ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Sunday, May 22, 2011

အို မိခင်

ဘ၀တစ်ခွင် လောကလွင်ဝယ်
အမေ့နို့တစ်စက် သားအတွက်
အားမာန်ဝင့်ဝင့် အောင်ပွဲလွှင့်ထူ
မမူစစ်ပွဲ ဆင်နွှဲခဲ့လေပြီ...။


ပန်းမျိုးကမ္ဘာ လှိုင်လှိုင်ဖြာ၍
ကမ္ဘာကြီးကိုမွေးဖွား
ငြိမ်းချမ်းခြင်းတရားနှလုံးတည်
”မေတ္တာ“အပြုံးပန်းကြောင့်
သားဘ၀လုံး နှလုံးစိတ်ဝမ်း
ထာဝရလန်းဆန်းလေပြီ...။


ငွေရောင်လဲ့လဲ့ စန္ဒာရင်ခွင်
အေးမြလွင်ပြင် ပျော်ရွှင်သည့်နှယ်
လောကသွယ်တန်း လျှောက်လှမ်းနေခိုက်
အမေ့ရင်ခွင် လွင်ပြင်တောမြိုင်
အိပ်မောလို့မဝ
ဘ၀ကြည်နူး ပျော်မြူးခဲ့ပြီ...။


အမေ့ရင်ခွင် ရေစင်သီတာ
မေတ္တာကြင်နာ ကရုဏာဒီလှိုင်း
ယုယချစ်ခင် မြတ်နိုးကြင်၍
“စေတနာ“သြ၀ါဒစကားဖြင့်
လောကရင်ခွင်ထဲ
အနေရဲအောင်
အမြဲသွန်သင်  အို   မိခင်....။
ဥာဏ(ပန်းဦးတောင်)

No comments:

Post a Comment