ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Saturday, July 30, 2011

ကုသိုလ်ပန်းကုံး သီကုံးပန်ဆင်(၁၆)

၁၇။ ကောဓ၀ဂ္ဂ Chapter 17

Chapter 17

၂၂၁။ ကောဓံ ဇဟေ ၀ိပ္ပဇဟေယျ မာနံ၊ သံယောဇနံ သဗ္ဗမတိက္ကမေယျ။
တံ နာမရူပသ္မိမသဇ္ဇမာနံ၊ အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ။

၂၂၁။ အမျက်ဒေါသကို စွန့်ရာ၏၊ မာနကို ပယ်ရာ၏၊ သံယောဇဉ်မှန်သမျှကို ကျော်လွန်ရာ၏၊ နာမ်ရုပ်၌ မငြိတွယ် မကြောင့်ကြသူထံသို့ ဆင်းရဲဒုက္ခတို့သည် မကျရောက်ကုန်။

221. Put away anger, abandon pride and overcome bondage. Whoever clings not to the constituents of existence (Nama-rupa, mind and matter) and to nothing whatsoever, sufferings never befall him.

၂၂၂။ ယော ဝေ ဥပ္ပတိတံ ကောဓံ၊ ရထံ ဘန္တံဝ ၀ါရယေ။
တမဟံ သာရထိံ ဗြူမိ၊ ရသ္မိဂ္ဂါဟော ဣတရော ဇနော။

၂၂၂။ လိမ္မာသောရထားထိန်းသည် လျင်မြန်စွာပြေးသွားသောရထားကို လမ်းမလွဲအောင် စောင့်ရှောက်နိုင်သကဲ့သို့ ဖြစ်ပေါ်လာသော အမျက်ဒေါသကို စင်စစ် တားမြစ်နိုင်သူကို လိမ္မာသော ရထားထိန်းဟူ၍ ငါဆို၏၊ ဤမှတစ်ပါး ပြကတေ့ရထားထိန်းသည် ရထားကြိုးကိုင်သာမည်၏။

222. One who controls rising anger as a chariot controls his carriage at full speed not going off the track, that one I call a true charioteer, others merely rein-holders.

၂၂၃။ အက္ကောဓေန ဇိနေ ကောဓံ၊ အသာဓုံ သာဓုနာ ဇိနေ။
ဇိနေ ကဒရိယံ ဒါနေန၊ သစ္စေနာလိက၀ါဒိနံ။

၂၂၃။ အမျက်ထွက်သောသူကို မေတ္တာတရားဖြင့်အောင်ရာ၏၊ မကောင်းသော သဘောရှိသူကို ကောင်းသောသဘောဖြင့် အောင်ရာ၏၊ နှမြောဝန်တိုသောသူကို ပေးကမ်းခြင်းဖြင့် အောင်ရာ၏၊ မဟုတ်မမှန် ပြောသူကို အဟုတ်အမှန် ပြောဆိုခြင်းဖြင့် အောင်ရာ၏။

223. One would conquer anger by loving-kindness, one would conquer evil by good, one would conquer the mean by generosity, and one would conquer the man who speaks lies by truth.

၂၂၄။ သစ္စံ ဘဏေ န ကုဇ္ဈေယျ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော။
ဧတေဟိ တီဟိ ဌာနေဟိ၊ ဂစ္ဆေ ဒေ၀ါန သန္တိကေ။

၂၂၄။ မှန်သောစကားကို ပြောဆိုရာ၏၊ အမျက်မထွက်ရာ၊ တောင်းလာသည်ရှိသော် အနည်းငယ်မျှကိုသော်လည်း ပေးလှူရာ၏၊ ဤအကြောင်းသုံးပါးတို့ဖြင့် နတ်ပြည်သို့ရောက်ရ၏။

224. Let one tell the truth, let one not be angry, when asked, let one give, even be it a little. By these three factors, one would attain the world of gods (Deva).

၂၂၅။ အဟိံသကာ ယေ မုနယော၊ နိစ္စံ ကာယေန သံဝုတာ။
တေ ယန္တိ အစ္စုတံ ဌာနံ၊ ယတ္ထ ဂန္တွာ န သောစရေ။

၂၂၅။ သူတစ်ပါးတို့ကို မညှဉ်းဆဲတတ်၊ ကာယဒွါရစသည်တို့ဖြင့် အမြဲစောင့်စည်းတတ်ကုန်သော ရဟန္တာပုဂ္ဂိုလ်တို့သည် စိုးရိမ်ခြင်းကင်းရာ သေခြင်းကင်းရာဖြစ်သော နိဗ္ဗာန်အရပ်သို့ ရောက်ကြရကုန်၏။

225. The Arahants who do no harm to others, who are always in control of the body, go to the immortal Nibbana, where once gone they sorrow no more.

၂၂၆။ သဒါ ဇာဂရမာနာနံ၊ အဟောရတ္တာနုသိက္ခိနံ။
နိဗ္ဗာနံ အဓိမုတ္တာနံ၊ အတ္ထံ ဂစ္ဆန္တိ အာသ၀ါ။

၂၂၆။ အခါခပ်သိမ်း နိုးကြားထကြွကုန်သည်ဖြစ်၍ နေ့ညဥ့်ပတ်လုံး သိက္ခာသုံးပါးကို ကျင့်ကြကုန်လျက် နိဗ္ဗာန်သို့ စိတ်ညွတ်ကြသူတို့အား အာသဝေါတရားတို့ ချုပ်ငြိမ်းကွယ်ပျောက်ကြကုန်၏။

226. Those who are ever alert and watchful, who practice three discourses day and night with the intent upon Nibbana, their evil passions will come to an end.

၂၂၇။ ပေါရာဏမေတံ အတုလ၊ နေတံ အဇ္ဇတနာမိဝ။
နိန္ဒန္တိ တုဏှိမာသီနံ၊ နိန္ဒန္တိ ဗဟုဘာဏိနံ။
မိတဘာဏိမ္ပိ နိန္ဒန္တိ၊ နတ္ထိ လောကေ အနိန္ဒိတော။

၂၂၈။ န စာဟု န စ ဘ၀ိဿတိ၊ န စေတရဟိ ၀ိဇ္ဇတိ။
ဧကန္တံ နိန္ဒိတော ပေါသော၊ ဧကန္တံ ၀ါ ပသံသိတော။

၂၂၉။ ယံ စေ ၀ိညူ ပသံသန္တိ၊ အနုဝိစ္စ သုဝေ သုဝေ။
အစ္ဆိဒ္ဒ၀ုတ္တိံ မေဓာဝိံ၊ ပညာသီလသမာဟိတံ။

၂၃၀။ နိက္ခံ ဇမ္ဗောနဒေဿဝ၊ ကော တံ နိန္ဒိတုမရဟတိ။
ဒေ၀ါပိ နံ ပသံသန္တိ၊ ဗြဟ္မုနာပိ ပသံသိတော။

၂၂၇။ အိုအတုလ ဤကဲ့ရဲ့ခြင်းသည် ရှေးရိုးစဉ်လာပေတည်း၊ ဤကဲ့ရဲ့ခြင်းသည် ယခုမှဖြစ်သည်မဟုတ်၊ ဆိတ်ဆိတ်နေသူကိုလည်း ကဲ့ရဲ့ကုန်၏၊ များစွာပြောဟောသောသူကိုလည်း ကဲ့ရဲ့ကုန်၏၊ နှိုင်းချိန်၍ ပြောသော သူကိုလည်း ကဲ့ရဲ့ကုန်၏၊ လောက၌ အကဲ့ရဲ့လွတ်သောသူမည်သည် မရှိပေ။

၂၂၈။ လုံးဝအကဲ့ရဲ့ခံရသူ လုံးဝအချီးမွမ်းခံရသူမည်သည် ရှေးကလည်းမရှိခဲ့စဖူး၊ နောင်အခါလည်း ရှိလိမ့်မည်မဟုတ်၊ ယခုအခါ၌လည်းမရှိ။

၂၂၉-၂၃၀။ မကျိုးမပြတ်သော အကျင့်ရှိသော ဖောက်ခွဲနိုင်သောပညာရှိသော ပညာဂုဏ် သီလဂုဏ် သမာဓိ ဂုဏ်ရှိသောသူကို ပညာရှိသူတို့သည် ဟုတ်မှန်စွာသိ၍ နေ့တိုင်းနေ့တိုင်း ချီးမွမ်းခဲ့ပါမူ ဇမ္ဗူရာဇ်ရွှေစင်နိက္ခနှင့် တူသူကို အဘယ်သူသည် ကဲ့ရဲ့နိုင်ပါအံ့နည်း၊ ထိုသူကို နတ်တို့သည်လည်း ချီးမွမ်းကုန်၏၊ ဗြဟ္မာမင်းသည်လည်း ချီးမွမ်း၏။

227. It is an old saying, O Atula – not a new one, people find fault who stays silently, they find fault with one speaking much, and even with one who speaks moderately do they find fault. There is no one in this world who can escape not faulted.

228. There never was, there never will be, nor is there now, a man who is always blamed, or a man who is always praised.

229-230. But who would dare to blame the man whom the wise praise day after day, whose life is pure and full of light, in whom there is virtue and wisdom, who is pure as a pure coin of gold? Even the gods praise the man, even Brahma praises him.

၂၃၁။ ကာယပ္ပကောပံ ရက္ခေယျ၊ ကာယေန သံဝုတော သိယာ။
ကာယဒုစ္စရိတံ ဟိတွာ၊ ကာယေန သုစရိတံ စရေ။

၂၃၂။ ၀စီပကောပံ ရက္ခေယျ၊ ၀ါစာယ သံဝုတော သိယာ။
ဝစီဒုစ္စရိတံ ဟိတွာ၊ ၀ါစာယ သုစရိတံ စရေ။

၂၃၃။ မနောပကောပံ ရက္ခေယျ၊ မနသာ သံဝုတော သိယာ။
မနောဒုစ္စရိတံ ဟိတွာ၊ မနသာ သုစရိတံ စရေ။

၂၃၄။ ကာယေန သံဝုတာ ဓီရာ၊ အထော ၀ါစာယ သံဝုတာ။
မနသာ သံဝုတာ ဓီရာ၊ တေ ဝေ သုပရိသံဝုတာ။

၂၃၁။ ကိုယ်အမူအရာ ပျက်စီးမှု ကာယဒုစရိုက်သုံးပါးကို စောင့်ရှောက်ရာ၏ ကာယဒွါရဖြင့် ဒုစရိုက်ဝင်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ ကာယဒုစရိုက်ကိုပယ်စွန့်၍ ကာယသုစရိုက်ကို ကျင့်ရာ၏။

၂၃၂။ နှုတ်အမူအရာပျက်စီးမှု ၀စီဒုစရိုက်လေးပါးကို စောင့်ရှောက်ရာ၏၊ ၀စီဒွါရဖြင့် ဒုစရိုက် ၀င်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ ၀စီဒုစရိုက်ကိုပယ်စွန့်၍ ၀စီသုစရိုက်ကိုကျင့်ရာ၏။

၂၃၃။ စိတ်အမူအရာပျက်စီးမှု မနောဒုစရိုက်သုံးပါးကို စောင့်ရှောက်ရာ၏၊ မနောဒွါရဖြင့် ဒုစရိုက် ၀င်ရောက်လာမှုကို တားမြစ်ပိတ်ပင်ရာ၏၊ မနောဒုစရိုက်ကို ပယ်စွန့်၍ မနောသုစရိုက်ကို ကျင့်ရာ၏။

၂၃၄။ ပညာရှိသည် ကိုယ်ဖြင့်ဝင်ရောက်လာသော ဒုစရိုက်၊ နှုတ်ဖြင့်ဝင်ရောက်လာသော ဒုစရိုက်၊ စိတ်ဖြင့်ဝင် ရောက်လာသော ဒုစရိုက်တို့ကို တားမြစ်ပိတ်ပင်နိုင်ကုန်၏၊ ထိုပညာရှိတို့သည်သာ တားမြစ်ပိတ်ပင်သူတို့ မည်ကုန်၏။

231. Guard against misdeeds caused by body, one should be restrained in body. Give up evil conduct of the body, but one should be of good bodily conduct.

232. Guard against misdeeds caused by words, one should be restrained in speech. Give up evil conduct in speech, but one should be of good conduct in speech.

233. Guard against misdeeds caused by mind, one should be restrained in thoughts. Give up evil conduct of mind, but one should be of good conduct in mind.

234. Those that are wise, whose body, words and mind are in self-control. They are indeed well-controlled.

Thursday, July 28, 2011

ကုသိုလ်ပန်းကုံး သီကုံးပန်ဆင်(၁၅)


၁၆။ ပိယ၀ဂ္ဂ Chapter 16


၂၀၉။ အယောဂေ ယုဉ္ဇမတ္တာနံ၊ ယောဂသ္မိဉ္စ အယောဇယံ။
အတ္ထံ ဟိတွာ ပိယဂ္ဂါဟီ၊ ပိဟေတတ္တာနုယောဂိနံ။

၂၁၀။ မာ ပိယေဟိ သမာဂဉ္ဆိ၊အပ္ပိယေဟိ ကုဒါစနံ။
ပိယာနံ အဒဿနံ ဒုက္ခံ၊ အပ္ပိယာနဉ္စ ဒဿနံ။

၂၁၁။ တသ္မာ ပိယံ န ကယိရာထ၊ ပိယာပါယော ဟိ ပါပကော။
ဂန္ထာ တေသံ န ၀ိဇ္ဇန္တိ၊ ယေသံ နတ္ထိ ပိယာပ္ပိယံ။

၂၀၉။ မိမိကိုယ်ကို အားမထုတ်သင့်ရာ၌ အားထုတ်လျက် အားထုတ်သင့်ရာ၌ အားမထုတ်ဘဲ အကျိုးစီးပွားကို စွန့်လွှတ်၍ ချစ်ဖွယ်အာရုံ ကာမဂုဏ်ကို စွဲလမ်းသူသည် ကိုယ်တိုင်အားထုတ် သူတို့၏ အကျိုးစီးပွားကို ငါရမူကား ကောင်းလေစွဟု လိုလားတောင့်တ၏။

၂၁၀။ ချစ်သောသူတို့နှင့်လည်း မပေါင်းဖော်လင့်၊ မုန်းသောသူတို့နှင့်လည်း တစ်ခါတစ်ရံမျှ မပေါင်းဖော်ပါလင့်၊ ချစ်သောသူတို့ကိုလည်း မမြင်ရခြင်းသည် ဆင်းရဲ၏၊ မုန်းသောသူတို့ကို မြင်ရခြင်းသည်လည်း ဆင်းရဲ၏။

၂၁၁။ ထို့ကြောင့် လူကိုဖြစ်စေ ပစ္စည်းဥစ္စာကိုဖြစ်စေ ချစ်ခင်စွဲလမ်းခြင်းကို မပြုရာ၊ ချစ်ခင် စွဲလမ်းဖွယ်ရာတို့နှင့် ကွေကွင်းရခြင်းသည် မကောင်းသည်သာတည်း၊ ချစ်ခြင်းမုန်းခြင်း မရှိသော သူတို့အား အနှောင်အဖွဲ့ ဂန္ထတို့ မရှိကြကုန်။

209. One who does what should not be done and fails to make efforts on virtuous deeds, who forgets the true aim of life and sinks into sensual desires – will one day envy the person who makes efforts in high contemplation.

210. Do not be in together with loved ones, also not get acquainted with unpleasant; not to see loved ones is pain, so also it is pain to see unpleasant.

211. Therefore do not make endearment, for separation from the dear is painful. Those who hold nothing dear and hate nothing has no fetters.

၂၁၂။ ပိယတော ဇာယတီ သောကော၊ ပိယတော ဇာယတီ ဘယံ။
ပိယတော ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

၂၁၂။ ချစ်ခင်မှုကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ ချစ်ခင်မှုကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏၊ ချစ်ခင်မှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

212. From pleasure comes sorrow, from pleasure comes fear; one who is free from endearment, there is no fear and sorrow.

၂၁၃။ ပေမတော ဇာယတီ သောကော၊ ပေမတော ဇာယတီ ဘယံ။
ပေမတော ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

၂၁၃။ မြတ်နိုးမှုကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ မြတ်နိုးမှုကြောင့် ကြောက်ရွံ့မှု ဖြစ်ရ၏၊ မြတ်နိုးမှုမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

213. From affection comes sorrow, from affection comes fear; one who is free from affection, there is no fear and sorrow.

၂၁၄။ ရတိယာ ဇာယတီ သောကော၊ ရတိယာ ဇာယတီ ဘယံ။
ရတိယာ ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

၂၁၄။ မွေ့လျော်မှုကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ မွေ့လျော်မှုကြောင့် ကြောက်ရွံ့မှုဖြစ်ရ၏၊ မွေ့လျော်မှုမှ ကင်းလွတ် သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

214. From enjoyment comes sorrow, from enjoyment comes fear; one who is free from enjoyment, there is no fear and sorrow.

၂၁၅။ ကာမတော ဇာယတီ သောကော၊ ကာမတော ဇာယတီ ဘယံ။
ကာမတော ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

၂၁၅။ ကာမကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ ကာမကြောင့် ကြောက်ရွံ့မှုဖြစ်ရ၏၊ ကာမမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

215. From sensual desire comes sorrow, from sensual desire comes fear; one who is free from sensual desire, there is no fear and sorrow.

၂၁၆။ တဏှာယ ဇာယတီ သောကော၊ တဏှာယ ဇာယတီ ဘယံ။
တဏှာယ ၀ိပ္ပမုတ္တဿ၊ နတ္ထိ သောကော ကုတော ဘယံ။

၂၁၆။ တဏှာကြောင့် စိုးရိမ်မှုဖြစ်ရ၏၊ တဏှာကြောင့် ကြောက်ရွံ့မှုဖြစ်ရ၏၊ တဏှာမှ ကင်းလွတ်သောသူအား အဘယ်မှာ စိုးရိမ်မှု ကြောက်ရွံ့မှု ရှိတော့အံ့နည်း။

216. From craving comes sorrow, from craving comes fear; one is free from craving, there is no fear and sorrow.

၂၁၇။ သီလဒဿနသမ္ပန္နံ၊ ဓမ္မဋ္ဌံ သစ္စဝေဒိနံ။
အတ္တနော ကမ္မ ကုဗ္ဗာနံ၊ တံ ဇနော ကုရုတေ ပိယံ။

၂၁၇။ သီလနှင့်လည်းပြည့်စုံ ဉာဏ်အမြင်နှင့်လည်းပြည့်စုံ၍ တရား၌တည်ကာ အမှန်တရားကိုလည်း သိတတ်သော မိမိပြုဖွယ် အမှုကိစ္စကိုလည်းပြုတတ်သူကို လူအပေါင်းသည် ချစ်မြတ်နိုး၏။

217. The one who has virtue and vision, who follows Dhamma, who realizes truth, and fulfills the work to be done – the world loves that person.

၂၁၈။ ဆန္ဒဇာတော အနက္ခာတေ၊ မနသာ စ ဖုဋော သိယာ။
ကာမေသု စ အပ္ပဋိဗဒ္ဓစိတ္တော၊ ဥဒ္ဓံသောတောတိ ၀ုစ္စတိ။

၂၁၈။ နိဗ္ဗာန်ကို အားကြီးစွာ လိုလားသည်ဖြစ်၍ စိတ်ဖြင့်တွေ့ထိကာ ကာမဘုံတို့၌ကပ်ငြိစိတ် မရှိသူကို အထက် အကနိဋ္ဌာဘုံသို့ အစဉ်အတိုင်း သွားမည့်သူဟု ဆိုအပ်၏။

218. One who is eagerly longing for the infinite Nibbana, and who is free from sensuous attachments, is the kind of person who goes upstream, for against the current of passions and worldly life he is bound for the joy of infinite.

၂၁၉။ စိရပ္ပ၀ါသိံ ပုရိသံ၊ ဒူရတော သောတ္ထိမာဂတံ။
ဉာတိမိတ္တာ သုဟဇ္ဇာ စ၊ အဘိနန္ဒန္တိ အာဂတံ။

၂၂၀။ တထေ၀ ကတပုညမ္ပိ၊ အသ္မာ လောကာ ပရံ ဂတံ။
ပုညာနိ ပဋိဂဏှန္တိ၊ ပိယံ ဉာတီဝ အာဂတံ။

၂၁၉။ ကြာမြင့်စွာကွဲကွာ၍ ရပ်ဝေးမှ ချမ်းသာစွာ ပြန်ရောက်လာသူကိုမြင်၍ ဆွေမျိုးမိတ်ဆွေ ချစ်ကျွမ်းဝင်သူတို့သည် ပြန်လာပြီဟု နှစ်သက်ဝမ်းမြောက်ကုန်၏။

၂၂၀။ ထိုနည်းတူစွာလျှင် ဤပစ္စုပ္ပန်ဘ၀မှ တမလွန်ဘ၀သို့သွားသော ပြုပြီးသောကောင်းမှု ရှိသူကိုလည်း ဆွေမျိုးတို့သည် ပြန်ရောက်လာသောချစ်သူကို ကြိုဆိုကြသကဲ့သို့ ကောင်းမှုတို့သည် ကြိုဆိုကြကုန်၏။

219. Like a person who has long been far away is welcomed by relatives and friends happily on his arrival.

220. In the same way the good deeds he has done in this life will receive him in his next life as relatives receive a dear one on his return.

ကုသိုလ်ပန်းကုံး သီကုံးပန်ဆင်(၁၄)


၁၅။ သုခ၀ဂ္ဂ Chapter 15


Chapter 15

၁၉၇။ သုသုခံ ၀တ ဇီဝါမ၊ ဝေရိနေသု အဝေရိနော။
ဝေရိနေသု မနုေဿသု၊ ၀ိဟရာမ အဝေရိနော။

၁၉၈။ သုသုခံ ၀တ ဇီဝါမ၊ အာတုရေသု အနာတုရာ။
အာတုရေသု မနုေဿသု၊ ၀ိဟရာမ အနာတုရာ။

၁၉၉။ သုသုခံ ၀တ ဇီဝါမ၊ ဥဿုကေသု အနုဿုကာ။
ဥဿုကေသု မနုေဿသု၊ ၀ိဟရာမ အနုဿုကာ။

၁၉၇။ ရန်ပြုတတ်သူတို့အလယ်၌ ရန်မပြုကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ရန်ပြုသောသူတို့အလယ်၌ ရန်မရှိကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

၁၉၈။ ကိလေသာအနှိပ်စက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်စက် မခံရကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ ကိလေသာ အနှိပ်အစက်ခံရသော သူတို့အလယ်၌ ကိလေသာအနှိပ်အစက်မခံရကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

၁၉၉။ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော သူတို့အလယ်၌ ကာမဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ အလွန်ချမ်းသာစွာ ငါတို့အသက်မွေးနိုင်ကြကုန်၏၊ ကာမဂုဏ်ကို ကြောင့်ကြစိုက်ကုန်သော လူတို့အလယ်၌ ကာမ ဂုဏ်ကို ကြောင့်ကြမစိုက်ကြကုန်ဘဲ ငါတို့နေနိုင်ကြကုန်၏။

197. Let us live in joy, in love among those who hate us. Among men who hate us, let us live free from hatred.

198. Let us live in joy, in love among those who are suffering. Among men who suffer from craving, let us live with wisdom.

199. Let us live in joy, in peace among those who struggle with greed. Among men who struggle, let us live in peace.

၂၀၀။ သုသုခံ ၀တ ဇီဝါမ၊ ယေသံ နော နတ္ထိ ကိဉ္စနံ။
ပီတိဘက္ခာ ဘ၀ိဿာမ၊ ဒေ၀ါ အာဘဿရာ ယထာ။

၂၀၀။ စိုးရိမ်ကြောင့်ကြဖွယ်ရာ တစ်စုံတစ်ခုမျှမရှိဘဲ အလွန်ချမ်းသာစွာ ငါတို့ အသက်မွေးနိုင်ကြကုန်၏၊ အာဘဿရာဗြဟ္မာတို့ကဲ့သို့ နှစ်သက်ဝမ်းမြောက်မှု ပီတိတည်းဟူသောအစာကို အားထား၍ နေကြကုန်အံ့။

200. We live most happily; there is nothing at all our own. We shall be like Arbathaya Brahmas (Radiant Devas) feeding on joy.

၂၀၁။ ဇယံ ဝေရံ ပသ၀တိ၊ ဒုက္ခံ သေတိ ပရာဇိတော။
ဥပသန္တော သုခံ သေတိ၊ ဟိတွာ ဇယပရာဇယံ။

၂၀၁။ အနိုင်ရသူသည် ရန်ကိုပွါးစေ၏၊ ရှုံးသောသူသည် ဆင်းရဲစွာနေရ၏၊ ကိလေသာငြိမ်းပြီးသောသူသည် အနိုင် အရှုံးကိုစွန့်၍ ချမ်းသာစွာနေရ၏။

201. Winning brings hatred, defeated lives in miserable condition. The one who has given up both victory and defeat stays in comfort.

၂၀၂။ နတ္ထိ ရာဂသမော အဂ္ဂိ၊ နတ္ထိ ဒေါသသမော ကလိ။
နတ္ထိ ခန္ဓသမာ ဒုက္ခာ၊ နတ္ထိ သန္တိပရံ သုခံ။

၂၀၂။ ရာဂနှင့်တူသော မီးမရှိ၊ ဒေါသနှင့်တူသော အပြစ်မရှိ၊ ခန္ဓာနှင့်တူသော ဆင်းရဲဒုက္ခမရှိ၊ နိဗ္ဗာန်နှင့်တူသော ချမ်းသာမရှိ။

202. There is no fire like passion, there is no crime like anger, there is no suffering like the aggregate (of mind and body), and there is no peace higher than Nibbana.

၂၀၃။ ဇိဃစ္ဆာပရမာ ရောဂါ၊ သင်္ခါရပရမာ ဒုခါ။
ဧတံ ဉတွာ ယထာဘူတံ၊ နိဗ္ဗာနံ ပရမံ သုခံ။

၂၀၃။ ဆာလောင်မွတ်သိပ်ခြင်းသည် အလွန်ကဲဆုံး အနာရောဂါမည်၏၊ ခန္ဓာငါးပါး သင်္ခါရတရားတို့သည် အလွန်ကဲဆုံး ဆင်းရဲမည်ကုန်၏၊ နိဗ္ဗာန်သည် အလွန်ကဲဆုံး ချမ်းသာတည်း၊ ပညာရှိသည် ဤသို့ ဟုတ်တိုင်းမှန်စွာသိ၍ နိဗ္ဗာန်ချမ်းသာကို မျက်မှောက်ပြု၏။

203. Hunger is the most severe illness; five aggregates of the Sankharas are the greatest miseries. If one knows this truly, Nibbana is the greatest joy.

၂၀၄။ အာရောဂျပရမာ လာဘာ၊ သန္တုဋ္ဌိပရမံ ဓနံ။
ဝိဿာသပရမာ ဉာတိ၊ နိဗ္ဗာနံ ပရမံ သုခံ။

၂၀၄။ အနာရောဂါကင်းခြင်းသည် အလွန်ကဲဆုံး လာဘ်တည်း၊ ရောင့်ရဲမှုသည် အလွန်ကဲဆုံးဥစ္စာတည်း၊ ချစ်ကျွမ်းဝင် သူသည် အလွန်ကဲဆုံးဆွေမျိုးတည်း၊ နိဗ္ဗာန်သည် အလွန်ကဲဆုံးချမ်းသာတည်း။

204. Health is the greatest blessing. Contentment is the highest wealth. The trustworthy friend is the best kinsman. Nibbana is the greatest bliss.

၂၀၅။ ပ၀ိဝေကရသံ ပိတွာ၊ ရသံ ဥပသမဿ စ။
နိဒ္ဒရော ဟောတိ နိပ္ပါပေါ၊ ဓမ္မပီတိရသံ ပိဝံ။

၂၀၅။ တရားဟူသော နှစ်သိမ့်မှု ပီတိအရသာကို သောက်ရသူသည် ဆိတ်ငြိမ်ရာ၌ရသော တရားအရသာကို လည်းကောင်း၊ ကိလေသာအပူငြိမ်းရာ နိဗ္ဗာန်၏ အရသာကိုလည်းကောင်း သောက်ရသောကြောင့် ပူပန်မှုကင်း၏၊ မကောင်းမှုမှလည်းကင်း၏။

205. Having tasted the flavor of Dhamma in seclusion and the flavor of peace in tranquility, one is without distress, free from the bad, drinking the flavor of the joys of Nibbana.

၂၀၆။ သာဟု ဒဿနမရိယာနံ၊ သန္နိဝါသော သဒါ သုခေါ။
အဒဿနေန ဗာလာနံ၊ နိစ္စမေ၀ သုခီ သိယာ။

၂၀၇။ ဗာလသင်္ဂတစာရီ ဟိ၊ ဒီဃမဒ္ဓါန သောစတိ။
ဒုက္ခော ဗာလေဟိ သံဝါသော၊ အမိတ္တေနေ၀ သဗ္ဗဒါ။
ဓီရော စ သုခသံဝါသော၊ ဉာတီနံဝ သမာဂမော။

၂၀၈။ တသ္မာ ဟိ- ဓီရဉ္စ ပညဉ္စ ဗဟုဿုတဉ္စ၊ ဓောရယှသီလံ ၀တ၀န္တမရိယံ။
တံ တာဒိသံ သပ္ပုရိသံ သုမေဓံ၊ ဘဇေထ နက္ခတ္တပထံဝ စန္ဒိမာ။

၂၀၆။ သူတော်ကောင်းတို့ကို တွေ့မြင်ရခြင်းသည်ကောင်း၏၊ သူတော်ကောင်းတို့နှင့် ပေါင်းဖော်ရခြင်းသည် အခါခပ်သိမ်း ချမ်းသာ၏၊ လူမိုက်တို့ကို မတွေ့မမြင်ရခြင်းသည် အမြဲပင် ချမ်းသာ၏။

၂၀၇။ သူမိုက်နှင့်ပေါင်းဖော်၍ လှည့်လည်သောသူသည် ကာလကြာမြင့်စွာ စိုးရိမ်ရ၏၊ လူမိုက်တို့နှင့် အတူနေရခြင်းသည် ရန်သူနှင့် အတူနေရသကဲ့သို့ အခါခပ်သိမ်း ဆင်းရဲရ၏၊ ပညာရှိနှင့် အတူတကွနေရခြင်းသည် ဆွေမျိုးတို့နှင့် အတူတကွ နေထိုင်ရသကဲ့သို့ ချမ်းသာ၏။

၂၀၈။ ထို့ကြောင့်သာလျှင် တည်ကြည်လည်းတည်ကြည်သော ပညာလည်းရှိသော အကြားအမြင်လည်းများသော မဂ်ဖိုလ်ဟူသောဝန်ကိုလည်း ဆောင်လေ့ရှိသော သီလ ဓုတင် ဖြူစင်သော အကျင့်လည်းရှိသော မြတ်သော ထိုသို့ သဘောရှိသော ပညာရှိသူတော်ကောင်းကို လမင်းသည် နက္ခတ်တို့သွားရာလမ်းခရီးကို ချဉ်းကပ်သကဲ့သို့ မှီဝဲ ဆည်းကပ်ရာ၏။

206. It is good to see the noble and association with them will make one happy. One who never sees silly persons will be at ease forever.

207. One accompanying with silly persons has a long journey of troubled state of mind, because being with a fool is as painful as to be with an enemy; but the joy of being with the wise is like the joy staying together with relatives.

208. Therefore one should follow the wise that is constant, intelligent, awake to the inner light, the learned, the much enduring, the dutiful, the noble; with such a one as this, one would associate like the moon follows the path of stars.

Saturday, July 9, 2011

အမေ့နှလုံးသား(၂)

   ကျည်းကန်ရှင်ကြီးမေတ္တာစာမှာလည်း ဤသို့ရေးပြထားသည်။
”ရေပူရေချမ်း၊ဘယ်သူကမ်း၍၊စိတ်ဝမ်းရွှင်အောင်၊
သားရွှေတောင်ကို၊ရွက်ဆောင်လိမ့်မည်၊အတည်တည်ကို၊
ကြံစည်လိုက်မိ၊အောက်မေ့ဘိသော်၊နွမ်းရိခွေနုံး၊
သားရွှေတုံးကို၊ယူကြုံးမရ၊လွမ်းလိုက်လှခဲ့...”
နောက်ထပ်ဆက်လက်၍
”ချမ်းသာစီးပွား၊ဆိုသည်များကို၊လားလားမယ့်မှာ၊
အောက်မေ့ပါဘူး၊သားဦးကိုသာ၊မြင်ချင်ပါရှင့်၊
မင်းလျာယဉ်ရွ၊သားရွှေစငယ်၊မရဖြစ်စေ၊
ရဖြစ်စေသာ ပြန်ခဲ့ပါတော့....။”
ဟုဖော်ပြထားသည်။
အမေ့နှလုံးသားသည် သားသမီးတို့ကို မည်မျှထိမေတ္တာထားခဲ့သလဲ...
ဆိုတာတုနှိုင်းမဲ့လို့ရမည်မထင်။
အမေနှင့်သားသမီးအတူတကွမနေရသောအခါ မိခင်ကသာ တသသလွမ်းနေသည်။
ယောဆရာတော်ဘုရားကြီးက 
”မိမိတို့ ယခုပစ္စုပ္ပန်လူဘ၀ကိုရလာတာဟာ အတိတ်ကုသိုလ်ကံကြောင့်
မှန်သော်လည်းမိမိလူတစ်လုံး သူတစ်လုံး ဖြစ်လာတာကတော့
မိဘဘိုးဘွားဆရာသမားစတဲ့ကျေးဇူးရှင်များကြောင့်ပါ။
ဒါကြောင့် ကျေးဇူးရှင်များရဲ့ကျေးဇူးကိုသိပြီး ပြန်ဆပ်ရမည့်တာဝန်ရှိလာပါတယ်...”လို့
မိန့်မှာဖူးပါသည်။
အနှိုင်းမဲ့ကျေးဇူးကိုဘယ်လိုတုန့်ပြန်မလဲ...?
အကောင်းဆုံးနည်းဖြင့်ကျေးဇူးဆပ်နိုင်ပါစေ....။

        အမေသည် သားသမီးကိုမှတ်ခြင် ယင်မသမ်းအောင်
မဆင်းရဲအောင် မေတ္တာအပြည့်ဖြင့် စောင့်ရှောက်ခဲ့သည်။
မိခင်သည် မိမိ၏တစ်ဦးတည်းသောသားကို စောင့်ရှောက်သကဲ့သို့
အားလုံးသော လူနတ်ဗြဟ္မာသတ္တ၀ါတို့ကိုမေတ္တာထား၍ စောင့်ရှောက်ပါ
မေတ္တာထားပါ ဟုရှင်တော်ဘုရားက မေတ္တသုတ်မှာ ဟောထားသည်။
အမေ့ကိုစံနမူနာထားပြီး ဟောထားတာ အမေ့၏မေတ္တာသည်
မည်မျှကြီးမားကြောင်း ထင်ရှာသည်။
သည်အတွက် ငြိမ်းချမ်းရေးကို လိုလားသောသူတော်ကောင်းတို့သည်
မေတ္တာဓာတ်ဖြင့် ကမ္ဘာကြီးကို အေးမြစေသည်။


   အမေ....
အမေဆန္ဒကို သားတစ်ခုလုပ်ဆောင်ပေးခဲ့သည်။
ဇာတိမြေ ငယ်စဉ်တောင်ကျေးကလေးဘ၀က ပညာသင်ယူခဲ့တဲ့
ရွာဦးကျောင်းမှာ အမေ့ရွာစာပျိုးခင်း လူငယ်စာကြည့်တိုက်ဆိုပြီး
သားတည်ထောင်ဖွင့်လှစ်ခဲ့သည်။
 န၀ကမ္မ၀တ္ထုငွေကို ၅သိန်းတိတိ မတည်ပြီးစတင်ဖွင့်လှစ်ခဲ့တာပါအမေ...။
အမေ စာကြည့်တိုက် တစ်တိုက် တည်ထောင်ဖွင့်လှစ်ခြင်းဟာ
မိမိ၏ပတ်ဝန်းကျင်းကို အလင်းရောင်ထွန်းပေးသလိုပါပဲ။
အမေပေးသော စာပေအမွေဖြင့်လောကတစ်ခုလုံးကိုလင်းလက်စေချင်တာ 
သားအဖြစ်ချင်ဆုံးဆန္ဒလေးပါမေမေ...
ဆက်ရန်...
                                                      ဥာဏ(ပြင်ဦးလွင်)









Friday, July 8, 2011

အမေ့နှလုံးသား(၁)

ချစ်သောမေမေ...
မြင့်မိုရ်တောင်ဦး မကကြူးတဲ့ကျေးဇူးသခင် မြတ်မိခင်ကို မှန်းမျှော်ဆလို့
ဦးချညွတ်ထား ကန်တော့ပန်းဖြင့် ဦးထိပ်ပန်ဆင်
သားအထပ်ထပ် ရှိခိုးပါသည်။
လောကတစ်ခွင်လုံးကို မေတ္တာဖြင့် နွေးထွေးစေသော သူသည်
မေတ္တာနှလုံးသားပိုင်ရှင် အမေပင်ဖြစ်သည်။
သူတော်ကောင်းပညာရှိအပေါင်းတို့ကို မွေးဖွားသောသူသည်အမေ...။
ပုခက်လွဲသောလက်သည် အမေ...။
ကမ္ဘာကိုအုပ်စိုးသောသူသည် အမေ...။
လောကကိုအမှောင်ခွင်း၍အလင်းဆောင်သောသူသည်လည်း အမေပင်ဖြစ်သည်။
မာတာပိတုဂုဏော အနန္တော ဟုစာပေမှာဖွင့်ပြထားသည်။
မိခင်ဖခင်တို့၏ဂုဏ်ကျေးဇူးသည် ကြီးမားလှသည်။အဆုံးအပိုင်းအခြားမရှိပါ။
သည့်အတွက် မြတ်စွာဘုရားရှင်တို့နှင့် တစ်ဂိုဏ်းတည်းထား၍
အနန္တငါးပါးတွင် မိဘနှစ်ပါးသည် တစ်ပါး အပါဝင်ဖြစ်သည်။

                        အမေကိုချစ်သောသားသမီးတိုင်းက အမေထားခဲ့သောစာပေအမွေကို
ယုယပိုက်ထွေးစွာ စောင့်ရှောက်တတ်ရမည်။
စာပေအမွေကို ယုယပိုက်ထွေးစွာ စောင့်ရှောက်တတ်ရမည်။
အမေ့ကြောင့် ဘ၀အလင်းရောင်ရခဲ့သည်။
စကားမပြောသောအမေ့နှလုံးသားက သားသမီးတို့ကို မေတ္တာဖြင့် နွေးထွေးစေခဲ့ပြီ...။
အမေ့မေတ္တာကြောင့် ဘ၀ရှင်သန်လာခဲ့ရသည့်အမေ့သားတစ်ယောက်အနေဖြင့်
အမေဖြစ်စေချင်သောအရာကို မထမ်းရွက်နိုင်ခဲ့သည့်အတွက် ၀မ်းနည်းမိသည်။
အမေ... အမေ့နှလုံးသားဆန္ဒအားလုံးကို မရွက်ဆောင်နိုင်ခဲ့ပေမယ့်
စာပေအလင်းဖြင့်သား၏ပတ်ဝန်းကျင်ကို ထိန်းလင်းထွန်းပ လင်းလက်အောင်
ကြိုးပမ်းဆောင်ရွက်လျက်ပါအမေ...။


သားနှင့်တစ်ပြည်တစ်ရွာဝေးကွာ၍ နေထိုင်ရသောအခါ
အမေတို့၏နှလုံးသားအိမ်တွင် ယိုစီးထွက်ဖြာလာသော အလွမ်းအိမ်က
”တစ်ရံတစ်ခါ၊သားနှင့်ကွာက၊သားမှာမျက်စိ၊နှလုံးရှိ၍၊
အမိတို့ဝမ်း၊ပန်းညိုးနွမ်းသို့၊ခြောက်သွမ်းသွေ့သွေ့၊
လွမ်းဓလေ့ဖြင့်၊ညဥ့်နေ့မဟူ၊ငိုတရှုလျက်၊လွမ်းပူလွမ်းလောင်...”
(ရှင်မဟာရဌသာရ၊စတုဓမ္မသာရကိုးခန့်ပျို့)
၌ဟတ္ထိပါလ သားလေးယောက်ကိုလွမ်းဆွေးနေသောမိခင်၏ပုံရိပ်က
တသသ အောက်မေ့နေတာ ထုဆစ်ပြထားသည်။
                                           ဥာဏ(ပြင်ဦးလွင်)

Wednesday, July 6, 2011

ပန်းဦးတောင်ကျေးရွာ၏စာပျိုးခင်း(၅)

   မန္တလေးမြို့မှ နိုင်ငံကျော် စာရေးဆရာကြီး ဦးနေ၀င်းမြင့်(အမျိုးသားစာပေဆုရ)နှင့် 
စာရေးဆရာမောင်ဖူလုံတို့က
စာကြည့်တိုက်၏ပထမနှစ်ပတ်လည်နေ့မှာ ပန်းဦးတောင်ကျေးရွာ၏စာပေခရီးကို
စေတနာ၊မေတ္တာထားပြီး စာပေအကြောင်းလာရောက်ဟောပြောခဲ့သည့်စာရေးဆရာကြီးနှစ်ဦးတို့အား
လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ပါသည်...။

            စာရေးဆရာမောင်ဖူလုံ(ပုသိမ်ကြီး)သည်ဤစာကြည့်တိုက်၏ရာသက်ပန် အလှုရှင်ဖြစ်သည်...။
စာပေပန်းခင်းကိုနှစ်စဉ်ရေလောင်းပေါင်သင်းသူအားလုံးကို စာရေးသူ အထူးကျေးဇူးတင်မိသည်။
ရန်ကုန်မြို့မှ စာရေးဆရာမ-ဧပရယ်ကလည်းထောက်ပံ့လှုဒါန်းသေးသည်။
ရပ်ဝေးရပ်နီးစာပေချစ်သူ စာအုပ်ရှင် အလူရှင်တို့၏စေတနာကြောင့်
တစ်နှစ်တာကာလအတွင်းစာရေးသူတို့၏အမေ့ရွာစာပျိုးခင်းစာကြည့်တိုက်က စည်ပင်ပြန့်ပွားတိုးတက်နေတော့သည်။
                 ပညာအလင်းရောင် စာပေဆီမီးတန်ဆောင်ကား 
ကမ္ဘာသူကမ္ဘာသားတို့၏နှလုံးသားတွင် ထွန်းပေနေပေမည်။
ကြယ်တာရာအပေါင်းတို့သည် ည၏အလှကိုခြယ်မှုန့်ပေးသကဲ့သို့
စာပေသည်လည်း မိမိ၏ဘ၀ကိုခြယ်မှုန့်ပေးသင့်သည်။
ငွေလရောင်သည် ကမ္ဘာသူကမ္ဘာသားတို့၏နှလုံးသားကို အေးမြစေသကဲ့သို့
ပန်းဦးတောင်ကျေးရွာ၏အမေ့ရွာစာပျိုးခင်းသည်လည်း ကျေးလက်တောရွာ
ပြည်သူတို့၏နှလုံးသားကို ငြိမ်းချမ်းစေလိမ့်မည် ဟုစာရေးသူတွေးမိသည်။
                 စာပေဆီမီးတန်ဆောင် အလင်းရောင်ထွန်းပြောင်နိုင်ရေး
ကိုယ့် အားကိုယ်ကိုး ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး
ကျေးလက်ပြည်သူများထံ စာအုပ်စာပေများရောက်ရှိရေး
စာဖတ်အားတိုးမြင့်လာစေရန် စာပေဟောပြောပွဲများစဉ်ဆက်မပြတ် ကျင့်ပနိုင်ဖို့
အရေးကြီးပေသည်။
စာကြည့်တိုက်ရေရှည်တည်တံ့ခိုင်မြဲအောင် စာကြည့်တိုက်၏ကော်မတီအဖွဲ့ဝင်များ
ရပ်မိရပ်ဖ စေတနာအလှုရှင်တို့က ဟန်ချက်ညီညီ စုပေါင်းကူညီ ၀ိုင်းဝန်ကြိုးပမ်းရမည်ဖြစ်ပါသည်။
စာအုပ်သည် ဘ၀အတွေ့အကြုံဟုဆိုလျှင်
စာကြည့်တိုက်သည် ဘ၀ဇာတ်ခုံဟု မိမိတွေးလျက်....။
                                                      ဥာဏ(ပြင်ဦးလွင်)

ပန်းဦးတောင်ကျေးရွာ၏စာပျိုးခင်း(၄)

               ရုရှားမှ တော်လှန်သော ဒီမိုကရက်တစ်ပညာရှင် အယ်လက်ဇန္ဒားဟာဇင်
(Alexander Herzen)ကစာအုပ်နှင့်ပတ်သက်၍ ဤသို့ဆိုပြန်သည်။
စာအုပ်သည်  လူသားတို့နှင့်အတူ ရင့်ကျက်ကြီးထွားလာသည်။
လူသား၊တို့၏အသိဥာဏ်ကိုစေ့ဆော်ပေးသော သင်ကြားချက် အားလုံးသည်၎င်း၊
လူသားတို့၏နှလုံးသားကိုထိခိုက်လှုပ်ရှားစေသော စိတ်နှင့်စေတနာတို့သည်၎င်း
စာအုပ်ထဲတွင် အနှစ်ကျ အနည်ထိုင်လျက်ရှိကြသည်။
လူသားတို့၏မုန်တိုင်းထန်သည့်ဘ၀ကပေးသောဖြောင့်ဆိုချက်များကိုပင် 
ကမ္ဘာ့သမိုင်းဟုခေါ်ရ၍ ယင်းတို့ကို စာအုပ်ထဲတွင် ကမ္ပည်းထိုးထားသည်။

                               သင်သည် လူသားတို့၏သုခဒုက္ခလောကဓံမုန်တိုင်းလှိုင်း သမိုင်းစာမျက်နှာကို
ဖတ်ကြားလိုလျှင် စာပေကိုရှာဖွေရတော့မည်။
သင့်ရှာဖွေထားခဲ့သည့် လောကဓံစာမျက်နှာလည်း စာအုပ်ထဲမှာ ကမ္ပည်းထိုးထားပေလိမ့်မည်။
ဒဿနပညာရှင်ကြီးအရစ္စတိုတယ်လည်း သူ့ကိုယ်ပိုင်စာကြည့်တိုက်တည်ထောင်သူဖြစ်သည်။

               သူ့၏တပည့်အီဂျစ်ဘုရင်ပထမတိုလမီ(ptolemy)သည် ရှေးဟောင်းစာကြည့်တိုက်များထဲတွင်
အကြီးဆုံးနှင့်အထင်ရှားဆုံး စာကြည့်တိုက်တစ်ခုကို ဘီစီ၂၈၄ခုနှစ်တွင် အီဂျစ်နိုင်ငံအယ်လက်ဇန္ဒားမြို့မှာ
တည်ထောင်ခဲ့သည်။
အဆိုပါစာကြည့်တိုက်တွင် စာအုပ်ပေါင်း လေးသိန်းကျော်ရှိခဲ့သည်။
                             အမေရိကန်သမ္မတ(၁၆)နှစ် မြောက် လင်းကွန်းလည်း ကျေးလက်မှာမွေးဖွားပြီး
စာပေကိုခင်တွယ်တွယ်လို့ သမိုင်းစာမျက်နှာမှာ စာတွင်ခံရသူတစ်ယောက်ဖြစ်သည်။
သူ့၏နိုင်ငံအတွက် သားကောင်းဇာနည်ဖြစ်ခဲ့သည်။
လင်ကွန်းသည် အကယ်၍ စာပေကိုမသင်ကြားမလေ့လာခဲ့လျှင် သူ့၏သမိုင်းစာမျက်နှာမှာ
လှပမည်မဟုတ်ဟု တွေးမိသည်။
                      ဤလောက၌ လူသားတိုင်းသည် ကိုယ့်ဘ၀ကြေးမုံပြင်ကို
ကိုယ်တိုင်ကမ္ပည်းထိုးထားသူများသာဖြစ်သည်။
ဘ၀ကြေးမုံပြင်မှာ လှပသူလား...
အကျည်းတန်သူလား....
ကိုယ့်ကိုဝေဖန်စေချင်သည်။
ပန်းဦးတောင်ကျေးရွာ၏စာပျိုးခင်းဟုဆိုရာ၌ စာပေပန်းခင်းကို ပျိုးထားသည်ဟု ဆိုလိုသည်။
စာပျိုးခင်းထဲတွင် စာပေပန်းပွင့်ကို ပန်ဆင်လာကြရာ ”တစ်နှစ်”ဆိုသည့် သက်တမ်းကာလခရီးသို့
ရောက်လာသည်။
စာကြည့်တိုက်၏နှစ်ပတ်လည်နေ့အထိမ်းအမှတ်နေ့တွင် နိုင်ငံကျော် စာရေးဆရာကြီး ဦးနေ၀င်းမြင့်နှင့် စာရေးဆရာ မောင်ဖူလုံး(ပုသိမ်ကြီး)တို့ကို ပထမအကြိမ် စာပေဟောပြောပွဲ ကျင့်ပခဲ့သည်။
ဆက်ရန်...
                                                                ဥာဏ(ပြင်ဦးလွင်)

Tuesday, July 5, 2011

ပန်းဦးတောင်ကျေးရွာ၏စာပျိုးခင်း(၃)

                ဆရာကြီးရွှေဥဒေါင်းက ”ကျွနိုပ်နှင့်စာပေ” ဆောင်းပါးတွင် ဤသို့ဆိုခဲ့ဖူးသည်။
”အဟုတ်တကယ် ၀တ္ထုကောင်းကြီးတွေကိုဖတ်ပြီး သုံးသပ်ဆင်ခြင်သော အလေ့အကျင့်ပြုလုပ်ထားသူ
တစ်ယောက်သည် မိမိနှင့်ဆက်ဆံသောသူများအကြောင်းကိုအသေးစိတ်သိတတ်၏။
လူတစ်ယောက်၏အပေါ်တွင်အပြစ်ချည်းမမြင်ပဲ ဘယ်အချက်တွင် ဘယ်လိုကောင်းပါပေခြင်းကိုလည်း
အသိအမှတ်ပြုတတ်သည်။”

                       ဆရာကြီးရွှေဥဒေါင်းက စာပေဒဿနအပေါ်ဘယ်လိုမြင်သလဲဆိုတာ
အထက်ပါစကားကိုဖတ်ရင် သိနိုင်သည်။
ဒါတွေက စာပေ၏ကျေးဇူးကြောင့် သိလာရခြင်းဖြစ်သည်။
စာပေကြောင့် သမိုင်းစာမျက်နှာများကို သိခွင့်ရသည်။
စာပေကြောင့် အသိဥာဏ်ရင့်ကျက်၍ နုညံ့သိမ်မွေ့ရသည်။
            ဆက်လက်၍ ဆရာကြီးဇော်ဂျီ၏ ရသစာပေအဖွင့်တွင် အောက်ပါအတိုင်းရေးသားထားသည်။
ရသစာပေကောင်းကို ဖတ်ရလျှင် ပတ်ဝန်းကျင်ဘ၀ကိုလည်း 
သတိပြုမိလာနိုင်စရာ အကြောင်းရှိသည်။
ပတ်ဝန်းကျင်ဘ၀ကို သတိပြုမိသူသည် မိမိ၏ကိုယ်စိတ်နှလုံးကို သုံးသပ်သည့်အခါတိုင်း
ဆင်ခြင်တတ်ခြင်း ရှိလာ၍ မိမိတစ်ဦးတည်း၏အကျိုးစီးပွားအတွက်သာမက ပတ်ဝန်းကျင်ဘ၀၌ 
မိမိကဲ့သို့ပင် သုခဒုက္ခ အမျိုးမျိုးနှင့် ကျင်လည်ကြကုန်သော သတ္တ၀ါခပ်သိမ်း၏ အကျိုးစီးပွားအတွက်လည်း
 ကြည့်တတ်မြင်တတ် ကရုဏာဖြစ်တတ်လာနိုင်စရာ အကြောင်းရှိသည်ဟု ထင်ပါသည်။

                     စာကြည့်တိုက်သည် ဗဟုသုတဖြန့်ချီရာနေရာဖြစ်၍ စာအုပ်စုဆောင်းရာနေရာမဟုတ်ပေ...
(jay.E.Daly) ကဆိုပြန်သည်။
စာအုပ်ဟူသည် အကြီးမားအပြည့်စုံသော အင်အားကြီးတရပ်ဖြစ်သည်။
(V..I.Lenin)ဗီအိုင်လီနင်းကဆိုထားသေးသည်။
ရုရှားနိုင်ငံမှာ လီနင်းဆိုတဲ့ခေါင်းဆောင်ကောင်းတစ်ယောက်လည်း သူ့၏နိုင်ငံအတွက်
သမိုင်းစာမျက်နှာများထဲမှ လီနင်းစာကြည့်တိုက်အကြောင်းကို အနည်းငယ်ဖော်ပြလိုပါသည်။
မော်စကိုမှာရှိသည့်လီနင်းစာကြည့်တိုက်မှာ စာဖတ်ခန်း၂၂ခန်း၊ပိတ်ရက်မရှိဘဲ
နေ့စဉ်နံနက်၉နာရီမှည၁၁နာရီထိ ဖွင့်ထားသည်။
နေ့စဉ်စာကြည့်တိုက်ထုတ်ပေးငှားရမ်းလိုက်သောစာအုပ်အရေအတွက်က ၃၀၀၀၀ခန့်ရှိပြီး
စာဖတ်ပရိသတ်ကလည်း၆၀၀၀ခန့်ရှိသည်ဟုမှတ်သားထားဖူးသည်။
       သင့်လည်း သင့်၏မွေးရပ်ဇာတိမြေ မြို့ရွာမှာ သင့်ကိုယ်ပိုင်စာကြည့်တိုက်တည်ထောင်သင့်သည်။
လီနင်စာကြည့်တိုက်ကို အတုယူပြီး သင့်၏ဇာတိမြေမှာ ပရဟိတအတွက်
လုပ်ဆောင်သောဆန္ဒကလေးသာရှိမယ်ဆိုရင် မိမိ၏ပတ်ဝန်းကျင်ကို
အလှတန်ဆာများ ပေးဆပ်ရာလည်းရောက်ပေမည်။
ဘာဖြစ်လို့လဲဆိုတော့
စာပေသည် လူသားတို့၏အသိအတွေးအမြင် ဘ၀ကြေးမုံပြင် ဖြစ်နေလို့ပါပဲ...။
ဆက်ရန်...
                                                      ဥာဏ(ပြင်ဦးလွင်)





Monday, July 4, 2011

ပန်းဦးတောင်ကျေးရွာ၏စာပျိုးခင်း(၂)

စာကြည့်တိုက်၏တည်ထောင်ထားခြင်း၏ရည်ရွယ်ချက်မှာ
မိဘပြည်သူလူထုအတွက် ပညာဗဟုသုတတိုးပွားစေရန်၊
မျိုးဆက်သစ် လူငယ်အတွက် အကျင့်စာရိတ္တကောင်းမွန်စေရန်၊
သုတေသီများအတွက် လွယ်ကူစွာ စာပေအညွန်း ရှာဖွေနိုင်ရန်နှင့်
လူငယ်များအတွက် ယဉ်ကျေးလိမ္မာစေပြီးပရဟိတစိတ်ဓာတ်ရှင်သန်စေရန်
အမေ့ရွာစာပျိုးခင်း လူငယ်စာကြည့်တိုက်ကို ရည်ရွယ်ချက်ကြီးမားစွာဖြင့်ဖွင့်လှစ်ခဲ့သည်။
                
                         အလိမ္မာစာမှာရှိ၏။ဖတ်ကြံလုပ် ဟူသောဆောင်ပုဒ်များနှင့်အညီစာအုပ်စာပေထဲမှာ
အသိအလိမ္မာတိုးစရာ၊လိမ္မာယဉ်ကျေးဖွယ်ရာဆုံးမစကားများ၊ပြည်သူ့နီတိများ၊ဒဿနများအတွေးအခေါ်ဆိုင်ရာ
ပညာရပ်များဘ၀ထဲက အတွေ့အကြုံမှရရှိလာသည့်သင်ခန်းစာများစသဖြင့်အမျိုးမျိုးရှိကြပေသည်။
စာပေဟူရာ၌ ဘာသာရေးနှင့် သက်ဆိုင်သောစာပေလူမှုရေး၊စီးပွားရေး၊ကျန်းမာရေးတို့နှင့် သက်ဆိုင်သော
စာပေမှန်သမျှလူမျိုး ဘာသာ နိုင်ငံအသီးသီးတွင် စာပေပေါင်းစုံ ရှိနေကြသည်။
လူအမျိုးမျိုး စရိုက်အထွေထွေ ၀ါသနာအဖုံဖုံရှိကြသည့်အတွက်မိမိနှင့်သင့်လျော်သော စာပေကိုရွေးချယ်၍
အလေးထားဖတ်ရှုသင့်သည်။

                     စာအုပ်စာစောင်၊တွေ့မရှောင်၊ဆုံးအောင်ဖတ်ရှုပါ။
မကောင်းရှောင်ပယ်၊ကောင်းဆောင်ကွယ်၊မှတ်ဖွယ်သင့်ဝန်တာ ဟုသတိပေးထားသည်။
သိပ္ပံပညာရှင် အက်ဒီဆင်ကိုသူ၏မိခင်က အမြဲတမ်း ဆုံးမတဲ့စကား
တစ်ခွန်းက ”ငါ့သားကြီးပွားလိုလျှင် စာများများ ဖတ်ပါ”ဆိုတာပါပဲ....။
အက်ဒီဆင်ဟာ အတန်းကျောင်းပညာမရှိပါ...။အိမ်မှာပဲစာသင်ရသည်။
ပြီးတော့စာအုပ်စာပေကိုလေ့လာမှတ်သားတတ်သည်။
စာပေ၏ကျေးဇူးကြောင့် အက်ဒီဆင်သည် ကမ္ဘာ့စာမျက်နှာမှာ စာတင်ခံသူတစ်ယောက်ဖြစ်သည်။

             သင့်တို့သည် ကမ္ဘာ့စာမျက်နှာမှာ ကမ္ပည်းတင်ခံသူဖြစ်ရအောင် ဘယ်လိုလုပ်သင့်တာလဲ
ပရဟိတအတွက် ဘယ်လောက်များပေးဆပ်ဖူးသလဲ
သင့်သည်လောကအကျိုးကိုအတွက် ဘယ်လိုများဆောင်ရွက်ပေးမလဲ
သင့်သည် လောကအကျိုး သယ်ပိုးလိုလျှင် ရှေ့ဦးစွာ စာပေကိုမြတ်နိုးပါဟု သင့်ဘ၀အတွက်
အရှုံးမရှိသော ဒဿနတစ်ပုဒ်ကိုပေးပါရစေ....
ဆက်ရန် 
ဥာဏ(ပြင်ဦးလွင်)