ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။
Showing posts with label ဓမ္မကဗျာ. Show all posts
Showing posts with label ဓမ္မကဗျာ. Show all posts

Friday, June 3, 2011

ကုသိုလ်ပန်းကုံး သီကုံးပေးပါ

အပွင့်အငုံ ခိုင်ရုံရောစု
ပန်းအစုမှ ထူးပြားအံ့ဖွယ် 
ဆန်းကြယ်ပန်းကုံး သီကုံးတတ်သူ
မြင်သူငေးမော အလှဂုဏ်တင့်
ပန်းကုံးအလှ သီကုံး၍
သင့်ဘ၀ အလှဆင်ပါလေ...။

ပစ္စည်းဥစ္စာ သဒ္ဓါပန်းကုံး
ဒါနအစု သီလပန်းငုံ
ဘာဝနာပန်းပွင့် ခိုင်ရုံများ
ထူးပြားအံ့ဖွယ် ဆန်းကြယ်ပန်းကုံး
နေ့ညမနား သီကုံးအားထုတ်
ထာဝရ လှချင်သူ
ကုသိုလ်ပန်းကုံး သီကုံးပေးပါ...။
                                 ဥာဏ(ပြင်ဦးလွင်)

Tuesday, January 18, 2011

သတိပဌာန်လမင်း

ရှင်တော်ဗုဒ္ဓ သာသနဝေဟင်
သတိပဌာန်လမင်း ထိန်လင်းကြည်လင်...။

ရောင်ခြည်အေးမြ ဖြာကျနေ့စဉ်
နိုးသူများ ရှုပွားအပူစင်...။

ကာမဂုဏ်မှောင်တိုက် အိပ်ငိုက်သူတွေ
လင်ရေးမယားရေး ရှုပ်ထွေးဗျာဗွေ
လရောင်နှင့် တွေ့ခွင့်မကြုံပေ
အပူမီး ထိန်ညီးတောက်လောင်နေ...။


 သတိပဌာန်အကျိုး(၇)ပါး
ကိလေညစ်ကြေး ကင်းဝေးစေရန်
စိုးရိမ်ပူဆွေး ငိုကြွေးကင်းရန်
ကိုယ်စိတ်ဆင်းရဲ ချုပ်စဲဖို့ရန်
မဂ်ဖိုလ်နိဗ္ဗာန် အမြန်ဆိုက်ရောက်ရန်
တလမ်းထဲ  သွားမြဲသတိပဋ္ဌာန်...။



ဂုဏ်တော်ပွားများရကျိုး

၁။အရဟံပွား၊ထိုသူအား၊ပေါများလာဘ်မိုးစွေ။
၂။သမ္မာသမ္ဗုဒ္ဓံ၊ပွားများပြန်၊ထက်သန်ဥာဏ်ကြီးပေ။
၃။ဝိဇ္ဇာစရဏ၊ပွားများက၊အောင်ထကြံစည်တွေ။
၎။သုဂတောဂုဏ်၊ပွားများထုံ၊ပြောတုံအောင်မြင်ပေ။
၅။လောက၀ိဒူ၊ပွားများသူ၊သင်းကြူဂုဏ်ထွေထွေ။
၆။အနုတ္တရ၊ပွားများက၊ကင်းထပြိုင်ဘက်ပေ။
၇။သတ္ထာဒေ၀ါ၊ပွားများပါ၊သြဇာအာဏာကောင်းလှပေ။
၈။ဗုဒ္ဓဂုဏံ၊ပွားများပြန်၊စိတ်ကြံသိရသလေ။
၉။ဘဂ၀ါဂုဏံ၊ပွားများပြန်၊ဘုန်းကံကြီးမားပေ။
သက်ရှည်ကြွယ်ဝ၊ကျိုးများလ၊ပွားထနေ့စဉ်ပေ။

Monday, January 17, 2011

အောင်မြင်မှုလမ်းညွန်

စည်းဝေးမပြတ် အညွတ်အညီ
ရှေ့ဟောင်းကျင့်ထုံး နှလုံးမူပြီ
ကြီးသူလေးမြတ် နှိပ်စက်ကင်းစီ
ရှေ့ထုံးပူဇော် လိုက်လျော်ကျင့်ပြီ...။

သူတော်သူမြတ်    မပြတ်ပူဇော်
မဆုတ်ယုတ်ကြောင်း အပေါင်းသူတော်
အပရိဟာနိယတရား မှတ်သားခုနှစ်ဖော်
ဝဇ္ဇီတိုင်းသား ဟောကြားတရားတော်...။
အံ၊သတ္တကနိပါတ်၊
အရှင်ဥာဏ(ပန်းဦးတောင်)