ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။
Showing posts with label ဖြန့်ဝေခြင်း. Show all posts
Showing posts with label ဖြန့်ဝေခြင်း. Show all posts

Friday, March 23, 2012

၂၀၁၂ ခုနှစ် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် (၁၀၀) စာရင်း ထုတ်ပြန်


တိုကျိုတက္ကသိုလ်ပုံ
ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်ကို နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ Times Higher Education အဖွဲ့ကြီးက ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းကို မကြာခင်က ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံပေါင်း ၁၄၉ နိုင်ငံက ပညာရှင် ၁၇၅၅၄ ဦးနဲ့အတူ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေရဲ့ စစ်တမ်းနဲ့ အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။
ထုံးစံအတိုင်း ထိပ်ဆုံး တက္ကသိုလ် ၁၀၀ မှာ အမေရိကန် တက္ကသိုလ်တွေ အများဆုံးပါဝင်ပြီး၊ ဒုတိယ အများဆုံးက အင်္ဂလန်တက္ကသိုလ်တွေပါပဲ။ ထူးခြားမှုက ဒီနှစ်မှာ အာရှတက္ကသိုလ် တော်တော်များများ ရှေ့တန်းတက်လာခြင်း ဖြစ်ပါတယ်။
အမေရိကန်တက္ကသိုလ်တွေဖြစ်တဲ့ ဟားဗတ်က (၁)၊ MIT က (၂)၊ စတန်းဖို့ဒ်က (၄)၊ ဘာကလေ (၅)၊ ပရင်စတန် (၇)၊ ယေးလ် က (၁၀) ဖြစ်ပါတယ်။
အင်္ဂလန်ရဲ့ ကိန်းဘရစ်က နံပါတ် (၃) မှာရှိပြီး၊ အော့စ်ဖိုဒ့် (၄) မှာရှိပါတယ်။ ဒါပေမဲ့ အင်္ဂလန်တက္ကသိုလ်တော်တော်များများ မနှစ်က အဆင့်ထက် အနည်းငယ်စီ ပြုတ်ကျသွားပါတယ်။
တက္ကသိုလ် ၁၀၀ စာရင်းမှာ ဂျပန်တက္ကသိုလ် ၅ ခု ပါဝင်ပြီး၊ တိုကျို တက္ကသိုလ်က မနှစ်က နံပါတ် (၈) နေရာကို ဆက်ထိန်းထားပါတယ်။ နယ်သာလန် တက္ကသိုလ် ၅ ခုလည်း ၁၀၀ စာရင်းမှာ ပါဝင်ပါတယ်။
တရုတ်က စင်ဝှာ တက္ကသိုလ်က မနှစ်က အဆင့် (၃၅) ကနေ ဒီနှစ် အဆင့် (၃၀) ကို တက်လာပါတယ်။ ပီကင်း တက္ကသိုလ်က အဆင့် (၄၃) ကနေ (၃၈) ကို တက်လာပါတယ်။ ဟောင်ကောင်တက္ကသိုလ်က အဆင့် (၄၂) ကနေ ဒီနှစ် (၃၉) ကို ရောက်လာပါတယ်။
စင်္ကာပူအမျိုးသား တက္ကသိုလ်က မနှစ်က အဆင့် (၂၇) ကနေ၊ ဒီနှစ် (၂၃) နေရာကို ရောက်လာပါတယ်။
ချုပ်ပြောရရင် ကမ္ဘာ့ပညာရေးဟာ အပြိုင်အဆိုင်ဖြစ်နေသလို၊ တက္ကသိုလ်ကြီးတွေဟာလည်း ထိပ်ဆုံးနေရာကို တစ်နှစ်ထက် တစ်နှစ် အပြိုင်လုနေကြပါတယ်။ မြန်မာနိုင်ငံ တက္ကသိုလ် ၁၅၉ ခုကတော့ တစ်ခုချင်းစီမှာ ကိုယ်ပိုင် ၀ဘ်ဆိုဒ်တောင် မရှိသေးတဲ့အတွက်၊ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၄၀၀) အဆင့်ဝင်ဖို့တောင် အလှမ်းဝေးနေဆဲဖြစ်ပါတယ်။


ဝင့်ထန်း
ရည်ညွှန်း Time Higher Education

Friday, March 2, 2012

"၁၅၀၀ အချစ်" နဲ့ "၅၂၈ မေတ္တာ" ဖြစ်လာပုံ






အချစ်အကြောင်း ပြောကြမယ်ဆိုရင် ကျွန်တော်တို့ မြန်မာလူမျိုး အများစုက "၁၅၀၀ အချစ်" နဲ့ "၅၂၈မေတ္တာ" ဆိုပြီး နှစ်မျိုးခွဲပြောလေ့ ရှိကြတယ်။ သမီးရည်းစား အချစ်ကို "၁၅၀၀ အချစ်" ၊ ပူလောင် ပြင်းပြတဲ့ အချစ်လို့ ပြောပြီး . . . မိဘတွေရဲ့ သားသမီးအပေါ်ချစ်တဲ့ အချစ်ကိုတော့ "၅၂၈ မေတ္တာ" ၊ အေးမြချမ်းမြေ့တဲ့ ချစ်ခြင်း မေတ္တာ ဆိုပြီး ယူဆ ပြောဆိုလေ့ ရှိပါတယ်။



ဘာလို့ (၁၅၀၀) ရှိနေရတာလဲ၊ (၅၂၈) ဆိုတာကကော ဘာလို့ ဖြစ်လာရတာလဲ . . .။ ပူလောင်တဲ့ အချစ်မို့ ၁၅၀၀ ရှိတာက ထားပါတော့ . . . အေးမြတဲ့မေတ္တာကျမှ ဘာလို့ ၅၂၈ ဆိုပြီး ကိုးလို့ကန့်လန့် လာဖြစ်နေရ တာလဲ ( ၅၀၀ ဆိုပြီး ရှိနေရင် ပိုတောင် အေးမလားလို့လေ၊ နောက် အစွန်းထွက် ဂဏန်းလည်း မရှုပ်ဘူး)။သူငယ်ချင်းတို့ရော ဘယ်လိုထင်လဲ?




၁။ ၁၅၀၀ အချစ် (သမီးရည်းစား အချစ်)

ကိလေသာဆယ်ပါးကို အခြေခံတယ်။ အဲဒီ ကိလေသာစိတ် (၁၀) ပါးကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် -

၁/ လောဘ ( တပ်မက်ခြင်း)

၂/ ဒေါသ (ကြမ်းတမ်းခြင်း)

၃/ မောဟ (တွေဝေခြင်း)

၎/ မာန (ထောင်လွှားခြင်း)

၅/ ဒိဋ္ဌိ ( မှားသော နှလုံးသွင်းခြင်း၊ အယူရှိခြင်း)

၆/ ဝိစိကိစ္ဆာ (အာရုံကို မဆုံးဖြတ်နိုင်ခြင်း)

၇/ ထိန (စိတ်၏ မခန့်ခြင်း)

၈/ ဥဒစ္စ (စိတ်၏ မငြိမ်သက်ခြင်း၊ ပျံ့လွင့်ခြင်း)

၉/ အဟီရိက (ကာယဒုစရိုက် ပြုရခြင်း၌ မရှက်ခြင်း)

၁၀/ အနောတ္တပ္ပ (ကာယဒုစရိုက် ပြုရခြင်း၌ မလန့်ခြင်း)





အဲဒီ ကိလေသာ(၁၀)ပါးကို ရုပ် စုစုပေါင်းနဲ့ မြှောက်ရပါတယ်။ ရုပ်စုစုပေါင်းဆိုတာက -



- လက္ခဏာရုပ် (၄) ခု

- နိပ္ဖန္နရုပ် (၁၈) ခု

- နာမ် (၅၃) ပါး





ပေါင်းလိုက်ရင် (၇၅) ရပါတယ်။ အဲဒီ ရုပ်စုစုပေါင်း (၇၅)ကို ကိလေသာ(၁၀)ပါး နဲ့ မြှောက်တော့ ၇၅၀။ အဲဒီမှာမှ အဇ္ဈတ္တ သဏ္ဍာန်၊ ဗဟိဒ္ဓ သဏ္ဍာန် ရယ်လို့ နှစ်ပါးရှိတဲ့ အတွက် (၂)နဲ့ ထပ်မြှောက်တော့ ၁၅၀၀ ရတာပါပဲ။ အတိုကောက်ကတော့ ဒီလိုလေးပါ -



( ကိလေသာ (၁၀) ပါး x ရုပ်စုစုပေါင်း (၇၅) ) x ၂ = ၁၅၀၀ အချစ်





၂။ ၅၂၈ မေတ္တာ (မိဘတို့၏ အချစ်)

မေတ္တာဆိုတဲ့အတိုင်း မေတ္တာပို့ရာမှာ ရှိသင့်ရှိအပ်တဲ့ စိတ်သဘာဝ တစ်ခုပါပဲ။ မေတ္တာပို့ရာမှာ ပုဂ္ဂိုလ် (၁၂) ယောက်ကို ပို့ပါတယ်။

အဲဒါတွေကတော့ -

(၁) သဗ္ဗေသတ္တာ၊ (၂) သဗ္ဗေပါဏာ၊ (၃) သဗ္ဗေဘူတာ၊(၄) သဗ္ဗေပုဂ္ဂလာ၊ (၅) သဗ္ဗေအတ္တဘာဝ ပရိယပ္ပန္န၊ (၆) သဗ္ဗေက္ကိထိယော၊ (၇) သဗ္ဗေပုရိသာ၊ (၈) သဗ္ဗေအရိယာ၊ (၉) သဗ္ဗေအနရိယာ၊ (၁၀) သဗ္ဗေဒေဝါ၊ (၁၁) သဗ္ဗေမနုဿာ၊ (၁၂) သဗ္ဗေဝိနိပါနိကာ တို့ဖြစ်ပါတယ်။



အဲဒီ ပုဂ္ဂိုလ် (၁၂)ပါးကို မေတ္တာ(၄)ပါး ပို့ပါတယ်၊ "အဝေရာဟောန္တု၊ အဗျာဘစ္ဆာဟောန္တု၊ အနီဃာ ဟောန္တု၊ သုခိအတ္တာနံ ပရိဟရန္တု၊" တဲ့ . . .၊ ဒီတော့ ( ၁၂ x ၄ = ၄၈ ရပါမယ်)။ ဒါက အရပ်မျက်နှာ အမည်မတပ်ဘဲ (မရည်မှန်းဘဲ) ပို့တဲ့ "အနောဒိတ္တာ" မေတ္တာအပါး လို့ ဆိုပါတော့ ။ အဲဒါကိုမှ ထပ်ပြီး အရပ်မျက်နှာတွေနဲ့ အမည်တပ်ပြီး ထပ်ပို့ပါတယ်၊ အရပ် (၁၀)မျက်နှာ ရှိပါတယ် -

- အရှေ့၊ အနောက်၊ တောင်၊ မြောက် ဆိုတဲ့ အရပ် (၄) မျက်နှာ။

- အရှေ့တောင်၊ အနောက်မြောက် ဆို့တဲ့ ထောင့် (၄) မျက်နှာ။

- အထက်နဲ့ အောက် (၂) မျက်နှာ ။



အဲဒီ အရပ်မျက်နှာတပ် ရည်မှန်းမှု့(၁၀)ခု နဲ့ စောစောက (၄၈) ကို မြောက်လိုက်တော့ (၄၈၀) ရပါတယ်၊ အဲဒီ ရလာတဲ့ (၄၈၀)ကိုမှ ပထမဆုံး မရည်မှန်းဘဲ ပို့ထားတဲ့ မေတ္တာအပါး (၄၈)ပါးကို ထပ်ပေါင်းကြည့် လိုက်တော့ (၅၂၈) ရယ်လို့ ဖြစ်လာပါတယ်။ အတိုကောက် ကတော့ ဒီလိုလေးပါ -



ပုဂ္ဂိုလ် (၁၂) ယောက် x မေတ္တာ(၄)ပါး = ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး]

(၄၈ x အရပ် (၁၀) မျက်နှာ ) + ၄၈ [မရည်မှန်းဘဲ ပို့သော မေတ္တာအပါး] = ၅၂၈ မေတ္တာ

Thursday, March 1, 2012

အောင်မြင်သူတို့ရဲ့ ငယ်စဉ်ဘဝ












Hillary Clinton










စကားပြောကောင်းတယ်? ထက်မြက်တယ်? ရဲရင့်တယ် သတ္တိရှိတယ်? ဒါဟာ ဟီလာရီကလင်တန်ကို လူတွေကပေးတဲ့ ထင်မြင်ချက်တွေဖြစ်မယ်။ လူတွေက သူ့ကိုပဲဘယ်လိုပဲဆိုဆို သူဟာ ကမ္ဘာ့နိုင်ငံရေးလောကမှာ ထိပ်တန်းရောက် အမျိုးသမီးနိုင်ငံရေးသမားဆိုရင် မှားမယ်မထင်ပါဘူး။ ဟီလာရီဟာ ခင်ပွန်းဖြစ်သူကလင်တန်ရဲ့ အရည်အချင်းလောက် မနိမ့်ကျရုံမက သူဟာငယ်ငယ်လေးကတည်းက ထက်မြက်သူ၊ ထူးချွန်သူ၊ ဦးဆောင်နိုင်မှုရှိသူ၊ ပြောဆိုဆက်ဆံရေး ကျွမ်းကျင်သူဖြစ်ခဲ့တယ်။






ဟီလာရီကို အမေရိကန်ချီကာဂိုမြို့ လူလတ်တန်းစားမိသားစုက မွေးဖွားခဲ့တယ်။ (၄)နှစ်သမီးအရွယ်မှာ ဟီလာရီကို ကြံ့ခိုင်တဲ့စိတ်စွမ်းအားနဲ့ ဆုံးဖြတ်နိုင်စွမ်းရှိစေဖို့ ဖြစ်ရပ်တစ်ခုက လေ့ကျင့်ပေးခဲ့တယ်။ အဲဒီတုန်းက သူတို့နေတဲ့ရပ်ကွက်ထဲမှာ ဟီလာရီကို အမြဲအနိုင်ကျင့်တတ်တဲ့ ကောင်မလေးတစ်ယောက်ရှိခဲ့တယ်။ အမြဲအနိုင်ကျင့်ခံရလို့ အဲဒီကောင်မလေးကို ဟီလာရီအရမ်းကြောက်ခဲ့တယ်။ အနိုင်ကျင့်ခံရတိုင်း မိခင်ကိုငိုယိုပြီး သူတိုင်တယ်။ မိခင်က အနိုင်ကျင့်ခံရရင် မကြောက်မရွံ့နဲ့ ပြန်တုန့်ပြန်ရတယ်လို့ ဟီလာရီကို ပြောပြတယ်။ မိခင်စကားအတိုင်း အနိုင်ကျင့်ခံရတိုင်း ဟီလာရီမငိုခဲ့တော့ဘူး။ မကြောက်မရွံ့နဲ့ မားမားရပ်ရင်ဆိုင်ခဲ့တယ်။ ဟီလာရီရဲ့ ဦးဆောင်မှုပါရမီက တစ်နေ့တခြား ပေါ်လွင်လာခဲ့ပါတယ်။ နောက်ပိုင်း သူ့ဘေးမှာ ကလေးတွေအများကြီး စုရုံးဝိုင်းရံတာကို ခံခဲ့ရတယ်။










David Beckham










ဘောလုံးကွင်းထဲမှာ လူဘယ်နှယောက်ရဲ့အာရုံကို ဒေးဗစ်ဘက်ခ်ဟမ်း ဖမ်းစားဆွဲဆောင်နိုင်ခဲ့သလဲ? စာရင်းပြုစုနိုင်ခဲ့ဖူးပါသလား?






ဘောလုံးကွင်းထဲမှာ ဒီကမ္ဘာကျော်ဘောလုံးသမား ကိုယ်ထင်ပြပြီဆိုတာနဲ့ ပရိသတ်ရဲ့ညာသံ၊ အော်ဟစ်သံတွေက ကွင်းတစ်ခုလုံးကို လွှမ်းသွားစေသလို ကင်မရာမီးရောင်ကလည်း တဖျပ်ဖျပ်နဲ့ ရပ်နားခဲ့တယ်လို့ မရှိခဲ့ပါဘူး။ ဘက်ခ်ဟမ်းဟာ (၃)နှစ်အရွယ်ကတည်းက ဘောလုံးစကန်ခဲ့ပါတယ်။ ဘောလုံး"ကန်"တယ်ဆိုတာထက် ဘောလုံး"ကစား"တဲ့အချိန်က ပိုများခဲ့ပေမယ့် ဖခင်ဖြစ်သူက သူ့ကိုတစိုက်မတ်မတ် လေ့ကျင့်ပေးခဲ့တယ်။ အဆော့သန်တဲ့ဘက်ခ်ဟမ်းဟာ ဘောလုံးကိုတဖြေးဖြေး နှစ်သက်သွားခဲ့ပါတယ်။






ကျောင်းတက်တဲ့အရွယ်ရောက်တော့ ဘက်ခ်ဟမ်းနဲ့ဖခင် "အလောင်းအစား"တစ်ခု လုပ်ခဲ့တယ်။ တကယ်လို့ သတ်မှတ်ထားတဲ့နေရာကနေ ဘက်ခ်ဟမ်း ဂိုးတစ်ခါသွင်းနိုင်တိုင်း ဖခင်က သူ့ကို ငွေအကြွေ ၅ဝပဲနိပေးတယ်။ ဂိုးဝင်တိုင်း မုန့်ဖိုးရတဲ့ ဘက်ခ်ဟမ်းက ကလေးပီပီ ပျော်ရွှင်ခဲ့ပါတယ်။ တဖြေးဖြေး ကြီးပြင်းလာမှ ဖခင်ရဲ့ပြုစုပျိုးထောင်မှုနဲ့ စေတနာကို သူနားလည်ခဲ့ပါတယ်။










Nelson Mandela










မန်ဒဲလားက တောင်အာဖရိကတိုက်ရဲ့ ပထမဦးဆုံးသော လူမည်းသမ္မတဖြစ်တယ်။ တောင်အာဖရိကရဲ့ လူမျိုးခွဲခြားရေး၊ အသားအရောင်ခွဲခြားရေး ပပျောက်အောင် (၁ဝ)နှစ်ကျော်ကြာ သူ မဆုတ်မနစ်ကြိုးပမ်းခဲ့လို့ တစ်ကမ္ဘာလုံးက လူတွေရဲ့ထောက်ခံမှုနဲ့ အားပေးမှုကိုရခဲ့တယ်။ မန်ဒဲလားဟာ ခေတ်တစ်ခေတ်ရဲ့သင်္ကေတလို့ လူတွေကဆိုကြတယ်။ မန်ဒဲလားရဲ့ တော်လှန်ရေးစိတ်ဓာတ်၊ လိုအင်ပြင်းပြတဲ့ တရားမျှတမှုနဲ့ စဉ်းစားတွေးခေါ်မှုတွေက ငယ်စဉ်ကတည်းက သူ့အသွေးသားထဲ စီးဆင်းနေခဲ့ပြီဖြစ်တယ်။






ရွာလေးတစ်ရွာမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ မန်ဒဲလားဟာ သူ(၉)နှစ်အရွယ်မှာ ဖခင်သေဆုံးသွားခဲ့တယ်။ ရပ်ရွာအငြင်းပွားမှုတွေကို ရွာသူကြီးက ဖြေရှင်းတိုင်း လူဖြူအစိုးရရဲ့ဥပဒေနဲ့ ကန့်သတ်ချုပ်ချုယ်ခံရတာကို သူအမြဲတွေ့မြင်ခဲ့ရတယ်။ အဲဒီနောက် တရားမျှတမှုနဲ့ တန်းတူတဲ့အခွင့်အရေး၊ တန်းတူတဲ့အတွေးအမြင်ကို ရှာဖွေရမယ်လို့ သူသဘောပေါက်ခဲ့တယ်။ အသက်တဖြေးဖြေး ကြီးပြင်းလာပြီးနောက် သူ့ဦးဆောင်မှုနဲ့ ကျောင်းထဲက လူဖြူဥပဒေကို သူဆန့်ကျန်ပုန်ကန်ခဲ့တယ်။ ကျောင်းသားလှုပ်ရှားမှုအဖြစ် ဦးဆောင်ခဲ့လို့ သူကျောင်းထုတ်ခံခဲ့ရတယ်။ ပုန်ကန်ထကြွမှုတိုင်းမှာ မန်ဒဲလား ရည်ရွယ်ချက်တစ်ခု ချမှတ်ခဲ့တယ်။ အဲဒီရည်ရွယ်ချက်က တောင်အာဖိရိက,က လူမည်းတစ်ဦးတိုင်းအတွက် စစ်မှန်တဲ့ တရားမျှတမှုကို ရှာဖွေတောင်းဆိုဖို့ဖြစ်တယ်။










Wolfgang Mozart










ဂီတလောကမှာ မိုးဇက်(Mozart)ကို ထူးခြားတဲ့ ကလေးပါရမီရှင်လို့ သတ်မှတ်ထားခဲ့တယ်။ ငယ်ငယ်လေးကတည်းက မိုးဇက်ရဲ့ ဂီတနဲ့ပတ်သက်တဲ့ ပါရမီ၊ ထူးချွန်မှုဟာ ပေါ်လွှင်နေပြီဖြစ်တယ်။ ဂီတအနုပညာအပေါ် ပြင်းပြတဲ့ဆန္ဒ၊ စွဲလမ်းနှစ်သက်တဲ့ စိတ်သဘောထားကို မိုးဇက်ရဲ့ကလေးဘဝမှာ သင်တွေ့နိုင်ပါတယ်။ လူတိုင်းက ပါရမီရှင်မဖြစ်နိုင်ပေမယ့် အရွယ်ရောက်တဲ့ကလေးတချို့အတွက် ကလေးပါရမီရှင် မိုးဇက်ဟာ အတုယူစရာ၊ အားကျသင်ယူဖွယ်ရာ ဖြစ်ခဲ့ပါတယ်။






မိုးဇက်ဟာ ကလေးဘဝတည်းက စန္ဒရားရှေ့အမြဲသွားပြီး စန္ဒရားခလုတ်ကိုနှိပ်ပြီး စိတ်ဝင်တစား နားထောင်တတ်တယ်။ ပြီးတော့ သူတစ်ကြိမ်ပဲ နားထောင်ဖူးတဲ့ တေးသွားအတိုင်း လိုက်တီးတတ်တယ်။ တစ်ခါတုန်းက ဖခင်က မိတ်ဆွေတွေနဲ့အတူ အိမ်ကိုပြန်လာခဲ့တယ်။ (၄)နှစ်အရွယ် မိုးဇက်တစ်ယောက် စားပွဲခုံပေါ်ထိုင်ပြီး တစ်ခုခုရေးနေတာတွေ့တော့ ဖခင်က ဘာလုပ်နေလဲလို့မေးတယ်။ မိုးဇက်က စန္ဒရားသံစဉ်တွေကို ရေးနေတယ်လို့ဆိုတယ်။ သူရေးနေတဲ့ စာရွက်ကိုယူကြည့်တော့ ဖခင်ဟာ အံ့သြတုန်လှုပ်သွားခဲ့တယ်။ မိတ်ဆွေကို ယူပြပြီး ဖခင်ကပြောတယ်.. "ကြည့်စမ်း! သူရေးထားတာတွေက ညီညာမှန်ကန်ပြီး အဓိပ္ပာယ်ရှိလိုက်တာ"။ အဲဒီနောက်ပိုင်း မွေးရာပါ ပါရမီကို ကြိုးစားမှု၊ စိတ်ပါဝင်စားမှုတွေ သူထည့်ပေါင်းခဲ့တယ်။










Carly Fiorina










HP (Hewlett-Packard Company)ရဲ့ စီမံခန့်ခွဲရေး အမျိုးသမီးအရာရှိဟောင်း Carly Fiorinaဟာ အမျိုးသားဦးဆောင်သူတွေကြားမှာ လှပထင်ရှား ကျော်ကြားခဲ့သူဖြစ်တယ်။ လုပ်ရည်ကိုင်ရည်ရှိပြီး၊ ဇွဲသတ္တိနဲ့ပြည့်စုံတဲ့ Carlyကို အမေရိကန် Fortuneမဂ္ဂဇင်းက "သြဇာအရှိဆုံး အမျိုးသမီးလုပ်ငန်းရှင်" အဖြစ်သတ်မှတ်ခဲ့လို့ တစ်ကမ္ဘာလုံးရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရတယ်။ Carlyဟာ ကလေးဘဝကတည်းက မိခင်ရဲ့ကြံ့ခိုင်မှု၊ သင်ယူမှုနဲ့ ဘဝကိုချစ်တတ်မှုတွေ သင်ယူနိုင်ခဲ့တယ်။






Carlyကို အမေရိကန် တက်ဆက်ပြည်နယ်က ဥရောပသွေးပါတဲ့မိသားစုက မွေးဖွားခဲ့တယ်။ ဖခင်က ဗဟိုအစိုးရဌာနက တရားသူကြီးတစ်ဦးဖြစ်ပြီး မိခင်က အနုပညာသည်တစ်ဦးဖြစ်တယ်။ ကလေးဘဝတည်းက မိခင်ဟာ သူ့ရဲ့အလေးစားဆုံးသူဖြစ်ခဲ့တယ်။ ဘဝကိုချစ်၊ သဘာဝကိုချစ်တဲ့မိခင်ဟာ Carlyကို လူလုပ်တဲ့သဘောတရားတွေ သင်ပေးခဲ့တယ်။ Carlyရဲ့ လုပ်နိုင်စွမ်းတွေကို ထုတ်ဖော်ပြသစေခဲ့တယ်။ Carlyဟာ ငယ်ငယ်လေးတည်းက ဖခင်နဲ့အတူ နိုင်ငံပေါင်းစုံလည်ပတ်ခဲ့ဖူးလို့ မျက်စိပွင့်နားပွင့်ရှိခဲ့သလို ကိစ္စရပ်တစ်ခု၊ ပြဿနာတစ်ခုရဲ့ အတိမ်အနက်ကို တွေးတောဆင်ခြင်တတ်စိတ်တွေ မွေးမြူနိုင်ခဲ့တယ်။ ဒါဟာလည်း သူ့ကို ရဲရင့်သူ၊ ဆွဲဆောင်မှုရှိသူ၊ မိမိကိုယ်ကိုယ်ယုံကြည်မှုရှိသူနဲ့ ဘဝကို ချစ်ခင်တတ်သူအဖြစ် သက်ရောက်စေခဲ့ပါတယ်။






Sunday, February 19, 2012

ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်နံရံက ပန်ချီကား



ဒီဓာတ်ပုံဟာ ဟားဗတ်တက္ကသိုလ် စာကြည့်တိုက်ရဲ့ နံနက် ၄ နာရီ ပါ။ တော်တော်လေးကောင်းလို့ ဘာသာပြန်ပေး လိုက်တာပါ။ အောင်မြင်မှုရရှိခဲ့သူတွေရဲ့နောက်ကွယ်မှာ ဘယ်လောက်ထိ ကြိုးစားအားထုတ်ခဲ့ရတာရှိသလဲဆိုတာကို ဒါလေးကသက်သေ ပြနေပါတယ်။ ဟားဗတ်တက္ကသိုလ်ကဆရာတွေ ပြောပြလေ့ရှိတာကတော့ သင်ဘ၀မှာစိတ်တိုင်းကျဖို့နဲ့ ကောင်းတဲ့ဝေဖန်မှုရချင်ရင်တော့ ဟားဗတ်တက္ကသိုလ်မှာ ပညာသင်နေတဲ့အချိန်နေရောင်နဲ့ ထိတွေ့ဖို့အချိန်မရှိဘူး။


ကမ္ဘာ့ထိပ်ဆုံးကျောင်းတစ်ကျောင်းအနေနဲ့ ဟားဗတ်က နာမည်ကြီးပုဂ္ဂိုလ်တွေ အများကြီးမွေးထုတ်ပေးခဲ့တယ်။ အဲ့ထဲမှာ နိုဘယ်လ်ဆုရှင် ၃၃ဦး၊ အမေရိကန်သမ္မတ ၇ဦး နဲ့ နယ်ပယ်အသီးသီးက ထူးချွန်ထက်မြတ်သူတွေပါတယ်။ ဘာကြောင့် ဟားဗတ်ဟာ သူတို့ရဲ. မွေးရပ်ဇာတိဖြစ်နေတာလဲ။ ဟားဗတ်ကျောင်းသားတွေဟာ ဘယ်လို စိတ်ဓာတ် နဲ.တွေးခေါ်မှုတွေကိုရရှိခဲ့ ကြတာလဲ။ ဒီအဖြေကိုလူပေါင်းများစွာ လိုက်ရှာနေကြတယ်။






ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံမှာ ရေးထားတဲ့ ဆုံးမစာလေးကတော့ အဖြေပေးပါလိမ့်မယ်။ တိုတောင်းတဲ့ စာသားလေးတွေဟာ လေးနက်တဲ့တွေးခေါ်မှု တွေပေးပြီး စိတ်ဓာတ်တက်ကြွစေတယ်။






ဟားဗတ်တက္ကသိုလ်ရဲ. စာကြည့်တိုက်နံရံပေါ်က အချက်၂၀ ဆုံးမစာကတော့…


၁) ဒီအချိန်မှာ အိပ်ငိုက်နေလျှင် မင်း အိပ်မက်မက်လိမ့်မည်။ ဒီအချိန်မှာ ကြိုးစားလျှင် မင်းအိပ်မက် အကောင်ထည်ဖော်နိုင်မည်။


၂) ငါ လစ်လျှူခဲ့သောယနေ့သည် မနေ့က နောက်ရက်တွင် ပျက်စီးလိုသောသူ၏ဆုတောင်းခြင်းပင်။


၃) အချိန်နှောင်းပြီဟု ထင်လိုက်သောအချိန်သည် အစောဆုံး အချိန်ပင်ဖြစ်သည်။


၎) ယနေ့အလုပ်ကို နောက်နေ့အထိမဆွဲပါနှင့်။


၅) စာကြိုးစားချိန် ပင်ပန်းတာဟာ တခဏပါ။ မကြိုးစားလိုက်ပါမှ တသက်တာပင်ပန်းမှာ။


၆) သင်ယူတာဟာ အချိန်မရှိတာမဟုတ်ဘူး။ ကြိုးစားအားထုတ်မှုမရှိတာပါ။


၇) စိတ်ချမ်းသာမှုဟာ အဆင့် သတ်မှတ်ထားတာ ရှိချင်မှရှိလိမ့်မည်။ အောင်မြင်မှုမှာတော့ရှိတယ်။


၈) သင်ယူတာဟာ လူ့ဘ၀ရဲ.အားလုံးမဟုတ်ပါ။


လူ့ဘ၀ရဲ. တစ်စိတ်တစ်ပိုင်းလေးကိုတောင်မှ မအောင်မြင်နိုင်ဘူး ဆိုရင် ဘာလုပ်နိုင်ဦးမှာလဲ။


၉) မရှောင်ဖယ်နိုင်တဲ့ ပင်ပန်းဆင်းရဲမှုများကို ခံစားပါ။


၁၀) သူများထက်ပိုစော၊ ပို ကြိုးစားနိုင်မှ အောင်မြင်မှုအရသာကို ခံစားရမှာ။


၁၁) ဘယ်သူမှ လွယ်လွယ်ကူကူနဲ့မအောင်မြင်နိုင်ဘူး၊ ဒါဟာ ကိုယ့်ရဲ. ပြည့်စုံသော ပင်ကိုယ်ထိန်းနိုင်စွမ်းအားနှင့် မလျှော့သော ဇွဲ လုံ့လတို့မှ ရရှိလာတာ။


၁၂) အချိန်ဟာအမြဲတမ်းကုန်ဆုံးနေတယ်။


၁၃) ဒီနေ့ယိုသောသားရည်သည်နောက်နေ့၏မျက်ရည်ဖြစ်လိမ့်မည်။


၁၄) ခွေးလိုသင် လူကြီးလူကောင်းလို ကစားပါ။


၁၅) ဒီနေ့ မသွားလျှင် နောက်နေ့ပြေးရလိမ့်မည်။


၁၆) အနာဂတ်ကို ရင်နှီးမြုပ်နံနေတဲ့သူဟာယခုလက်တွေ့ကိုသစ္စာရှိသူပါ။


၁၇) ပညာရည်အဆင့်အတန်းဟာ ၀င်ငွေ အဆင့်အတန်း ကို ကိုယ်စားပြုတယ်။


၁၈) တနေ့တာကုန်ဆုံးသွားလျှင် ပြန်မလာတော့ပါ။


၁၉) အခုတောင်မှ သင်၏ပြိုင်ဖက်သည် စာရွက်ကို အဆက်မပျက်လှန်နေပြီ။


၂၀) အကျပ်အတည်းအခက်အခဲမရှိလျှင် အကျိုးအမြတ်မရနိုင်ပါ။


Tuesday, February 14, 2012

ပဌာန်းဒေသနာတော်ကြီးပူဇော်ရခြင်းအကျိုးများ

ပဌာန်း ဒေသနာတော်ကြီး သုံးသပ်ရွတ်ဖတ်ခြင်း အကျိုး

ပဌာန်း ဥဒ္ဒေသနှင့် နဒ္ဒေသတို့ကို သုံးသပ်ရွတ်ဖတ်ခြင်းအားဖြင့် မျက်မှောက် ချက်ချင်းအခါမလင့် အောက်ပါ ကောင်းကျိုးများ ရနိုင်ပေသည်။
(၁)
ရင်ဆိုင်ကြုံတွေ့နေရသည့် ဘေး
အန္တရာယ်အသွယ်သွယ်တို့ကို လွန်မြောက်နိုင်ခြင်း။
(၂) ကျရောက်လ
တ္တံ သောဘေးအ
န္တရာယ်တို့မှ ကင်းလွတ်နိုင်ခြင်း။(၃) အပြစ်ကင်း၍ ကောင်းကျိုးပွားသည့် ဆောင်ရွက်ချက် ကိစ္စအ၀၀တို့ကို ပြီးစီးအောင်မြင် စေနိုင်ခြင်း။
(၄)
အပြစ်ရှိ
၍ မကောင်းကျိုး ဖြစ်စေမည့် ကျူးလွန်ခြင်းတို့မှ ရှောင်လွှဲနိုင်ခြင်း။(၅) အချုပ်အားဖြင့် ဆောင်ရွက်သမျှ ကောင်းမြတ်သည့် ကိစ္စခပ်သိမ်းတို့ကို ပြီးငြိမ်းအောင်မြင်စေနိုင်ခြင်း။
(၆) အဆုံးစွန်သော ဘ၀၌ နိဗာန်ကို မျက်မှောက်ပြုရခြင်း စသည့် အကျိုးတရား....တို့ပင်တည်း။


”အတုမဲ့ တန်ခိုးတော် ထင်ပေါ်လာခြင်း”
မြတ်စွာဘုရားရှင် ဟာ ပဌာန်း ဒေသနာတော်ကြီးကိုသုံးသပ်ဆင်ခြင်တော်မူသောအခါမှသာ ရှင်တော်မြတ် ဘုရား၏ ကိုယ်တော်မှ ရောင်ခြည်တော် ခြောက်သွယ်တို့သည် ထွက်ပေါ် ကွန့်မြူးလာကာ အနန္တစကြ၀ဋာသို့ ပျံ့နှံ့ထွန်းလင်းလွှမ်းမိုးလာတော့သည်။ ရှင်တော်မြတ်ဘုရား၏ ဥာဏ်တော် အနန္တကို ထင်ရှား ပေါ်လွင်စေသည့် အခမ်းအနားကြီးကို ကျင်းပဘိသကဲ့သို့ ဖြစ်တော့သည်။ ဥာဏ်တော် တန်ခိုးတော်တို့သည် အတုမဲ့ ပြိုင်ဘက်ကင်းသည့် အထွတ်အထိပ်သို့ ရောက်ချေပြီဟု မရေမတွက်နိုင်လောက်အောင် များပြားလှသည့် နတ်၊ ဗြဟာ အပေါင်းတို့သည် လှိုက်လှိုက်လှဲလှဲ ကြည်ညိုသဒါလွန်ကြူးစွာဖြင့် ခြေတော် ဦးခိုက် ပူဇော်လေသည်။
ပဌာန်း ဒေသနာတော်ကြီး ကိုသုံးသပ်မှသာ ဥာဏ်တော် အနန္တ၊ တန်ခိုးတော် အနန္တ ဖြစ်ကြောင်း ပေါ်လွင် လာပေသည်။
သို့ဖြစ်သောကြောင့် ”ကောင်းရာမြတ်နိုး ကောင်းအောင်ကြိုးပမ်း”နေသူများအတွက် ကောင်းကျိုးတွေ ဖြိုးဝေအောင် တန်ခိုးရှိန်စော် အာနုဘော်တို့ တိုးတက်စေသည့် ပဌာန်း ဒေသနာတော်ကြီး ကို နေ့ညမပြတ် ရွတ်ဖတ်ကြရပေမည်။ သို့မှသာ မိမိတို့ သန္တာန်၌ ကိန်းအောင်းနေသော ကာယအား ဥာဏအား အစွမ်း သုတ္တိတို့ပေါ်လွင်လာမည်။ ထွန်းတောက်မည်။ ထက်မြက်မည်။
ထို့ကြောင့် ဖြူစင်ကောင်းမွန်သည့် စေတနာရှင်တို့သည် မိမိတို့ မျှော်မှန်းထားသော ကောင်းမြတ်သည့် ကောင်းကျိုးဟူသမျှကို မုချအောင်မြင်ရရှိနိုင်ကြစေရန် ရည်သန်ကာ ပဌာန်း ဒေသနာတော်ကြီး ကောင်းကျိုးကို တင်ပြလိုက်ရပေသည်။ အခါမလပ် ထက်ကြက်မကွာ ပြုနိုင်ကြပါစေသတည်း..........။

Tuesday, January 31, 2012

ချီးမွမ်းခြင်းဆိုတဲ့ ပဲ့တင်သံ

ချီးမွမ်းခြင်းက တော်သင့်ရုံလူတစ်ယောက်ကို သူရဲကောင်းဖြစ်စေနိုင်သလို၊ မျက်နှာကြောတင်းသူကို အပြုံးတွေ ပွင့်လန်းစေနိုင်တယ်။ တခြားသူကို ဟန်မဆောင်ဘဲ ချီးမွမ်း၊ ချီးကျူးတတ်တာဟာ ဘဝကို ပိုလှပကောင်းမွန်စေပါတယ်။







လူတိုင်းလူတိုင်းမှာ မိမိကိုယ်ကိုတန်ဖိုးထားခြင်း၊ ဂုဏ်ယူခြင်းတွေရှိတယ်။ လူတစ်ယောက်ကို ရိုးရိုးသားသား ချီးမွမ်းတာ၊ ထောက်ခံတာဟာ သူ့တန်ဖိုးကို အကောင်းဆုံးအသိအမှတ်ပြုတာ၊ တန်ဖိုးထားတာပဲဖြစ်တယ်။ ဟန်မဆောင်တဲ့ကျေးဇူး၊ ဟန်မဆောင်တဲ့စိတ်ကောင်းစေတနာနဲ့ ချီးကျုးခြင်းတွေက လူလူချင်းကြားအကွာအဝေးကို ပိုနီးကပ်စေနိုင်သလို သူစိမ်းဆန်ခြင်း၊ ကွာဟချက်တွေကိုလည်း ပပျောက်စေနိုင်ပါတယ်။






နိုင်ငံခြားရင်းနှီးမြုပ်နှံကုမ္ပဏီတစ်ခုမှာ သန့်ရှင်းရေးသမားတစ်ဦးရှိတယ်။ သူဟာ လူတွေအလျစ်လျူရှုခံရဆုံး၊ အထင်သေးခံရဆုံးသူဖြစ်တယ်။ ဒါပေမယ့် ဒီလိုလူတစ်ဦးဟာ ညတစ်ညမှာ ကုမ္ပဏီမီးခံသေတ္တာ အလုယှက်ခံရချိန်မှာ သူခိုးဓမြနဲ့ သတ်ပုတ်ခဲ့သူဖြစ်တယ်။ အဖြစ်အပျက်ပြီးနောက် ဂုဏ်ပြုပွဲမှာ လူတွေက သူ့ကိုအကြောင်းရင်းမေးတော့ သူ့အဖြေက လူတွေထင်မှတ်မထားတဲ့အဖြေ ဖြစ်နေခဲ့တယ်။ ကုမ္ပဏီ အထွေထွေမန်နေဂျာက သူ့အနားကဖြတ်သွားတိုင်း "မင်းလှဲကျင်းတာ အရမ်းသန့်ရှင်းတယ်" လို့ သူ့ကိုအမြဲ ချီးမွမ်းခဲ့လို့ပါတဲ့။ ဒီလို သာမန်တဲ့စကားတစ်ခွန်းက သန့်ရှင်းရေးအလုပ်သမားကို ခံစားစေခဲ့ပြီး ကိုယ့်အသက်ကိုတောင်မမူဘဲ ကုမ္ပဏီကိုပေးဆပ်ချင်ခဲ့တယ်။






အမေရိကန် စီးပွားရေးလုပ်ငန်းရှင် Mary. Kayက "လောကမှာ ငွေကြေးထက်၊ ဘဝထက် လူတွေပိုလိုအပ်တဲ့အရာနှစ်ခုရှိတယ်။ အဲဒီနှစ်ခုက အသိအမှတ်ပြုခံရခြင်းနဲ့ ချီးမွမ်းခြင်းပါပဲ" လို့ ပြောခဲ့တယ်။






ချီးမွမ်းရုံနဲ့ဖြစ်ပါ့မလား! ချီးမွမ်းမယ့်အစား ငွေကြေးဆုလာဘ်တွေပေးတာကမှ ပိုကောင်းဦးမယ်လို့ လူတွေ ထင်ကောင်းထင်လိမ့်မယ်။ တကယ်တော့ သူတို့မသိတာက ချီးမွမ်းခြင်းဟာ လူတစ်ယောက်ရဲ့အတွင်းစိတ်နဲ့ စိတ်ဓာတ်အတွက် အကောင်းဆုံးဆုဆိုတာပါပဲ။ အသိအမှတ်ပြုခံရခြင်း၊ ချီးမွမ်းခြင်းကြောင့် ရလာတဲ့ပြည့်ဝခြင်းက ငွေကြေးကြောင့်ရလာတဲ့ ပျော်ရွှင်ခြင်းထက် ပိုသာလွန်နေပါတယ်။






အားပေးချီးကျူးလုပ်တာကို မနှစ်သက်ဘူး၊ မနှစ်မြို့တဲ့ ဆရာတစ်ဦးရှိတယ်။ တစ်ခါက အဲဒီဆရာဟာ လေ့ကျင့်ရေးသင်တန်းတစ်ခုတက်ပြီး တစ်ပတ်အကြာမှာ အရေးပါတဲ့စာတမ်းတိုတစ်ခု တင်ရတယ်။ အဲဒီစာတမ်းတိုကို သူအကောင်းဆုံးရေးခဲ့တယ်။ ဒါကို သူ့အထက်ဆရာက သူ့ကိုအသိအမှတ်ပြုချင်၊ ချီးကျူးချင်တာနဲ့ ပုံဆွဲစာရွက်ဝါတစ်ရွက်ကို ကတ်တစ်ကတ်အဖြစ်ခေါက်ပြီး စာရွက်ပေါ်မှာ "အရမ်းကောင်းတယ်!"ဆိုတဲ့ အားပေးစကားတစ်ခွန်း ရေးလိုက်တယ်။ လူချင်းတွေ့တော့ ဆရာက သူ့ကိုချီးမွမ်းစကားပြောပြီး ရေးထားတဲ့ကတ်ကို ပေးလိုက်တယ်။ ကတ်ကိုရတော့ သူတစ်ချက်ကြည့်လိုက်တယ်။ ပြီးတော့ နေရာမှာတင် တခဏရပ်ပြီး ခေါင်းငိုက်စိုက်နဲ့ ရုံးခန်းထဲကနေ လှည့်ထွက်သွားခဲ့တယ်။ သူ့အဖြစ်ကြောင့် သူ့အထက် ဆရာက နားမလည်ဖြစ်ပြီး "ငါ အမှားလုပ်မိသွားသလား"လို့ တွေးလိုက်မိတယ်။ စိတ်ထဲ မတင်မကျဖြစ်မိတဲ့ဆရာဟာ တပည့်နောက်ကိုလိုက်ကြည့်တော့ တပည့်ဟာ သူပေးတဲ့ကတ်ကိုကိုင်ပြီး တစ်ခန်းဝင်တစ်ခန်းထွက် လူတွေကို လိုက်ကြွားဝါနေတာကို တွေ့လိုက်တယ်။ ဒီအဖြစ်က ဒီမှာတင် တစ်ခန်းရပ်မသွားပါဘူး။ နောက်ပိုင်းမှာ ကတ်ရခဲ့ဆရာဟာ ဒီနည်းကို သူ့အထက်ဆရာထက် ပိုအသုံးပြုခဲ့ပါတယ်။ သူကိုယ်တိုင် လုပ်ထားတဲ့ကတ်တွေကို အသုံးပြုပြီး လူတွေကို သူချီးမွမ်းတတ်ခဲ့၊ အသိအမှတ်ပြုတတ်ခဲ့တယ်။






လူတွေကို အကောင်းမြင်စိတ်နဲ့ ချီးမွမ်းတတ်တဲ့ စိတ်ပညာရှင်တစ်ဦးဟာ စာတိုက်တစ်တိုက်ဆီ ရောက်ခဲ့တယ်။ စာတစ်စောင်ပို့ဖို့ သူတန်းစီစောင့်နေတုန်း ကောင်တာက စိတ်ရှုပ်၊ စိတ်နောက်နေတဲ့စာရေးမကို သူ အမှတ်မထင် သတိထားလိုက်မိတယ်။ စိတ်ပညာရှင်ဟာ ရုတ်တရက် အကြံတစ်ခုရလိုက်တယ်။ ဒီစာရေးမ ပျော်လာအောင် သူစမ်းသပ်ကြည့်ဖို့ဖြစ်တယ်။






"သူ့ကို ပျော်အောင်လုပ်ချင်ရင်၊ ငါ့ကို ထင်မြင်ချက်ကောင်းပေးစေချင်ရင် နားထောင်လို့ကောင်းတဲ့စကားနဲ့ သူ့ကိုချီးမွမ်းရမယ်" လို့ သူတွေးလိုက်တယ်။ ပြီးတော့ "သူ့ကိုယ်ပေါ်မှာ ငါချီးမွမ်းရလောက်တဲ့အရာ ဘာရှိသလဲ! ငါ ဟန်မဆောင်ဘဲ တကယ်ချီးမွမ်းချင်တဲ့အရာ ဘာရှိသလဲ?" လို့ မေးခွန်းထုတ်ပြန်တယ်။ ပြီးတော့ စာရေးမကို သူအကဲခတ်တယ်။ နောက်ဆုံးမှာ ချီးမွမ်းစရာကို သူရှာတွေ့လိုက်ပါတယ်။






သူပို့မယ့်စာကို စာရေးမလှမ်းယူပြီး အလေးချိန်ချိန်နေတုန်းမှာ စိတ်ပညာရှင်က ရိုးသားတဲ့စကားတစ်ခွန်းနဲ့ စပြောပါတယ်။






"ခင်ဗျားလို ဖြောင့်စင်းပြီး လှပကောင်းမွန်တဲ့ဆံပင်ရှိနိုင်မယ့် နေ့တစ်နေ့ကို ကျွန်တော်မျှော်လင့်မိပါတယ်"






စိတ်ပညာရှင်ရဲ့စကားကိုကြားတော့ စာရေးမက မျက်လုံးတစ်ချက်ပင့်ကြည့်တယ်။ သူ့မျက်လုံးမှာ အံ့သြမှုတွေနဲ့ ပြည့်နေတယ်။ တဆက်တည်း သူတစ်ချက်ပြုံးလိုက်ပြီး " ဟား... ကျွန်မရဲ့ဒီဆံပင်တွေ အရင်ကနဲ့စာရင် ပိုဆိုးသွားတယ်" လို့ ခပ်လျှိုလျှိုပြောတယ်။ စိတ်ပညာရှင်ရဲ့စကားကြောင့် သူ့စိတ်ခံစားမှု ပိုကောင်းသွားပါတယ်။ စိတ်လိုလက်ရ တအောင့်ကြာလောက် သူတို့ စကားစမြည်းပြောဖြစ်ခဲ့ကြတယ်။ စိတ်ပညာရှင်ပြန်ခါနီးမှာတောင် စာရေးမက "တကယ်တော့ ကျွန်မရဲ့ ဒီဆံပင်နက်နက်တွေကို လူတော်တော်များများ အားကျကြတယ်" လို့ ထပ်ပြောလိုက်ပါသေးတယ်။






လူတစ်ယောက်မှာ ဘယ်လိုအောင်မြင်မှု၊ ဘယ်လိုရာထူးဂုဏ်ပဲရှိရှိ ချီးမွမ်းခြင်းတွေ လိုကိုလိုအပ်ပါတယ်။ သိပ်အရယ်အပြုံးမရှိတဲ့ ကိုယ့်အထက်လူကြီးနဲ့ မျက်နှာချင်းဆိုင်မိတဲ့အခါ သူ့ကို ရိုးသားတဲ့ချီးမွမ်းစကား သင်ဆိုနိုင်ပါတယ်။ မထင်မှတ်တဲ့အချိန်မှာ ကြားလိုက်ရတဲ့ ချီးမွမ်းစကားက သူ့စိတ်ကို ပြုံးရယ်စေမှာ အမှန်ပါ။






သူတစ်ပါးကိုချီးမွမ်းဖို့ သင့်ဖက်က ဘာမှ များများစားစား ပေးဆပ်စရာမလိုပါဘူး။ သင်လုပ်ရမှာက အချင်းချင်းပြောဆိုဆက်ဆံချိန်မှာ ဂရုတစိုက်ရှိဖို့နဲ့ သူ့ရဲ့အားသာချက်ကိုတွေ့တဲ့အခါ ချီးမွမ်းစကားဆိုဖို့၊ အသိအမှတ်ပြုဖို့ပဲဖြစ်တယ်။ တခြားသူရဲ့ကောင်းကွက်၊ အားသာချက်ကို သတိပြုမိချိန်မှာ သင့်ကိုယ်သင်လည်း သင့်ဘဝရဲ့ တောက်ပရောင်ခြည်ကို စသတိပြုမိပါလိမ့်မယ်။






ချီးမွမ်းခြင်းမှာ ပဲ့တင်သံရှိပါတယ်။ သင့်ရဲ့ချီးမွမ်းစကားတွေ သင့်ကိုပဲ့တင်ထပ်ပါလိမ့်မယ်

Sunday, January 22, 2012

ကြီးပွားရေး ကြယ်စင်

ကြီးပွားလမ်း ပိတ်သောအကျင့်




အစားကို မက်မောခြင်း၊ အသောက်ကိုမက်မောခြင်း၊ အကောင်းကို တွေ့မရှောင်ကြိုက်ခြင်း၊ အပျော်အပါးလိုက်စားခြင်းတို့သည် စီးပွားလမ်း၊ ကြီးပွားလမ်းကို အမှန်ပိတ်သော အကျင့်များဖြစ်၏။







ဘ၀င်မမြင့်နှင့်



ခေတ်ကာလပညာတတ်ခြင်းကြောင့် စိတ်နေစိတ်ထားပြောင်းလဲဖို့မသင်

့။ စိတ်နေသဘောထားပုံ ပိုမိုကောင်းမွန်ဖို့၊ ပိုမိုမြင့်မြတ်ဖို့၊ ပိုမိုယဉ်ကျေးလိမ္မာဖို့သာ ရှိသင့်လေသည်။







ချမ်းမြေ့သောဘ၀ကိုရဖို့



ထွက်သက်ဝင်သက် လေ့ကျင့်ခြင်းကို ကောင်းစွာအစိုးရသောသူသည် ကျန်းမာချမ်းသာ အသက်ရှည်၍ ရွှင်လန်းသာယာ ချမ်းမြေ့စွာသောဘ၀ကို ရနိုင်လေသည်။







အဖိုးထိုက်သောသူ



အလုပ်ကို သေချာစေ့စပ်စွာလုပ်ခြင်းသည် အဖိုးထိုက်တန်သူ၏ အထင်ရှားဆုံးသော သက်သေဖြစ်လေသည်။ အဖိုးထိုက်တန်သော ကျောက်မျက်ရတနာတို့ကို အရည်အသွေးဖြင့် သိရသကဲ့သို့ အဖိုးထိုက်သောသူကို အလုပ်၏ သေချာခြင်းဖြင့် သိရလေသည်။









ကံကြောင့်လား



လူတစ်ယောက်သည် ပညာလည်းရှိ၏။ အကျင့်လည်းကောင်း၏။ ကျန်းမာခြင်းလည်းရှိ၏။ သို့ပါလျက် လောကမှာ ဆင်းရဲပင်ပန်း၍နေရအံ့။ အဘယ်သို့သောအကြောင်းကြောင့်

ဤကဲ့သို့ဖြစ်ပါသနည်းဟု မေးဖွယ်ရာရှိပေလိမ့်မည်။ အများအားဖြင့် ထိုမေးခွန်းကို ကံအကြောင်းတရားဟူသော စကားနှင့် ဖြေကြားပေလိမ့်မည်။







လုံလောက်သောအသိရရန်



လူ၏အသက် သေသည့်တိုင်အောင် ဗဟုသုတအလိမ္မာကို တစ်ကိုယ်တည်း၏ အတွေ့ဖြင့် လုံလောက်စွာမရနိုင်ပေ။ သို့ဖြစ်လေရာ မိမိအလျင် အတွေ့အကြုံများသော လူပေါင်းများစွာတို့

ရေးသားခဲ့သော စာများကိုဖတ်မှသာ အကျိုးရှိသော အသိကို လုံလောက်စွာ ရနိုင်လေသည်။







စူးစိုက်ခြင်း



လောက၌ စိတ်နှင့်ကင်းသောအလုပ် မရှိ။ အလုပ်ဟူသမျှမှာ စိတ်ကိုသုံးနိုင်သလောက် ပေါက်ရောက်တွင်ကျယ်နိုင်လေသည်။ အလုပ်၌ စိတ်ကိုသွင်းခြင်းသည် စူးစိုက်ခြင်းပင်ဖြစ်လေရာ

စူးစိုက်ခြင်းသည် ပေါက်ရောက်အောင်မြင်ခြင်းပင် ဖြစ်လေသည်။









ကြီးပွားလိုစိတ်



ကြီးပွားလိုစိတ်သောစိတ်နှင့် ကြီးပွားမည်ဟူ၍ ယုံကြည်လျက် ကြီးပွားသောအခြေအနေကိုသာ ထင်မြင်ချေက ထိုအထင်အမြင်အတိုင်း ဖြစ်မြောက်စေရအောင် အတွင်းစိတ်က

ဖန်တီး၍ပေးလေ၏။









ကြီးပွားတိုးတက်ရန် အား



ကြီးပွားတိုးတက်အောင်လုပ်ခြင်းသည် ဆင်းရဲအောင်လုပ်ခြင်းထက် ပိုမို၍ပင်ပန်းသည် မဟုတ်ပေ။ ကြီးပွားတိုးတက်ရန်အားသည် ၀ီရိယနှင့် ချွေတာခြင်းဖြစ်သည်။





လူပျိုဘဝ



လူပျိုဘ၀သည် လူဖြစ်ခြင်း၏ အခြေဖြစ်သည်။ သို့ဖြစ်လေရာ လူပျိုဘ၀သည် အထူးသတိနှင့် နေထိုင်ကျင့်ကြံအပ်သော အသက်၏ အပိုင်းအခြားဖြစ်လေသည်။







အားလပ်ချိန်ကို နှမြောပါ



ကြီးပွားလိုသူ၊ ပညာတတ်လိုသူ၊ အရာရာ၌ တိုးတက်လိုသူသည် အားလပ်သောအချိန်ကလေးများကို နှမြောခုံမင်စွာ အသုံးပြုရလေသည်။









ကြီးပွားခြင်း၏အစ



ကြီးပွားခြင်း၏အစသည် မိမိကိုယ်ကို သိခြင်းဖြစ်သည်။ မိမိကိုယ်ကို သိခြင်းဆိုသည်မှာ မိမိ၏အစွမ်းသတ္တိရှိကြောင်းကို သိခြင်းပင်ဖြစ်လေသည်။







မင်္ဂလာယူသောအခါ



အဘယ်အချိန်၊ အဘယ်နာရီမှာ ထရမည်ဟု ပုံသေမပြောနိုင်ပေ။ တစ်နည်းကိုသာ ပြောလို၏။ အိပ်ရာမှ နိုးထသောအခါ အိပ်ရာထဲ၌ ပျင်းကြောဆွဲကာ တွန့်လိမ်၍မနေကောင်းပေ။ ထိုကဲ့သို့ နေခြင်းသည် အပျင်းကို အားပေးခြင်း ၀ယ်လ်ပါဝါစိတ်အားကို ဆုတ်ယုတ်စေခြင်း ဖြစ်လေသည်။ နိုးလျှင်နိုးချင်း လျင်မြန်ဖျတ်လတ်စွာထရမည်။ နံနက်သည် အကောင်းဆုံးသောအချိန်၊

အကြည်လင်ဆုံးသောအချိန်ဖြစ်ရာ ထိုအချိန်၌ စိတ်ဆိုးခြင်း၊ ဒေါသထွက်ခြင်းဖြင့် နောက်ကျိညစ်နွမ်းအောင် မလုပ်ကောင်းပေ။ နံနက်သည် မင်္ဂလာယူသောအခါဖြစ်၏။









ချမ်းသာရခြင်းအကြောင်း



ဗုဒ္ဓဘာသာအရ ဒါနပြုလျှင် ပေါများသည်။ မည်သူမဆို ဘ၀ပေါင်းများစွာတို့မှာ ဒါနပြုခဲ့ကြသူများဖြစ်ရာ ကြီးပွားချမ်းသာခြင်းတည်းဟူသော ပဒေသာပင်မျိုးစေ့ကို မိမိသဏ္ဍန်၌ ပျိုးခဲ့ဖူးသူများသာ ဖြစ်ကြလေသည်။ သို့ဖြစ်လေရာ ငါမချမ်းသာနိုင်ပါဘူး။ သူတို့မှာတော့ ဒါနမျိုးစေ့ ပါရှိခဲ့ကြသည့်အတွက် ကြွယ်ဝချမ်းသာကြသည်ဟူ၍ တွေးစရာကြောင်းမရှိ။ မည်သူမဆို ဆင်းရဲမှာကို တကယ်ကြောက်၍ ပစ္စည်းဥစ္စာကို လိုလိုချင်ချင် ရှာဖွေကြချေက မသေလျှင် ဧကန်ချမ်းသာရမည်ကား အာကာဝေဟင် လေဟာပြင်ကို စိန်အမြောက်ဆင်၍ ပစ်က ထိမှန်ရမည် မလွဲသောနည်းအတိုင်းပေတည်း။









အလုပ်ကြီးအကိုင်ကြီးလုပ်လျှင်



အလုပ်ကြီးအကိုင်ကြီးများကို ကြံစည်လုပ်ကိုင်သူများသည် မိမိအဖို့သာ မကြည့်ရ။ ငါ၏လခစား ငါ၏အကျိုးဆောင်များကို အဘယ်နည်းနှင့် ချမ်းသာအောင် လုပ်ရမည့်အရေးကိုလည်း ပူပင်စွာ ဂရုစိုက်ရလေသည်။ ထိုကဲ့သို့ ဂရုစိုက်သော စိတ်ကောင်းစိတ်မြတ်ရှိသူတို့မှာ လက်အောက်သားတို့၏ မေတ္တာ၊ စေတနာအစွမ်းကြောင့် ပိုမို၍ ကြီးပွားကြလေသည်။ လက်အောက်သားများ၏ အကျိုးကိုမကြည့်ဘဲ ငါစား စိတ်မျိုးကိုသာ ထားသူတို့မှာ အများအားဖြင့် ကြီးပွားသင့်သလောက် မကြီးပွား။ ဆုတ်ယုတ်ပျက်စီးကြသည်သာ များကြလေသည်။









အပျော်မလိုက်နှင့်



အပျော်သည် ပျော်ခိုက်မှာသာ ပျော်၏။ ရပ်သည်နှင့်တစ်ပြိုင်တည်း ဒုက္ခဖြစ်တတ်လေသည်။ ဒုက္ခအပူ သောကများစွာတို့သည် အပျော်ထဲမှ ထွက်ကြ၏။ အပျော်သည်

ဒုက္ခဆင်းရဲခြင်းအမျိုးမျိုးတို့ကို မွေးမြူသောဌာန ဖြစ်လေသည်။ အပျော်မှန်သမျှ ကုန်ကျမြဲတည်း။ အပျော်ကြောင့် အလုပ်ပျက်၏။ ညနေချမ်းအချိန်မှာ အပျော်ထွက်ခြင်းကြောင့် အဖိုးတန်သော

ကြီးပွားစေနိုင်သည့် အချိန်တွေ အကျိုးမဲ့ ဆုံးပါးရလေသည်။ ငယ်ရွယ်သူတစ်ယောက် ကြီးမြင့်သူဖြစ်မည် မဖြစ်မည်ကို သိလိုက ညနေအချိန်ကို အဘယ်ပုံ အသုံးပြုသနည်းဟု ကြည့်ဖို့သာလို၏။







ဆင်းရဲရခြင်းအကြောင်း



အများအားဖြင့် ဆင်းရဲသူတို့ကို ကြည့်သည့်အခါ မရိုးသားခြင်း၊ ပေါ့လျော့ခြင်း၊ သတ္တိစွမ်းရည်နည်းခြင်း၊ လူပေါင်းမတတ်ခြင်း၊ အာရုံလိုက်စားခြင်း၊ အပြစ်အမျိုးမျိုးတို့အနက် တစ်မျိုးနှင့်တစ်မျိုး ရှိကြကြောင်း သိရလေသည်။ ထိုအပြစ်မျိုးတွေကင်းလျက် အဘယ်သောအခါ အဘယ်မျှလောက် ကြီးပွားရအောင် ငါလုပ်မည်ဟူသောစိတ်ကို ထားရှိသူ၊ ကြီးပွားမည်ဟု မိမိကိုယ်ကို အဟုတ်တကယ် ယုံကြည်သူ၊ ကြီးပွားလိုသောဆန္ဒ ဓာတ်ခံအားသန်သူဖြစ်ချေက မကြီးပွားဘဲမနေနိုင်၊ အမှန် ကြီးပွားရမည်သာတည်း။





အမှတ်မဲ့ပျက်စီးခြင်း



အမှတ်မဲ့သတိမထားဘဲ ယုတ်နိမ့်ပျက်စီးခြင်းမျိုးသည် သိသိသာသာ ယုတ်နိမ့်ပျက်စီးခြင်းထက် ပိုမိုဆိုးသွမ်းလျက် ပိုမိုစိုးရိမ်ဖွယ်ကောင်းလေသည်။









အကျိုးမထင်သောအရာ



မြှောက်ပင့်ခြင်းသည် လေသံမျှဖြစ်၏။ ဂုဏ်ပကာသနနှင့် ကျေနပ်ကြည်နူး၍နေသော အမြှောက်ကြိုက်ခြင်းသည် လေကိုစား၍ အာဟာရမဖြစ်သကဲ့သို့ မည်သူ့မှာမျှ အကျိုးမထင်သောအရာကို လိုလားမှုဖြစ်၏။









မွဲစိတ်မမွေးပါနှင့်



ငွေကို ငွေနှင့်လိုက်ရ၍ ငွေနှင့်ဖမ်းရ၏။ သို့ဖြစ်လေရာ ငွေငါးကို ငွေတည်းဟူသောပိုက်ဖြင့် ဖမ်းရလေသည်။ ပိုက်ကြီးလေလေ ငါးအမိများလေလေ ဖြစ်လေသည်။ ငွေများလေလေ

ငွေများများတိုး၍ ရဖို့လွယ်လေလေ ဖြစ်လေသည်။ သို့ဖြစ်လေရာ ဆင်းရဲစိတ်၊ မွဲစိတ်ကို ဖျောက်ရမည်။ ဆင်းရဲစိတ်၊ မွဲစိတ်ကား အခြားမဟုတ်။ ငါသူတို့လို မဖြစ်နိုင်။ သူတို့က ကုသိုလ်ထူးတဲ့သူတွေ၊ ငါက သူတို့လိုမဟုတ်။ ဒီဘ၀မှာတော့ ဒါပဲ။ နောင်ဘ၀ချမ်းသာအောင် ကုသိုလ်ကောင်းမှုသာ ပြုဖို့ရှိတာပဲဟူသော စိတ်သည် မွဲစိတ်ပေတည်း။









လူအချင်းချင်းစိတ်ကို မချမ်းသာအောင် မခံချည့်မခံသာအောင် မလုပ်ခြင်း။

မိမိအတွက် တစ်ပါးသူမှာ ၀န်လေးခြင်း မဖြစ်စေခြင်း။

သူတစ်ပါးအား အနှောင့်အယှက် မပြုခြင်း။

ကိုယ်ချင်းစာသော စိတ်ရှိခြင်းကို “ယဉ်ကျေးခြင်း”ဟုခေါ်လေသည်။











ကျောင်းအတတ်ပညာသင်ခြင်းသည် စင်စစ်အားဖြင့် မိမိကိုယ်ကို ဘယ်ဘက်မှာတော်သည်ဟူသော အကြောင်းနှင့် ပတ်သက်၍ စစ်ဆေးခြင်းမျှသာ ဖြစ်လေသည်။ ရွှေသတ္တုတွင်းများမှ တူးမှ ရွှေကိုရသည်။ အဘယ်မျှပင် ရွှေအထွက်များစေကာမူ မတူးလျှင် မရနိုင်ပေ။ ထို့အတူ လူမှာလည်း အစွမ်းသတ္တိအရည်အချင်း အဘယ်မျှပင် ရှိစေကာမူ ထိုအစွမ်းသတ္တိများပေါ်အောင် ကြိုးစား၍ လုပ်ကိုင်ရလေသည်။







နဂိုဟန်



အပြစ်ကင်းသောစိတ်သည် စွပ်စွဲခြင်းကို မကြောက်။ လောက၌ ဟန်အမူအရာတည်းဟူသော ဇာဖြင့် မိမိကိုယ်ကိုကွယ်ခြင်းသည် အရုပ်ဆိုးဆုံးဖြစ်၏။ နဂိုဟန်သည် အကောင်းဆုံးဖြစ်ပေသည်။









အကြီးဆုံးသောရန်သူ



သတိကင်းမဲ့တတ်ခြင်း၊ သတိမေ့လျော့တတ်ခြင်း၊ အလုပ်မလေးစားခြင်း၊ အလုပ်ကိုဂရုမစိုက်ခြင်းတို့သည် ကမ္ဘာလောက၌ ဆုံးရှုံးခြင်းတည်းဟူသော အကျိုးတရားတွင် အကြီးဆုံးသော အကြောင်းတရားဖြစ်လေသည်။ အတွေးပျော့လျှင် သတ္တိတန်ခိုးပျော့၏။ အတွေးမာလျှင် သတ္တိတန်ခိုး တိုးတက်ရလေသည်။ လောက၌ အကြီးဆုံးသောရန်သူသည် အကြောက်ဖြစ်၏။ ကြောက်ရွံ့ခြင်းသည် ကြောက်မက်ဖွယ်အကောင်းဆုံးဖြစ်သည်။ အကြောက်ထက်ပို၍ ကြောက်မက်ဖွယ်ကောင်းသောအရာ မရှိပေ။









ကြီးမြင့်ရခြင်းအကြောင်း



သေးငယ်သောအရာကလေးများအတွက် စိတ်ညစ်တတ်သူများမှာလည်း ကြီးသောအကြောင်းအရာများထက် ဆယ်ဆမက အင်အားကုန်ခမ်းလျက် သံလိုက်ဓာတ်ပျက်စီးတတ်လေသည်။ ငွေကို အနည်းငယ်စီစုသလို ပညာကိုလည်း အနည်းငယ်စီ စုရလေသည်။ ကြီးမြင့်သောပုဂ္ဂိုလ်များ၏ အတ္ထုပ္ပတ္တိများ၌ ဆင်းရဲရာမှ အချိန်အတိုအစကလေးများကို သုံးခြင်းကြောင့် ကြီးမြင့်၍လာသူတွေ များစွာရှိကြလေသည်။ ရေကန်ဖြစ်ခြင်းသည် ရေများခြင်း၊ ကျယ်ခြင်းကြောင့်မဟုတ်။ ရေကို ခိုင်လုံစွာ ထိန်းနိုင်သော ကန်ပေါင်ရိုးကြောင့် ဖြစ်လေသည်။









ချွေတာသိုမှီးခြင်း



ချွေတာသိုမှီခြင်းသည် လူ့တို့၏သန္တာန်၌ ဓမ္မတာ သဘောတရားမဟုတ်။ အတွေ့အကြုံ၊ အသိအလိမ္မာ၊ ဉာဏ်အမြော်အမြင်မှ ထွက်ပေါ်၏။







လူချစ်လူခင်များသူ



လူချစ်လူခင်များသောသူတို့သည် မိမိ၏စိတ်အလိုကို လွန်စွာမလိုက်။ သူတစ်ပါး၏ အလိုကို အများကြီးသိတတ်ကြလျက် မိမိအတွက် အခြားလူများအပေါ်တွင် စိတ်လက်ငြိုငြင်ဆင်းရဲအောင် မပြုတတ်ကြချေ။ လူချစ်လူခင်များသောသူတို့သည် အခြားသူများ၏ အပြစ်ကို မြိန်ယှက်စွာပြောဆိုပြီး မိမိတို့ကိုယ်ကိုမူ ထူးမြတ်သောပုဂ္ဂိုလ်ဟု သဘောထားသော အသံစကားများကို အသုံးမပြုတတ်ချေ။









နည်းနည်းပြော၊ များများနားထောင်



စကားပြောစရာမရှိသဖြင့် အကြောင်းရှာ၍ပြောခြင်း၊ အကျိုးမရှိသော စကားကိုပြောခြင်း၊ အကျိုးမရှိသောအရာကိုမေးခြင်း၊ စသည်များသည် အမှားကိုဖြစ်စေနိုင်လေသည်။ စကားကို နည်းနိုင်သမျှ နည်းစေ၍ နှုတ်ကို ပိတ်နိုင်သမျှ ပိတ်ကာ၊ နားကို ဖွင့်နိုင်သမျှ ဖွင့်စေရာ၏။ သို့မှာသာ ပညာရှိ လူလိမ္မာ ဖြစ်နိုင်လေသည်။









စွဲမြဲစွာလုပ်ပါ



လူ၏တန်ခိုးသည် ဉာဏ်ပညာ၌မတည်။ အားအင်ဗလ၌လည်း မတည်။ ဇွဲကောင်းခြင်းမှာတည်ကြောင်း ယုန်နှင့်လိပ် အပြေးပြိုင်သောထုံးဖြင့် သိအပ်ပေသည်။ ကြီးမြင့်လိုသောသူသည် လူပျင်းအားကိုး တရှူးထိုးဆိုသည့်စကားလို မလုပ်ရ။ စွဲမြဲစွာ လုပ်ရလေသည်။







ကျော်ကြားသူ



ကျော်ကြားသူများတို့သည် လွယ်လွယ်ကူကူ ပေါ့ပေါ့ဆဆ ၀မ်းတွင်းမှ ကျော်ကြားလျက် ထွက်ပေါ်လာကြသူများမဟုတ်။ မိမိတို့၏ အလုပ်ကို အခြားသူများနှင့်မတူ အထူး ပိုမိုအပင်ပန်းခံ၍ လုပ်ကိုင်ခြင်း၊ သေချာခြင်း၊ စေ့စပ်ခြင်းကြောင့် ကျော်ကြားကြခြင်းဖြစ်လေသည်။









လမ်းအခွင့်



လမ်းအခွင့်တို့မည်သည် အများအားဖြင့် ဆူးကလေး၊ အစွယ်ကလေး၊ အတက်ကလေးနှင့် လာတတ်၏။ ကြောက်စရာသဏ္ဌာန်၊ ပင်ပန်းစရာအသွင်ကို ဆင်၍လာတတ်၏။ အခက်အခဲ၊ အရှုပ်အထွေးတို့သည် ခြံရံလျက် ပါလာတတ်ကြ၏။ ထိုအခါ မကြောက်မရွံ့၊ မတွန့်မဆုတ်၊ နိုးကြားထကြွခြင်းကို လက်နက်ပြုကာ ဆီး၍ တိုက်ခိုက်ဖြိုဖျက် ဖမ်းယူတတ်သောသူသည် အမြဲအောင်မြင်သူ ဖြစ်ရလေ၏။



နှမြောတွန့်တိုသူ



ခြစ်ခြုတ်စစ်စီနှမြောသဖြင့် ၀ယ်ခြမ်းရာ၌ တစ်ပြားနှစ်ပြားဆစ်ကာ အချိန်ဖြုံးသူတို့မှာ ကုန်သောအချိန်သည် တစ်ပြားနှစ်ပြားမကတတ်နိုင်လေသည်။ ထိုလူမျိုးမှာ မသုံးမစားစစ်စီစုဆောင်းသဖြင့် မငတ်သော်လည်း ကြီးသောစိတ်မျိုး၏ အဆွဲဓာတ်မျိုးမရှိသဖြင့် ကြီးကြီးကျယ်ကျယ်မဖြစ်နိုင်။ မတော်တဆ တစ်စုံတစ်ရာဖြစ်၍ စုဆောင်းထားသော အထုပ်ကလေးကိုထိလျှင် လမ်းနဘေးတာမြောင်းထဲကို ရောက်ရသလို နက်စွာ မြုပ်ဆင်းတတ်ကြလေသည်။







စွပ်စွဲခြင်း မပြုလွယ်နှင့်



အထင်လွဲသဖြင့် လင်မယားကွဲသူ၊ အထင်လွဲသဖြင့် လူချင်းချင်း မုန်းကြရသူတွေ လောကမှာ များစွာရှိကြလေသည်။ သို့ဖြစ်လေရာ လောက၌ အထင်လွဲစရာအကြောင်းတွေ များစွာရှိသည်ကို ဆင်ခြင်ကာ ရုတ်တရက်အထင်လွဲပြီး စွပ်စွဲခြင်းမပြုလွယ်ကြဖို့ရန် သတိကြီးစွာထားသင့်ကြလေသည်။











စဉ်းစားသောစိတ်



စဉ်းစားဉာဏ်၌ လေ့ကျင့်ခန်းကို မရသူမှာ အလုပ်ပိုမို၍ပင်ပန်း၏။ ဆုံးဖြတ်ချက်ကို မြန်စွာမချတတ်လျှင် တကယ့်အရေး၌ စဉ်းစားသောစိတ်သည် စဉ်းစားသူကို ခြောက်လှန့်တတ်၏။ စဉ်းစားလေလေ ကြောက်စရာတွေကို မြင်လေလေ ဖြစ်တတ်လေသည်။











အပြောအဟော



အပြောအဟောသည် လွန်စွာအရေးကြီး၏။ အရာရာ၌ ကော်မတီနှင့် လုပ်သောခေတ်ဖြစ်ရာ အလုပ်ဟူသမျှ စကားပါဝင်၍နေသဖြင့် အပြောအဆိုတတ်အောင် မည်သူမဆို ဂရုစိုက်ဖို့သင့်လေသည်။







အကောင်းဆုံးရပ်နားခြင်း



အလုပ်တစ်မျိုးတစ်မျိုး ပြောင်းလဲ၍လုပ်ခြင်းသည် အကောင်းဆုံးသော ရပ်နားခြင်းဖြစ်လေသည်။ လုံးလုံးကြီးအားလပ်ချင်သောစိတ်ကို အလိုလိုက်လျှင် ဘာကိုမျှမလုပ်ချင်သောအဖြစ်သို့ ရောက်တတ်လေသည်။









ကြီးပွားဖို့ရာ



တစ်စုံတစ်ရာမလုပ်ဘဲ ကြံစည်၍သာ နေသည်ထက် အမှားကို လုပ်မိခြင်းက မြတ်သေး၏။ ကံကောင်း၍ ကြီးပွားသူ လွန်စွာနည်း၏။ ပင်ပန်းစွာ လုပ်ကိုင်ကြံစည်ခြင်းဖြင့်သာ ကြီးပွားရမြဲ ဖြစ်သည်။





အဖိုးတန်သူ



ငယ်စဉ်အခါက သေချာစေ့စပ်ခြင်းအလေ့ကို ရသောသူမှာ ပညာလွန်စွာ မလိုပေ။ လုပ်သမျှသောအလုပ်က အဖိုးတန်သူဖြစ်ကြောင်း သက်သေခံလိမ့်မည်။ ပမာဏထက် အမျိုးအစားက ပို၍ထိုက်တန်၏။ အချိန်မရှိသောကြောင့် တော်ရုံပဲ လုပ်လိုက်ရသည်။ အချိန်ရလျှင် သေသေချာချာ ကောင်းဖို့ပဲဟူသော စကားမျိုးကိုသုံးခြင်းသည် ညံ့ဖျင်းပေါ့လျော့ခြင်းအတွက် လုံလောက်သောအကြောင်းပြချက် မဟုတ်ပေ။ အချိန်အနည်းငယ်ကို ကောင်းအောင်လုပ်ဖို့သာ ရှိလေသည်။







အကြံတောင်းပါ



အကြံပေးခြင်းထက် အကြံတောင်းခြင်းသည် အခါများစွာ ပို၍ ခရီးရောက်လွယ်သည်။ အကြံတောင်းခြင်းဖြင့် အကြံပေးခြင်းအဖြစ်သို့ရောက်အောင် ဆောင်နိုင်လေသည်။





အလုပ်

အလုပ်သည် အနိမ့်ဆုံးသောသူကို ထူးချွန်သူ၏အဖြစ်သို့ပင် မရောက်စေကာမူ အမြဲအားဖြင့် ဂုဏ်သရေကို ဖြစ်စေ၏။ အလုပ်မှ ငွေကိုရ၏။ ရသောငွေကို နေအောင်ထိန်းနိုင်မှ ငွေရင်းဖြစ်၏။







တိုးတက်ကြီးပွားလိုလျှင်



လူများပျက်စီးသည့်အခါ အကျမြန်သည့်နည်းတူ ဖြစ်ထွန်းကြီးပွားသည့်အခါ၌လည်း အတက်မြန်သည်။ ၀ီရိယကိုထုတ်၍ လုပ်၊ ရသမျှကလေးစု၊ မကြာမီ အထုပ်ဖြစ်မည်။ အထုပ်မဖြစ်မီ ထုတ်၍မပစ်နှင့်။ တိုးတက်ကြီးပွားလိုသူအဖို့ မသွားဝံ့သောနေရာ၊ မကြံစည်ဝံ့သောနေရာဟူ၍ မရှိ။ တစ်စုံတစ်ရာကို မလုပ်ဘဲ ကြံစည်၍နေသည်ထက် အမှားကို လုပ်မိခြင်းက ပို၍မြတ်လေသည်။











ရှာဖွေ၊ သိုမှီး၊ ပွားများခြင်း



လုပ်ကိုင်ရှာဖွေခြင်းသည် လူ၏ဂုဏ်ကျက်သရေ ဖြစ်သည်။ သိုမှီးခြင်းသည် ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းကိုဖြစ်စေ၏။ ပွားများစေခြင်းသည် လူအချင်းချင်း၏ အကျိုးစီးပွားရေး ဆောင်ခြင်းပင်ဖြစ်လေသည်။









ကြီးပွားတိုးတက်ရေးအတွက် အကောင်းဆုံးလက်နက်



ခေတ်အကြိုက်ကို ကြည့်ခြင်းထက် ခေတ်အကြိုက်ကို လုပ်ပေးခြင်းက ပိုမို၍ ခရီးရောက်လေသည်။ အခက်အခဲသည် စိတ်သဘောကြီးမားရင့်သန်ခြင်းအတွက် အကောင်းဆုံးသော သင်ခန်းစာများ ဖြစ်ကြ၏။ ကြီးပွားရေးအတွက် အကောင်းဆုံးသောလက်နက်သည် အတွေးစိတ်ဖြစ်သည်။ သင်ကြီးပွားတိုးတက်ရန်လမ်းကို သင်မှတစ်ပါး သင်သာလျှင် ပိတ်ပင်ထားနိုင်သည်။



ပီမိုးနင်း

ကြီးပွားရေးလမ်းညွှန်စာအုပ်မှ

Tuesday, December 20, 2011

အဘိဓမ္မာ နှင့် ၀ိပဿနာ

  အဘိဓမ္မာဟူသည် အလွန်သိမ်မွေ့ နူးညံ့သော ဓမ္မ၊ အလွန်နက်နဲ ခက်ခဲသော ဓမ္မ၊ အလွန်ကျယ်ပြန့်သော ဓမ္မ၊ အလွန်ထူးကဲသော ဓမ္မ၊ ဖြစ်သည်။ ဓမ္မ-ဟူသည် အရှိတရား၊ အမှန်တရား၊ ကြောင်းကျိုးဆက်တရား၊ သဘာဝတရား၊ ပကတိတရား၊ ဉေယျတရား၊ နိဿတ္တတရား၊ နိယာမတရား၊ ပရမတ္ထတရား၊ သစ္စာတရားတို့ဖြစ်သည်။ အလွန့်အလွန် သိမ်မွေ့နူးညံ့သော၊ ခက်ခဲနက်နဲသော၊ ထူးကဲဆန်းကျယ်သော၊ သတ္တအတ္တမဟုတ်သော၊ ပင်ကိုယ်သဘာဝအားဖြင့် အရှိအမှန်ဖြစ်သော၊ သိအပ်သော ထို အဘိဓမ္မာကို မြတ်ဗုဒ္ဓသည် နတ်ပြည်၌ ဟောခဲ့သည်။ ထိုမျှ လွန်ကဲခက်ခဲသော ဓမ္မ-ကို စိတ်အစဉ်၌ အာရုံနှင့် နီဝရဏ ကြားဝင်မခုဘဲ တဆက်တည်း မရပ်မနား တောက်လျှောက် ဧကာသန ဧက၀ါရ နာကြားနိုင်မှ တတ်သိနားလည်နိုင်မည် ဖြစ်သည်။  လူတို့ဌာနေမှာ စားရေး၊ အိပ်ရေး၊ ကိုယ်လက်သန့်ရှင်းရေး စသည့် အနှောင့်အယှက်များသည် အလုပ်တိုင်း၌ ၀င်ရောက် ဟန့်တားလေ့ရှိသည်။ အလုပ်တခု၌ စိတ်ကူး စူးစိုက်နေခိုက် ကိုယ်ခန္ဓာ ပင်ပန်းခြင်း၊ အလေးအပေါ့သွားလိုခြင်း၊ အစာရေစာ ဆာလောင်ခြင်း စသည်တို့က ၀င်ရောက် နှောင့်ယှက်သောကြောင့် အလုပ်၌ စူးစိုက်ထားသော သမာဓိ ပျက်စီးရလေသည်။ ထို့ကြောင့် ပြတ်တောင်း ပြတ်တောင်း ကြိမ်ပေါင်းများစွာ ဟောရလျှင် ထိုမျှနက်နဲသည့် အဘိဓမ္မာ-သည် လူတို့ပြည်၌ အရာထင်၍ ကျန်ခဲ့မည် မဟုတ်ပေ။ နတ်တို့ ဌာနေမှာကား အချိန် ကွာခြားချက်ကလည်း ဝေးလွန်းလှသည်၊ လူ့ပြည်မှာ နှစ်တရာ၊ တာဝတိံသာနတ်ပြည်မှာ တရက် ဖြစ်သည်။ ထို့ကြောင့် စားချိန်၊ အိပ်ချိန်တို့မှာ ကျဲလွန်းလှသည်။ ကျင်ကြီးကျင်ငယ် စွန့်ရခြင်း၊ ညောင်းညာပင်ပန်းခြင်းလည်း မရှိသော ထိုနတ်များမှာ ၁၅-မိနစ် (သူတို့အချိန်ဖြင့်) ခန့်မျှသာရှိမည့် ထိုအဘိဓမ္မာ တရားပွဲကို တဆက်တည်း၊ တထိုင်တည်း၊ တစိတ်တည်း၊ တ၀ီထိတည်း နာကြားခဲ့ကြရလေသည်။ ထို့ကြောင့် ထိုနတ်များပြည်ဝယ် ဆက်တိုက်ဟောခဲ့သော ထိုအဘိဓမ္မာကို လူတို့ပြည်ဝယ် အရှင်သာရိပုတ္တရာ သာလျှင် ရက်ပေါင်း ကိုးဆယ်၊ အကြိမ် ကိုးဆယ်၊ ပြန်လည် ဟောတော်မူခဲ့ပါလေသည်။ အရှင်သာရိပုတ္တရာ ဖြစ်၍သာ ထိုအဘိဓမ္မာကို ရက်ခြား၍ နာကြားပြီး ဆောင်ထားနိုင်ခဲ့ခြင်း ဖြစ်လေသည်။  အရှင်သာရိပုတ္တရာသည် မြတ်ဗုဒ္ဓထံမှ အကျဉ်းချုပ် နာကြားခဲ့ရသော အဘိဓမ္မာကို သူ၏ တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ် ပြန်ဟောခဲ့လေသည်။ ထူးဆန်းသည်မှာ အဘိဓမ္မာကို အရှင်သာရိပုတ္တရာအထံမှာ သင်ယူကြသော ရဟန်းတို့သည် မြတ်ဗုဒ္ဓ တာဝတိံသာသို့ တက်ကြွသောနေ့ကမှ အရှင်သာရိပုတ္တရာထံ၌ ရဟန်းပြုကြသော ရဟန်းသစ်များ ဖြစ်ကြလေသည်။ သရက်ဖြူပင်ရင်းက တန်ခိုးပြာဋိဟာပွဲကို ကြည်ညိုကြသောအမျိုးကောင်းသား ၅၀၀-တို့သည် ထိုနေ့ (၀ါဆိုလပြည့်နေ့) မှာပင် ရဟန်းပြုကြ၊ ထိုနောင် တနေ့မှာပင် အဘိဓမ္မာကို နာကြားကြရလေသည်။ ထိုအဘိဓမ္မာ-တရားသည်ပင် ထိုရဟန်းတို့အတွက် ၀ိပဿနာ ဖြစ်ရပေမည်။ အဘယ့်ကြောင့်ဆိုသော် ထိုနှစ်ဝါတွင်းမှာပင် ထိုရဟန်း ၅၀၀-တို့သည် ရဟန္တာဖြစ်ကြပြီး ထိုဝါ (မြတ်ဗုဒ္ဓ ခုနစ်ဝါမြောက်) ကျွတ်မှာပင် ထိုရဟန်းများ အဘိဓမ္မာ ၇-ကျမ်း ဆောင်တို့ (အာဘိဓမ္မိက၊ သတ္တပကရဏိက) ဖြစ်ခဲ့ကြလေသည်။ မြတ်ဗုဒ္ဓသည် ဓမ္မ-အားလုံးတို့ကို ရှေးဦးစွာ စုပေါင်းသိမ်းကျုံး၍ ပြသည်။ ထို့နောင် အသေးစိတ် ခွဲခြမ်းဝေဖန်၍ ပြသည်။ တဖန် ဓာတ်ခွဲ၍ ပြသည်။ သိမ်းကျုံး၍ ခွဲခြမ်း ဝေဖန်ထားသော ထိုဓမ္မအသေးစိတ်ကို ပုဂ္ဂိုလ်နှင့် ယှဉ်စပ်သတ်မှတ်တော်မူပြန်သည်။ ထို့နောင် ၀ါဒအမျိုးမျိုးနှင့် နှိုင်းယှဉ်၍ ဝေဖန် ဆန်းစစ်တော်မူပြန်သည်။ ထို့နောင် အစုံစုံ ပြန်စုပုံ၍ အကြောင်းအကျိုး ဆက်စပ်ပြပြန်သည်။ အဘိဓမ္မာ ၇-ကျမ်း၌ စိတ် စေတသိက် ရုပ်တို့စုရုံးခြင်း၊ ဝေဖန်ခြင်း၊ ဓာတ်ခွဲခြင်း၊ ပုဂ္ဂိုလ်ခွဲခြင်း၊ ၀ါဒယှဉ်ခြင်း၊ စုံညီပြုခြင်း၊ ကြောင်းကျိုးဆက်ခြင်း ဟူသော ခုနစ်ပါးသော နည်းစနစ်တို့သည် တကယ်စင်စစ် အလွန်လေးနက်သည့် ၀ိပဿနာနည်းစနစ်များ ဖြစ်ကြကုန်၏။ ထို့ကြောင့် အဘိဓမ္မာ ၀ိပဿနာကို နာကြားကြရသော ထိုအဘိဓမ္မာ၏ အစစွာသောနေ့တွင်မှ ရဟန်းပြုခဲ့ကြသော ရဟန်းငါးရာတို့သည် အဘိဓမ္မာပြီးဆုံးသောနေ့မှာပင် သူတို့ဝိပဿနာလုပ်ငန်း ပြီးဆုံးသောနေ့ပင် ဖြစ်ရလေသည်။  ၀ိပဿနာဟူသည် အထူးထူးသောနည်းတို့ဖြင့် ရုပ်နာမ်တို့၏ ပကတိ၊ သဘာဝ၊ နိယာမ၊ ကာရဏ၊ နိဿတ္တ၊ အနတ္တ၊ ပရမတ္ထတို့ကို ရှု၍၊ စူးစမ်း၍၊ ထွင်းဖောက်၍ သစ္စာနှင့် သန္တိကို ရှာဖွေသောစနစ် နည်းပညာတခုပင် ဖြစ်သည်။ ရုပ်၏ သဘာဝ ရုပ်နှင့်ရုပ်ချင်း အပြန်အလှန် ကြောင်းကျိုးဆက်ကျေးဇူးပြုပုံ၊ နာမ်၏ သဘာဝ နာမ်နှင့်နာမ်ခြင်း အပြန်အလှန် ကြောင်းကျိုးဆက် ကျေးဇူးပြုပုံတို့ကို ဉာာဏ်ဖြစ်စဉ်ဆယ်မျိုးမှာ ပြထားသည့်အတိုင်း၊ သန့်စင်ပုံ ခုနစ်မျိုး တိုးတက်ပုံများမှာ ပြထားသည့်အတိုင်း အတွင်းကိုယ်နှိုက် စူးစိုက်၍ အရှိကိုရှာဖွေသောနည်းသည် ၀ိပဿနာပင်ဖြစ်ရာ ၀ိပဿနာနှင့် အဘိဓမ္မာ တသားတည်း ဖြစ်လေသည်။  ၀ိပဿနာရှုခြင်းသည် အဘိဓမ္မာကိုပင် ရှုသည်ဖြစ်သောကြောင့် ၀ိပဿနာ နှင့် အဘိဓမ္မာ ခွဲ၍မရ ဖြစ်သည်။ အဘိဓမ္မာတတ်မှ ၀ိပဿနာ ရှုရမည်ဟု ဆိုလိုသည် မဟုတ်သော်လည်း ၀ိပဿနာရှုနေခြင်းသည် အဘိဓမ္မာသင်ကြားနေခြင်း တမျိုးလည်း ဖြစ်သည်။ စိတ်၊ စေတသိက်၊ ရုပ်တို့သည် တလံမျှသော ကိုယ်၌ အစဉ်အမြဲရှိ၍နေသောကြောင့် ထိုအကြောင်းအရာကို လေ့လာနေခြင်း၊ သင်ယူနေခြင်းနှင့် ထိုစိတ် စေတသိက် ရုပ်တို့၏ သဘာဝကို စူစူးစိုက်စိုက် ကြည့်နေခြင်းတို့သည် ခွဲခြား၍ မရနိုင်သော လုပ်ငန်းများ ဖြစ်ကြသည်။  အနိမ့်ဆုံးအားဖြင့် ဆိုရပါလျှင် နာမ်ရုပ်မသိလျှင် ၀ိပဿနာမဖြစ်သောကြောင့် အဘိဓမ္မာနှင့်ဝိပဿနာ ခွဲ၍မရကြောင်း သေချာလှပါသည်။ နာမ်ရုပ်နှစ်ပါးသည် အ၀ိဇ္ဇာ တဏှာ ကံသာအကြောင်းရင်းရှိကြောင်း၊ ကံ စိတ် ဥတု အာဟာရ-သာ အထောက်အပံ့ရှိကြောင်း၊ ကောင်းစွာ ဖော်ပြသည့် အဘိဓမ္မာပါမှ ပစ္စယ ပရိဂ္ဂဟဉာဏ် အပိုင်ရ၊ ကင်္ခါဝိတရဏ ၀ိသုဒ္ဓိဖြစ်ကြောင်း ကောင်းမြတ်သော အကျိုးကျေးဇူးတို့ကို ပဋိစ္စသမုပ္ပါဒ်နှင့် ပဋ္ဌာန်းတို့ကို ကောင်းစွာထောက်ပြခဲ့ပြီ ဖြစ်ပါသည်။ ထို့ကြောင့် ၀ိပဿနာနှင့် အဘိဓမ္မာ ခွဲခြားမရသည့် အညမညပစ္စည်း စင်စစ်ဧကန် ဖြစ်သဖြင့် ၀ိပဿနာယောဂီတို့ လူ့ဘ၀ကိုလေ့လာသည့် နည်းပညာဖြစ်သည့် အဘိဓမ္မာ-ကို လက်မလွတ်သင့်ကြောင်း ကောင်းစွာတင်ပြအပ်ပါသတည်း။
သီတဂူဆရာတော်

Tuesday, November 8, 2011

သာသနာပြုကြရအောင်

(၃) ဗုဒ္ဓသာသနာပြုကြရအောင်
     (Buddhist Missionary)
ဘုရားအလောင်းတော်၏ကျေးဇူးတော်
- သုမေဓာရသေ့ဘ၀မှာ မိမိအတွက်ဆို နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်သော်လည်း သတ္တ၀ါအားလုံး၏ အကျိုး အတွက် ကြည့်ရှုခဲ့သော ကျေးဇူးတော်
-
ဘုရားအလောင်းတော်ဘ၀တွင် ပါရမီ (၃၀) ကို ဘ၀ပေါင်းအနန္တ အသက်သွေးပေါင်းအနန္တတို့ဖြင့် ဖြည့်စွမ်းပေးခဲ့သော ကျေးဇူးတော်
-
နောက်ဆုံးလူ့ဘ၀တွင် လောကီချမ်းသာတို့၏ ထိပ်ခေါင်မင်းစည်းစိမ် ချမ်းသာအားလုံးကို စွန့်လွှတ်ပြီး သတ္တ၀ါအားလုံးအကျိုးအတွက် ရည်ရွယ်ပြီးဆောင်ရွက်ခဲ့သော ကျေးဇူးတော်တို့သည် တုနှိုင်း၍ မရအောင် ကျေးဇူးကြီးမားလှပေသည်။

ဘုရားရှင်၏ကျေးဇူးတော်
-
ဘုရားဖြစ်ပြီးသည့်နောက် သတ္တ၀ါအားလုံးတို့အား ဒုက္ခသံသရာမှ လွတ်မြောက်ပြီး ချမ်းသာအစစ်နိဗ္ဗာန် သို့မျက်မှောက်ပြုနိုင်ရေးအတွက် တရားဟော လမ်းညွှန်ပြသပေးခြင်း
- (
၄၅) ၀ါ (နှစ်) ပတ်လုံး တစ်နေ့တွင် တစ်နာရီမျှခန့်သာ ကျိန်း (အိပ်) တော်မူ၏။ အချိန်ရှိသလောက် သတ္တ၀ါ အားလုံးတို့အား တရားတော်များ ဟောပြော ပြသချီးမြှင့်တော်မူခဲ့ခြင်း။
-
သာသနာတော်ကို ထူထောင်ခဲ့သည့်အပြင် အနာဂတ်ကာလသာသနာတော်ပြန့်ပွားရေးအတွက် များလှ စွာသော ဓမ္မဒူတခရီးစဉ်များ စေလွှတ်ပြီး သာသနာပြုပေးခဲ့သော ကျေးဇူးတော်များသည် သတ္တ၀ါအားလုံး အတွက် လောကီ လောကုတ်နှစ်ဖြာသောအကျိုးကို ပေါ်ပေါက်စေခဲ့သည်မှာ ဆပ်၍မကုန်နိုင်သော ကျေးဇူးတော်များ ဖြစ်ပေသည်။
အမြင့်မြတ်ဆုံးသောကျေးဇူး (ဂုဏ်တော်)
-
အနန္တစကြာဝဠာ သတ္တ၀ါအားလုံးတို့အား အမှန်ကိုသိမြင်စေရန်နှင့် ဉာဏ်အလင်းကို ထင်ရှားစွာ ရရှိကြ ရန် ပြသလမ်းညွှန်ပေးပြီး အကြီးမားဆုံးသော မေတ္တာနှင့် ကရုဏာထားတော်မူခဲ့သော ဘုရားရှင်၏ ကျေးဇူးတော်သည် အမြင့်မြတ်ဆုံးသော ကျေးဇူးတော်ဖြစ်ပေသည်။
-
မှန်စွာသိမြင် နားလည်သဘောပေါက်လာကြသော ပုဂ္ဂိုလ်မှန်သမျှတို့သည် ဘုရားရှင်၏ အဆုံးအမ များအား မပျက်စီး/မပျောက်ပျက်စေရန်ဝိုင်းဝန်း စောင့်ရှောက်ထိန်းသိမ်းကြရန် အထူးလုပ်ဆောင်လေ တော့မည်။

သင်္ဂါယနာတင်ကြခြင်း
-
ဘုရားရှင်ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တရားတော်များ မပျက်စီး မပျောက်ပျက်ရလေအောင် ဘုရားရှင်၏ တရားဓမ္မများအား ကျွမ်းကျင် တတ်ကျွမ်းသော သံဃာတော်များ စုပေါင်းပြီး ဗုဒ္ဓ၏ဓမ္မအား သန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန်အတွက် စစ်မှန်သော ဓမ္မကိုသာ သံဃာများ၏ သဘောတူညီမှုရယူကာ ရွတ်ဖတ်မှတ်တမ်းတင် အတည်ပြုကြခြင်းကို သင်္ဂါယနာတင်ခြင်း ဟုခေါ်သည်။ မင်းထုနှင့်ပြည်သူလူထုမှ ပံ့ပိုးကူညီကြသည်။
 
သာသနာ့အမွေဆက်ခံခဲ့ခြင်း
-
ဘုရားရှင် ပရိနိဗ္ဗာန်ပြုပြီးနောက် ဘုရားရှင်၏ တပည့်ရဟန်းတို့သည် ခေတ်အသီးသီးမှ အာဏာရှိသော မင်းထုနှင့် ဗုဒ္ဓသာသနာဝင် ပြည်သူလူ ထုပူးပေါင်းပြီး သံဃာထု၊ မင်းထု၊ ပြည်သူလူထု၊ ထု(၃)ထု ပူးပေါင်း ကာ သင်္ဂါယနာ (၆)ကြိမ်တိုင်တိုင် စုပေါင်းတင်ခဲ့ကြပြီး ဗုဒ္ဓသာသနာ့အမွေ မပျက်စီးမပျောက်ပျက်ရလေ အောင် စောင့်ရှောက် ထိန်းသိမ်းခဲ့ကြလေသဘည်။

ပထမအကြိမ် သင်္ဂါယနာတင်ခြင်း
(
၁) အကြောင်းခံ
     
သုဘဒ္ဒဟုခေါ်သော ရဟန်းသည် ဘုရားရှိစဉ်ကတည်းက ၀ိနည်း(စည်းကမ်း)အား အကြိမ်ကြိမ်ဖောက် ပြန်ခဲ့သဖြင့် ဘုရားရှင်၏ အကြိမ်ကြိမ် သတိပေးမှုကို ခံခဲ့ရသဖြင့် ဘုရားရှင်အား အညှိုးထားခဲ့ရာမှ ဘုရားရှင် ပရိနိဗ္ဗာန်ပြုသည်နှင့် လွတ်လပ်ပြီဆိုပြီး ကြွေးကြော်ကာ သာသနာအား ညှိုးနွမ်း အောင် ပြုလုပ်ခဲ့သည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။

(
၂) သာသနာနှစ်
     
ဘုရားပရိနိဗ္ဗာန်ပြုပြီး (၃)လ နှင့် (၄)ရက်

၃) နေရာ
     
ရာဇဂြိုလ်ပြည် ဝေဘာရတောင် သတ္တပဏ္ဏိလိုဏ်ဂူ

(
၎) ခေါင်းဆောင်
      အရှင်မဟာကဿပမထေရ် ဦးဆောင်သော အရှင်ဥပါလိ(၀ိနည်း)နှင့် ညီတော်အာနန္ဒာ (သုတ္တန်နှင့် အဘိဓမ္မာ)

(
၅) သံဃာဦးရေ
     
ရဟန္တာပေါင်း (၅၀၀)

(
၆) မင်း
     
အဇာတသတ်မင်း

(
၇) ကြာမြင့်ချိန်
      (
၇) လ
 
- သုဘဒ္ဒရဟန်းအားအကြောင်းပြုပြီး အရှင်မဟာကဿပမထေရ်မှ ဦးဆောင်ပြီး အရှင်ဥပါလိမှ ၀ိနည်း တော်ကို၎င်း ညီတော်အာနန္ဒာမှ သုတ္တန်နှင့် အဘိဓမ္မာ ကို၎င်း သံဃာအစည်းအဝေးသို့ တင်သွင်းခဲ့သည်။

-
ဘုရားရှင်ဟောကြားခဲ့သော ဓမ္မသည် လွန်စွာများပြားလှသဖြင့် တရားအစုအဖွဲ့အသေးများ စုဖွဲ့ခြင်းကို ဓမ္မက္ခန္ဓာဖွဲ့ခြင်းဖြင့် ဓမ္မက္ခန္ဓာပေါင်း စုစုပေါင်း(၈၄၀၀၀)ရရှိခဲ့သည်။ ၎င်းင်းကို ထပ်မံပြီး သဘောတရားတူရာ အလိုက် အုပ်စုဖွဲ့လိုက်ရာ အုပ်စု(၃)စု ရရှိပြီး ပိဋကတ်(၃)ပုံဟု ခေါ်တွင်သည်။

-
၎င်းပိဋကတ် (၃)ပုံမှာ ၀ိနည်းပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀)၊ သုတ္တန် ပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၂၁၀၀၀)၊ အဘိဓမ္မာပိဋကတ်တွင် ဓမ္မက္ခန္ဓာ (၄၂၀၀၀) ထည့်သွင်းကာ သဘောတူခဲ့ကြသည်။

-
အစည်းအဝေး တက်ရောက်ကြသော ရဟန္တာများသည် ဘုရားရှင်အား မီခဲ့ကြပြီး အနီးကပ်ဆုံးတရားတော် များ နာကြားသင်ယူခဲ့ရသည့် ပဋိသမ္ဘိဒါပတ္တ  တန်ခိုးကြီးမား ပြီး စင်ကြယ်လှသော ရဟန္တာကြီးများ ဖြစ်ကြသည်။

-
ပထမအကြိမ် သင်္ဂါယနာတင်ခြင်းကို နှုတ်(ပါးစပ်)ပေါ်မှာသာ တင်ခဲ့ကြပြီး သံဃာအစည်းအဝေးတွင် ပိဋကတ်(၃)ပုံ စတင်သတ်မှတ် စီစဉ်ခဲ့ကြစဉ် ဘုရားရှင် ဟောကြားခဲ့သော တရားတော်များ အကုန်လုံး ပြည့်စုံမှု ဖြစ်မဖြစ် (လိုနေလို့ ထပ်ဖြည့်ရန်၎င်း၊ ပိုနေလို့ နုတ်ပယ်ရန်၎င်း)ကို စိစစ်ခဲ့ကြရာ အားလုံးမှ ပြည့်စုံပြီဖြစ်ကြောင်း တညီတညွတ်တည်းသဘောတူ ဆုံးဖြတ်ခဲ့ကြသည်။

-
ဘုရားရှင်၏ဓမ္မကို မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်ပြီး လိုတိုးပိုလျော့ လုံးဝလုပ်ခွင့်မရှိ သံဃာတော်များမှ ထေရ်စဉ်ဝါစဉ်အလိုက် စောင့်ရှောက် ကြပါစို့ဟု သဘောတူညီမှုယူခဲ့ပြီး ထေရ၀ါဒဗုဒ္ဓသာသနာ ဟု ခေါ်တွင်ခဲ့ပေသည်။

ဒုတိယအကြိမ်သင်္ဂါယနာတင်ခြင်း
(
၁) အကြောင်းခံ
သာသနာနှစ် (၁၀၀)ကြာပြီးနောက် ၀ဇ္ဇီတိုင်းသားရဟန်းများ (ဒေ၀ဒတ်၏တပည့်များ)မှ အဓမ္မ၀တ္ထု (၁၀)ပါးကို တောင်းဆိုခဲ့ကြသည်။ ဥပမာ နေလက်တစ်သစ်လွဲသည်အထိ ထမင်းစားရန်၎င်း၊ သေနု(အရက်ခပ် ပျော့ပျော့)ကို သောက်ရန်၎င်းင်း၊ ရွှေငွေများကို သာမန်လူပုဂ္ဂိုလ်များကဲ့သို့ ကိုင်တွယ်အသုံးပြုရန်၎င်းစသဖြင့် တောင်းဆိုခဲ့သည်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော်အား ပြုပြင်ပြောင်းလဲရေးလုပ်လာသဖြင့် သာသနာညှိုးနွမ်း လာသည်ကို အကြောင်းပြုပြီး တင်ခဲ့သည်။

(
၂) သာသနာနှစ်
(
၁၀၀)နှစ်

(
၃) နေရာ
ဝေသာလီပြည်၊ ၀ါဠုကာရာမကျောင်း

(
၎) ခေါင်းဆောင်
အရှင်ယသမထေရ် ဦးဆောင်သော အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိ

(
၅) သံဃာဦးရေ
ရဟန္တာပေါင်း (၇၀၀)

(
၆) မင်း
ကာလာသောကမင်း

(
၇) ကြာမြင့်ချိန်
(
၈) လ

-
ဝဇ္ဇီတိုင်းသားရဟန်းပျက်များကို အကြောင်းပြုပြီး အရှင်ယသမထေရ်မှ ဦးဆောင်ပြီး အရှင်ရေ၀တနှင့် အရှင်သဗ္ဗကာမိနှစ်ပါးမှ အမေးအဖြေများ ပြုလုပ်စိစစ်ခဲ့ကြပြီး နှုတ်ထက်အက္ခရာတင်ခဲ့ကြရာ (၈)လ ကြာမြင့် ခဲ့သည်။ ရဟန္တာ(၇၀၀)သော သံဃာထု ကာလာသောကမင်း၏ မင်းထုနှင့် ပြည်သူလူထု၏ အကူအညီရယူပြီး ထု(၃)ထု ပူးပေါင်းပြီး ရဟန်းပျက်များအား စိစစ်ခဲ့ရာမှ ရဟန်းပျက်ပေါင်း(၁၀၀၀၀)ကျော်အား နှင်ထုတ်ခဲ့ရသည်။

-
၎င်းးရဟန်းပျက် (၁၀၀၀၀)ကျော်ကို တိုင်းပြည်မှ နှင်ထုတ်လိုက်ရာ ၎င်းတို့သည် ဟိမ၀န္တာတောင်ခြေဖက် သို့ သွားရောက်ခဲ့ရာ ၎င်းနေရာရှိ မင်းတစ်ပါးမှ သနားပြီး ခိုလှုံခွင့်ပေးလိုက်ရာမှ ၎င်းတို့သည်လည်း သင်္ဂါယနာစင်ပြိုင်တင်ခဲ့ကြသည်။ ၎င်းတို့မှာ ကြီးမားသော အင်အားရှိသဖြင့် မဟာသံဃိကဂိုဏ်းဟု ခေါ်ဆိုကြပြီး ဝေသာလီ၌ ကျန်ရှိခဲ့ကြသော ရဟန္တာ (၇၀၀)ပါသော အဖွဲ့အား ဟီနယာနဂိုဏ်း သေးငယ် သောအဖွဲ့ဟု ခေါ်တွင်ခဲ့ကြသည်။

-
သာသနာတော်ညှိုးနွမ်းလာသော အန္တရာယ်ကို ကာကွယ်ရန် သံဃာထု မင်းထု ပြည်သူလူထု ထု(၃)ထုမှ ပူးပေါင်းပြီး ထိန်းသိမ်း စောင့်ရှောက် လာခဲ့ခြင်းသာ ဖြစ်ပေသည်။

တတိယအကြိမ်သင်္ဂါနာတင်ခြင်း
(
၁) အကြောင်းခံ
သာသနာနှစ် (၂၃၅) နှစ် ကြာပြီးနောက် ပါဋလိပုတ်ပြည်တွင် မိစ္ဆာအယူရှိသော ရဟန်းအတု (၆၀၀၀၀) ကျော်အထိ သာသနာအတွင်း အယောင် ဆောင်ပြီး ၀င်ရောက်လာကြသည်ကို အကြောင်းပြုပြီး တင်ခဲ့ ရသည်။

(
၂) သာသနာနှစ်
(
၂၃၅) နှစ်

(
၃) နေရာ
ပါဋလိပုတ်ပြည် အသောကာရုံကျောင်း

(
၎) ခေါင်းဆောင်
အရှင်မဟာမောဂ္ဂလိပုတ္တိဿမထေရ်

(
၅) သံဃာဦးရေ
ရဟန္တာပေါင်း (၁၀၀၀)

(
၆) မင်း
သီရိဓမ္မာသောကမင်း

(
၇) ကြာမြင့်ချိန်
(
၉) လ

-
ရဟန်းအတု (၆၀၀၀၀) ကျော် သာသနာအတွင်းဝင်ရောက်လာခဲ့ကြပြီး ကတုံးတုံးသင်္ကန်းစည်းသည်နှင့် ရဟန်းဖြစ်ပြီးလုပ်ချင်သလို လုပ်နေကြရာ သာသနာ လွန်စွာမှ ညှိုးမှိန်လာခဲ့ပြီး ၀ိနည်းတော်နှင့်အညီ ကျင့်ကြံအားထုတ်နေကြသော ရဟန်းအစစ်တို့မှာ လွန်စွာချို့တဲ့ဒုက္ခရောက်ခဲ့ကြရသည်။

-
အရှင်တိဿမထေရ်ကြီး ဦးဆောင်သောရဟန္တာ (၁၀၀၀) ပါသော သံဃာထု သီရိဓမ္မာသောကမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းပြီး နှုတ်ထက်အက္ခရာ သင်္ဂါယနာ တင်ခဲ့ရာ အချိန် (၉) လ ကြာမြင့်ခဲ့သည်။

-
အယောင်ဆောင်ဝင်လာသော ရဟန်းအတုများအား စိစစ်ပြီးလူဝတ်လဲစေခြင်း သာသနာတော်မှ နှင်ထုတ်ခဲ့ခြင်းတို့ဖြင့် သာသနာတော် ညှိုးနွမ်း နေမှုကို ပြန်လည်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပေသည်။

-
သီရိဓမ္မာသောကမင်းသည် သင်္ဂါယနာတင်ပြီးနောက် ကိုးတိုင်းကိုးဌာန သာသနာပြုအဖွဲ့များစေလွှတ်ပြီး အကြီးမားဆုံးသော သာသနာပြု လုပ်ငန်းကို ကမ္ဘာအနှံ့ ပြုလုပ်ခဲ့ရာ ကမ္ဘာ့အင်ပါယာတစ်ခုလုံး၏ (၅) ပုံ (၄) ပုံသည် ဗုဒ္ဓသာသနာတော် လွှမ်းမိုးခဲ့ရသည်။

-
မြန်မာနိုင်ငံသို့ သာသနာရောက်ရှိလာရခြင်းသည် သုဝဏ္ဏဘူမိသာသနာပြုအဖွဲ့မှ အရှင်သောဏနှင့် အရှင်ဥတ္တရမထေရ် (၂) ပါး ဦးဆောင်သော ရဟန္တာ (၅) ပါးအဖွဲ့၏ သထုံဖက်မှ ၀င်ရောက် သာသနာ ပြုရာမှအစပြုပြီး ရောက်ရှိလာရခြင်းဖြစ်သည်။
 
စတုတ္ထအကြိမ်သင်္ဂါနာတင်ခြင်း
(
၁) အကြောင်းခံ
သာသနာနှစ် (၄၅၀) ကြာသော် သီဟိုဠ်နိုင်ငံသို့ သာသနာကူးပြောင်းလာခဲ့ရာတွင် အငတ်ဘေးနှင့်သူပုန် ဘေးကြီး (၁၂)နှစ်ကြာကျရောက်ခဲ့ရသဖြင့် သံဃာအစစ်များ ဒုက္ခရောက်ခဲ့ကြမှုကို အကြောင်း ပြုပြီးတင်ခဲ့သည်။

(
၂) သာသနာနှစ်
(
၄၅၀) နှစ်

(
၃) နေရာ
သီဟိုဠ်နိုင်ငံ မလယဇနပုဒ် အလောကလိုဏ်ဂူ

(
၎) ခေါင်းဆောင်
အရှင်မဟာဓမ္မရက္ခိတမထေရ်

(
၅) သံဃာဦးရေ
ရဟန္တာပေါင်း (၅၀၀)

(
၆) မင်း
ဝဋ္ဋဂါမဏိမင်း

(
၇) ကြာမြင့်ချိန်
တစ်နှစ်

-
သီရိဓမ္မာသောကမင်း၏ သားတော်ရဟန္တယမဟိန္ဒနှင့်သမီးတော်ရဟန္တာ သင်္ဃမိတ္တာထေရီတို့ ပြုခဲ့သောသာသနာသည် သီဟိုဠ်တွင် ထွန်းကားခဲ့ရာမှ အငတ်ဘေးနှင့် သူပုန်ဘေးများ (၁၂) နှစ်ကြာ ပေါ်ပေါက်သဖြင့် ဒါယကာ ဒါယိကာမများမှ ပစ္စည်းလေးပါးပံ့ပိုးမှုမရှိတော့သဖြင့်ဝိနည်းလေးစားသော သံဃာအစစ်တို့သည် ဒုက္ခရောက်ကြရသည်။

-
အချို့သော သံဃာအစစ်တို့သည် ဘုရားရှင်၏ ဓမ္မများ မပျောက်ပျက်ရလေအောင် နှုတ်ဖြင့်ရွတ်ဆိုရင်း သဲသောင်ပေါ်တွင် ဗိုက်ပေါ်သဲများ တင်ပြီးမမေ့လျော့အောင် ရွတ်ဖတ်ထိန်းသိမ်းနေကြသည်။ အချို့သံဃာတို့တွင်လည်း လွန်စွာချို့တဲ့လာကြသဖြင့် နီဝရဏတရားများ လွှမ်းမိုးလာ ကြသည်။

-
သူပုန်ဘေး (၁၂) နှစ်ကာလပြီးဆုံးချိန်တွင် သာသနာလွန်စွာ ညှိုးမှိန်နေသဖြင့် အရှင်မဟာဓမ္မရက္ခိတ မထေရ် ဦးဆောင်သောရဟန္တာ (၅၀၀) တို့ ပါဝင်သော သံဃာထု အထောက်အပံ့ပြုကြသော ၀ဋ္ဋဂါ မဏိမင်း၏ မင်းထု သာသနာဝင်များ ပြည်သူလူထု ထု (၃) ထု ပူးပေါင်းဆောင်ရွက်ကြသည်။

-
ပိဋကတ်တော်များသည် နှုတ်ထက်အက္ခရာတင်လျှင် နောင်တွင် အလွယ်တကူ ပျောက်ကွယ်သွား နိုင်သည်ကို သိလာသဖြင့် မှတ်တမ်းအဖြစ် ပေရွက်ပေါ် ရေးတင်ပြီး ပေထက်အက္ခရာတင်ခဲ့ရာ တစ်နှစ် ကြာမြင့်ခဲ့သည်။

ပဉ္စမအကြိမ် သင်္ဂါယနာတင်ခြင်း
(
၁) အကြောင်းခံ
သာသနာနှစ် (၂၄၁၅) ကြာပြီးနောက် စတုတ္ထနှင့်ပဉ္စမအကြိမ်ကြားတွင် နှစ်ပေါင်း (၂၀၀၀) ခန့် ကြာမြင့် ခဲ့သည့်အတွက် ပေရွက်ပေါ်တင်ထားမှုသည် ရာသီဥတုနှင့်ပိုးမွှားအန္တရာယ်တို့ကြောင့် ကြာရှည်ခံနိုင် မှုမရှိဘဲ ဖြစ်လာခြင်း မူကွဲများဖြစ်ပေါ်လာခြင်းတို့အပေါ် အကြောင်းပြု၍ တင်ခဲ့သည်။

(
၂) သာသနာနှစ်
(
၂၄၁၅) နှစ်

(
၃) နေရာ
မြန်မာနိုင်ငံ မန္တလေးမြို့ ရတနာပုံနေပြည်တော်

(
၎) ခေါင်းဆောင်
အရှင်ဇာဂရမထေရ်

(
၅) သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း (၂၄၀၀)

(
၆) မင်း
မင်းတုန်းမင်း

(
၇) ကြာမြင့်ချိန်
နှုတ်ဖြင့်ရွတ် (၅) လ (၃) ရက်

ကျောက်ထက်တင် (၇) နှစ် (၆) လ (၁၄) ရက်
-
သာသနာနှစ် (၂၄၁၅) နှစ် ကြသော် ပေရွက်ပေါ်တင်ထားသော ပိဋကတ် (၃) ပုံတို့သည် ရာသီဥတုနှင့် ပိုးမွှားအန္တရာယ်တို့ကြောင့် ပျက်စီးလာခဲ့ခြင်းနှင့် အချို့မူကွဲများ ဖြစ်ပေါ်လာခြင်းတို့ကြောင့် အရှင်ဇာဂရ မထေရ် ဦးဆောင်သော ရဟန်း (၂၄၀၀) ပါဝင်သော သံဃာထု သည် ထောက်ပံ့ကူညီပေးသော မင်းတုန်းမင်း၏ မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသော ထု (၃) ထု ပူးပေါင်းပြီး မန္တလေးမြို့ ရတနာပုံနေပြည်တော်တွင် သင်္ဂါယနာတင်ခဲ့ကြသည်။

-
နှုတ်ဖြင့်ရွတ်ဆိုတင်ခဲ့ခြင်းသည် (၅) လနှင့် (၃) ရက် ကြာမြင့်ခဲ့ပြီးနောက် ပိဋကတ်တော်များကို ကမ္ဘာတည်သရွေ့ကြာရှည် မပျက်စီးရလေအောင် စကျင်ကျောက်ပြားအပေါ်၌ ထွင်းထုရေးသားခဲ့ရာ စကျင်ကျောက်ဖြူအပြားပေါင်း (၇၂၉) ချပ်ရရှိခဲ့ပြီး အချိန်အားဖြင့် (၇) နှစ် (၆) လ နှင့် (၁၄) ရက် ကြာမြင့်ခဲ့ပြီး ယနေ့တိုင် မန္တလေးလောကမာရဇိန် ဘုရားဝင်းအတွင်း၌ ကမ္ဘာ့အကြီးဆုံးစာအုပ် (The World Biggest Book) ဟူသောအမည်ဖြင့် ကမ္ဘာပေါ်တွင် မြန်မာနိုင်ငံ၏ ဂုဏ်ဆောင်မှတ်တိုင်ကြီး အဖြစ် လွန်စွာထင်ရှားခဲ့ပေသည်။

ဆဋ္ဌမအကြိမ်သင်္ဂါယနာတင်ခြင်း
(
၁) အကြောင်းခံ
သာသနာထွန်းကားရာ မြန်မာနိုင်ငံသည် တစ်ပါးသော ဘာသာဝင်တို့၏ သူ့ကျွန်ဘ၀ရောက်ခဲ့ပြီး နှစ်(၁၀၀)ခန့် သာသနာညှိုးနွမ်းမှုအပေါ် အကြောင်း ခံပြီးသာသနာနှစ် (၂၄၉၈) နှစ်တွင် သင်္ဂါယနာတင်ခဲ့ရသည်။
(၂) သာသနာနှစ်
(၂၄၉၈) နှစ်
(၃) နေရာ
မြန်မာနိုင်ငံ ရန်ကုန်မြို့ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူ

(
၎) ခေါင်းဆောင်
ညောင်ရမ်းဆရာတော်အရှင်ရေ၀တ၊ မဟာစည်ဆရာတော်အရှင်သောဘဏ၊ မင်းကွန်းဆရာတော် ဦးဝိစိတ္တသာရာ ဘိဝံသ

(
၅) သံဃာဦးရေ
ရိုးရိုးရဟန်းပေါင်း (၂၅၀၀)

(
၆) မင်း
ဖဆပလ ဦးနု အစိုးရ

ဗုဒ္ဓသာသနာထွန်းကားဆုံးဖြစ်သော မြန်မာနိုင်ငံသည် သူ့ကျွန်ဘ၀ နှစ် (၁၀၀)ခန့် ကြာမြင့်ခဲ့ပြီး သာသနာတော် လွန်စွာညှိုးနွမ်းလာခဲ့သည်။ သူ့ကျွန်ဘ၀မှ လွတ်မြောက်လာသည်နှင့် သာသနာနှစ် (၂၄၉၈) နှစ်တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေ မဟာပါသာဏ လိုဏ်ဂူတွင် ဆဋ္ဌမအကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ရသည်။

-
ညောင်ရမ်းဆရာတော်၊ မဟာစည်ဆရာတော်နှင့် မင်းကွန်းဆရာတော်များ ဦးဆောင်သော ရဟန်း (၂၅၀၀) တွင် ထေရ၀ါဒနိုင်ငံများဖြစ်သော မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ နိုင်ငံ (၅) နိုင်ငံမှ ရဟန်းများ ပါဝင်သော သံဃာထု၊

-
ဖဆပလ ဦးနုအစိုးရဦးဆောင်သော မင်းထု နှင့် သာသနာဝင်များ ပြည်သူလူထု စသောထု (၃) ထု ပူးပေါင်းဆောင်ရွက်ပြီး ယခင် ပိဋကတ်တော် များကို ကျောက်ပြားပေါ်မှာ ဖတ်နေရာမှ အလွယ်တကူ ဖတ်မှတ်လေ့လာနိုင်ရန် ပိဋကတ်တော်များကို စာအုပ်များပေါ်တွင် ကူးပြောင်းရိုက်နှိပ်ပြီး ဆဋ္ဌမ အကြိမ် သင်္ဂါယနာတင်ပြီး သာသနာတော်ကို စောင့်ရှောက်ခဲ့ကြသည်။

-
ယခုအချိန်တွင် ဗုဒ္ဓသာသနာတော်ပိဋကတ် (၃) ပုံစလုံးသည် စာအုပ်များပေါ်တွင် ရောက်ရှိလာပြီဖြစ်သဖြင့် မည်သည့်ပုဂ္ဂိုလ်မဆို နေရာမရွေး အချိန်မရွေး အလွယ်တကူဖတ်မှတ် လေ့လာနိုင်လာပြီး သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက်လည်း အထူးအရေးပါလှပေသည်။

ကျေးဇူးသိမှကျေးဇူးဆပ်
-
သတ္တ၀ါတိုင်းမှာ ကျေးဇူးရှင်များရှိကြပေရာ ကျေးဇူးရှင်များအပေါ် ကျေးဇူးတင်စေသည့်အကြောင်းများကို မသိ၍သာ ကျေးဇူးကိုပြန်လည် မပေးဆပ် ကြသေးဘဲ လွှင့်မျော၊ မေ့လျော့နေခဲ့ကြသည်။
- ကျေးဇူးရှင်များ၏ ကျေးဇူး (ဂုဏ်တော်) ကို မှန်ကန်စွာ သိမြင်လာသည်နှင့် ကျေးဇူးအား ပြန်လည် မပေးဆပ်ဘဲ မနေနိုင်ကြတော့ပေ။
(
၁) ဘုရားရှင်၏ ဘုရားအလောင်း ဘ၀မှ ကျေးဇူးတော်
(
၂) ဘုရား ဖြစ်ပြီးနောက် သာသနာထူထောင်ပြီး သာသနာပြုပေးခဲ့သော ကျေးဇူတော်
(
၃) ဘုရားရှင်၏ သာဝကကြီးများဖြစ်သော ခေတ်အဆက်ဆက် သာသနာပြုလာခဲ့သော သံဃာတော်အရှင် သူမြတ်များ ပါဝင်သော သံဃာထု၏ ကျေးဇူးတော်
(
၎) ခေတ်အဆက်ဆက်သာသနာ့အကျိုးပံ့ပိုးပေးခဲ့သော အာဏာပိုင် မင်းထု ၏ ကျေးဇူးတော်
(
၅) သာသနာ့အကျိုးဆောင်ရွက်ပေးခဲ့ကြသော သာသနာဝင်များ ပြည်သူလူထု ၏ကျေးဇူးတော်

သမိုင်းတလျှောက် ကျေးဇူးပြုခဲ့ကြသော ကျေးဇူးရှင်အားလုံးတို့၏ အသက်သွေးပေါင်းမြောက်မြားစွာ ဘ၀ပေါင်း မြောက်မြားစွာဖြင့် ထူထောင်လာခဲ့ ထိန်းသိမ်း စောင့်ရှောက်လာခဲ့သော တန်ဖိုးဖြတ်၍ မရနိုင်သော ဗုဒ္ဓသာသနာတော်ကိုမျိုးဆက်သစ် ယနေ့ခေတ် ဗုဒ္ဓသာသနာဝင်အပေါင်းတို့ကလည်း ဆက်လက်ပြီးထိန်းသိမ်း စောင့်ရှောက် ကျေးဇူးဆပ်ရန်လိုအပ်လှပေသည်။
 
ယနေ့ခေတ်သာသနာအခြေအနေ
-
သာသနာနှစ်(၂၃၅)နှစ် တတိယသင်္ဂါယနာတင်စဉ်က ကမ္ဘာ့အင်ပါယာ၏ (၅) ပုံ (၄)ပုံသည် ဗုဒ္ဓသာသနာ လွှမ်းမိုးခဲ့ရာမှ ယနေ့ခေတ်တွင်ထေရ၀ါဒ ဗုဒ္ဓသာသနာ သည် (၅)နိုင်ငံသာကျန်ပေတော့သည်။
-
ကမ္ဘာ့လူဦးရေဖြင့်နှိုင်းယှဉ်လျှင် သန်းပေါင်း (၆၁၀၀) ခန့် ရှိသောကမ္ဘာတွင် သန်းပေါင်း (၂၅၀)ခန့်သာ ရှိနိုင်ကြောင်း ခန့်မှန်းကြသဖြင့် ယခင်က ကမ္ဘာ့ လူဦးရေ ၏ (၈၀) ရာခိုင်နှုန်းမှ ယခု (၄) ရာခိုင်နှုန်းအထိ ကျဆင်းလာကြောင်း မှန်းဆကြလေသည်။
-
မြန်မာနိုင်ငံသည် ထေရ၀ါဒသာသနာ အထွန်းကားဆုံးသော နိုင်ငံဖြစ်ပြီး တစ်နိုင်ငံလုံး၏ (၈၀) ရာခိုင် နှုန်းခန့်ရှိသည်ဟု ခန့်မှန်းခဲ့သော်လည်း ထေရ၀ါဒ ဗုဒ္ဓသာသနာအကြောင်းနားလည်သူနည်းပါလှ ပေသည်။
သို့အတွက်ကြောင့် ယခုအချိန်တွင် သံဃာထုနှင့် မင်းထုအပိုင်းမှ ရေရှည်စီမံကိန်းများ ချမှတ်ပြီး အထူးကြိုးစားဆောင်ရွက်နေကြပြီ ဖြစ်သော်လည်း ပြည်သူ လူထု အပိုင်းမှ ကြိုးစားဆောင်ရွက်မှု လွန်စွာအားနည်းနေပေသည်။

ဘုရားသာသနာအကျင့်နှစ်ဖြာ
-
ဘုရားရှင်၏ သာသနာပြုလုပ်ငန်းတွင်
(
၁) ပရိယတ္တိသာသနာသည် တရားဟော တရားပြ စာပေဖတ်မှတ် သင်ကြားခြင်းလုပ်ငန်း (စာသင် တိုက်များ၊ တရားပွဲများ) နှင့်
(
၂) ပဋိပတ္တိသာသနာသည် မိမိဗဟုသုတဖြင့် သိရသောစစ်မှန်သော တရားတော်များကိုခန္ဓာ တွင်းမှာ သိမြင်လာအောင် ကိုယ်တိုင်ရှုမှတ် လေ့ကျင့် ရသော လုပ်ငန်း (၀ိပဿနာရိပ်သာ များ၌ အားထုတ်ခြင်း) များကိုသာ အကျင့်(၂)ဖြာဟုခေါ်ဆိုရပေမည်။
သမိုင်းကြောင်း မှအားနည်းချက်များ
၁။ ဗုဒ္ဓသာသနာ၏ အခြေခံအနှစ်သာရများ ကို သိမြင်နားလည်မှုအားနည်းခြင်း
၂။ ဗုဒ္ဓ၏အလိုတော်ကျသည် မိမိခန္ဓာမှာတရားတွေ့နိုင်ရေးကျင့်ဖို့ အဓိကဆုံးမခဲ့သော်လည်း ခန္ဓာကိုယ်တွေ့ ကျင့်ကြံရှုမှတ်မှု နည်းပါးခဲ့ခြင်း
၃။ သာသနာပြုလုပ်ငန်းသည် အများအကျိုးသယ်ပိုး သည့်လုပ်ငန်းဖြစ်သော်လည်း မိမိအကျိုးကိုသာ ဆောင်ရွက်ခဲ့သူများပြားနေခဲ့ခြင်း
၎။ သာသနာပြုလုပ်ငန်းသည် တစ်ဦးတစ်ယောက်တည်းအနည်းစုဖြင့် လုပ်၍မရ သာသနာဝင်အားလုံး အများစုမှ ပူးပေါင်းဆောင်ရွက်ရန် အားနည်း နေကြခြင်း
၅။ သာသနာတော်ကြီးသန့်ရှင်းတည်တံ့ပြန့်ပွားနိုင်ရန် ကြုံသလိုလုပ်၍မရ အမြော်အမြင်ကြီးမားစွာဖြင့် ရေရှည် စီမံကိန်းများရေးဆွဲပြီး ဆောင်ရွက်ရန် အားနည်းနေခဲ့ခြင်း
အားနည်းချက်ကိုပြုပြင်ကြစို့
ဗုဒ္ဓသာသနာဝင်အားလုံးတို့ရေ -
၁။ ထေရ၀ါရဗုဒ္ဓသာသနာတော်၏ အခြေခံအနှစ်သာရများ ကို အနည်းဆုံး အနှစ်ချုပ် များ သိမြင်နား လည်လာအောင် ဆောင်ရွက်ကြရန်
၂။ ဗုဒ္ဓအလိုတော်ကျ မိမိသိသောတရားများကို မိမိခန္ဓာမှာ ကျင့်ကြံ့ရှုမှတ် ကြရန်
၃။ သာသနာပြုလုပ်ငန်းဆောင်ရွက်သူတိုင်း ကိုယ်ကျိုးစွန့်လွှတ်ပြီး အများအကျိုးအတွက် သာသနာတော် အကျိုးတစ်ခုတည်းသာ ရည်ရွယ်ပြီး စစ်မှန်စွာ သာသနာပြုကြရန်
၎။ ဗုဒ္ဓသာသနာဝင်အားလုံးတို့သည် ဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ပြန့်ပွားရေးအတွက် လူတိုင်းတွင် တာဝန်ရှိပြီး သာသနာဝင်တိုင်း ပူးပေါင်းဆောင်ရွက် လာနိုင်ရေးစည်းရုံးကြရန်
၅။ သာသနာတော် သန့်ရှင်း တည်တံ့ပြန့်ပွားရေးအတွက် အမြော်အမြင်ကြီးမားစွာဖြင့် ဘက်စုံမှလိုအပ်သော အင်အားများစုစည်းပြီး ရေရှည် စီမံကိန်း မဟာဗျူဟာ နည်းဗျူဟာများ ရေးဆွဲပြင်ဆင်ပြီး ဆောင်ရွက် ကြရန်

အင်အား (၅) အား အမြဲဖြည့်ထား
၁။ ဓမ္မအား
ဗုဒ္ဓဘုရားရှင်၏ မူရင်းအတိုင်းစစ်မှန်သောဓမ္မကို မှန်တိုရှင်းနည်းလမ်းဖြင့် စုထားသောတရားဓမ္မအင်အား

၂။ လူအား
အယုတ် အလတ် အမြတ် လူတန်းစားမရွေး သူတောင်းစားအရူးပါမကျန် စုစည်းထားသော လူအင်အား

၃။ ဓနအား
သာသနာတော်အတွက် ပံ့ပိုးကူညီပေးသော ငွေအား ပစ္စည်းဥစ္စာအားရှိသော ပုဂ္ဂိုလ်များ၏အင်အား

၎။ အာဏာအား
အစိုးရမင်းများ၏ ပံ့ပိုးကူညီ စောင့်ရှောက်မှုသည် လွန်စွာ ကြီးမားသောအင်အား

၅။ အကြံဥာဏ်အား
သာသနာတော်အတွက် နည်းမှန်လမ်းမှန် တိုးတက်စေရန် ထက်မြတ်သော အကြံဥာဏ်ပေးနိုင်သော ပုဂ္ဂိုလ်များ၏ အင်အား

မှတ်သားရမည့်ဥပမာ
-
တတိယအကြိမ်သင်္ဂါယနာတင်ခဲ့သော သီရိဓမ္မာသောကမင်းသည် မှတ်တမ်းတင်ကျောက်စာတိုင်များ ထုလုပ်စိုက်ထူခဲ့စဉ်က ကျောက်တိုင်များ၏ ထိပ်တွင် တိရစ္ဆာန် (၄) ကောင်ကို ထုလုပ်ခဲ့သည်။

(
၁) ခြင်္သေ့ = ခြင်္သေ့ကဲ့သို့ ရဲဝံ့သောသတ္တိရှိရန်
(
၂) ဆင် = ဆင်ကဲ့သို့ ခွန်အားကြီးမားမှုရှိရန်
(
၃) မြင်း = မြင်းကဲ့သို့ သွက်လက်ဖြတ်လတ်စွာ လုပ်ဆောင်ရန်
(
၎) နွား = နွားကဲ့သို့ ၀န်ဆောင်နိုင်သကဲ့သို့ သည်းငြီးခံနိုင်ရန်
သာသနာပြုသူတို့သည် ၄င်းတိရစ္ဆာန် (၄) ကောင်၏ ထင်ရှားသော စရိုက်ကဲ့သို့ အတုယူလုပ်ဆောင် ကြရန် ဥပမာပေးခဲ့ပေသည်။

သာသနာပြုသူစိတ်ဓာတ်
-
စိတ်ရှည် ဇွဲသန် သည်းငြီးခံ ပြုရန်သာသနာ
-
ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ စသောဆောင်ပုဒ်များနှင့်အညီ သာသနာပြုမည့်သူသည် မာန် (မာန) ကိုလည်း လျော့၊သည်းငြီးခံပြီး မိမိအကျိုး အတွက် ရယူခြင်း (လာဘ၊ သက္ကာယ၊ သိလောက) ကို သွယ်ဝိုက်၍ပင်လျှင် မယူမိစေရန်နှင့်အများအကျိုးဆောင်ရွက်ချင်သော စေတနာအပြည့် ထားပြီး ဗုဒ္ဓ သာသနာတော်ကြီးအတွက် မိမိစွမ်းဆောင်နိုင်သည့် အခန်းကဏ္ဍမှ နိုင်သလောက် ပေးဆပ်ကြရမည် ဖြစ်သည်။
 
ထေရ၀ါဒ (၅) နိုင်ငံမှ ဆရာတော်ကြီးများ၏ နောက်ဆုံးညှိနှိုင်းသဘောတူညီချက်

၁။ Restoration (နဂိုမူရင်းအတိုင်း အစားထိုးခြင်း)
၂။ Preservation (မူရင်းအတိုင်းကိုသာ သိမ်းဆည်းထားခြင်း)
၃။ Promotion (တိုးတက်အောင် ကူညီအားပေးခြင်း)
၎။ Propagation (ပြန့်ပွားခြင်း)
၅။ Protection (ကာကွယ်ခြင်း)
အထက်ပါ (၅) ချက်ကို အမြန်ဆုံးအကောင်အထည်ဖော်ကြရန်

သာသနာပြုကြရအောင်
ဗုဒ္ဓသာသနာဝင်အပေါင်းတို့ရေ -
-
ဗုဒ္ဓ၏အဆုံးအမ တရားတော်များအား မိမိခန္ဓာကိုယ်တွင်းမှာ ထိုးထွင်းသိပြီး လင်းထိန်နိုင်ရန်၎င်း
-
မိမိခန္ဓာမှာတရားတွေ့ပြီးနောက် တစ်ပါးသောသတ္တ၀ါများ အားလုံးကိုလည်း မိမိသိသလို မြင်သလို သိမြင်လာနိုင်ရေးကူညီပံ့ပိုးနိုင်ရန်၎င်း
-
ကျေးဇူးကြီးမားလှတဲ့ ဗုဒ္ဓသာသနာတော်ကြီး အနန္တစကြာဝဠာမှ အလင်းဆုံဖြစ်သော နေမင်းကဲ့သို့ထွန်း လင်းနိုင်ရန်၎င်းရည်ရွယ်ကြပြီးလျှင် မိမိ အကျိုး အများအကျိုး သယ်ပိုးဆောင်ရွက်ကြဖို့ ကာယကံ ၀စီကံ မနောကံ (၃)ပါးတို့တွင် မိမိဆောင်ရွက်နိုင်သော ကံတို့ဖြင့် အချိန်ရှိတိုင်း ဗုဒ္ဓသာသနာဝင် အားလုံး တို့မှ မိမိတို့တစ်ပိုင်တစ်နိုင် ပံ့ပိုးကူညီကြမည်ဆိုလျှင်
(
သာသနာတော်ကြီးလင်းထိန်သကဲ့သို့ အနန္တသတ္တ၀ါအားလုံးတို့သည် ချမ်းသာအစစ်သို့ မလွဲမသွေ ရရှိနေကြမည်ဖြစ်ပေသည်။)
 
စုပေါင်းညီညာအောင်ကြောင်းဖြာ
ထေရဗုဒ္ဓသာသနာဝင်အပေါင်းတို့ -
ထေရ၀ါဒဗုဒ္ဓသာသနာတော်သည်
၁။ Practical System (လက်တွေ့ပြည့်စုံသောစနစ်)
၂။ Ethical System (ကိုယ်ကျင့်တရားပြည့်စုံသောစနစ်)
၃။ Spiritual System (စိတ်ပိုင်းဆိုင်ရာပြည့်စုံသောစနစ်)
၎။ Philosophical System (အတွေးအခေါ်ပိုင်းဆိုင်ရာ ပြည့်စုံသောစနစ်)

စစ်မှန်လှသောစနစ် (၄) မျိုးဖြင့် ပြည့်စုံလှသော ထေရ၀ါဒဗုဒ္ဓသာသနာတော်၏ ဓမ္မအား ပြည့်စုံလှပြီး အချိန်မရွေး ပုဂ္ဂိုလ်မရွေးနေရာမရွေး ဖိတ်ခေါ် နေနိုင်သော အခြေအနေရှိပါလျက် လူအားဓနအား အာဏာအား အကြံဥာဏ်အားရှိသော သာသနာဝင်များမှ အမြန်ဆုံး မိမိတို့တစ်ပိုင် တစ်နိုင် ၀ိုင်းဝန်းသယ်ပိုး ကူညီပံ့ပိုးကျင့်ကြံကြမည်ဆိုလျှင် မိမိသည်လည်း မြင့်မြတ်လူသားဖြစ်ပြီး တစ်ခဏတာမျှ ကြုံကြိုက်နေသော လူ့ဘ၀ရောက်ခိုက် မှာ အနှစ်သာရ ပြည့်ဝကြစေဖို့ ကြိုးစားကြပါစို့ ဟု တိုက်တွန်းလိုက်ပါသည်။