပေ၏ကျေးဇူးကြောင့် သိလာရခြင်းဖြစ်သည်။
စာပေကြောင့် သမိုင်းစာမျက်နှာများကို သိခွင့်ရသည်။
စာပေကြောင့် အသိဥာဏ်ရင့်ကျက်၍ နုညံ့သိမ်မွေ့ရသည်။
ဆက်လက်၍ ဆရာကြီးဇော်ဂျီ၏ ရသစာပေအဖွင့်တွင် အောက်ပါအတိုင်းရေးသားထားသည်။
ရသစာပေကောင်းကို ဖတ်ရလျှင် ပတ်ဝန်းကျင်ဘ၀ကိုလည်း
သတိပြုမိလာနိုင်စရာ အကြောင်းရှိသည်။
ပတ်ဝန်းကျင်ဘ၀ကို သတိပြုမိသူသည် မိမိ၏ကိုယ်စိတ်နှလုံးကို သုံးသပ်သည့်အခါတိုင်း
ဆင်ခြင်တတ်ခြင်း ရှိလာ၍ မိမိတစ်ဦးတည်း၏အကျိုးစီးပွားအတွက်သာမက ပတ်ဝန်းကျင်ဘ၀၌
မိမိကဲ့သို့ပင် သုခဒုက္ခ အမျိုးမျိုးနှင့် ကျင်လည်ကြကုန်သော သတ္တ၀ါခပ်သိမ်း၏ အကျိုးစီးပွားအတွက်လည်း
ကြည့်တတ်မြင်တတ် ကရုဏာဖြစ်တတ်လာနိုင်စရာ အကြောင်းရှိသည်ဟု ထင်ပါသည်။
စာကြည့်တိုက်သည် ဗဟုသုတဖြန့်ချီရာနေရာဖြစ်၍ စာအုပ်စုဆောင်းရာနေရာမဟုတ်ပေ...
(jay.E.Daly) ကဆိုပြန်သည်။
စာအုပ်ဟူသည် အကြီးမားအပြည့်စုံသော အင်အားကြီးတရပ်ဖြစ်သည်။
(V..I.Lenin)ဗီအိုင်လီနင်းကဆိုထားသေးသည်။
ရုရှားနိုင်ငံမှာ လီနင်းဆိုတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်လည်း သူ့၏နိုင်ငံအတွက်
သမိုင်းစာမျက်နှာများထဲမှ လီနင်းစာကြည့်တိုက်အကြောင်းကို အနည်းငယ်ဖော်ပြလိုပါသည်။
မော်စကိုမှာရှိသည့်လီနင်းစာကြည့်တိုက်မှာ စာဖတ်ခန်း၂၂ခန်း၊ပိတ်ရက်မရှိဘဲ
နေ့စဉ်နံနက်၉နာရီမှည၁၁နာရီထိ ဖွင့်ထားသည်။
နေ့စဉ်စာကြည့်တိုက်ထုတ်ပေးငှားရမ်းလိုက်သောစာအုပ်အရေအတွက်က ၃၀၀၀၀ခန့်ရှိပြီး
စာဖတ်ပရိသတ်ကလည်း၆၀၀၀ခန့်ရှိသည်ဟုမှတ်သားထားဖူးသည်။
သင့်လည်း သင့်၏မွေးရပ်ဇာတိမြေ မြို့ရွာမှာ သင့်ကိုယ်ပိုင်စာကြည့်တိုက်တည်ထောင်သင့်သည်။
လီနင်စာကြည့်တိုက်ကို အတုယူပြီး သင့်၏ဇာတိမြေမှာ ပရဟိတအတွက်
လုပ်ဆောင်သောဆန္ဒကလေးသာရှိမယ်ဆိုရင် မိမိ၏ပတ်ဝန်းကျင်ကို
အလှတန်ဆာများ ပေးဆပ်ရာလည်းရောက်ပေမည်။
ဘာဖြစ်လို့လဲဆိုတော့
စာပေသည် လူသားတို့၏အသိအတွေးအမြင် ဘ၀ကြေးမုံပြင် ဖြစ်နေလို့ပါပဲ...။
ဆက်ရန်...
ဥာဏ(ပြင်ဦးလွင်)
No comments:
Post a Comment