ဘုရားအားရှိခိုးပါ၏

နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။Namo Tassa Bagavato Arahato Samma sambuddhassa.Namo Tassa Bagavato Arahato Samma sambuddhassa.နမောတဿဘဂ၀တောအရဟတောသမ္မာသမ္ဗုဒ္ဓဿ။

Monday, March 17, 2014

The Unique Loving-kindness.



Don't compare

loving-kindness of mother
 
with the moon,the sun,

the flower and the stream

because mother is not wane

it is not the same the moon;

mother is not cloud,

it is not the same sun;

mother is not dry,

it is not the same the stream;

and mother is not drooping ,

it is not the same the flower

that having grown with mother's milk all everything greenly,

and having born peacefully,

mother is mother of the world,

lights of the world,

tastes of the world

and new smell of the world.

nyanabodhi(saosengmong)

Sunday, March 16, 2014

လောကတန်ဖိုး


 ပညာတွေတစ်ဖက်ကမ်း
တတ်အောင်
ပါရဂူကြီးတွေဖြစ်နေပါစေ
သူများအကျိုးကို မလုပ်ဆောင်ပေးရင် သူ့ဘဝဟာ
လောကသုံးညပါပဲ။

ဓနဥစ္စာ ထားစရာ နေရာမရှိအောင် ကြွယ်ဝချမ်းသာစေဦးတော့
ပရဟိတ သူ့တစ်ပါးအကျိုး
လောကအကျိုးအတွက်...
ဘာတစ်ခုမှ
မလုပ်ဆောင်ရင်လည်း
သူ့ဘဝလေးဟာ
သုညဘဝလေးပါပဲ။

သုညဘဝမှ အမြင့်ဆီသို့
ပျံသန်းနိုင်ပါစေ။
 
အရှင်ဥာဏဗောဓိ
 

လယ်ပြင်တောင်ကျောင်းတိုက်မန္တလေးမြို့


Sunday, December 2, 2012

နိုင်ငံတကာတိပိဋကရွတ်ဖတ်ပူဇော်ပွဲ ဒီဇင်ဘာလ၂ရက်နေ့မှ ၁၂ရက်နေ့ထိ(၂.၁၂.၂၀၁၂)

                                        အိန္ဒိယနိုင်ငံ မြေမြတ်မဟာဗုဒ~ဓဂယာဒေသ
                            နိုင်ငံတကာတိပိဋကရွတ်ဖတ်ပူဇော်ပွဲတွင်အမှတ်တရပုံရိပ်လွှာ

Friday, November 30, 2012

တန့်ယန်းမြို့အမှတ်တရနေ့များ

                               ဝေဠုဝန်ဘကပညာရေးကျောင်း တန့်ယန်မြို့၊ရှမ်းမြောက်
                  ရှင်သာမဏေနှင့်ကျောင်းသူကျောင်းသားတို့၏ပညာရေးအတွက်လှုဒါန်းနေပုံ

Tuesday, April 3, 2012

ကံစီမံလို့ လူတန်းစား ကွဲပြား၇ပုံ

သူ့ကိုသတ်ဖြတ်၊သက်တိုတတ်၊ မသတ်အသက်ရှည်။
ညှဉ်းဆဲသူများ၊အနာများ၊သနားကျန်းမာမည်။
ဒေါသမီးလျှံ၊အကျည်းတန်၊သည်းခံလှပမည်။
မနာလိုပြန်၊ခြွေရံကွာ၊ကြည်သာခြွေရံမည်။ံ
မပေးလှုက၊မွဲပြာကျ၊လှုမှပေါများမည်။
မရိုမသေ၊မျိုးယုတ်ခြေ၊ရိုသေမျိုးမြတ်မည်။
မမေးမမြန်း၊ဥာဏ်မြင်ကန်း၊စုံစမ်းဥာဏ်ကြီးမည်။
ဆိုးတာပြုက၊ဆိုးတာရ၊ကောင်းမှ ကောင်းစားမည်။
ဆိုးကောင်းနှစ်တန်၊ကံစီမံ၊ခံစံကြရမည်။

Wednesday, March 28, 2012

ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ



လူတွေဟာ အသက်ကြီးလို့ ရင့်ကျက်တာမဟုတ်သလို အသက်ငယ်လို့ မရင့်ကျက်တာလည်း မဟုတ်ပါဘူး။ ဘဝရဲ့စိန်ခေါ်မှုကို အကြိမ်ကြိမ်ရင်ဆိုင်ရဲပြီး ကြုံတွေ့ရတဲ့အခက်အခဲကို ဖြေရှင်းကျော်လွှားနိုင်ရင် ရင့်ကျက်တဲ့လမ်း၊ အောင်မြင်တဲ့လမ်းဆီကို လျှောက်လှမ်းနိုင်ပါတယ်။ ပေးဆပ်ဖို့လဲမဝံ့၊ စောင့်မျှော်ဖို့လဲမလုပ်ဘဲ လွယ်လွယ်ပြော၊ လွယ်လွယ်လက်လွတ်တတ်သူက ဘယ်တော့မှ အောင်မြင်တဲ့လမ်းဆီ မရောက်နိုင်ပါဘူး။

ရင့်ကျက်သူမှာမရှိသင့်တဲ့ လက္ခဏာရပ်များ ---

(၁) ချက်ချင်းတုန့်ပြန်တယ်၊ ဆင်းရဲသားစိတ်ထားရှိတယ်။

(i) အခွင့်အရေးတစ်ခုနဲ့ ကြုံတွေ့တိုင်း သူတို့တွေ့တာက အခွင့်အရေးထဲက အခက်အခဲကိုဖြစ်တယ်။ ဒါကြောင့် "No"လို့ ချက်ချင်းငြင်းဆန်တတ်သူဖြစ်တယ်။

(ii) ဆင်းရဲသားစိတ်ထားလိုမျိုး နေ့ချင်းညချင်း ကြီးပွားချင်ကြတယ်။ အလွယ်တကူရတဲ့အရာက တန်ဖိုးရှိတဲ့အရာ မဟုတ်သလို တန်ဖိုးရှိတဲ့အရာကလည်း အလွယ်တကူ မရနိုင်ပါဘူး။ အိုလံပစ် ရွှေတံဆိပ်ပိုင်ရှင်တွေက တစ်ညတည်း ကြိုးစားခဲ့ကြတာမဟုတ်ပါဘူး။ ပြိုင်ပွဲမှာ သူတို့ရလိုက်တာက သူတို့ ကြိုးစားလေ့ကျင့်ခဲ့တဲ့ရလဒ်အတွက် လူတွေရဲ့အသိအမှတ်ပြုခြင်းတွေဖြစ်တယ်။ "Rich Dad Business School" စာအုပ်မှာပြောထားတာက အမေရိကန်မှာ ထီတစ်သန်းဆုပေါက်သူတွေဟာ ၅နှစ်နောက်ပိုင်းမှာ သူတို့ရဲ့ဘဝက အရင်ကလောက်မပျော်ဘူးလို့ ဆိုပါတယ်။


(၂)
(i) ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို မပြောင်းလဲချင်ဘူး

လူလူချင်းကြားမှာ အခြေခံကွဲပြားနေတဲ့အချက်က တွေးခေါ်နည်း ခြားနားတာပဲဖြစ်တယ်။ အောင်မြင်သူဖြစ်ချင်ရင် ကိုယ့်ဆီမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို အရင်ဆုံးပြောင်းလဲပစ်ရပါတယ်။ အဲဒီနောက် အပြုအမူကို ပြောင်းလဲရပါတယ်။ ကိစ္စရပ်တစ်ခုဆောင်ရွက်တဲ့အခါ အခက်အခဲ၊ အဟန့်အတားကို သင်အရင်ဆုံးမြင်ရင် အောင်မြင်ဖို့မပြောနဲ့ မဖြစ်မြောက်တဲ့အံ့သြဖွယ်ဖြစ်ရပ်မှာ သင်ပါသွားနိုင်ပါတယ်။ ဟောင်းတဲ့အတွေးအခေါ်ဆိုတာ... ချက်ချင်းတုန့်ပြန်တာ၊ ဆင်းရဲသားစိတ်ထားရှိတာ၊ အခက်အခဲကြုံတာနဲ့ နောက်ဆုတ်ပြေးတာ.. တွေဖြစ်တယ်။ ကြံ့ကြံ့ခံတဲ့အားက အရာအားလုံးကို သိမ်းသွင်းနိုင်ပါတယ်။ ဟောင်းအိုတဲ့ အပြုအမူဆိုတာ... အရက်သောက်တယ်၊ ဖဲရိုက်တယ်၊ အကျိုးမရှိတဲ့ ဖြေဖျော်မှုတွေဖြစ်တယ်။

(ii) တခြားလူကို နောက်ကွယ်မှာ ဝေဖန်ကဲ့ရဲ့ဖို့ နှစ်သက်တယ်

ဒီလိုလူမျိုးကို ကျွန်တော်တို့က အားယားနေသူလို့ တင်စားတယ်။ ဒီလိုစကားကို ကျွန်တော်တို့ နားမထောင်ဘူး၊ မပြောဘူး၊ လက်ဆင့်မကမ်းဘူး။ သူပြောဆိုဝေဖန်တဲ့စကားက မှန်တယ်ထားဦး သူ့အတွက်လည်း ဘာကောင်းကျိုးမှ မရှိပါဘူး။

(iii) အမြဲညည်းတွားတယ်၊ အပြုအမူ အပျက်ဆောင်တယ်

လူဆိုတာ ခြောက်ပစ်မကင်းပါဘူး။ ချွတ်ယွင်းချက် အနည်းအများတော့ ရှိတတ်ကြပါတယ်။ ကိုယ်ကျင့်တရားအတွက် မဟုတ်ဘူးဆိုရင် သူတို့ကို ကောင်းတဲ့အကြည့်နဲ့ ကျွန်တော်တို့ကြည့်ဖို့လိုတယ်။ ပိုအရေးကြီးတာက သူ့ရဲ့ချွတ်ယွင်းချက်ကိုပဲ အမြဲမကြည့်ဖို့ဖြစ်တယ်။ သူ့အပေါ် ကိုယ်မကျေမနပ် ညည်းတွားတာတွေက မှန်ခဲ့တယ်ဆိုရင်တောင် မညည်းတွားသင့်ပါဘူး။ အကြောင်းက အောင်မြင်သူတွေဟာ ဘယ်တော့မှ မညည်းတွားလို့ပါပဲ။

(iv) သင်ယူဖို့ ငြင်းဆန်တယ်၊ ပြောင်းလဲဖို့ ငြင်းဆန်တယ်

၂၁ရာစုလောကရဲ့ထူးခြားတဲ့ လဏ္ခာသုံးရပ်က ... အမြန်နှုန်း၊ ပြောင်းလဲနှုန်းနဲ့ ကပ်ဆိုက်နှုန်းဖြစ်တယ်။ ကျွန်တော်တို့ရဲ့နည်းဗျူဟာက သင်ယူမယ်၊ လုပ်ငန်းတွေကို ပြောင်းလဲမယ်။ သင်မြန်မြန်သင်ယူနိုင်လေ သင့်ပြောင်းလဲနှုန်းကမြန်လေ အောင်မြင်မှုကို သင်မြန်မြန်ဆန်ဆန်ရလေဖြစ်တယ်။ ဒီကနေ့ခေတ် လုပ်ငန်းတွေရဲ့ယှဉ်ပြိုင်မှုက လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုဖြစ်တယ်။ လူရဲ့အရည်အချင်း ယှဉ်ပြိုင်မှုက သင်ယူခြင်းရဲ့ယှဉ်ပြိုင်မှုပဲဖြစ်တယ်။ ကပ်ဆိုက်တဲ့ကာလမှာ သင်အောင်မြင်ချင်ရင် များများသင်ယူရတယ်။ ဒီကနေ့ခေတ် သူဌေးသူကြွယ်တချို့ဟာ နောင် ၅နှစ် ၁ဝနှစ်မှာ ၈ဝ%က ဒေဝါရီခံရကိန်းရှိတယ်။ တကယ်လို့ သင်အောင်မြင်ချင်ရင် သင်ယူရမယ်၊ ပြောင်းလဲရမယ်။


(၃) ခံစားချက်ရဲ့ အထိန်းအချုပ်ကို အမြဲခံတယ်

လောကမှာဖြစ်ပျက်နေတဲ့ ကြေကွဲဝမ်းနည်းခြင်းတွေ၊ ကြောက်ရွံ့ခြင်းတွေဟာ လူလူချင်းကြား သည်းမခံနိုင်လို့ ဖြစ်လာတာတွေဖြစ်တယ်။ တချို့က မဖြစ်စလောက်ကိစ္စနဲ့ ဒေါသအကြီးအကျယ်ထွက်တယ်။ ပေါက်ကွဲတယ်။ အောင်မြင်ခြင်းအတွက် အခြေခံအချက်(၅)ချက်မှာ တစ်အချက်က ကိုယ့်ခံစားချက်ကို ထိန်းချုပ်နိုင်ခြင်းဖြစ်တယ်။ နှစ်အချက်က ကျန်းမာရေး။ သုံးအချက်က အချိန်စီမံခန့်ခွဲရေး၊ လေးအချက်က ဘဏ္ဍာစီမံခန့်ခွဲရေး၊ ငါးအချက်က ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးတွေဖြစ်တယ်။

ကောင်းမွန်တဲ့ လူလူချင်းဆက်ဆံပြောဆိုရေးရဲ့ အဓိကအချက်(၃)ချက်က
(i) တခြားသူကို ကိုယ့်ကိုယ်ကိုထက် ပိုဂရုစိုက်တာဖြစ်တယ်။
(ii) အပြစ်မရှာဘူး၊ မညည်းတွားဘူး၊ မဝေဖန်ဘူး။ များများချီးကျူး ချီးမွမ်းတယ်၊ များများခွင့်လွှတ်နားလည်တယ်။
(iii) နားထောင်ကောင်းသူ၊ ပြောဆိုဆက်ဆံရေးကောင်းသူ လုပ်တယ်။ ဂရုစိုက်ဖော်ရွေမှုက အေးစက်လျစ်လျူရှုမှုထက်များတယ်။


(၄) စိတ်မှန်းနဲ့ ကိစ္စရပ်တွေကို ဝေဖန်ပိုင်းခြားတယ်၊ မှန်ကန်တဲ့ အကြောင်းရင်းကို အခြေမခံဘူး

ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝမှာ လူတော်တော်များများက ကိစ္စရပ်တွေကို စိတ်မှန်းနဲ့ပဲ ဝေဖန်ပိုင်းခြားကြတယ်။ ကျွန်တော်ထင်တာက ဒီလိုပါ။ ကျွန်မထင်တာက ဟိုလိုပါ။ ထင်တာပြောရရင်...


(၅) အလုပ်လုပ်ရမှာ ယုံကြည်မှုကို အမှီမပြုဘူး။ လူ့အပြောကိုပဲ အမှီပြုတယ်

လူ့ဘဝက ကိုယ့်အတွက်ရှင်သန်တာဖြစ်တယ်၊ သူတစ်ပါးအတွက် ရှင်သန်တာ မဟုတ်ပါဘူး။ သူတစ်ပါးရဲ့ပါးစပ်က သူ့ကိုယ်ပေါ်မှာရှိတဲ့အတွက် ပြောချင်ရာပြောပါစေ။ ဂရုမစိုက်ပါနဲ့။ လမ်းမှားညွှန်ပြပြီး အဲဒီအမှားအတွက် ကိုယ်တိုင်တာဝန်ယူပေးသူ မရှိပါဘူး။ တကယ့်လမ်းမှန်ကို ညွန်ပြတဲ့ ဆရာကောင်းသမားတွေ ပေါများပါတယ်။

ဒီလောကရဲ့လူအုပ်စုကို နှစ်ဖွဲ့ခွဲရင် တစ်ဖက်က ၅%နဲ့ ကျန်တစ်ဖက်က ၉၅%ဖြစ်တယ်။ ၅%သော အောင်မြင်သူတွေက မအောင်မြင်ခင်မှာ လူတွေရဲ့ကဲ့ရဲ့ဝေဖန်တာကို ခံရတယ်။ အရူး၊ လူတုံးလူအလို့ အခေါ်ခံရတယ်။ လေဒီယိုတီထွင်ခဲ့သူဟာ အရူးလို့စွပ်စွဲခံရပြီး အရူးဆေးရုံအပို့ခံခဲ့ရပါတယ်။ လူအများရဲ့(၉၅%)ဘဝလို့ ကျွန်တော်တို့ မဖြတ်သန်းချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့ အခေါ်ခံရပါစေ၊ အလှောင်ရယ်ခံရပါစေ ကျေနပ်ပါတယ်။

လူကိုနွေးထွေးစေတဲ့ စကားငါးခွန်း




(၁) တန်ဖိုးထားထိုက်ဆုံးစကားတစ်ခွန်း "နင့်ကိုငါချစ်တယ်"

ဒီစကားတစ်ခွန်းကို သင်ကြားလိုက်ရပြီဆိုရင် သင်ဟာတခြားသူရဲ့ချစ်ခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။ လောကမှာ အချစ်ခံရထက်တာ ပိုချိုမြိန်၊ ပျိုပျော်ရွှင်တဲ့အရာ ရှိနိုင်ဦးမလား? တကယ်လို့ ဒီလိုစကားတစ်ခွန်းကို သင်လည်း ပြောလိုက်ပြီဆိုရင် စိတ်ကူးထဲကအဖော်ကို သင်ရှာတွေ့ပြီဖြစ်ကြောင်း ပြနေပါတယ်။ လူ့ပင်လယ်ထဲမှာ ကူးခပ်ရင်း တစ်နေ့နေ့ တစ်ချိန်ချိန် သင်မျက်စိဖြတ်ခနဲအလက် "ဟော.. သူ(သူမ)ပဲ!"ဆိုတဲ့ အဖော်ကို သင်တွေ့သွားခဲ့တယ်။ အချစ်ရှိပြီဆိုရင် အထီးမကျန်တော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မလေတော့ဘူး။ အချစ်ရှိပြီဆိုရင် စိတ်မတွေဝေတော့ဘူး။ အချစ်ရှိပြီဆိုရင် ပေါ့ပေါ့နေလို့မဖြစ်တော့ဘူး။ အချစ်က ရွေးချယ်ခြင်းတစ်မျိုး၊ အချစ်က ပျော်ရွှင်ခြင်းတစ်မျိုး၊ အချစ်က အားအင်တစ်မျိုး၊ အချစ်က တာဝန်တစ်မျိုး... ဖြစ်ပါတယ်။


(၂) နှစ်သိမ့်ထိုက်ဆုံးစကားတစ်ခွန်း "အခုပဲလာခဲ့မယ်"

လူတိုင်းမှာ အကူအညီလိုတဲ့အချိန်တွေ ရှိပါတယ်။ တစ်ပတ်လောက် ပင်ပင်ပန်းပန်းအလုပ်လုပ်ပြီး နားရက်မှာ သင်အနားယူနေတုန်း ရုတ်တရက် အိမ်ကရေစက်ခေါင်းပျက်သွားတယ်။ ရေပိုက်ပြင်သမားကို သင်ချက်ချင်းဖုန်းဆက်တော့ သူက "ကျွန်တော် အခုပဲလာခဲ့မယ်"လို့ ပြန်ဖြေတဲ့အချိန် သင့်စိတ်သက်သာရာရသွားတယ်။ သင်ကားမောင်းနေတုန်း လမ်းတစ်နေရာမှာ ရုတ်တရက် ကားပျက်သွားတယ်။ နောက်ကားတွေက သင့်ကားနောက်တန်းစီပြီး ဟွန်းအဆက်မပြတ်တီးနေတယ်။ သင်စိတ်ပူပန်လှုပ်ရှားပြီး သူငယ်ချင်းတစ်ယောက်ကို သင်ဖုန်းဆက်တယ်။ သူငယ်ချင်းရဲ့ "ငါအခုပဲလာခဲ့မယ်"ဆိုတဲ့စကားက သင့်ရင်ထဲက အစိုင်အခဲကို ပြေလျော့သွားစေပါတယ်။


(၃) လူကိုယုံကြည်မှုတိုးစေဆုံး စကားတစ်ခွန်း "မင်းလုပ်နိုင်တယ်ဆိုတာ ငါယုံတယ်"

ဆရာတစ်ဦးက ကျွန်တော့်ကိုပြောပြဖူးတယ်။ ကျောင်းသားတွေကို သူအချက်ကျကျ ကိုင်တွယ်နည်းက ကျောင်းသားတွေနဲ့ အမြဲတမ်း နှစ်ကိုယ်ကြား ဆွေးနွေးတာပဲဖြစ်တယ်။ အမှတ်ကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ်၊ အမှတ်မကောင်းတဲ့ ကျောင်းသားဖြစ်ဖြစ် ဆရာအမြဲပြောလေ့ရှိတာက "မင်းလုပ်နိုင်တယ်ဆိုတာ ဆရာယုံတယ်"ဆိုတာပဲဖြစ်တယ်။ ဒါကြောင့် သူသင်ဖူးတဲ့ ကျောင်းသားတိုင်းလိုလိုဟာ မိမိကိုယ်ကိုယ်ယုံကြည်စိတ် အပြည့်ရှိသူတွေဖြစ်တယ်။ "လုပ်နိုင်သူ"တွေက "ပိုလုပ်နိုင်"ခဲ့ကြပြီး "မလုပ်နိုင်သူ"တွေလည်း "လုပ်နိုင်"ခဲ့ကြတယ်။

ဆွန်ယက်ဆင်ပြောခဲ့တဲ့ စကားတစ်ခွန်းကို ကျွန်တော်အမှတ်ရမိပါတယ်။

"စိတ်ထဲမှာ လုပ်နိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိရင် တောင်ကိုရွေ့တာပဲဖြစ်ဖြစ်၊ ပင်လယ်ကို မြေဖို့တာပဲဖြစ်ဖြစ် နောက်ဆုံးမှာ ပြီးမြောက်အောင်လုပ်နိုင်တယ်။ တကယ်လို့ စိတ်ထဲမှာ လုပ်နိုင်မှာမဟုတ်ဘူးလို့ ယုံကြည်မှုရှိရင် လက်ဖဝါးလှည့်တာ၊ သစ်ကိုင်းကိုချိုးတာလောက် လွယ်ကူတဲ့အလုပ်ကိုတောင် ပြီးမြောက်အောင် လုပ်နိုင်မှာမဟုတ်ပါဘူး"

ကျောင်းသားတွေမှ မဟုတ်ပါဘူး။ လူကြီးတွေလည်း အဲဒီလိုပဲဖြစ်တယ်။ လူတစ်ယောက်ဟာ အခက်အခဲကြုံချိန်၊ အမှားလုပ်မိချိန်၊ ဒါမှမဟုတ် တွေဝေဆုံးဖြတ်ရခက်နေချိန်မှာ သူ့ရဲ့လမ်းညွှန်သူ ဒါမှမဟုတ် သူ့သူငယ်ချင်းက "မင်းကို ငါယုံတယ်"၊ "မင်းလုပ်နိုင်တယ်ဆိုတာ ငါသိတယ်"ဆိုတဲ့စကားတစ်ခွန်း ပြောပေးရုံနဲ့ သူ့ကိုသတ္တိအင်အားတွေ ပြန်လည်ပြည့်တင်းစေပါတယ်။


(၄) အတင်းအဖျင်းကို ပထုတ်နိုင်ဆုံးစကားတစ်ခွန်း "မင်းလမ်းမင်းလျှောက် သူတို့ပြောချင်ရာ ပြောပါစေ"

ကျွန်တော့်ဖခင် ကျွန်တော်ကိုစကားတစ်ခွန်းပြောဖူးတယ်။

"တကယ်လို့ တခြားလူ မရယူနိုင်တဲ့အရာကို သားရယူချင်ရင် သူတို့မပေးဆပ်နိုင်တဲ့အရာကို သားပေးဆပ်ရလိမ့်မယ်။ တကယ်လို့ တခြားလူအနားယူချိန် သားလည်းအနားယူမယ်၊ တခြားလူအလုပ်လုပ်ချိန်မှ သားအလုပ်လုပ်မယ်။ တခြားလူ ဘဝကို ဘယ်လိုဖြတ်သန်းရင် သားလည်းသူတို့အတိုင်း ဖြတ်သန်းမယ်ဆိုရင် သူတို့ရတာပဲ သားရလိမ့်မယ်"

ဘဝမှာ အောင်မြင်သူတွေဟာ တခြားလူထက် ဝေးဝေးကြည့်တယ်၊ တခြားလူထက် နက်နက်တွေးတယ်၊ တခြားလူထက် ပိုအလုပ်လုပ်တယ်။ အဲဒီလိုပဲ အတင်းအဖျင်း၊ ကောလဟာလတွေလည်း သူတို့နဲ့အဖော်ပြုတာ ခံရတယ်။ ဒါကြောင့် တခြားလူဆီကနေ မတူတဲ့အသံကိုကြားရတဲ့အခါ ကိုယ့်ရဲ့ပြုမူပြောဆိုမှုကို ဆန်းစစ်ရသလို၊ ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကိုလည်း ပိုခိုင်မြဲအောင်လုပ်ရပါတယ်။

လူရွန်းပြောသလိုပါပဲ..."သူတို့ပြောချင်ရာ ပြောပါစေ... ကဲ့ရဲ့ဝေဖန် အတင်းအဖျင်းပြောသူတွေရဲ့ ချီးကျူးစကားက ကိုယ်အောင်မြင်မှုရပြီးချိန်မှ ကြားရတတ်တဲ့ စကားဖြစ်တယ်"။


(၅) ပြောရအခက်ဆုံးနဲ့ သဘောထားကွဲလွဲမှုကို အဖြေရှင်းနိုင်ဆုံး စကားတစ်ခွန်း "မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်"

ဒီလိုစကားတစ်ခွန်းက တိုက်ပွဲထဲကလူတစ်ယောက်ကို လက်နက်ချခိုင်းသလိုပါပဲ.. ငြင်းခုန်ရန်ဖြစ်ပွဲမှာ အမှားကိုဝန်ခံတာဟာ အရမ်းမျက်နှာသာမဲ့စေတဲ့ လုပ်ရပ်ပါ။ ဒါပေမယ့် အခြေအနေ တော်တော်များများမှာ ဒီလိုစကားတစ်ခွန်းက ဒေါသကြောင့် တောက်လောက်မယ့်မီးကို အချိန်မီ ငြိမ်းစေနိုင်သလို၊ ပွက်လောရိုက်နေတဲ့ဦးနှောက်ကို ချုပ်ငြိမ်းစေနိုင်သလို၊ ချိန်ရွယ်ထားတဲ့ လက်သီးကို ဖြည်လျော့စေနိုင်သလို၊
ကွဲပြားတဲ့အတွေးအမြင်ကို တစ်နေရာတည်းမှာ စုဆုံစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာနဲ့ ဆုံးရှုံးမှုကို ကာကွယ်တားဆီးနိုင်သလို အဖွဲ့ရဲ့စည်းလုံးခြင်းနဲ့ တည်ငြိမ်ခြင်းကိုလည်း ထိန်းချုပ်နိုင်ပါတယ်။

ဒီလိုစကားတစ်ခွန်းက မိသားစုအငြင်းပွားမှုမှာ ပိုအသုံးဝင်ပါတယ်။ လင်မယားကြားမှာ ကိစ္စသေးသေးမွှားမွှားနဲ့ စကားများရန်ဖြစ်တဲ့အခါ တကယ်လို့ တစ်ယောက်ယောက်က ဒီစကားကိုအရင်ဆုံးပြောလိုက်ရင် သဘောထားကွဲလွဲမှုကို ရပ်တန့်စေနိုင်ပါတယ်။ နှစ်ဦးနှစ်ဖက် သွေးအေးသွားမှ ပြဿနာရဲ့အရင်းအမြစ်ကိုရှာပြီး ဖြေရှင်းနိုင်ပါတယ်။ အချင်းချင်းချစ်ကြိုက်လို့ အတူတကွပေါင်းဖက်ကြပြီးမှ ပြဿနာအသေးအမွှားနဲ့ ဘာကြောင့် နှစ်ဦးနှစ်ဖက် ဒဏ်ရာရထိခိုက်အောင် ပြောဆိုငြင်းခုန်ကြမလဲ? "မင်းမှန်တာလည်း ဖြစ်နိုင်ပါတယ်" ဆိုတဲ့စကားတစ်ခွန်းက ဘာမှကို မဆုံးရှုံးစေနိုင်ပါဘူး။

Monday, March 26, 2012

The Maha Bodhi Society of India

The Maha Bodhi Society of India was founded 
by Anagarika Dhammapala in May, 1891 for
 the purpose of resuscitation Buddhism in India 
and of restoring the ancient Buddhist shrines 
at Buddha Gaya, Sarnath and Kushinara. 
Having its Headquarters in Calcutta its main attention
 has been paid in the restoration and revival of the glory 
and sanctity of Buddha Gaya.
 For this he founded the Society’s first Centre at Buddha Gaya.
Then centers were established in Sarnath, 
Sanchi, Lucknow, Orissa, New Delhi, Chennai Ajmer, Bangalore etc.

Under the able guidance of Ven. Dr. D. Rewatha Thero,

 Present General Secretary of the Maha Bodhi Society of India, 
Buddhagaya centre is extending a commendable service to 
the Society and the Buddhist community around the globe.
 
Today the Centre is extending the following activities:-
  • Jaya Sri Maha Bodhi Temple
  • A pilgrims guest house with all facilities
  • A small Shrine Room for pilgrims and Visitors.
  • Communication Facilities
Free Homeopathic Dispensary:
Founded by Lt. Ven. Bulath Singhala Pannarama Thero ,

 the dispensary looks after the needs of the local and 
needy people by giving them free medicines and treatment.
 A team of dedicated doctors and
 staff help in maintaining the proper functioning of the Dispensary.

A free School for Children :
The Maha Bodhi Vidyapeeth is a free school which is dedicated

 in giving the gift of Knowledge to the needy and
 less fortunate children of the locality.
 It has a strength of about 450 students and 
is still growing in numbers. The Centre believes
 that the child who attaings education can an asset to the Society.

An Ambulance Service:
Started in 1997, the Ambulance service is serving 

the community by taking the sick peo;oe to hospitals 
at a minimum cost so that the service is inexpensive and
 easy to use by less fortunate ,ambulance service 
the Buddhagaya Centre of the Maha Bodhi Society of India
 is one of the first to reach the spot of any natural calamity of disaster.

Free Educational Sponsorship for the Handicap:
The Buddhagaya Centre also provides free sponsorship to

 the deserving candidates who are physically handicap 
children and is presently sponsoring few such deserving candidates.
 
  • A tiny canteen to serve the pilgrims residing in the guest house.
  • A Book Shop.
  • A Meditation Hall.
  • Monastic Training Centre for novices.

Friday, March 23, 2012

၂၀၁၂ ခုနှစ် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် (၁၀၀) စာရင်း ထုတ်ပြန်


တိုကျိုတက္ကသိုလ်ပုံ
ကမ္ဘာ့တက္ကသိုလ်များ အဆင့်သတ်မှတ်ချက်ကို နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ Times Higher Education အဖွဲ့ကြီးက ၂၀၁၂ ခုနှစ်အတွက် ကမ္ဘာ့ ထိပ်တန်း တက္ကသိုလ် ၁၀၀ စာရင်းကို မကြာခင်က ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံပေါင်း ၁၄၉ နိုင်ငံက ပညာရှင် ၁၇၅၅၄ ဦးနဲ့အတူ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေရဲ့ စစ်တမ်းနဲ့ အဆင့်သတ်မှတ်တာ ဖြစ်ပါတယ်။
ထုံးစံအတိုင်း ထိပ်ဆုံး တက္ကသိုလ် ၁၀၀ မှာ အမေရိကန် တက္ကသိုလ်တွေ အများဆုံးပါဝင်ပြီး၊ ဒုတိယ အများဆုံးက အင်္ဂလန်တက္ကသိုလ်တွေပါပဲ။ ထူးခြားမှုက ဒီနှစ်မှာ အာရှတက္ကသိုလ် တော်တော်များများ ရှေ့တန်းတက်လာခြင်း ဖြစ်ပါတယ်။
အမေရိကန်တက္ကသိုလ်တွေဖြစ်တဲ့ ဟားဗတ်က (၁)၊ MIT က (၂)၊ စတန်းဖို့ဒ်က (၄)၊ ဘာကလေ (၅)၊ ပရင်စတန် (၇)၊ ယေးလ် က (၁၀) ဖြစ်ပါတယ်။
အင်္ဂလန်ရဲ့ ကိန်းဘရစ်က နံပါတ် (၃) မှာရှိပြီး၊ အော့စ်ဖိုဒ့် (၄) မှာရှိပါတယ်။ ဒါပေမဲ့ အင်္ဂလန်တက္ကသိုလ်တော်တော်များများ မနှစ်က အဆင့်ထက် အနည်းငယ်စီ ပြုတ်ကျသွားပါတယ်။
တက္ကသိုလ် ၁၀၀ စာရင်းမှာ ဂျပန်တက္ကသိုလ် ၅ ခု ပါဝင်ပြီး၊ တိုကျို တက္ကသိုလ်က မနှစ်က နံပါတ် (၈) နေရာကို ဆက်ထိန်းထားပါတယ်။ နယ်သာလန် တက္ကသိုလ် ၅ ခုလည်း ၁၀၀ စာရင်းမှာ ပါဝင်ပါတယ်။
တရုတ်က စင်ဝှာ တက္ကသိုလ်က မနှစ်က အဆင့် (၃၅) ကနေ ဒီနှစ် အဆင့် (၃၀) ကို တက်လာပါတယ်။ ပီကင်း တက္ကသိုလ်က အဆင့် (၄၃) ကနေ (၃၈) ကို တက်လာပါတယ်။ ဟောင်ကောင်တက္ကသိုလ်က အဆင့် (၄၂) ကနေ ဒီနှစ် (၃၉) ကို ရောက်လာပါတယ်။
စင်္ကာပူအမျိုးသား တက္ကသိုလ်က မနှစ်က အဆင့် (၂၇) ကနေ၊ ဒီနှစ် (၂၃) နေရာကို ရောက်လာပါတယ်။
ချုပ်ပြောရရင် ကမ္ဘာ့ပညာရေးဟာ အပြိုင်အဆိုင်ဖြစ်နေသလို၊ တက္ကသိုလ်ကြီးတွေဟာလည်း ထိပ်ဆုံးနေရာကို တစ်နှစ်ထက် တစ်နှစ် အပြိုင်လုနေကြပါတယ်။ မြန်မာနိုင်ငံ တက္ကသိုလ် ၁၅၉ ခုကတော့ တစ်ခုချင်းစီမှာ ကိုယ်ပိုင် ၀ဘ်ဆိုဒ်တောင် မရှိသေးတဲ့အတွက်၊ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၄၀၀) အဆင့်ဝင်ဖို့တောင် အလှမ်းဝေးနေဆဲဖြစ်ပါတယ်။


ဝင့်ထန်း
ရည်ညွှန်း Time Higher Education

Monday, March 19, 2012

သူတော်ကောင်းအင်္ဂါ-၁၂ပါး

သူတော်လက္ခဏာ၊ဆယ့်နှစ်ဖြာကား၊စိတ်ထားရှည်စွာ
မ၀ါကြွားခြင်း၊မပြင်းဒေါသ၊မာနမထူး၊ကျေးဇူးသိမြင်
ဂုဏ်လျှင်မပြိုင်၊ပြည့်လှိုင်တင့်နိုး၊ကိုယ်ကျိုးကိုသာ
မရှာပေလစ်၊သူ့အပြစ်ကို၊မှတ်ဆစ်မထား၊သူတစ်ပါးကို
စကားပြစ်တင်၊မဆိုချင်ရှောင်း၊မကောင်းမှု၌
မကြိုက်မရွှင်၊ကောင်းမှုမြင်မှု၊ကြည်လင်ဝမ်းသာ
သည်းခံမှာလည်း၊များစွာရှိသော်၊လူသူတော်ဟု
အံ့သြော်သိမြင်၊မှတ်တုံကျင့်လော....။
လောကနီတိပျို့

ဘုရားဂုဏ်တော်ပွားများရကျိုး

အရဟံပွား၊ထိုသူအား၊ပေါများလာဘ်မိုးစွေ။
သမ္မာသမ္ဗုဒ္ဓံ၊ပွားများပြန်၊ထက်သန်ဥာဏ်ကြီးပေ။
ဝိဇ္ဇာစရဏ၊ပွားများက၊အောင်ထကြံစည်တွေ။
သုဂတောဂုဏ်၊ပွားများထုံ၊ပြောတုံအောင်မြင်ပေ။
လောက၀ိဒူ၊ပွားများသူ၊သင်းကြူဂုဏ်ထွေထွေ။
အနုတ္တရ၊ပွားများက၊ကင်းထပြိုင်ဘက်ပေ။
သတ္ထာဒေ၀ါ၊ပွားများပါ၊သြဇာအာဏာကောင်းလှပေ။
ဗုဒ္ဓဂုဏံ၊ပွားများပြန်၊စိတ်ကြံသိရသလေ။
ဘဂ၀ါဂုဏံ၊ပွားများပြန်၊ဘုန်းကံကြီးမားပေ။
သက်ရှည်ကြွယ်ဝ၊ကျိုးများလ၊ပွားထနေ့စဉ်ပေ။

ဆွမ်းခက်ခဲစဉ်က အားပေးကဗျာ

နေ့စဉ်လှုပ်ရှား၊စာသင်သားတို့
စိတ်ထားဇာနည်၊ဘာမထီဘူး
ဆီရောင်မွဲနှုတ်၊ပဲတော်ပြုတ်နှင့်
ငရုတ်သီးထောင်း၊ချဉ်ရည်လောင်းလည်း
မကောင်းဘူးဟဲ့၊ရှုံးမဲ့မဲ့နှင့်
ကဲ့ရဲ့သဂြိုဟ်၊ပြစ်မဆိုဘူး
လောင်းလိုသည့်ဟာ၊လောင်းကြပါစေ
အာဟာရေ ပဋိကူလသညာ၊စီးဖြန်းကာလျှင်
အိပ်မှေးမစက်၊စာတက်စာအံ
စာပြန်စာကျက်၊မပျက်စေရ
ကြိုးစားပြမည်၊ဗုဒ္ဓသာသနာရှည်ကြောင်းတည်း...။
 

Sunday, March 18, 2012

မြတ်စွာဘုရားရှင်အဆုံးအမ

မကောင်းမှုများ ရှောင်ရှားပယ်လေ။
ကောင်းမှုတရား ဖြစ်ပွားစုံစေ။
မိမိစိတ်ဓာတ် ဆွတ်ဆွတ်ဖြူစေ။
ဤသုံးပါး ဘုရားဆုံးမပေ။


ကိုယ့်ခန္ဓာအိမ်ကြီး
ရုပ်နှင့်နာမ်တွဲအောင်ရှု။
အနိစ္စကောင်၊ဒုက္ခကောင်၊အနတ္တကောင်
တင်အောင်နှလုံးသွင်း။
အနိစ္စတုံး၊ဒုက္ခတုံး၊အနတ္တတုံး လုံးလုံးမှတ်ရမယ်...။
ဓာတုနိဗ္ဗာန်ပွဲ အားခဲကြစို့လေး...။


ဓမ္မစကားနေ့တိုင်းကြားက
စိတ်ထားဖွေးလက် သိဥာဏ်ထက်၏။
ခန္ဓီသည်မူလ မာန်ကိုချ
ဒေါသကိုပယ် မေတ္တာကိုလွယ် သတိမပြတ်ရှု့မှတ်နေလျှင်
ဘယ်အရာမှ မြဲတယ်မမြင်
လောဘဒေါသမောဟ ကင်းစင်
ထိုအခါမှ ဒုက္ခငြိမ်းမည်ပင်...။

Saturday, March 17, 2012

မြန်မာတိုင်းရင်းသား ၁၃၅ မျိုး

ကချင်တွင် လူမျိုးစု စုစုပေါင်း ၁၂ မျိုး ရှိသည်။




(၁) ကချင် Kachin



(၂) တရုမ်းTaron Taron



(၃) ဒလောင် Dalaung



(၄) ဂျိန်းဖော Jinghpaw



(၅) ဂေါ်ရီ Guari



(၆) ခခူ Hkahku



(၇) ဒူးလန်း Duleng



(၈) မရူ (လော်ဝေါ်) Maru (Lawgore)



(9) ရ၀မ် Rawang



(၁၀) လရှီ (လချိတ်) Lashi (La Chit)



(၁၁) အဇီး Atsi



(၁၂) လီဆူး Lisu





ကယားတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။



(၁၃) ကယား Kayah



(၁၄) ဇယိမ်း Zayein



(၁၅) ကယန်း (ပဒေါင်) Ka-Yun (Padaung)



(၁၆) ကဲ့ခို Gheko



(၁၇) ဂေဘား Kebar



(၁၈) ဘရဲ့ (ကယော) Bre (Ka-Yaw)



(၁၉) မနုမနော Manu Manaw



(၂၀) ယင်းတလဲ Yin Talai



(၂၁) ယင်းဘော် Yin Baw



ကရင်တွင် လူမျိုးစု စုစုပေါင်း ၁၁ မျိုး ရှိသည်။



(၂၂) ကရင် Kayin



(၂၃)ကရင်ဖြူ Kayinpyu



(၂၄) ပလေကီး Pa-Le-Chi



(၂၅) မွန်ကရင် (စာဖြူ) Mon Kayin (Sarpyu)



(၂၆) စကော Sgaw



(၂၇) တာလှေပွား Ta-Lay-Pwa



(၂၈) ပကူး Paku



(၂၉) ဘွဲ Bwe



(၃၀) မော်နေပွား Monnepwa



(၃၁) မိုးပွား Monpwa



(၃၂) ရှူး (ပိုး) Shu (Pwo)





ချင်းတွင် လူမျိုးစု စုစုပေါင်း ၅၃ မျိုး ရှိသည်။



(၃၃) ချင်း (ဇိုမီး) Chin (Zomi)



(၃၄) မေ့ထေး (ကသည်း) Meithei (Kathe)



(၃၅) ဆလိုင်း Saline



(၃၆) ကလင်ကော (လူရှေ) Ka-Lin-Kaw (Lushay)



(၃၇) ခမီ Khami



(၃၈) အ၀ခမီ Awa Khami



(၃၉) ခေါနိုး Khawno



(၄၀) ခေါင်စို Kaungso



(၄၁) ခေါင်စိုင်ချင်း Kaung Saing Chin



(၄၂) ခွာဆင်းမ် Kwelshin



(၄၃) ခွန်လီ (ဆင်) Kwangli (Sim)



(၄၄) ဂန်တဲ့ (လင်တဲ) Gunte (Lyente)



(၄၅) ဂွေးတဲ Gwete



(၄၆) ငွန်း Ngorn



(၄၇) ဆီစာန် Zizan



(၄၈) ဆင်တန် Sentang



(၄၉) ဆိုင်းဇန် Saing Zan



(၅၀) ဇာဟောင် Za-How



(၅၁) ဇိုတုံး Zotung



(၅၂) ဇိုဖေ Zo-Pe



(၅၃) ဇို Zo



(၅၄) ဇန်ညှပ် Zahnyet (Zanniet)



(၅၅) တပေါင်Tapong



(၅၆) တီးတိန် Tiddim (Hai-Dim)



(၅၇) တေဇန် Tay-Zan



(၅၈) တိုင်ချွန်း Taishon



(၅၉) သဒို Thado



(၆၀) တောရ် Torr



(၆၁) ဒမ် Dim



(၆၂) ဒိုင် (ယင်ဒူး) Dai (Yindu)



(၆၃) နာဂ Naga



(၆၄) Tanghkul



(၆၅) Malin



(၆၆) Panun



(၆၇) Magun



(၆၈) Matu



(၆၉) Miram (Mara)



(၇၀) Mi-er



(၇၁) Mgan



(၇၂) လူရှိုင်း (လူရှေ) Lushei (Lushay)



(၇၃) Laymyo



(၇၄) Lyente



(၇၅) လောက်တူ Lawhtu



(၇၆) လိုင် Lai



(၇၇) လိုင်ဇို Laizao



(၇၈) ၀ါကင်းမ် Wakim (Mro)



(၇၉) Haulngo



(၈၀) အနူး Anu



(၈၁) အနန် Anun



(၈၂) Oo-Pu



(၈၃) လင်းဘု Lhinbu



(၈၄) အရှိုAsho (Plain)



(၈၅) Rongtu





ဗမာတွင် လူမျိုးစု စုစုပေါင်း ၉ မျိုး ရှိသည်။



(၈၆) ဗမာ Bamar



(၈၇) ထားဝယ် Dawei



(၈၈) မြိတ် Beik



(၈၉) ယော Yaw



(၉၀) ယဗိန်း Yabein



(၉၁) ကဒူး Kadu



(၉၂) ကနန်း Ganan



(၉၃) ဆလုံ Salon



(၉၄) ဖွန် Hpon





မွန်တွင် လူမျိုးစု စုစုပေါင်း ၁ မျိုး ရှိသည်။



(၉၅) မွန် Mon





ရခိုင်တွင် လူမျိုးစု စုစုပေါင်း ၇ မျိုး ရှိသည်။



(၉၆) ရခိုင် Rakhine



(၉၇) ကမန်လူမျိုး‎ Kamein



(၉၈) ခမွီး Kwe Myi



(၉၉) ဒိုင်းနက် Daingnet



(၁၀၀) မရမာကြီး Maramagyi



(၁၀၁) မြို Mro



(၁၀၂) သက် Thet





ရှမ်းတွင် လူမျိုးစု စုစုပေါင်း ၃၃ မျိုး ရှိသည်။



(၁၀၃) ရှမ်း Shan



(၁၀၄) ယွန်း (လော) Yun (Lao)



(၁၀၅) ကြီ Kwi



(၁၀၆) ဖျင် Pyin



(၁၀၇) ယောင် Yao



(၁၀၈) ဓနော Danaw



(၁၀၉) ပလေး Pale



(၁၁၀) အင် Eng



(၁၁၁) စုံ Son



(၁၁၂) ခမူ Khamu



(၁၁၃) ကော် (အခါ အီကော) Kaw (Akha-E-Kaw)



(၁၁၄) ကိုးကန့် Kokant



(၁၁၅) ခန္တီးရှမ်း Khamti Shan



(၁၁၆) ဂုံရှမ်း Hkun



(၁၁၇) တောင်ရိုး Taungyo



(၁၁၈) ဓနု Danu



(၁၁၉) ပလောင် Palaung



(၁၂၀) မြောင်ဇီး Man Zi



(၁၂၁) ယင်းကျား Yin Kya



(၁၂၂) ယင်းနက် Yin Net



(၁၂၃) ရှမ်းကလေး Shan Gale



(၁၂၄) ရှမ်းကြီး Shan Gyi



(၁၂၅) လားဟူ Lahu



(၁၂၆) အင်းသား Intha



(၁၂၇) အိုက်ဆွယ် Eik-swair



(၁၂၈) ပအိုဝ်း Pa-O



(၁၂၉) တိုင်းလွယ် Tai-Loi



(၁၃၀) တိုင်းလျမ် Tai-Lem



(၁၃၁) တိုင်းလုံ Tai-Lon



(၁၃၂) တိုင်းလေ့ Tai-Lay



(၁၃၃) မိုင်းသာ Maingtha



(၁၃၄) မောရှမ်း Maw Shan



(၁၃၅)၀ Wa

ပြည်ထောင်စု မြန်မာနိုင်ငံတော်၌နေထိုင်ကြသော တိုင်းရင်းလူမျိုး အပြားကို ဆိုလိုသည်။ ဤ၌ ရှေးဟောင်းရာဇ၀င်လာ ဆိတ်သုဉ်းလေပြီးသော လူမျိုးများနှင့် နောက်ပေါ် စာအုပ်စာတမ်း မှတ်သားချက်တို့တွင် ပါဝင်တွေ့ရှိရသော လက်ရှိပြည်ထောင်စုသား လူမျိုးများကိုပါ ရေတွက်ဖေါ်ပြလိုက်သော်လည်း များစွာ ကျန်ရှိပေသေး၏။




(၁) ချင်းလူမျိုး-မြောက်ပိုင်းချင်းများကား ချင်းတောင်နှင့် အထက်ချင်းတွင်းခရိုင်၌ နေကြ၍ အလယ်ပိုင်းချင်းနှင့် တောင်ပိုင်းချင်းတို့ကား ပခုက္ကူ, စစ်တွေခရိုင်, ချင်းတောင် နှင့် တောင်ဘက်ရှိ တောင်တန်းတခို၌ နေထိုင်ကြ၏၊ ချင်းမျိုးကွဲ များစွာရှိကြောင်းကိုလည်း သိရသေးသည်၊



(၂) ကမိ လူမျိုးနှင့်၊



(၃) မြိုလူမျိုး- ရခိုင်ပြည်မြောက်ပိုင်း၌ နေကြသည်၊



(၄) ကဒူး လူမျိုး- ကသာနှင့်အထက် မြန်မာနိုင်ငံ(မြန်မာပြည်) အထက်ချင်းတွင်းခရိုင် တလျှောက်၌ နေကြသည်၊



(၅) ကချင် လူမျိုး- အထက်မြန်မာပြည်နှင့် ရှမ်းပြည်နယ်မြောက်ဖက် အကျဆုံးသော အရပ်တို့၌ နေကြသည်၊



(၆) မရူ လူမျိုး၊



(၇) လရှီ လူမျိုး၊



(၈) ဇီ လူမျိုး- မြန်မာပြည်နှင့် ရှမ်းပြည်မြောက်ဖက်စွန်း မြစ်ကြီးနားခရိုင်နှင့် အခြားခရိုင် များ၌ နေကြသည်၊



(၉) လီရှော သို့မဟုတ် လိဆော လူမျိုး- သံလွင်တောင်ခြား, ရွှေလီနှင့် ဧရာဝတီအတွင်းရှိ တောင်များ, အထက်မြန်မာပြည်နှင့် ရှမ်းပြည် အရှေ့မြောက်ဖက်စွန်း၌ နေကြ၏၊



(၁၀) လားဟူ သို့မဟုတ် မုဆိုးလူမျိုး၊



(၁၁) နန်း သို့မဟုတ် ရ၀င်းလူမျိုး- ကချင်ပြည်နယ်မြောက်ပိုင်း၌ နေထိုင်ကြသည်၊



(၁၂) ကော သို့မဟုတ် အခ လူမျိုး- ကျိုင်းတုံနှင့်မဲခေါင်နယ် အရှေ့ဖက် နယ်တလျှောက်၌ နေကြသည်၊



(၁၃) ပလောင် လူမျိုး- ရှမ်းပြည်နှင့်မိုးကုတ်နယ်တလျှောက်၌နေကြသည်၊



(၁၄) ရီယန်း လူမျိုး- တောင်ပိုင်းရှမ်းပြည်နယ်၏ အရှေ့မြောက်ဖက်၌နေကြသည်၊



(၁၅) ၀ လူမျိုး- ရှမ်းပြည်နယ်၏ အရှေ့ပိုင်း တရုပ်ပြည်နယ်ခြားအနီး၌နေထိုင်ကြသည်၊



(၁၆) ကရင် လူမျိုး- အောက်ဗမာပြည်၏ အရှေ့ဖက်, တောင်ဖက် ရှမ်းပြည်နယ်၏ အနောက်ဖက်နှင့် တောင်ဖက်တလျှောက်၌ နေထိုင်ကြသည်၊ ၄င်းတို့လည်း မျိုးပြားများစွာရှိသေး၏၊



(၁၇) ပအိုဝ့် သို့မဟုတ် တောင်သူ လူမျိုး- အောက်မြန်မာပြည်သထုံခရိုင်နှင့် တောင်ပိုင်းရှမ်းပြည်နယ် အချို့တွင် နေထိုင်ကြသည်၊



(၁၈) ဆလုံ လူမျိုး- မြိတ်ကျွန်းစု၌နေကြသည်၊



(၁၉) ကယား သို့မဟုတ် ကရင်နီ လူမျိုး- ကယားပြည်နယ်၌နေကြသည်၊



(၂၀) ရှမ်း လူမျိုး၊



(၂၁) မိုင်းသာ လူမျိုး၊



(၂၂) ဒရယ် လူမျိုး၊



(၂၃) ရခိုင် လူမျိုး- ရခိုင်တိုင်းနယ်၌နေကြသည်၊



(၂၄) ဗမာ ၊



(၂၅) ထားဝယ် လူမျိုး- တနင်္သာရီ ကမ်းရိုးတလျှောက်၌နေကြသည်၊



(၂၆) ယောလူမျိုး- ပခုက္ကူခရိုင် အနောက်မြောက်ရှိ ယောနယ် တလျှောက်၊



(၂၇) ဒနု လူမျိုး၊



(၂၈) ကွေ သို့မဟုတ် ယပိန်း, ဇပိန်း လူမျိုး၊



(၂၉) ဖုန် လူမျိုး၊



(၃၀) အင်းသား လူမျိုး၊



(၃၁) တောင်ရိုး လူမျိုး၊



(၃၂) ဒိုင်နက် လူမျိုး၊



(၃၃) ပဒေါင်း လူမျိုး- မြန်မာဆက်များ၊ အများအားဖြင့် ရှမ်းပြည်တောင်တန်းတလျှောက်မှာ နေထိုင်ကြသည်၊



(၃၄) မွန် လူမျိုး၊



(၃၅) ကမု လူမျိုး၊



(၃၆) ယအို လူမျိုး၊



(၃၇) မိအို လူမျိုး၊



(၃၈) ဒနော လူမျိုး- မွန် ခမာဆက် လူမျိုးများ၊ ရှမ်းပြည်နယ် မြောက်ပိုင်း၌နေကြသည်၊



(၃၉) နာဂ လူမျိုး-နာဂတောင်တလျှောက်၊



(၄၀) ကုကီ လူမျိုး၊



(၄၁) ကသည်း လူမျိုး၊



(၄၂) ထမန် လူမျိုး- အထက်ချင်းတွင်းနယ် တောင်ရိုး တောင်ကြားတို့၌နေကြသည်၊



(၄၃) ဂျင်းဖေါ သို့မဟုတ် သိန်းဖော လူမျိုး၊



(၄၄) ခမင် လူမျိုး၊



(၄၅) ခနုန် လူမျိုး- ကချင်ပြည်နယ်၌နေကြသည်၊



(၄၆) ခေါင်းတို လူမျိုး- တောင်တန်းနယ်သားများ၊



(၄၇) ပျူလူမျိုး၊



(၄၈) ကမ်းယံ လူမျိုး၊



(၄၉) သက် လူမျိုး- ရှေးဟောင်း မြန်မာလူမျိုးများ။



(၅၀) ကမန်လူမျိုး ၊ ရခိုင်လူမျိုး စုထဲတွင်ပါဝင်သည်။ [1]

[ပြင်ဆင်ရန်​] ရည်ညွှန်းကိုးကား



↑ သုတေသနသရုပ်ပြအဘိဓာန်ကျမ်းပြု ဖျာပုံတိုက်သစ်ဆရာတော် (၂၀၀၇ တည်းဖြတ်ခြင်း)











Friday, March 16, 2012

မွန်ခမာအုပ်စု

မွန်ခမာ အုပ်စုဝင် မွန်အမျိုးသားများသည် လွန်ခဲ့သောသမိုင်းမတင်မီခေတ် နှစ်ပေါင်းထောင်ပေါင်းများစွာက တရုတ်ပြည် ယန်စီကျန်မြစ်ဝှမ်း (Yangtze Kiang) မှ တောင်ဘက်သို့ တဖြည်းဖြည်း ဆင်းသက်လာကြသည်။ မြန်မာနိုင်ငံအတွင်းသို့ အရင်ဆုံး ဆလုံ နှင့် မလေးတို့ ဝင်ရောက်လာပြီးနောက် မွန်၊ ပလောင်၊ ဝ အုပ်စုဝင် လူမျိုးများ ဝင်ရောက်လာကြသည်။ ထိုသူတို့မှာ ဆလုံမလေးအုပ်စုဝင်တို့ထံမှ ယဉ်ကျေးမှုအချက်အလက် များကို ယူဆောင်လာကြသည်။ သီးနှံအဖြစ် စပါး၊ နှံစား ပြောင်း၊ ပဲကြီး၊ ပဲလွန်း၊ ကြံ၊ ပိန်းဥ၊ မျောက်ဥ၊ ကျောက်ဖရုံနှင့် ဗူး စသောအသီးအနှံများ စိုက်ပျိုးပုံလက္ခဏာရှိခဲ့သည်။







လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ခန့်အခါမှပင်လျှင် မြန်မာနိုင်ငံအတွင်းသို့ ရောက်ရှိနေထိုင်သော မွန်၊ ပလောင်၊ ဝ ရှေ့ပြေး လူမျိုးတို့ စိုက်ပျိုးရေးကို လုပ်ကိုင်လာကြသည်။ ထို့နောက် တောင်ယာစိုက်ပျိုးမှုသာမက မြေပြန့်တွင်လည်း ထွန်ယက်စိုက် ပျိုးလာကြသည်။ ရှေးအခါက စိုက်ပျိုးရေးလုပ်ကိုင်မှုကို အခြေပြု၍ ပေါ်ပေါက်ခဲ့သော ရွာတည်း ဟူသောအုပ်စုဝင်များမှာ တဖြည်းဖြည်း ကျယ်ပြန့်လာ၍ ရွာကြီးများ ဖြစ်လာ၏။ ၎င်းမှတဆင့် မြို့များ ၎င်းတို့ကို စုရုံးလျှက် နိုင်ငံငယ်များ စတင်ပေါ် ပေါက်ခဲ့၏။ ၎င်းတို့မှာ လူမျိုးအလိုက် ခေါ်သော နိုင်ငံငယ်ကလေးများ ဖြစ်ကြ၏။






၎င်းတို့ဝတ်စားဆင်ယင်မှုမှာလည်း ကျောက်ခေတ်လူသားတို့၏ဝတ်စားဆင်ယင်မှုဖြစ်သော သစ်ရွက်၊ သစ်ခက်တို့ကို ဝတ် ဆင်ခြင်းမရှိဘဲ လက်ပံပင်မှ ရရှိသော လဲ၊ မှို့ တို့ကို ပြုပြင်စီမံ၍ အဝတ်အထည် ယက်လုပ်ဝတ်ဆင်ကြသည့်လက္ခဏာများ ရှိ ခဲ့သည်။ ၎င်းမှတဆင့် ထိုအဝတ်အထည်များကို မဲနယ်ဆိုး၍ ဝတ်တတ်လာကြသည်။ ဝါဂွမ်းကား မပေါ်သေး။






ထို မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့သည် မိမိတို့ထက် အရင်ရောက်ရှိနေသော ဆလုံမလေးအနွယ်ဝင်တို့နှင့် မိမိတို့မျိုးနွယ် တူရှေ့လူများကို တောင်ဘက်သို့၎င်း၊ လူအရောက်ပေါက်နည်းသော တောတောင်ဒေသသို့ ၎င်း၊ ရွှေ့ပြောင်းနေထိုင်စေရန် ဖန်တီးခဲ့သည်။ မွန်တို့သည် တောင်ဘက် မြစ်ဝကျွန်းပေါ်ဒေသ ဝနှင့်ပလောင်အုပ်စုတို့သည် မြောက်ဘက် တောင်များပေါ် တွင် ပြောင်းရွှေ့နေထိုင်ရင်း မွန်၊ ပလောင်၊ ဝ အုပ်စုတို့သည် သီးခြားလူမျိုးများ ဖြစ်လာသည်။ ထိုစဉ်ကာလ မွန်၊ ပလောင်၊ ဝ အုပ်စုတို့သည် မြန်မာနိုင်ငံတစ်ဝှမ်းလုံးကိုပင် လွှမ်းမိုးခဲ့ကြသည်ဟု ယူဆစရာရှိသည်။






(မှတ်ချက်- မွန်၊ ပလောင်၊ ဝ ရှေ့ပြေးလူမျိုးများဆိုရာ၌ မွန်၊ ပလောင်၊ ဝ တို့ထက် စောစွာရောက်ရှိ၍ ၎င်းတို့နှင့်မျိုးနွယ်တူ များဖြစ်ကြသည်။ အမျိုးချင်းတူသော်လည်း ယဉ်ကျေးမှုအဆင့်အတန်းတွင် ကွာခြားလှသည်။ ၎င်းလူမျိုးတို့ကို မြန်မာနိုင်ငံ တွင် မတွေ့ရတော့ပေ။ ဝင်ရောက်ရွေ့ပြောင်းနေထိုင်ရာတွင် အခြား မွန်၊ ပလောင်၊ ဝ အုပ်စုဝင်ထက်ဦး၍ အာရှတိုက် တောင်ဘက်စွန်းသို့ ရောက်ရှိနေကြပြီ။ ၎င်းတို့သည် နီကိုဘာ ခေါ် နာဂဘာရီကျွန်းသားများနှင့် မလေးကျွန်းဆွယ်အလယ် ပိုင်း တောတောင်များတွင် နေထိုင်သည့်ဆကိုင်းလူမျိုးများ ပါဝင်ကြသည်။ ၎င်းတို့ရောက်ရှိသောအချိန်မှာ လွန်ခဲ့သောအနှစ် ၂၀၀၀ ကျော်ခန့်က ဖြစ်သည်ဟု ခန့်မှန်းရသည်။ )






ထို့ကြောင့် ထိုခေတ်ကို မွန်၊ ပလောင်၊ ဝ ခေတ်ဟု ခေါ်တွင်သုံးစွဲရမည်ဖြစ်သည်။ မွန်၊ ပလောင်၊ ဝ အုပ်စုဝင်တို့ မြန်မာ ပြည်အတွင်းသို့ ရောက်ရှိလာသောအခါ မိမိတို့၏ယဉ်ကျေးမှု ပါလာခဲ့သည်။ ရောက်ရှိသောဒေသရှိ ယဉ်ကျေးမှုကိုလည်း ဆက်ခံသဖြင့် ယဉ်ကျေးမှုအဆင့်အတန်း အတော်အတန် တိုးတက်လာခဲ့သည်။ ထို့ပြင် အိန္ဒိယတောင်ပိုင်းမှ လာရောက်သော အိန္ဒိယတိုင်းရင်းသားကုန်သည်များနှင့် လည်း ကူးလူးဆက်ဆံရသဖြင့် အိန္ဒိယယဉ်ကျေးမှုကိုပါ ရရှိခဲ့ပါသည်။ ၎င်းတို့ထံမှ ဟိန္ဒူဘာသာအယူဝါဒ၊ စာရေးသည့်အတတ်ပညာ၊ အုပ်ချုပ်မှုနှင့်နေထိုင်ဝတ်ဆင်မှုများကို နည်းယူပြီး မိမိတို့ကိုယ်ပိုင် ယဉ်ကျေးမှုနှင့် သင့်တော်သလို ပြင်ဆင်လက်ခံ၍ ကိုယ်ပိုင်ယဉ်ကျေးမှုအသွင်သို့ ပြောင်းလဲယူကြသည်။ ၎င်းပြင် ထူးခြား မှတ်သားဖွယ်ကောင်းသောအချက်တစ်ရပ်မှာ ဟိန္ဒူအယူဝါဒ ရောက်ပြီးနောက်၊ ယခုအချိန်အထိ ထွန်းပြောင်လျှက်ရှိသော ဗုဒ္ဓဘာသာ ရောက်ရှိလာသည်။ ထိုသို့ရောက်ရှိလာသော ဗုဒ္ဓသာသနာမှာ ထေရဝါဒဗုဒ္ဓဘာသာ၊ တောင်ပိုင်းဗုဒ္ဓဘာသာ ဖြစ်သည်။ ပထမရောက်ရှိလာသော ဟိန္ဒူအယူအဆကို စွန့်ပစ်၍ ထေရဝါဒ ဗုဒ္ဓဘာသာကို ခံယူသည်။ မြောက်ပိုင်းတွင် မဟာယန၊ အရည်းကြီးတို့ သာသနာသာ ရှိနေသေးသည်။ မွန်တို့ဒေသသည် ဦးစွာပထမ ဗုဒ္ဓဝါဒထွန်းလင်းခဲ့သော ဒေသ ဖြစ်သည်။

မွန်ခမာအုပ်စု(၁)




မြန်မာပြည်တွင်းသို့ ပထမဆုံးဝင်ရောက်လာသော လူမျိုအုပ်စုကြီး


ဖြစ်သည်၊ ၎င်းအုပ်စုသည် မဲခေါင်နှင့် သံလွင်မြစ်ဝှမ်းများအတိုင်း


ဆင်းသက်လာကြကာ အချို့ကကမ္ဘောဒီယားပြည်နယ် နှင့် ထိုင်နိုင်


ငံတွင်းသို့ ၀င်ရောက်ကြပြီး အချို့ကမူ အနောက်ဖက်သို့ လှည့်၍ မြန်


မာပြည်တွင်းသို့ ၀င်ရောက်ခဲ့ကြလေသည် ၊။ ထိုမွန်ခမာ လူမျိုးအုပ်စု


ကြီးမှ ယခုတိုင်မြန်မာပြည်တွင်းရှိ


မွန်လူမျိုး


ဝလူမျိုး


ပလောင်လူမျှုီး


မြောင်လူမျိုး


ပဒေါင်လူမျိုး ခေါ်ကယမ်းလူမျိုးများပေါက်ဖွားလားခဲ့သည်


ကချင် ချင်းအုပ်စု


၎င်းအုပ်စုသည် သံလွင်နှင့် ဗြဟ္မပုတ္တရမြစ်များကြားရှိ မြင့်မားလှသော


ရေးခဲဖုန်းတောင်တန်းများကို ဖြတ်ကျော်ရန် ခဲယဉ်းသောကြောင့်


ထိုတံတိုင်းကြီးကို ကွေ့ရှောင်ရင်း အနောက်ဖက်ဆီသို့ လှည့်ကာ အာသံပြည်


ဖက်မှလှည့်၍ မြန်မာပြည်တွင်းသို့ ၀င်ရောက်၏ ထိုအုပ်စုတွင် ချင်းလူမျိုးတို့


သည် ပထမဆုံးဝင်ရောက်ခဲ့ချင်းဖြစ်ရာ ချင်းတွင်းမြစ်ဖျားဒေသမှ အောက်ဖက်


ပင်္ဂလားပင်လယ်အော် ပင်လယ်ကမ်းခြေအထိ ရောက်သော အနောက်ဖက်


ရိုးမတောင်တန်း ဒေသများကို နေရာယူခဲ့ကြလေသည် ယခုအခါကချင်ခေါ်


ဂျင်ဖေားလူမျိုးတို့ကာ နှစ်ပေါင်းများစွာ နောက်ကျပြီး အထက်ပါလမ်းကြောင်း


အတိုင်း မြန်မာပြည်တွင်းသို့ ၀င်ရောက်လာကြချင်းဖြစ်ရာ ၎င်းသို့ရောက်ရှိလာ


သောအချိန်တွင် အောက်ဖက်ရှိ တောင်တန်းများကို ချင်းနှင့် ချင်းအနွယ်ဝင်များ


နေရာယူထားပြီးကိုတွေ့ရသည် ထို့ကြောင့် ၎င်းသို့ဆင်းသက်ရာ လမ်းကြောင်းကို


အရှေတောင်ဖက်ဆီသို့ လှည့်လိုက်ကာ ရှမ်းလူမျိုးများ ရောက်နင်းနေပြီးဖြစ်သော


ခနီး္တမြေပြန့်ဒေသ(Hkamti plain )ကို ဖြတ်ကျော်၍ မေခမြစ်ဝှမ်းနှင့် တြိဂံနယ်မြေ


(traingale Area) အတွင်းသို့ ဆင်းသက်လားခဲ့ကြ၏ ။ထိုအချိန်အခါတွင် တောင်


ဖက်ရှိရှမ်းလူမျိုးတို့မှာ ။တန်ခိုး အင်အားကြီးနေချိန်ဖြစ်ရာ ဂျင်ဖေားလူမျိုးတို့သည်


တောင်ဖက်သို့ ဆက်လက်၍ မဆင်းနိုင်တော့ပဲ တြိဂံနယ်မြေနှင့် ဆွန်ပရာဘွမ်ဒေသ


တို့တွင် နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ကြရ၏ ရှေနှစ်ပေါင်းသုံးရာခန့်က အောက်


ဖက်မှရှမ်းများ တန်ခိုး ဆုတ်ယုတ်လာချိန် တွင်မူ တောင်ဖက် မြစ်ကြီးနား ဗန်မော်


ကသာ ဒေသများနှင့် မြောက်ပိုင်း ရှမ်းပြည်နယ်အထိ ပြို၍ ဆင်းလာကြလေသည်


အင်္ဂလိပ်တို့ မြန်မာပြည်ကို သိမ်းပိုက်ပြီးစအချိန်အထိ ဂျင်ဖေားလူမျိုးတို့မှာ အောက်


ဖက်ဒေသများဆီသို့ ဆင်းသက်နေကြဆဲဖြစ်သည်ဟု သိရပေသည်။

ဗုဒ္ဓခေတ်မြတ်တွေ့ကျိုးနပ်ပါစေ

ရေချမ်းသစ်သီး၊ပန်းဆီမီးကို
ခိုင်ပြီးသဒ္ဓါ၊လှုပြီးကာမျှ
ငါ့မှာကောင်းကျိုး၊အလွန်တိုးဟု
ယုံကိုးစိတ်ထဲ၊မရောင့်ရဲနှင့်။

မစဲညနေ့၊ဘုရားရှေ့တွင်
ပျော်မွေ့မြတ်နိုး၊မြဲရှိခိုး၍
ကောင်းကျိုးပွားစည်၊ကြီးလှပြီဟု
ယုံကြည်အားရ၊စိတ်မချနှင့်။

ဓာရဏနှင့်၊ဓမ္မစင်္ကြာ
မေတ္တာပဌာန်း၊ရွတ်နိုင်စွမ်းကြောင့်
ရွှင်လန်းပီတိ၊ဂွမ်းဆီထိကာ
ကြီးမည့်တေဇော်၊မစောင့်မျှော်နှင့်။

ဂုဏ်တော်ပုတီး၊သက်စေ့ပြီးအောင်
ဇွဲကြီးခိုင်မာ၊ငြိမ်သက်စွာဖြင့်
သဒ္ဓါကြည့်ယုံ၊စိပ်ပြီးရုံပြီး
လုံလောက်လှပြီ၊မရပ်တည်နှင့်။

ရေကြည်သစ်သီး၊ဆီမီးလှုမျိုး
ရှိခိုးဝတ်ရွတ်၊စေလွှတ်မေတ္တာ
တရာ့ရှစ်သီး၊စိပ်ပုတီးကို
မငြီးဆင့်ကဲ၊စိပ်မြဲစိပ်ပါမဖြတ်ပါနှင့်။

ဆက်ကာတစ်မျိုး၊ရှေ့သို့တိုး၍
အကျိုးနိဗ္ဗာန်၊မျှော်ရိုးမှန်က
ရုပ်နာမ်ခွဲခြား၊ကျင့်တရားသာ
သံသရာဝဋ်၊ထွက်လွတ်စေကြောင်း
လမ်းမှန်ကောင်းဟု၊ညွတ်ပြောင်းစိတ်ထဲ
ယုံကြည်စွဲလျက်၊အမြဲနေ့ည၊၀ိပဿနာ
ဘာဝနာကို၊ခိုင်မာဆန္ဒ၊ကြိုးလုံ့လမှ
"ဗုဒ္ဓခေတ်မြတ၊်တွေ့ကျိုးနပ်ပါစေ...။


Sunday, March 4, 2012

ပုဂံသမိုင်းစာမျက်နှာ











အနော်ရထာမင်း (မြန်မာ ၃၇၆-၄၃၉)အား အနော်ရထာမင်းစောဟူ၍လည်း တွင်သည်။ အနော်ရထာမင်းသည် ပထမ မြန်မာ မွန် ပျူ နိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ပုဂံမင်း ၅၅ ဆက်အနက် ၄၂ ဆက်မြောက် မင်းဖြစ်သည်။ ပုဂံဘုရင် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် မိဖုရား မြောက်ပြင်သည် တို့မှ သက္ကရာဇ် ၃၇၆ ခုနှစ်တွင် ဖွားမြင်သောသားတော် ဖြစ်သည်။ အရည်းကြီးတို့ဝါဒ နှိမ်နင်း၍ ထေရ၀ါဒ ဗုဒ္ဓသာသနာ ထွန်းကားစေခဲ့သည်။ ဆည်မြောင်း ကန်ချောင်းတို့ တည်ဆောက်ရာ၊ နိုင်ငံတော်၏ စီးပွားရေး၊ အုပ်ချုပ်ရေးနှင့် ကာကွယ်ရေး စနစ်ကို စနစ်တကျ ဆောင်ရွက်ခဲ့သူ ဖြစ်သည်။














အနော်ရထာ (သို့) ပုဂံသမိုင်းမျက်နှာစာ


ပုဂံဒေသ မှ ယနေ့တိုင် တွေ့မြင်နိုင်သေးသော ဘုရား ပုထိုး စေတီများ၏ သမိုင်း မျက်နှာစာ အစကို ရှင်အရဟံ နှင့် လက်တွဲကာ ဖွင့်လှစ်ခဲ့သူ သို့မဟုတ် ထေရဝါဒ ဗုဒ္ဓဘာသာ ကို မြန်မာပြည် အလယ်ပိုင်း ဒေသတွင် ပြန်ပွား စည်ပင်စေခဲ့သူ ဖြစ်သည်။ အနော်ရထာသည် ကွမ်းဆော်ကြောင်ဖြူမင်းနှင့် မြောက်ပြင်သည် မိဖုရားမှ မွေးဖွားသော သားတော်ဖြစ်သည်။ ဖွားမြင်ပြီးနောက် ကျဉ်စိုးမင်းက ထီးနန်းအစဉ်အလာမပျက် အနုရာဓရွာကို စားစေဟု ချီးမြှင့်ခဲ့သည်။ ထို့ကြောင့် အနုရာဓ ရွာစား မင်းသား ဟုခေါ်တွင်သည်။






ထီးနန်းရရှိပုံ


ကွမ်းဆော်ကြောင်ဖြူမင်းကိုသားတော်နှစ်ပါးဖြစ်သည့် ကျဉ်စိုး နှင့် စုက္ကတေးတို့က အကောက်ကြံကာ နန်းချပြီး ကျဉ်စိုးမင်းသား နန်းတက်သည်။ ခြောက်နှစ်အကြာတွင် ညီတော် စုက္ကတေး ကလုပ်ကြံသဖြင့် ကျဉ်စိုးမင်းလွန်ပြီးနောက် စုက္ကတေးမင်း ထီးနန်းပြုနေခဲ့သည်။ စုက္ကတေးမင်းသည် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ ထိုစဉ်က စုက္ကတေးမင်းသည် အနော်ရထာအား "ညီသားနောင်မယ်"ဟု ခေါ်လိုက်လေသည်။






("ညီသားနောင်မယ်"၏ ဆိုလိုရင်း အဓိပ္ပါယ်မှာ ညီလည်းညီ၊ သားလည်းသား ဟူသောအဓိပ္ပါယ်မျိုးပေါက်သည်။ အနော်ရထာ၏ မွေးမိခင် မြောက်ပြင်သည် မိဖုရားကို စုက္ကတေးက မိဖုရားမြှောက် လိုသည်ဟု ဆိုလိုရင်းဖြစ်သည်။) ထိုစကားရပ်မှာ မြန်မာ့သမိုင်းတွင် သမိုင်းတွင်ခဲ့ရလေသည်။


စုက္ကတေး ၏ မိခင် အလယ်ပြင်သည် မိဖုရား နှင့် အနော်ရထာ ၏ မိခင် မြောက်ပြင်သည် မိဖုရားတို့မှာ ညီအစ်မ ဖြစ်ရာ အနော်ရထာ ၏ မိခင်မှာ စုက္ကတေး ၏ မိထွေးတော်သည်။ ထိုစကားကို အနော်ရထာ သိရသောအခါ စုက္ကတေးမင်းအား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး ပုပ္ပားအရပ်သို့ ရှောင်တိမ်းလေတော့သည်။ အနော်ရထာသည် စစ်တိုက်ရန် လူသူစုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကျေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် စုက္ကတေးမင်း နှင့် မြင်းကပါအရပ်တွင် တစ်ဦးချင်းစီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး ပုဂံတွင်မင်း ဖြစ်လာခဲ့သည်။






အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်း


အနော်ရထာလက်ထက်တွင် ထူးခြားသော နိမိတ်တစ်ခုတွေ့သဖြင့် သူ၏ ပုရောဟိတ် ဗေဒင်ဆရာများဖြစ်သော ဟူးရားဖြူ၊ ဟူးရားညိုတို့ကို မေးမြန်းရာ နောင်တွင် ပေါ်မည့် မင်းလောင်းသည် ယခု ပဋိသန္ဓေတည်နေပြီဟု နိမိတ်ဖတ်ပြကြသည်။ အနော်ရထာသည် သူ၏ ထီးနန်းကို မစွန့်ချင်သဖြင့် ကိုယ်ဝန်ဆောင်မိန်းမအားလုံးကို သတ်စေသည်။ ထို့နောက် ကာလအတန်ကြာတွင် သတိရသဖြင့် ပုရောဟိတ်တို့အား ထပ်၍ မေးမြန်းရာ ပုရောဟိတ်တို့က ယခုလျှင် နို့စို့အရွယ်ရှိနေပြီဟု ဆိုပြန်သဖြင့် နို့စို့အရွယ်ကလေးအားလုံးကို သတ်စေသည်။ ပုရောဟိတ်တို့ကို နောင်တစ်ချိန်တွင် ထပ်၍ မေးမြန်းရာ ယခု နွားကျောင်းသား အရွယ်ရှိနေပြီဟု ဆိုသဖြင့် နွားကျောင်းသားအရွယ်အားလုံး ကို သတ်စေသည်။ နောက်နှစ်အတန်ကြာတွင် ထပ်၍ မေးသော အခါ ယခု ရဟန်းပြုနေပြီ။ အကယ်၍ နန်းတော်တွင်းသို့ ဆွမ်းဖိတ်ကျွေးပြီး နန်းသုံးခရားဖြင့် ရေတိုက်ပါက အာခံတွင်းမှ စက်ရောင်ထွက်သော သူသည် မင်းလောင်းဖြစ်သည်ဟု ဆိုကြသည်။ ထို့ကြောင့် နန်းတော်သို့ ရဟန်းတော်များကို ပင့်ဖိတ်၍ ဆွမ်းကျွေးသော အခါ စက်ရောင်ထွက်သူကို တွေ့ရသည်။ ထိုအခါ အနော်ရထာက ဟူးရားဖြူ နှင့် ဟူးရားညိုတို့အား ဤသူသည် ငါ၏ ထီးနန်းကို သိမ်းပိုက်မည့်သူလားဟု မေးရာ ဟူးရားတို့က မဟုတ်။ နောင် မင်းဆက်တစ်ဆက်ကျော်မှ မင်းဖြစ်မည့်သူဖြစ်သည်ဟု ဆိုသဖြင့် အနော်ရထာသည် ငါ့ထီးနန်းကို လုယူမည်ထင်သဖြင့် မဆိုင်သော လူများစွာကို အကြောင်းမဲ့သတ်ဖြတ်မိလေပြီဟု နောင်တရသည်။ အနော်ရထာသည် ထိုသူအား နန်းတော်သို့ ခေါ်၍ သူကောင်းပြုထားပြီး ထိုသူမှာ ခေတ်ကြာသော် ကျန်စစ်သားဖြစ်သည်။






သာသနာအကျိုးဆောင်မင်းမြတ်


အနော်ရထာမင်း နန်းတက်စတွင် ပုဂံပြည်၌ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးကို ၎င်း၊ လောကနာထကို ၎င်း၊ ဗြဟ္မာ၊ ဗိဿနိုး၊ ပရေမေသွာ တို့ကို၎င်း၊ နတ်နဂါးနှင့် အရည်းကြီး‎ တို့ကို၎င်း အားလုံးစုံကို ရောနှော ယောင်မှား၍ လည်းကောင်း ကိုးကွယ်နေကြလေသည်။ ထိုအခါ ယဉ်ကျေးမှုသည် မသန့်မရှင်း ဖြစ်နေလေသည်။ အနော်ရထာမင်းသည် ထိုအယူဝါဒများကို မနှစ်သက်သဖြင့် မှန်သောတရားကိုသာ တောင့်တနေခိုက် တောလည်သော မုဆိုးတစ်ယောက်သည် တောထဲမှ ထူးဆန်းသော အဝတ်အစားနှင့် ပုံသဏ္ဌန်ရှိသည့် လူတစ်ဦးကို တွေ့မြင်သဖြင့်စူးစမ်းရာ ရဟန်းဖြစ်ကြောင်း သိရသဖြင့် ဘုရင်ကို အကြောင်းကြားသည်။ အနော်ရထာဘုရင်လက်ထက်တွင် ထိုရဟန်းမှာ ရှင်အရဟံဖြစ်သည်။ အနော်ရထာသည် ရဟန်း၏ အဆုံးအမကို ခံယူပြီးလျှင် ထေရဝါဒ ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သည်။ သထုံပြည်မှ ဓမ္မဒဿီမည်သော ရဟန်းတော် ရှင်အရဟံသည် ပုဂံသို့ ရောက်လာ၍ ဟောပြောသဖြင့် မင်းနှင့် တကွ တပြည်လုံး ဗုဒ္ဓအယူဝါဒ တည်ကြသည်။ ဗုဒ္ဓအယူဝါဒ တည်တံ့ပြန့်ပွား ထွန်းကားရေးအတွက် အနော်ရထာမင်းသည် အားထုတ်တော်မူပြန်သည်။ ထိုအချိန်တွင် သထုံပြည် မနူဟာမင်း(မကုတ)၌ ပိဋကတ်တော်အစုံ ၃ဝ ရှိသည်ဟု ကြားသိပြန်ရာ လက်ဆောင်များနှင့်တကွ လိမ်မာသော အမတ်တယောက်ကို သထုံပြည်သို့ လွှတ်၍ တောင်းစေသည်။


အနော်ရထာသည် သုဝဏ္ဏဘူမိ (ယခု သထုံနေရာ) တွင် ပိဋကတ် ၃-ပုံရှိကြောင်းကြားသိရသဖြင့် သံတမန်လွှတ်၍ တောင်းခံစေသည်။ သထုံမင်းသည် မဆင်ခြင်ပဲ မချေမငံသောစကားကို ဆိုလိုက်ရာ အနော်ရထာမင်းသည် ၄၉၁ ခုနှစ်တွင် စစ်သည်ဗိုလ်ပါ အလုံးအရင်းနှင့်ချီ၍ တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်အောင်နိုင်သောအခါ ပိဋကတ်တော်အစုံ (၃ဝ)ကို ပင့်ဆောင်လေသည်။ အနုပညာသည်၊ လက်မှုပညာသည် များကိုလည်း ယူသည်။ သထုံပြည်ကိုလည်း တနင်္သာရီအထိ သိမ်းသွင်းလေသည်။ မနူဟာမင်းကိုလည်း ပုဂံသို့ တပါတည်း ခေါ်ဆောင်ခဲ့သည်။ မြင်းကပါအရပ်တွင် တစ်ထီးတစ်နန်း ထားရှိသည်။


ထိုအခါမှစ၍ အနော်ရထာမင်းသည် ပုဂံပြည်ရှိ ရဟန်းများအား ဘုရားရှင်၏ ပိဋကတ်တော်အစစ်ကို သင်ကြားစေလေသည်။ သင်ကြားစေနိုင်စိမ့်သောငှာ ပိဋကတ်တော်တို့ကို မွန်အက္ခရာမှ မြန်မာအက္ခရာသို့ ပြန်စေပြီးလျှင် ပုဂံမြို့တွင် ထိုပိဋကတ်တိုက်တ်ာကို ဆောက်၍ လှူဒါန်းလေသည်။ ထိုပိဋကတ်တိုက်သည် ယခုတိုင် ပုဂံမြို့ဟောင်း၌ ရှိလေသည်။ ဤသို့ဖြင့် မြန်မာနိုင်ငံဟု လည်းကောင်း၊ မြန်မာနိုင်ငံ ယဉ်ကျေးမှုဟုလည်းကောင်း ခေါ်နိုင်သော ပုဂံပြည်နှင့် ပုဂံယဉ်ကျေးမှုတို့သည် အနော်ရထာမင်းနှင့် ရှင်အရဟံတို့၏ ဉာဏ်ပညာ လုံ့လတို့ကြောင့် ပြည်ထောင်စုသမိုင်းတွင် ပထမ အကြိမ် ကျယ်ပြန့်၍ စည်းလုံးသော ဘဝကို ရလာလေသည်။


ထိုအခါက ရခိုင်ပြည်၏မြို့တော်မှာ စစ်တွေနယ်ရှိ ပဉ္စာမြို့ ဖြစ်လေသည်။ ထိုစစ်ပွဲတွင် မြန်မာတို့က အနိုင်ရသဖြင့် ရခိုင်ပြည် မြောက်ပိုင်းသည် ပုဂံခေတ်တလျှောက်လုံး မြန်မာ့လက်အောက်ခံနိုင်ငံတခု ဖြစ်လာခဲ့သည်။ ရခိုင်ပြည် ရာဇဝင်၌ ရခိုင်ပြည် မြောက်ပိုင်းကို အနော်ရထာစော တိုက်ခိုက်သိမ်းယူကြောင်းနှင့် ဆိုရာတွင် “ ပျူကိုးသောင်းနှင့် ပျူမင်းလာသည် ” ဟု ဖြစ်သည်။


မင်းတရားကြီး ပြုတော်မူခဲ့သော ကောင်းမှုတော်တို့ကား များပြားလှစွာ၏။ ရွှေစည်းဂုံဘုရား၊ ရွှေရင်မြော်ဘုရား၊ ရှမ်းပြည် ညောင်ရွှေမြို့ရှိ ပေါရိသတ်ဘုရား၊ တန့်ကြည်တောင်ဘုရား၊ မန္တလေးတောင်၊ ရွှေကြက်ယက် ရွှေကြက်ကျ တောင်များပေါ်ရှိ ဘုရားများ၊ တောင်ပြုံးမှ ဆုတောင်းပြည့်ဘုရား၊ မြင်ကပါဘုရား စသည်တို့ဖြစ်သည်။ လှည်းဝင်ရိုးသံ တညံညံ ပုဂံဘုရားပေါင်း ဟူ၍ အရေအတွက်မှတ်သားပြဆိုသော စာဆိုစကား ကျန်ရစ်လောက်အောင် သာသနာ့အဆောက်အဦ ဘုရားပုထိုးများ တည်ထားကိုးကွယ်ခဲ့သည်။ ထို့နောက် အနော်ရထာသည် တစ်နိုင်ငံလုံးတွင် ရှိသည့် တျံတြစ်အယူဝါဒ နှင့် အရည်းကြီးတို့ကို နှိမ်နင်းခဲ့သည်။


အနော်ရထာ ဘုရင်သည် မြောက်ဘက် နှင့် အရှေ့ဘက် ရှမ်းနယ်များနှင့် ရှမ်းလူမျိုးများအား စည်းရုံးသိမ်းသွင်းပြီးနောက် တောင်ဘက်ရှိ မွန်နယ်များနှင့် မွန်လူမျိုးများအား ဆက်လက်သိမ်းသွင်းခြင်း ပြုသည်။ ထို့နောက် အင်ဒိုချိုင်းနားကျွန်းဆွယ်နှင့် မာလာယုကျွန်းဆွယ်ကြီးများအား စိုးပိုင်သည့် ကမ္ဗောဇနိုင်ငံသို့ သွားရောက်ခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုအချိန်က ကမ္ဗောဇနိုင်ငံ အကြားရှိ မွန်ပြည်နယ်နှင့် မွန်လူမျိုးများ၊ အထူးသဖြင့် တနင်္သာရီ ကမ်းရိုးတန်း ဒေသအား ကမ္ဗောဇဘုရင်များက ၎င်းတို့၏ လက်အောက်ခံ ပဏ္ဏာဆက်ပြည်နယ်များအဖြစ် သဘောထားကာ ဆက်သွယ်နေသော ကြောင့် ဖြစ်သည်၊ အနော်ရထာဘုရင် ကမ္ဗောဇနိုင်ငံသို့ သွားရောက်ခဲ့သည်မှာ အောင်အောင်မြင်မြင်ရှိခဲ့ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ပုဂံခေတ် တလျှောက်လုံး ကမ္ဗောဇဘုရင်များ မှ ၀င်ရောက် စွက်ဖက်ခြင်း မတွေ့ ရှိရ သောကြောင့်ဖြစ်သည်။


သို့ သော် ၁၃ ရာစုခန့် တွင် တရုတ်ပြည် ယူနန်နယ်ရှိ နန်ချို နိုင်ငံ ပျက်စီး၍ ထိုင်းရှမ်း လူမျိုးများ သည် အင် ဒို ချိုင်းနား ကျွန်းဆွယ် သို့  ၀င်ရောက်၍ ယိုးဒယား နိုင်ငံ ထူထောင် ကြပြီး နောက် ယိုးဒယား ရှမ်း များ သည် သူ တို့ ကိုယ် သူတို့  မွန်ခမာလူမျိုး တို့ ၏ အရိုက်အရာ ကို ဆက်ခံသည် ဟုယူဆပြီး တနင်္သာရီ ကမ်းရိုးတန်း အထူး သဖြင့် ရေး ၊ မြိတ် ၊ ထားဝယ် ဒေသများ အားပြန်လည်ဖဲ့ယူ ရန်ကြိုးပမ်း သောကြောင့် ၊ ပုဂံခေတ် နောက် ပိုင်း ယိုးဒယား နှင့်မြန်မာ တို့ သည် သမိုင်း တလျှောက်လုံး စစ်မက် တိုက်ခိုက်ခဲ့ကြသည်။


အ နော် ရထာ ဘုရင်သည် မွန်ပြည် နယ် နှင့် မွန်လူမျိုး တို့ အား စည်းလုံး သိမ်း သွင်း ပြီး နောက် ရ ခိုင်ပြည် မြောက် ပိုင်း သို့ ဆက် လက် ချီ တက် သိမ်းသွင်း သည် ၊ ထို့ နောက် နိုင်ငံရေး အရ ၊ အိန္ဒိယ နိုင်ငံ အာသံနှင့် ဘင်္ဂလားနယ် ရှိ ပဋိက္ကရား ပြည် အထိ အနော်ရထာ ဆက် လက်ချီ တက်သည်။ အဘယ့် ကြောင့် ဆိုသော် ရ ခိုင် မြောက်ပိုင်း ဒေသ များ အား အိန္ဒိယ နိုင်ငံ အရှေ့ ဘက် တလွှား မှ မကြာ ခဏ ၀င်ရောက် တိုက်ခိုက် နေသော ကြောင့်ဖြစ်သည်။ အနော်ရထာ သည်ရခိုင် ကမ်းရိုးတန်း ဒေသများ အား နိုင်ငံရေး အ ရ လောက် သာ စည်း လုံးသိမ်း သွင်းခြင်းဖြစ်သည် ပုဂံခေတ်တလျှောက်လုံးတွင် ရခိုင်ပြည် သည်မိမိတို့ ကိုယ်ပိုင် အုပ် ချုပ်ရေး ဖြင့် သီး ခြား လွတ်လပ်စွာ ရှိ နေကြပြီး ရခိုင် လူမျိုး တို့  ၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှ တို့ အား အ နော်ရထာ သည် ၀င်ရောက် စွက်ဖက်ခြင်း မပြုခဲ့ပေ။ အနော်ရထာ သည် အဖက်ဖက် မှ စနစ်တကျ စုစည်း တည် ထောင် နေ စဉ် ကြီး မား သည့် အနှောင့် အယှက် တခု နှင့်ကြုံ ရလေသည်။ အဘယ်ကြောင့် ဆိုသော် ပုဂံပြည် ၏ သမထီး ဟူ သော အ ရပ်ဒေသ တွင် တန်ခိုးသြဇာ ကြီးမားလျက် ရှိ သည့် အရည်းကြီး သုံးကျိပ်နှင့်နောက် လိုက် တပည့် ခြောက်သောင်း ကျော် တို့  ၏ ပြဿနာ ဖြစ်သည်။ ယင်း အရည်းကြီး တို့ ၏ ပုဂံပြည်သူပြည်သား များ အပေါ် ၌ ဘာသာ ရေး တန်ခိုး အာဏာ လွှမ်းမိုး မှု သည် အနော်ရထာ ၏ နိုင်ငံ ရေး တန်ခိုး အာဏာ အား ခြိမ်းချောက် လျက်ရှိသည်။ ပုဂံပြည် တွင် အနော်ရထာ နှင့် အရည်းကြီး တို့ သည် မင်းပြိုင် ကဲ့ သို့ ဖြစ်နေသည်။ ထို့ ကြောင့် အနော်ရထာ သည် ပုဂံပြည်သူပြည်သား များ အပေါ်၌ တန်ခိုး အာဏာ ကြီးမားလျက် ရှိ သော အရည်းကြီး တို့  ၏ သြဇာအား ဖြိုဖျက် နိုင်ရန် အတွက် မွန်ရဟန်းတော် အရှင် ဓမ္မ ဒဿီ ဘွဲ့ ခံ ရှင်အ ရဟံ အမှူးပြုသော ထေရ၀ါဒ ဗုဒ္ဓဘာသာဝင် ရဟန်း တော်များ ကို မဟာမိတ်ပြုခဲ့သည်။


ထို ထေရ၀ါဒ ဗုဒ္ဓဘာသာ ဟန်းတော် များ ၏ အကူ အညီဖြင့် ပုဂံပြည်သူပြည်သား များ အား သာသနာပြုစေ ခဲ့သည်။ ပုဂံပြည် သူပြည်သား များ အ တွင်း ၌ အရည်းကြီး တို့၏ သြဇာ ကျဆင်းသည် နှင့် တပြိုင် နက် အ တင်း အကြပ် လူဝတ် လဲလှယ်စေခဲ့သည်။ ထို့ နောက် ထို အရည်းကြီး လူထွက်များ အားပုဂံပြည် ၏ အ ထွေထွေ ကုန် ထုတ် လုပ်ငန်းများနှင့် ကာကွယ်ရေး လုပ်ငန်းများ တွင် နေရာချထား ကြောင်းဖြင့်မြန်မာ ရာဇ၀င် များ ၌ ရေးသား ဖေါ်ပြကြ သည်။ အနော်ရထာ ၏ လုပ်ဆောင် မှုသည် အနာဂတ်မြန်မာ နိုင်ငံ၏ ယဉ် ကျေးမှု ဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှု အတွက် အခြေခံ အုတ်မြစ် ကို ချခဲ့ခြင်း လည်းဖြစ်သည်။


ထို အရည်းကြီး တို့ ဦးဆောင် လျက် ပုဂံပြည် နှင့် အထက်မြန်မာနိုင်ငံ တလွှား တွင် ရာစုနှစ် အတန်ကြာ မျှ အ မြစ် တွယ်နေခဲ့ သည့် ၊ ဗြဟ္မဏ သာသနာ ၊ မဟာယန သာသနာ နှင့် ထန်တရစ်ဝါဒ စသည် တို့ ကို နောက် တန်း သို့ ပို့ လျက် ထေရ၀ါဒ သာသနာ က ရှေ့ တန်း သို့  တက် လာ ခဲ့ သည်။ သို့ ရာ တွင် ထို အရည်း ကြီး တို့၏ သြဇာ အ ရှိန် အ၀ါ သည် လုံးဝ ပျောက် ကွယ် ချုပ်ငြိမ်း သွား သည် ကား မဟုတ်ပေ ၊ နောက် တန်း သို့ လျှော ကျ သွားခြင်း မျှ လောက် သာဖြစ်သည်။


မြန်မာ နိုင်ငံ မျက်မှောက် ခေတ် အထိ ဗြဟ္မဏ ၊ မဟာယန ၊ မာန် တရစ် တန်တရစ် စ သည့် ၀ါဒများ သည်ရောထွေး လျက်ရှိ နေတုန်းဖြစ်သည် ကို စူးစမ်း လေ့လာ တွေ့ ရှိ နေရဆဲဖြစ်သည်။ သို့ သော် ထင်ရှားသည့် မြစေတီ ကျောက်စာ အထောက်အထားဖြင့် အနော်ရထာ ဘုရင်၏ နန်းသက် အား ၁၀၄၄ ခုနှစ် မှ ၁၀၇၇ ခုနှစ် အထိ ၃၃ နှစ် ဟု သတ်မှတ် သည် ၊နိုင်ငံတနိုင်ငံ ၏ သမိုင်းဖြစ် ပေါ်တိုးတက်မှု အတွက် ၃၃ နှစ် ဟူသည့် အချိန် ကာလသည် တိုတောင်း သည်ဟု ဆိုရမည်ဖြစ်သည် ၊ သို့ သော် လည်း မြန်မာ တနိုင်ငံလုံး နှင့် မွန် ၊ ရှမ်း ၊ ရခိုင် စသည့် တို့ အား သူ့  ခေတ် နှင့် သူ့ နည်း နှင့် သူ စည်းလုံး သိမ်းသွင်း ၍ မြန်မာနိုင်ငံသမိုင်း အခြေခံ အုတ်မြစ်အား စိုက် ထူခဲ့ကြ သော အနော် ရထာ ဘု ရင် နှင့် မြန်မာ လူမျိုး အကြီးအကဲ များ အား အံ့သြကြ ရပြီး အမျှော်အမြင်ကြီးမားမှု အား မော် ကွန်း တင် မှတ်တမ်းပြုကြရ မည်ဖြစ်ပါသည်။ (မသက်ဇင် ၏ အနော်ရထာ ကျိုးပမ်းခြင်းဖြင့် ရှေ့တန်း ရောက်လာသည့် ထေရ၀ါဒသာသနာ)






သူရဲကောင်းများ


အနော်ရထာမင်း လက်ထက်တွင် မြန်မာ့သမိုင်းတွင်ထင်ရှားခဲ့သော ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ်၊ ညောင်ဦးဖီး ဟူ၍ သူရဲကောင်းလေးဦး ပေါ်ထွန်းခဲ့သည်။ သူရဲကောင်းလေးဦး အပြင် ဗျတ္တ ဆိုသော သထုံက ကုလားတစ်ယောက်လည်း ပါသည်။ ဗျတ္တသည် သထုံပြည်အား အနော်ရထာမင်း တိုက်ခိုက်သောအခါ ပါဝင်ခဲ့သော သူရဲကောင်း ဖြစ်သည်။






မိဘုရားများ


မိုးကောင်းအရှင် မင်းကြီး၏ သမီးတော် စောမွန်လှအား နှစ်နိုင်ငံ ချစ်ကြည် ရင်းနှီးရေးကို ရှေ့ရှု၍ အနော်ရထာမင်းအား တရုတ်ပြည်မှ တိုက်ခိုက်အောင်မြင်ပြီးအပြန်တွင် လက်ဆက်ပေးခဲ့သည်။ အနော်ရထာသည် စောမွန်လှအား အလွင်ချစ်မြတ်နိုးပြီး အပါးတော်၌ ထားတော်မှုခဲ့သည်ဟု ဆိုသည်။ ထိုးကြောင့်ပင်လျှင် နန်းတွင်း မနာလိုမှု့များ ဖြစ်ပေါ်ခဲ့ပြီး စုန်းမ ဟုစွက်စွဲခါ ရှမ်းပြည်သို့ နယ်နှင်ခဲ့သည်။ သို့သော် လမ်းတွင် နားဒေါင်းကြရာ တည်းထားခဲ့သော ရွှေစာရံ စေတီတော် ကြောင့် ပုဂံပြည်သို့ ပြန်လယ်ခေါ်ခဲ့သည်။


ပဲခူးဘုရင်သည်လဲ သမီးတော် မဏိစန္ဒာကို အနော်ရထာ မင်းအား ဆက်သခဲ့သည်။






ကျောက်စာများကပြောသော အနော်ရထာမင်းကြီး


အနော်ရထာမင်းစောဟု လူသိများသော အနိရုဒ္ဓ(အေဒီ ၁၀၄၄-၁၀၇၇) မင်း၏ဘွဲ့အမည်မှာ သင်္သကရိုက်ဘာသာစစ်စစ်ဖြင့် မဟာရာဇဂြီ့ အနိရုဒ္ဓဒေ၀ ဖြစ်သည်။ သူသည် ပထမမြန်မာ နိုင်ငံတော်ကို တည်ထောင်ခဲ့သူဟု ရာဇ၀င်ကျမ်းအဆက်ဆက်တွင် ရေးသားဖေါ်ပြထားသော်လည်း နောက်ပိုင်းတွေ့ရှိချက်များအရ အေဒီငါးရာစုနှစ်မှ- ၇ ရာစုနှစ်အတွင်းပျူတို့ တန်ခိုးသြဇာကြီးလာ၍ ပထမပြည်ထောင်စုတည်ထောင်ခဲ့သည်ဟူသော အယူအဆသာပိုမိုသက်သေပြနိုင်ပါက အနော်ရထာမင်းကြီးသည် ဒုတိယပြည်ထောင်စုကို တည်ထောင်ခဲ့သူသာ ဖြစ်ပေမည်။ အနိရုဒ္ဓမင်းကြီး၏ ကောင်းမူ့တော် မြေပုံဘုရားများကို ပုဂံအတွင်းအပြင်၊တကောင်း၊မိတ္ထီလာ၊မင်းဘူးနှင့် ပြည်အစ ရှိသော နေရာဒေသများတွင် တွေ့ရသည်။ မြောက်ဘက်အကျဆုံးအနေဖြင့် မိုးမိတ်နယ်ရှိနွားတလဲရွာဆိုးဆိုသော အရပ်တွင်တွေ့ရ၍ တောင်ဘက်အကျဆုံးအဖြစ် မြိတ်မြို့နယ်တွင်တွေ့ရသည်။ ထို့ကြောင့် အနိရုဒ္ဓမင်းကြီး၏ အာဏာစက်မှာ မြောက်ဘက်မိုးမိတ်နယ်မှ တောင်ဘက်တနသာင်္ရီနယ်ထိ ကျယ်ပြန့်လှပါသည်ဟုဆိုနိုင်သည်။ သို့သော်တနသာင်္ရီနယ်ကို မင်းကြီး ချီတက်သိမ်းပိုက်ခဲ့သည် ဆိုသောအချက်မှာ သမိုင်းပညာရှင်များ အချီအချပြောနေကြဆဲဖြစ်သည်။


မင်းကြီး၏ကောင်းမူ့တော် မြေပုံဘုရားများသည်အရွယ်အစားအားဖြင့် အလျား ခုနစ်လက်မ၊အနံ ငါးလက်မ၊ထုသုံးလက်မ ရှိတတ်သည်။ အရွယ်အစားနှင့် အသေးစိတ်လက်ရာများ အနည်းငယ်ကွဲပြားခြားနားတတ်သည်။ မြေပုံဘုရားများ၏ ပုံသဏ္ဍန်မှာ ရှေ့တွင် မြတ်စွာဘုရားပုံတော်ကို လောကနာထနှင့် မေတ္တယ ဘုရားလောင်းနှစ်ပါး ခြံရံထား၍ လည်းကောင်း၊ တစ်ခါတစ်ရံ ထူပါရုံနှစ်ဆူခြံရံထား၍လည်းကောင်းထုလုပ်ထားသည်။ ကျောဘက်တွင်ဆုတောင်းစာ နှင့် သွန်းလုပ်လှူဒါန်းသူ မင်းကြီး၏နာမည်ကိုတွေ့ရှိနိုင်သည်။ ထိုစာများကို ပါဠိ၊ သင်္သကရိုက်ဘာသာနှစ်ခုရောပြီး ရေးသားထား၍ ရေးဟန်မှာအောက်ပါအတိုင်းဖြစ်သည်။






မင်းအနိရုဒ္ဓ တည်းဟူသော ငါသည် သုဂတ(ဗုဒ္ဓ) ပုံကိုသွန်းလုပ်စေ၏။ ငါကောင်းမူ့ကြောင့် မေတ္တယ ဘုရားဖြစ်လျှင် ငါလည်းနိဗ္ဗာန်ရစေသတေး ။


အေဒီ၁၄၈၀ တွင်ရေးထိုးထားသော ကလျာဏီ ကျောက်စာတွင် အနိရုဒ္ဓမင်းကြီးသည် အေဒီ၁၀၅၇ တွင် သထုံကိုသိမ်းယူခဲ့သည်ဟုပါသည်။ ရာဇ၀င်အစောင်စောင်တို့တွင် ပါရှိသကဲ့သို့ သာသနာရေးသက်သက်ကြောင့်စစ်ခင်းခဲ့သည်ဆိုသည်မှာ မဟုတ်တန်ရာဟု သမိုင်းပညာရှင်တချို့က ယူဆထားကြသည်။ အမျိုးသား ကြီးကျယ်မြင့်မြတ်ရေးကိုလည်း ရှေးရူပြီးအောက်မြန်မာနိုင်ငံကိုဝါးမြိုခဲ့ခြင်းလည်းဖြစ်နိုင်သည်ဟု ဒေါက်တာသန်းထွန်း ကဲ့သို့သော သမိုင်းပညာရှင်ကြီးများက ယုံကြည်ထားကြသည်။ မည်သို့ပင်ဖြစ်စေ အနိရုဒ္ဓမင်းကြီးသည် သထုံကို ရခြင်းနှင့်အတူ ဗုဒ္ဓဘာသာနှင့် မွန်ယဉ်ကျေးမူ့များကိုလည်း ရယူပေါင်းစပ်နိုင်ခဲ့သည်။ ထို့အပြင် မြစ်ဝကျွန်းပေါ်ဒေသကို ရရှိခြင်းကြောင့်လည်း သီဟိုဠ်နှင့် ပင်လယ်ကူး ဆက်သွယ်ရေး တိုက်ရိုက် ရရှိနိုင်ခဲ့သည်။


ယင်းဆက်ဆံမူ့များကို မြန်မာရာဇ၀င်၊သီဟိုဠ်ရာဇ၀င် များတွင်ဖေါ်ပြထားသည်။ မှန်နန်းရာဇ၀င်(အပိုဒ်၁၃၅)အရ အနိရုဒ္ဓသည် မိမိတည်ထားသော ရွှေစည်းခုံစေတီတွင် ဌာပနာရန် ဆွယ်တော်တစ်ဆူကို သီဟိုဠ်၌ အပင့်လွှတ်သည် ဟုပါရှိသည်။ စူဠ၀ံသ ပထမတွဲ(စာမျက်နှာ၂၀၂-၂၃၄) တွင်လည်း ၀ီဇယဗာဟု ခေါ် သီရိလင်္ကာဗောဓိ အမည်ရှိ သီဟိုဠ်မင်းက တောင်ပိုင်းအိန္ဒိယမင်းတို့လာရောက်တိုက်ခိုက်သောကြောင့် ရာမညမင်းထံလက်ဆောင်များစွာပို့၍ သဘောင်္တစ်စင်းကို အကူအညီတောင်းသည်ဟုပါရှိသည်။ ထိုသို့အကူအညီ တောင်းခံချိန်သည် အေဒီ၁၀၆၀ မှ ၁၀၆၃ ထက်နောက်မကျနိုင်သောကြောင့် အကူအညီပေးသော မင်းမှာ သထုံကိုသိမ်းပိုက်ပြီးသော အနိရုဒ္ဓမင်းကြီးပင်ဖြစ်ပေသည်။ နောက်ထပ်တကြိမ်တွင်လည်း သီဟိုဠ်တွင် သာသနာရေး ပြုပြင်မူ့များပြုလုပ်လိုသောကြောင့် သီဟိုဠ်ဘုရင်က ရဟန်းတော်များစေလွှတ်ပေးရန် အနိရုဒ္ဓမင်းကြီးထံ တောင်းခံလာပြန်သည်။ အနိရုဒ္ဓမှ ကူညီခဲ့သောကြောင့် သီဟိုဠ် နှင့် မြန်မာနိုင်ငံသည် အနိရုဒ္ဓလက်ထက်ကပင် သာသနာရေးမဟာမိတ်များ အဖြစ်ဆက်သွယ်ကူညီမူ့များရှိခဲ့ကြသည်။ မင်းကြီး၏အခြားဆောင်ရွက်ချက်များ ဖြစ်သော တရုတ်နိုင်ငံသို့ချီတက်ခြင်းစသော ကိစ္စများအတွက်မူ ငြင်းဆိုရန် သို့မဟုတ် ထောက်ခံရန်အတွက်မည်သည့် အထောက်အထားမှ မတွေ့ရှိရသေးပေ။အနော်ရထာ လွန်လျှင် သားဖြစ်သူ စောလူးမင်း နန်းဆက်ခံသည်။






ပထမမြန်မာနိုင်ငံတော်နှင့် အနော်ရထာ


၁၁ ရာ စု ကျော်ခန့် အနော်ရထာ မင်း နန်းတက် ချိန် မြန်မာနိုင်ငံ၏ အိမ်နီးချင်း ဘေးပတ်ဝန်း ကျင် အား လေ့ လော ကြည့် လျှင် အ ရှေ့ ဘက် တွင် အင်အားကြီး မား သည့် တရုတ် နိုင်ငံကြီး အား စည်း လုံး သိမ်းသွင်း ခဲ့ သည့် တန်မင်း ဆက်ပြတ်သွားပြီး ၊ ကင်း နှင့် ဆွန်မင်း ဆက်များ သည် တရုတ်ပြည် အား တောင်ပိုင်း နှင့် မြောက် ပိုင်း တပိုင်း စီ အုပ်ချုပ် နေ ကြပြီး ၊ ယူနန်နယ် ရှိ ထိုင်းရှမ်း တို့ ၏ နန်ချို နိုင်ငံတော် သည်တရုတ် ပြည်တောင်ပိုင်း ၊ မြန်မာနိုင်ငံ မြောက်ပိုင်း နှင့်အာသံနယ်များအထိ တန်ခိုး သြဇာ ပြန့် နှံ့ လျက် ရှိသည်။


အင်ဒိုချိုင်းနား ကျွန်းဆွယ် ဘက် တွင် ခမာလူမျိုး များ ၏ ကျော် ကြား ထင်ရှား သည့် ကမ္ဗောဇ နိုင်ငံ တော်ကြီးရှိပြီး မြန်မာနိုင်ငံမှ တနင်္သာရီ ကမ်းရိုးတန်း နှင့် မာလာယု ကျွန်းဆွယ် များ အထိ တန်ခိုး သြဇာ ပြန့် နှံ့လျက် ရှိ သည်။အင်ဒိုနီးရှင်း ကျွန်း စု ဘက် တွင် အိန္ဒိယ သမုဒ္ဒရာ အား လွှမ်း မိုး လု မတတ် တန်ခိုး သြဇာ ကြီး မား သည့် သီရိဝိ ဇယ နိုင်ငံတော် ကြီး ရှိသည်။ အိန္ဒိယ နိုင်ငံ တောင်ဘက် ဒေသများ နှင့် သီဟိုဠ်ကျွန်း အပါ အဝင် ဘဂ်လား အော် နှင့် အာရပ် ပင်လယ် များ အထိ တန်ခိုးသြဇာကြီး မားသည့် ချိုလာ နိုင်ငံတော်ကြီး စည်းလုံးမှု ပျက်ပြား စ ပြု လျက် ရှိသည်။


အိန္ဒိယ နိုင်ငံ မြောက်ဘက် တွင် မူစလင် များ ၀င်ရောက် ကာ လွှမ်းမိုး စ ပြုလျက် ရှိသည် ကို မြန်မာနိုင်ငံဘေး ပတ်ဝန်းကျင်တွင် တွေ့ ရှိရ သည်။ မြန်မာနိုင်ငံ တွင်း၌ လည်း အလယ်ပိုင်း ဒေသတ၀ိုက် တွင် ပျူ နှင့် မြန်မာ ရောထွေး လျက် ငှင်း။ တောင်ပိုင်း ဒေသ တ၀ိုက် တွင် မွန်လူမျိုး များ သည် မြို့ ပြပြည် နယ် များ ထူ ထောင် လျက် လူမျိုးရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု များ အရ ကမ္ဗောဇ နိုင်ငံတော်ကြီး နှင့် ဆက်သွယ် လျက် ရှိ သည်။ရခိုင် ကမ်းရိုးတန်း ဒေသ တွင် ရခိုင်လူမျိုးစု များ သည် ကိုယ်ပိုင် အုပ် ချုပ်ရေး နှင့်ပြည်နယ်ကလေးများ ထူ ထောင်လျက် ရှိပြီး ၊ အိန္ဒိယ နိုင်ငံ ဘဂ်လား နယ် ၏ လွှမ်းမိုး တိုက်ခိုက် မှု ကို တွန်းလှန် ခု ခံ နေ ရ သော အ ချိန်ဖြစ်သည်။မြောက်ဘက်နှင့် အရှေ့ ဘက် တောင်ကုန်း ဒေသ များ တွင် ရှမ်း လူမျိုး များ သည် စော်ဘွား များ အုပ်ချုပ် သည့်မြို့ ပြ ပြည်နယ် များ ထူထောင်လျက်ရှိသော် လည်း လူမျိုးရေး ၊ နိုင်ငံရေး ၊ ယဉ်ကျေးမှု များ အား ဖြင့် ထိုင်းရှမ်းတို့ ၏ နန်ချို နိုင်ငံတော်ကြီး နှင့် ဆက်သွယ် လျက်ရှိသည်။ကယား ပြည်နယ် ၊ မိုးဗြဲနယ် နှင့် သံလွင် တ၀ိုက် တွင် ကရင်လူမျိုးစု များ သည် မိမိတို့ ကိုယ်ပိုင် အုပ်ချုပ်ရေးများဖြင့် တသီးတခြား နေထိုင် လျက်ရှိကြသည်။ တောင်ဘက် တလွှား တွင် အင်အားကြီးမား လာသည့် မွန်လူမျိုးများသည်၎င်း မြန်မာ နိုင်ငံမြောက်ဘက် နှင့် အရှေ့ ဘက် တလွှားရှိ ရှမ်း လူမျိုး များ သည် ငှင်း မြန်မာ နိုင်ငံ အပြင် အပ မှ တန်ခိုးကြီး နိုင်ငံ နှစ်နိုင်ငံ တို့  ၏ ကျောထောက်နောက်ခံမှုကို ရရှိထားကြသဖြင့်၊ အနော်ရထာမင်းနန်း တက်ချိန် ပုဂံပြည် တ၀ိုက်တွင် နေထိုင်လျက် ရှိကြသည့် မြန်မာလူမျိုးများသည် ကြားတွင် အညှပ်ခံနေရ သကဲ့သို့ ရှိပြီး များစွာ စိုးရိမ်ထိပ်လန့် ဖွယ်ရာ အခြေသို့  ဆိုက်ရောက်လျက်ရှိသည်။


ထိုကဲ့သို့ ရင်ဆိုင်နေရသည့် ပြည်တွင်းပြည်ပ အခြေအနေ အရပ်ရပ် များကြောင့် ကိုးရာစုခန့် တွင် နန်ချို ထိုင်း ရှမ်း များ က ပျူလူမျိုးများ အား တိုက်ခိုက် ဖျက်ဆီးခြင်း ခံလိုက်ရ သောကြမ္မာမျိုး ပုဂံပြည်တွင် နောက် ထပ်တဖန် ဆိုက်ရောက် ခြင်း မရှိစေရန် အတွက် အနော်ရထာ ဘုရင် နှင့်မြန်မာလူမျိုး အကြီးအကဲများသည် မိမိတို့၏ ရပ်တည်မှု နှင့် လုံခြုံမှု တို့ အတွက် ရှေးဦးစွာ မိမိတို့ အင်အားကိုတိုးချဲ့ခြင်း ဖြည့်တင်းခြင်းနှင့် စည်းလုံးခြင်း များပြုကြသည်။


အနော်ရထာ ဘု ရင်နှင့် မြန်မာ အကြီး အကဲ များ သည် ပုဂံပြည် ၏ အင်အား ကို တိုး ချဲ့ဖြည့် တင်း သည် ဆိုရာ ၌ ထို အချိန်က မြန်မာလူမျိုး တို့ ၏ အဓိက ကုန်ထုတ် လုပ်ငန်းဖြစ်သော ရေသွင်း စိုက်ပျိုး ရေးလုပ်ငန်း ကို တိုး ချဲ့ စိုက် ပျိုး ၍ ကာကွယ် ရေး အင်အား ကို ဖြည့် တင်းခြင်း ပင်ဖြစ်သည်။ သမိုင်းဝင် အထောက် အထား များ အရ အနော်ရထာ ဘုရင်ဦး ဆောင် သော မြန်မာလူမျိုး များ သည်ကျောက် ဆည်နယ်ရှိ ပန်း လောင်း နှင့် ဇော်ဂျီမြစ် တို့  ကို အမှီပြု ကာ ဆည်ကြီး ၇ ဆည် ကို တူးဖေါ် ခဲ့ကြသည်။ ၃ နှစ် ခန့် အလုပ်သမား ပေါင်းမြောက် များ စွာ ဖြင့် လုပ်ဆောင်ခဲ့ရကြောင်း မြန်မာရာဇ၀င် ဟောင်းများ ၌ ရေး သား ထားသည်။


ထို့ အပြင် ပျက်စီးလျက် ရှိသည့် မိတ္ထီလာကန်ကြီး ကို လည်းပြန် လည်ပြင်ဆင် ၍ ရေသွင်း စိုက်ပျိုးရေး လုပ် ငန်း အတွက် ချဲ့ ထွင်ခြင်း ပြုကြသည်။ ထိုသို့  ဆည်ပေါင်း များ စွာ တိုးချဲ့လိုက် သဖြင့် အထွေထွေစီး ပွား ရေး သည် တရှိန် တည်း တိုးတက် လာကာ ကျောက်ဆည်နှင့် မိတ္ထီလာ နယ်များ သည် ပုဂံပြည် ၏ စပါး ကျီ များ ဖြစ်လာသည်။ စီးပွားရေး သော့ချက် လည်းဖြစ်လာသည်။ ပုဂံပြည် ၏ အင်အား သည်လည်း တိုးတက်ပြည့်ဖြိုးလာသည်။ ထို့ နောက် ရိက္ခာ ၊ ဘဏ္ဍာများ စွာကုန်ကျခံကာ လူမြောက် များစွာ သုံးပြီး ရှမ်းမြန်မာနယ်စပ် တလျှောက် ၊ ဗန်းမော်မှ တောင်ငူ အထိ ကင်းမြို့ ၄၃ မြို့ မျှ ဖွဲ့စည်း တည် ထောင်သည်။ ယင်းသို့  နယ်စပ်တလျှောက် ကင်းမြို့ ၄၃ မြို့ ကို စံနစ် တကျ ဖွဲ့ စည်း တည်ထောင်ပြီး နောက် မြန်မာနိုင်ငံ မြောက်ဘက် နှင့် အရှေ့  ဘက် ရှိ ရှမ်းနယ်များ သို့ ချီတက် သိမ်းသွင်းသည်။ ထို့ နောက် ပုဂံပြည် နှင့် ယူနန်အကြား ရှိ ရှမ်းနယ်များ ကို နန်ချိုနိုင်ငံ ဘုရင်များ က ငှင်းတို့ ၏ ပဏ္ဍာဆက် အ ဖြစ်သဘောထား ကာ ဆက်သွယ် နေသောကြောင့် နိုင်ငံရေး အရ အနော်ရထာ ဘုရင် သည် နန်ချို နိုင်ငံသို့  ချီတက်သွားရောက် သည်။ ထိုအချိန်က နန်ချို နိုင်ငံ ၏ စည်းလုံး မှု ပျက်ပြား လျက် အင်အား လျော့ပါး နေ သော အချိန် လည်းဖြစ် ၍ အောင်အောင်မြင်မြင်ဖြစ်ခဲ့သည်။ အဘယ် ကြောင့် ဆိုသော် အနော်ရထာ ဘုရင် လက်ထက် မှ အစပြု ၍ ပုဂံ ခေတ် တလျှောက်လုံး မြန်မာနိုင်ငံ အတွင်း ရှိ ရှမ်းနယ်များ ၏ အရေး အခင်း နှင့် ပတ်သက် ၍ နန်ချိုမင်းဆက် ဘုရင်များ ၏ ၀င်ရောက် စွက်ဖက်မှု ကို မတွေ့ ရှိရသောကြောင့်ဖြစ်သည်။


မြန်မာ နိုင်ငံ မြောက်ဘက်နှင့် အရှေ့ ဘက် ရှိ ရှမ်းနယ်များ ကို အနော်ရထာဘုရင်သည် စည်းလုံး သိမ်း သွင်း သည်ဆိုရာ၌ ရှမ်း နယ်များ ၏ အုပ်ချုပ်ရေး ၊ စီးပွားရေး ၊ ယဉ်ကျေးမှု တို့ အား ၀င် ရောက် စွက်ဘက်ခြင်း ပြု သည်ကို မတွေ့ ရပဲ နိုင်ငံရေး သဘော မျှ လောက်သာပင် ချုပ်ကိုင်ခြင်းဖြစ်သည်။ ရှမ်းပြည်နယ် ၏ စော်ဘွား အကြီး အကဲ များ က ပုဂံမင်းဆက် ဘုရင်များ အား ခါ အား လျော်စွာ လက်ဆောင်ပဏ္ဍာ ဆက်သွင်းခြင်းပြု ရ သော နိုင်ငံရေး ဆက်ဆံ မှု လောက် သာဖြစ်သည်။ မြန်မာနိုင်ငံ သမိုင်း တလျှောက်လုံး လိုလို ပင် ရှမ်းနယ် အကြီး အကဲ များ သည် မိမိတို့ ၏ ပြည် နယ် များ ကို မိမိတို့ သဘော အတိုင်း လွတ်လပ် စွာ အုပ်ချုပ်ခဲ့ကြ သည်သာ ဖြစ်သည်။ တနိုင်ငံလုံး ၏ အရေး နှင့် သက်ဆိုင် ခြင်းမရှိ လျှင် မြန်မာမင်းဆက် ဘုရင်များ သည် ရှမ်းပြည်နယ် များ ၏ အုပ်ချုပ်ရေး အား ၀င် ရောက်စွက် ဖက်ခြင်းပြု သည်ကို လည်း မတွေ့ ရချေ။






နိုင်ငံတကာဆက်ဆံရေးနှင့် မြို့ ပေါင်း (၄၃) မြို့ကိုတည်ပုံ


မစ္စတာဝုဒ် ရေးသားသော ယိုးဒယားရာဇဝင်၌ ပုဂံမင်းအနုရုဒ္ဓ (အနော်ရထာမင်းကို ခေါ်သောအမည်) သည် တရုတ်နိုင်ငံတောင်ပိုင်းနှင့် ခမာ (မွန်) နိုင်ငံဖြစ်သော ကမ္ဗောဒီယားနိုင်ငံကို အောင်မြင်ကြောင်း၊ ယိုးဒယားတနိုင်ငံလုံး၌ အနော်ရထာမင်းစော၏ တန်ခိုးအာဏာ လွှမ်းမိုးသည်ကို ယုံမှားဖွယ်မရှိကြောင်း၊ အနော်ရထာမင်းကို အကြောင်းပြု၍ ဗုဒ္ဓအယူဝါဒ ထွန်းကားစည်ပင်ကြောင်း ဖော်ပြထားသည်။


ယိုးဒယားဘာသာနှင့် ရေးသောစာတမ်းများ၌ အနော်ရထာမင်းကို “ မဟာဇေယျဘယမင်း ” ဟု ဘွဲ့ပေးလေသည်။ ကိုချင်ချိုင်းနား ပြည်အထိ အနော်ရထာမင်း တိုက်ခိုက်သိမ်းယူခဲ့ကြောင်းလည်း ဆိုသည်။ ထိုပြင် ယိုးဒယား ရာဇဝင် တဆောင်၌ ပုဂံပြည်ဘုရားများသည် ဂျားဗားကျွန်းစေတီနှင့် ပုံတူသဖြင့် အနော်ရထာမင်းသည် ဂျားဗားကျွန်းသို့လည်း စစ်ချီကြွရောက်ကောင်း ကြွရောက်လိမ့်မည်ဟု ရေးသားထားသည်ကို တွေ့ရခြင်းဖြင့် ရာဇဝင်ဆရာတို့သည် အနော်ရထာမင်း၏ ဘုန်းတန်ခိုးအာဏာကို အသိအမှတ်ပြု ယုံစားကြကြောင်း ထင်ရှားသည်။


ယင်းသို့ နိုင်ငံတော်ကို ချဲ့ ထွင်ရုံမက မင်းတရားကြီးသည် နိုင်ငံတော်ကိုလည်း စည်ပင်ဝပြောအောင် ပြုစုတော်မူသည်။ မြန်မာနိုင်ငံအလုံး၌ ဆည်မြောင်း ကန်ချောင်းများ ပြုစုတော်မူသည်။ မိတ္ထိလာကန်ကို ဆည်ဖို့သည်။ ကျောက်ဆည်ခရိုင်ရှိ ပြက္ခရွေတောင်၊ ကယွတ်တောင်ထက်မှ ကျသောရေကို အတန့်တန့်ဆည်၍ ရေသောက်ကန်ပြုပြီးလျှင် ပန်းလောင်မြစ်နား၌ ကင်းတား၊ ငနိုင့်သေဉ်၊ ပြောင်းပြ၊ ကူမည်း ပေါင်းလေးဆည်၊ ဇော်ဂျီမြစ်နား၌ နွားတက်၊ ကွမ်းဆေး၊ ဂူတော်၊ (ငပြောင်း) ပေါင်းသုံးဆည် စုစုပေါင်း မင်းပယ်ရှစ်သိန်းကို ပြုတော်မူသည်။


ထိုနောက် ပင်လယ်၊ မြစ်မနား၊ မြစ်သား၊ မြင်းခုံတိုင်၊ ယမုံး၊ ပနံ၊ မက္ခရာ၊ တပြက်သာ၊ သင်တောင်၊ တမုတ်ဆိုးနှင့် ခံလူးတူသာ လယ်တွင်း ဆယ့်တရွာကို ပြုစုတော်မူသည်။ ရှမ်းပြည်နှင့် မြန်မာပြည် နှစ်ဘက်စပ်ကြား ရှမ်းယွန်းတို့ မရောစိမ့်သောငှာ မြောက်ဘက် အရှေ့ဘက်တို့၌ ကောင်းစင်၊ ကောင်းတန်၊ ရွှေဂူမိုးတား၊ တကောင်း၊ ကြံညှပ်၊ မက္ခရာ၊ မြင်စိုင်း စသော ကင်းမြို့ပေါင်း ၄၃ မြို့ကို တပြိုင်နက်တည်း အမြော်အမြင်ဖြင့် တည်လေသည်။ မြန်မာပြည်အလုံး၌ ဘုရားဂူကျောင်း တန်ဆောင်းဇရပ်တို့ကို အနှံ့အစပ် တည်ထားတော်မူ၍ နေပြည်တော် ပုဂါရာမသို့ ပြန်တော်မူသည်။


အနော်ရထာမင်း ပုဂံသို့ရောက်၍ မြို့တွင်းသို့ သရဘာတံခါးမှ ဝင်မည်အရှိ အောင်သာမြစ်ခြေအရပ်ဝယ် ကျွဲရိုင်းတကောင်သည် လူသူမသွားလာနိုင်အောင် ရန်ပြုသည်ဟု နားတော်လျှောက်သဖြင့် စီးလာသော ဆင်တော်ကို ပြန်လှည့်ကာ မြစ်ခြေအောင်သာသို့ ချီလေတော်မူ၏။ ရောက်တော်မူ၍ ကျွဲရိုင်းကို မြင်တော်မူလျှင် စီးတော်မူသောဆင်တော် သန်မြန်စွာကို ချွမ်းဖွင့်၍ လွှတ်တော်မူ၏။ သို့ရာတွင် ဆင်တော်ပေါ်၌ပင် ကျွဲခတ်မိ၍ နတ်ရွာစံတော်မူသည်။ သာသနာတော်စီးပွား၊ ကိုယ်တော်မြတ်စီးပွား၊ သားတော်အစဉ် မြေးတော်အဆက် မြစ်တော်အညွန့်တို့၏ စီးပွား၊ ပြည်သူတကာတို့၏ စီးပွားကို ၃၃ နှစ်ပတ်လုံး ဆောင်တော်မူခဲ့လေသည်။ အနော်ရထာမင်း ကံကုန်သော် သားတော် စောလူမင်း နန်းတက်သည်။


မင်းတရားကြီး ပြုစုပျိုးထောင်ခဲ့သော နိုင်ငံအပိုင်းအခြားကား……






အနောက်ဘက်တွင် ပဋိက္ခယားမည် ကုလားပြည်သည် အခြားတည်း။


အနောက်မြောက်ထောင့်တွင် ကတူးငနားကြီး ရေတွင်းမီးလျှင် အခြားတည်း။


မြောက်ဘက်၌ကား ဂန္ဓာလရာဇ်မည် တရုတ်ပြည်လျှင် အခြားတည်း။


အရှေ့ မြောက်ထောင့်၌ ကဝန္တိ လည်းမည် ပန်းသေးပြည်လျှင် အခြားတည်း။


အရှေ့ ဘက်၌ စတိဿမည် ပင်ကာပြည်လျှင် အခြားတည်း။


အရှေ့ တောင်ထာင့်၌ အယောစလည်း မည်ဂျွမ်းတို့ပြည်လျှင် အခြားတည်း။


တည်ခဲ့သောစေတီ ဘုရား၊ သိမ်များ


လောကနန္ဒာစေတီ(ပုဂံ)


တန့်ကြည့်တောင်စေတီ


ရွှေစည်းခုံစေတီတော်(ပုဂံ)


ရွှေဆံတော်စေတီ(ပုဂံ)


တူရင်းတောင်စေတီ


ငှက်ပစ်တောင်ဘုရား


ဥပါလိသိမ်


Saturday, March 3, 2012

ဂုဏ်ယူကြည်နူးမိရာ ပန်းဦးတောင်မှာ

ငွေနှင်းဝေစီ မှုန်ပြာရီတဲ့
ပန်းဦးတောင်ရဲ့ ရာသီဆောင်းလ
ကြည်နူးစရာ အလှရိပ်တွင်
ဖူးပွင့်မာလာ ရနံ့ဖြာ၍
ပန်းမြိင်ကမ္ဘာ အလှဝေလျက်
ချယ်ရီမြေရဲ့မြင်ကွင်း လွမ်းမောစရာ...။

စိမ်းလန်းစိုပြေ ချယ်ရီမြေမှာ
ရှေ့ဆီပုဗ္ဗာ အာကာမှီခိုင်း
တောင်ပြိုင်းပြိုင်း၌ ဆိုင်းဆိုင်းမဏ္ဍိုင်
ပန်းဦးတိုင်နယ် ဓမ္မသွယ်သွယ်
ကွန့်မြူးကြွယ်လျက် ဗုဒ္ဓအမွေ
ဓမ္မစေတီ တည်လတ်ထွန်းသည်
ဤကျွန်းဇမ္ဗူ ထွန်းတည့်လေ....။

အရှင်ဥာဏဗောဓိ(ပန်းဦးတောင်)